New Heaven Learning Center

Call Directions Contact the school

New Heaven Learning Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New Heaven Learning Center, School, 12/10, Nay Chi Oo Road, Ye Aye Kwin Quarter, Taunggyi.

ကလေးတွေဖွံ့ဖြိုးဖို့အတွက် အားကစားဟာလည်း အလွန်အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တဲ့အတွက် SO Myanmar ကပြုလုပ်တဲ့ အားကစားနည်းပြသင်တန်း...
14/10/2026

ကလေးတွေဖွံ့ဖြိုးဖို့အတွက် အားကစားဟာလည်း အလွန်အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တဲ့အတွက် SO Myanmar ကပြုလုပ်တဲ့ အားကစားနည်းပြသင်တန်းကို တက်ရောက်ခွင့်ရခဲ့တယ်။

10/09/2026

ချစ်သမီးလေးရဲ့ လက်သံလေး အားပေးအုန်းနော်

07/09/2026

ကလေးတွေအတွက် သင်ခန်းစာအသစ် (Paper Quilling)

💗ကျွန်မတို့ရဲ့ New Heaven Learning Center (Special needs)ကျောင်းလေး အခုနှစ်ဆိုရင် ၁၁နှစ်တုင်ရှိခဲ့ပါပြီ။ ယနေ့ထိတိုင်ပို့...
08/08/2026

💗ကျွန်မတို့ရဲ့ New Heaven Learning Center (Special needs)ကျောင်းလေး အခုနှစ်ဆိုရင် ၁၁နှစ်တုင်ရှိခဲ့ပါပြီ။ ယနေ့ထိတိုင်ပို့ဆောင်လမ်းပြပေးတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်...

♣️လူတိုင်းမှာ အိပ်မက်တစ်ခုစီ ရှိကြစမြဲပါ..

ကျွန်မမှာလည်း ကလေးငယ်တွေရဲ့ အနာဂတ်အတွက် အလုပ်လုပ်ပေးချင်တဲ့ အိပ်မက်သေးသေးလေးတစ်ခု ရှိခဲ့ဖူးပါတယ်. Special needs ကလေးလေး တွေ အတွက်လို့ တော့ ရည်ရွယ်ခဲ့တာမျိုးမဟုတ်ခဲ့ဘူး..

💗ဒါပေမဲ့လည်း ဘုရားသခင်က ကျွန်မ စိတ်ကူးထားတာထက် ပိုမိုနက်ရှိုင်းတဲ့ special needs ကလေးငယ်များရဲ့ ကမ္ဘာဆီကို ပို့ဆောင်ပေးခဲ့ပါတယ်

♣️၂၀၁၅ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ဟာ ကျွန်မရဲ့ ဘဝခရီးစဉ်သစ်တစ်ခု စတင်ခဲ့တဲ့ နေ့တစ်နေ့ပါ..

💗ကျောင်းလေးကို စတင်မဖွင့်လှစ်ခင်

ရန်ကုန် လူမှုဝန်ထမ်းက ဖွင့်လှစ်တဲ့ ECCD သင်တန်းနဲ့ရန်ကုန်မှာရှိတဲ့ Special Needs ကျောင်းတစ်ခုမှာ စာတွေ့၊ လက်တွေ့ တစ်လတိုင်တိုင် ကြိုးစားသင်ယူခဲ့ပါတယ်။ အဲဒီကနေ တဆင့် Special needs ကလေးငယ်‌ တွေ ကို လေ့ကျင့်သင်ကြား ပြုစုစောင့်ရှောက်ပေးရတဲ့ ကျောင်းလေး စတင် ဖို့ ဖြစ်လာခဲ့တယ်...

♣️ကျောင်းစတင်ခဲ့ချိန်မှာ အမျိုးမျိုးသော စိန်ခေါ်မှု တွေ၊ အခက်အခဲ တွေ၊ပြသာနာတွေ နှင့် ရင်ဆိုင်ခဲ့ရတယ်။ ဒါ‌ ပေမဲ့လည်းစိန်ခေါ်မှု တွေ ကို ဘုရားနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့တဲ့ အချိန်တိုင်း ရရှိလာတဲ့ ပီတိက အစားထိုးမရနိုင်အောင် ကြီးမားခဲ့ပါတယ်...

💗 စကားမပြောနိုင်တဲ့ ကလေးငယ်တွေ

စကားစတင်ပြောဆိုလာတဲ့ အချိန်၊ စာသင်ရခက်တဲ့ ကလေး တွေ စာတတ်လာချိန်၊ သာမန်ကလေး တွေ လိုမျိုးဘဝကို တိုးတက်ပြောင်းလဲသွားရင် မောပန်းသမျှ အားလုံးဟာ လေထဲလွင့်ပါး ပျောက်ကွယ်သွားရပါတယ်။

အဲဒါတွေအားလုံးထက် ပိုထူးခြားပြီး တန်ဖိုးရှိတာက ကျွန်မကလေး တွေ ဆီက ရတဲ့ ဖြူစင်တဲ့ အချစ် တွေပါ....

♣️ကြိုးစားမှုရဲ့ အသီးအပွင့်အနေနဲ့

၂၀၂၃ ခုနှစ်တွင် မိဘများကိုယ်တိုင် စုစည်းပါဝင်တဲ့ ချယ်ရီစတားဉာဏ်ရည်မသန်စွမ်းအဖွဲ့ကို မျိုးစေ့ချ နိုင်ခဲ့ပါတယ်။ ဒါအပြင် New Heaven ကနေ စကား‌ပြောဖို့ခက်ခဲတဲ့ ကလေးငယ် သုံးဦးကို

အခြေခံမူလတန်းပညာအထိ သင်ယူနိုင်အောင်

ပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်..

💗ဒါအပြင်New Heaven Learning Center အနေနဲ့ Australia Award MYANMAR ၏ ထောက်ပံ့မှုဖြင့် ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Inclusive Education Short Courseကိုလည်း သွားရောက်သင်ယူခွင့် ရရှိခဲ့ပါတယ်...

♣️အခက်အခဲ များစွာ ကြားထဲမှ စတင်ခဲ့ရ‌ ပေမဲ့လည်း ဒီ‌နေ့တော့ မျိုးစေ့‌လေးတွေ ပွင့်လန်းဝေဆာလာခဲ့ပါပြီ special needs ကလေးငယ် တွေရဲ့ ဘဝမှာ အလင်းရောင်တစ်ခု ဖြစ်စေဖို့နဲ့ New Heaven Learning Center လေး နောင်နှစ်ပေါင်းများစွာ

ဆက်လက်ရှင်သန်နေဖို့ မျှော်လင့်လျှက် ......💗

05/08/2026
Special Needs ကလေး တွေအတွက် Early Intervention (စောစီးစွာ သင်ကြားခြင်း) သည် အရမ်းအရေးကြီးပါတယ်။ က လေးရဲ့  ဦးနှောက်က သာမန...
05/08/2026

Special Needs ကလေး တွေအတွက် Early Intervention
(စောစီးစွာ သင်ကြားခြင်း) သည် အရမ်းအရေးကြီးပါတယ်။

က လေးရဲ့ ဦးနှောက်က သာမန်ကလေးတွေ လိုဘဲ
အသက်ငယ်တဲ့ အချိနိမှာ သင်ယူနိုင်စွမ်း အမြင့်ဆုံးဖြစ်တာကြောင့် စော‌ေစာစီးစီးလေ့ကျင့်သင်ကြား‌ေပးရင်
တိုးတက်မှု‌ေတွကို ပိုပြီးရနိုင်မှာ ဖြစ်တယ်

Early Intervention က ဘာကြောင့် အရေးကြီးသလဲ?

ကလေး၏ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကိုစော စောစီးစီး
သိပြီး ကူညီနိုင်တယ်....
စကားပြော၊ ဆက်သွယ်ရေး၊ လူမှုဆက်ဆံရေး စွမ်းရည်များ တိုးတက်လာစေတယ်..
နေ့စဉ်ဘဝမှာ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း
(Independent Living Skills) ကို မြှင့်တင်ပေးတယ်

ကျောင်းတက်တဲ့ အခါ သင်ယူနိုင်စွမ်း ပိုမိုကောင်းမွန်လာစေတယ်
အနာဂတ် ကြီးပျင်းလာတဲ့ အခါမှာ အကူအညီလိုအပ်မှုကို လျော့နည်းစေနိုင်တယ်

Fine Motor Skills
Fine Motor Skills ဆိုတာကလက်ချောင်း၊ လက်ကောက်ဝတ်နဲ့ လက်ရဲ့ အသေးစားကြွက်သား‌ေလး တွေကို အသုံးပြုတဲ့ လှုပ်ရှားမှု တွေ ဖြစ်တယ်
ဥပမာ ခဲတံကိုင်ပြီး စာရေးခြင်း၊ပုံဆွဲခြင်း၊ခလုတ်တပ်ခြင်း
ဇစ်ဆွဲခြင်း၊ကတ်ကြေးဖြင့် ဖြတ်ခြင်း၊ပုတီးသီခြင်း

ဒါတွေ လေ့ကျင့် ပေးရင်
စာရေးတတ်လာ စေတယ်
ကိုယ်တိုင် အဝတ်အစားဝတ်လာနိုင်တယ်
အစာစားတဲ့ အခါ ဇွန်း၊ ခက်ရင်း အသုံးပြုစေနိုင်တယ်

လက်နှင့် မျက်စိ ညှိနှိုင်းလုပ်ဆောင်နိုင်စွမ်း (Hand-Eye Coordination) ကောင်းမွန်စေတယ်

Gross Motor Skills
Gross Motor Skills ဆိုတာက လက်၊ ခြေ၊ ကိုယ်ခန္ဓာ အကြီးစားကြွက်သားများကို အသုံးပြုတဲ့ လှုပ်ရှားမှုတွ ဖြစ်ပါတယ်။
ဥပမာ
လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်း၊လှေကားတက်ခြင်း
ဘောလုံးကန်ခြင်း၊ဘောလုံးပစ်ဖမ်းခြင်း
ဒါတွေ လေ့ကျင်ပေးရင်
ကိုယ်ခန္ဓာ ဟန်ချက်ညီစေတယ်။
ကြွက်သားသန်မာစေတယ်
အားကစားနှင့် ကစားနည်းများမှာလည်း ပါဝင်ကစားနိုင်တယ်
ယုံကြည်မှုနှင့် လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေတယ်

မိဘတွေ အနေနဲ့ Special Needs ကလေးများကို စောစီးစွာ စစ်ဆေးသိရှိပြီဆိုရင် Early Intervention အစီအစဉ်များမှာ ပါဝင်စေခြင်းက ကလေးရဲ့ ဖွံဖြိုးကြီးထွားမှုကိုအများကြီးမထောကိအကူ ဖြစ်စေမှာပါ‌ေနာ
Fine Motor နှင့် Gross Motor လှုပ်ရှားမှု တွေ နေ့စဉ် ကစားနည်းများ၊ လေ့ကျင့်ခန်းများအ‌ေနနဲ့ အဆက်မပြတ် လေ့ကျင့်ပေးရင်လည်း ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သင်ယူနိုင်စွမ်းနဲ့
နေ့စဉ်ဘဝကို ကိုယ်တိုင် စီမံနိုင်စွမ်းတို့ ပိုမိုကောင်းမွန်လာနိုင်စေပါတယ်နော❤️

With love New heavens learning centre

ကလေးတိုင်းမှာ သင်ယူချင်စိတ်လေးတွေတော့  ရှိကြပါတယ်။တချို့က မြန်မြန်သင်ယူနိုင်သလို၊ တချို့က ဖြေးဖြေး သင် ယူတတ်ပါတယ်။  သင်ယ...
29/06/2026

ကလေးတိုင်းမှာ သင်ယူချင်စိတ်လေးတွေတော့
ရှိကြပါတယ်။
တချို့က မြန်မြန်သင်ယူနိုင်သလို၊ တချို့က ဖြေးဖြေး သင် ယူတတ်ပါတယ်။ သင်ယူနိုင်စွမ်းမရှိတဲ့ ကလေးဆိုတာ မရှိဘူးလို့ ထင်ပါတယ်

သူတို့တစ်ယောက်ချင်းစီမှာ တဖြည်းဖြည်း ကြီးထွားနေကြတာပါ။Special needs ကလေးလေး တွေ
ကျောင်းလာရတာကို ပျော်ရွှင် နေတာ၊ သင်ခန်းစာကို စိတ်ဝင်စားပြီး သင်ယူချင်နေတဲ့အချိန်တွေဟာ ဆရာမတွေအတွက် တကယ် ပျော်ရတဲ့ အချိန်တွေပါဘဲ

တချို့ကလေးတွေက "မင်္ဂလာပါ" လို့ ပထမဆုံးပြောနိုင်ဖို့ လနဲ့ချီ ကြိုးစားရတယ်။ တချို့က က ကြီး ဆိုတဲ့ စာလုံး‌ေလးတစ်လုံးကို မှတ်မိဖို့ အကြိမ်များစွာ လေ့ကျင့်ရတယ်။ ဒါပေမယ့် သူတို့ တစ်ခုခုကို နားလည်သွားတဲ့အချိန်၊ အသစ်တစ်ခုကို တတ်မြောက်သွားတဲ့အချိန်၊ ဆရာမ မျက်နှာ ကို တစိမ့်စိမ့် ပြုံး ပြီး ကြည့် နေချိန်ဆို တကယ်ပျော်ရတာပါ

သူတို့ရဲ့ တိုးတက်မှုဟာ တခြားကလေးတွေနဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူး။ မနေ့ကထက် ဒီနေ့ ပိုကောင်းလာတာ၊ မလုပ်နိုင်ခဲ့တာကို
ဒီနေ့ လုပ်နိုင်လာတာကပဲ အောင်မြင်မှုဖြစ်ပါတယ်။
ဒါကြောင့် Special needs ကလေးတွေကို ကြည့်တဲ့အခါ သူ မလုပ်နိုင်သေးဘူး လို့ မမြင်ဘဲ သူ သင်ယူနေတယ်၊ သူ ကြီးထွားနေတယ် လို့ မြင်ပေးနိုင်ရင် ကလေးတွေရဲ့ အနာဂတ်က ပိုပြီး လှပလာမှာပါ။
ကလေးတိုင်းက ထူးခြားပါတယ်။ ကလေးတိုင်းက တန်ဖိုးရှိပါတယ်။ ကလေးတိုင်းဟာ သင်ယူနိုင်ပြီး၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်မှုကို ထိုက်တန်တဲ့သူတွေပါ ❤️
Every child is special. Every child can learn.
They just learn in different ways.

Happy children's day. ကလေးများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ
14/06/2026

Happy children's day. ကလေးများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ

New Heaven တွင်လေ့ကျင့်သင်ကြားပြီးနောက် Abounding Grace Learning Center တွင်  KG စပြီး တက်ရောက် ပညာသင်ကြားနေပြီဖြစ်တဲ့ သ...
08/06/2026

New Heaven တွင်လေ့ကျင့်သင်ကြားပြီးနောက် Abounding Grace Learning Center တွင် KG စပြီး တက်ရောက် ပညာသင်ကြားနေပြီဖြစ်တဲ့ သားလေးရေ congratulations 👏👏ပါနော်..
Special Education ဆိုတာ Special Needs ကလေးတွေ သင်ကြားမှုမှာ အခက်အခဲမရှိ အဆင်သင့် ပညာသင်ကြားနိုင်ဖို့ တံတားလေး တစ်စင်းဖြစ်ပါတယ်.. စောစောသိ စောစောလေ့ကျင့်မယ်ဆိုရင် အတန်းကျောင်းတွေမှာ အများနည်းတူ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်.. သူတို့လေးတွေလိုအပ်နေတာ သူတို့နဲ့ ကိုက်ညီမှုရှိမဲ့ သင်ကြားမှုပါ.. လက်ခံသင်ကြားပေးပါသော Abounding Grace Learning Center ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်

အမြင်အာရုံမသန်စွမ်းကလေးများကို ထိထိရောက်ရောက် သင်ကြားနိုင်ရန်အတွက် တာဝန်ရှိဆရာမ မှ သင်တန်းတက်ရောက်နေပါတယ်နော်နည်းပညာသင်က...
20/05/2026

အမြင်အာရုံမသန်စွမ်းကလေးများကို ထိထိရောက်ရောက် သင်ကြားနိုင်ရန်အတွက် တာဝန်ရှိဆရာမ မှ သင်တန်းတက်ရောက်နေပါတယ်နော်
နည်းပညာသင်ကြားပေးပါသော မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိဿဟာရ(မခမမ) မှ တာဝန်ရှိသူ ဆရာ ဆရာမများအား ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်

Address

12/10, Nay Chi Oo Road, Ye Aye Kwin Quarter
Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09422223315

Website

Alerts

Be the first to know and let us send you an email when New Heaven Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to New Heaven Learning Center:

Shortcuts

Share

Category