20/05/2026
အမြင်အာရုံမသန်စွမ်းကလေးများကို ထိထိရောက်ရောက် သင်ကြားနိုင်ရန်အတွက် တာဝန်ရှိဆရာမ မှ သင်တန်းတက်ရောက်နေပါတယ်နော်
နည်းပညာသင်ကြားပေးပါသော မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များမိဿဟာရ(မခမမ) မှ တာဝန်ရှိသူ ဆရာ ဆရာမများအား ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်
09/04/2026
အကြီးတန်းရဲ့ သက်ရှိသက်မဲ့ သင်ခန်းစာ
19/03/2026
Special Education ဆိုတာ ကလေးတယောက်ချင်း စီရဲ့ လိုအပ်ချက်ကို သေချာလေ့ကျင့်သင်ကြားပေး ခြင်း ဖြစ်ပါတယ်။ Early Intervention Stage က ကလေးတွေအတွက် အရမ်းအရေးကြီးပါတယ်။ သမီးလေးကို Early Intervention Stage မှာ သေချာ သင်ကြားပေးနိုင်ခဲ့တဲ့အတွက် ခုလို သင်ယူလာနိုင်တာဖြစ်ပါတယ်။ မိဘတွေရဲ့ လက်ခံမှု၊ စောစီးစွာ လေ့ကျင့်သင်ကြားမှုတွေရဲ့ ရလဒ်ပါပဲ။ ဒီထက်မက အောင်မြင်ပါစေ သမီးလေးရေ
20/02/2026
🎨✂️ Art & Craft လုပ်ရင်း ပျော်ရွှင်စွာ သင်ယူကြမယ် 🍎🌈
ကလေးလေးတွေက ကော်ကပ်ခြင်း ✋
အသီးအမျိုးအစားတွေကို သိမြင်လာစေခြင်း 🍌🍎🍇
အရောင်လေးတွေကို ခွဲခြားသိနိုင်အောင် သင်ယူရင်း 🌈
ပျော်ရွှင်စရာ သင်ကြားမှုအတွေ့အကြုံတွေကို ရရှိကြပါတယ် 💕
🧠 ဉာဏ်ရည်ဖွံ့ဖြိုးမှု တိုးတက်လာပြီး
🗣️ စကားပြောခြင်း၊ အမည်ခေါ်ခြင်းတွေကနေ ဘာသာစကားစွမ်းရည် မြင့်တက်လာပါတယ် 📚
🤝 သူငယ်ချင်းတွေနဲ့ အတူလုပ်ဆောင်ရင်း လူမှုရေးစွမ်းရည်ကို လေ့လာရရှိကြပါတယ်
❤️ ကိုယ်တိုင်လုပ်နိုင်လို့ ယုံကြည်မှုတိုးလာပြီး
✋ လက်လှုပ်ရှားမှုတွေကြောင့် ကိုယ်လက်ညှိနှိုင်းစွမ်းရည် ကောင်းမွန်လာပါတယ်
🎨 အရောင်ပေါင်းစပ်ခြင်း၊ ဖန်တီးခြင်းတွေကနေ ဖန်တီးမှုစွမ်းရည်ကို ရရှိစေပါတယ် ✨
🌱 စည်းကမ်းလိုက်နာခြင်း၊ သန့်ရှင်းရေးဂရုစိုက်ခြင်းတို့မှ
🧺 ဘဝကျွမ်းကျင်မှုတွေကိုလည်း သဘာဝအတိုင်း သင်ယူနိုင်ပါတယ်
📌 ပျော်ရွှင်ရင်း သင်ယူကြပါစို့ 💛
18/02/2026
ကလေးတွေနဲ့ပျော်ခဲ့တဲ့နေရာလေးတခု
09/01/2026
🌱 Keyboard သင်ကြားခြင်းသည် “သီချင်းတီးတတ်ဖို့” ထက်ပိုပြီး ကလေးတစ်ယောက်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ပေးသော Therapeutic Learning Method ဖြစ်ပါသည်။
✅ 1. Cognitive Development (အသိဉာဏ်ဖွံ့ဖြိုးမှု)
– Note မှတ်မိခြင်း၊ Pattern နားလည်ခြင်း၊ အာရုံစူးစိုက်မှု တိုးတက်စေခြင်း
✅ 2. Language & Communication (ဘာသာစကားနှင့် ဆက်သွယ်ရေး)
– Song instruction များနားလည်ခြင်း၊ Musical cues များဖြင့် Communication skill တိုးတက်စေခြင်း
✅ 3. Fine Motor Skills (လက် ကြွက်သားသေးဖွံ့ဖြိုးမှု)
– Finger movement, key pressing, hand coordination တိုးတက်စေခြင်း
✅ 4. Gross Motor Skills (ကိုယ်ခန္ဓာကြီးမားလှုပ်ရှားမှု)
– Sitting posture, body balance, hand–arm control တိုးတက်စေခြင်း
✅ 5. Social & Emotional Development (လူမှုရေးနှင့် စိတ်ခံစားမှု)
– Teacher နှင့် interaction, turn-taking, confidence တိုးတက်စေခြင်း
✅ 6. Attention & Behavior (အာရုံစိုက်မှုနှင့် အပြုအမူ)
– Task completion, routine following, self-control တိုးတက်စေခြင်း
✅ 7. Sensory Integration (အာရုံခံစနစ်ညှိနှိုင်းမှု)
– Sound, touch, visual cues များကိုညှိနှိုင်းအသုံးချနိုင်စေခြင်း
✅ 8. Creative & Self-Expression (ဖန်တီးနိုင်စွမ်းနှင့် ကိုယ်တိုင်ဖော်ပြနိုင်စွမ်း)
– Music မှတဆင့် ကိုယ်ပိုင်ခံစားချက် ဖော်ပြနိုင်စေခြင်း
📍13/10နေခြည်ဦးလမ်း ရေအေးကွင်းရပ်ကွက်
☎️ 09422223315
24/12/2025
မတူညီမှုတိုင်းဟာ အလှတရားတစ်မျိုးဖြစ်ပြီး
ကလေးတိုင်းဟာ ချစ်ခြင်းခံရဖို့ မွေးဖွားလာကြတာပါ✨ကျောင်းရဲ့ အချစ်တွေနဲ့ပြည့်တဲ့ Christmas နေ့လေး 🎄
📖 “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”(၁ ယောဟန် ၄:၈)