19/12/2019
Plz help , ကူညီပေးကြပါဦးဗျ 😢
ပြီးခဲ့အပါတ်သောကြာနေ့
၁၃-၁၂-၂၀၁၉ နေ့ညနေက
တောင်ကြီးရှမ်းစာပေယဉ်ကျေး
မှုအဆောင်ကနေအိမ်ပြန်မယ်
လို့အဆောင်အတူနေသူများကို
ပြောခဲ့တယ်
၅ရက်ကြာမယ်လဲပြောသွား
တယ်တဲ့
သူထွက်သွားတဲ့ရက်ညမှာ
အဆောင်ကကလေးတွေ
ဖုံးဆက်တော့ဆက်မရဘူး
၅ရက်နေပြန်လာမယ်ဆိုပြီး
မလာတော့အိမ်ကိုဖုံးဆက်
တာအိမ်ကမရောက်လာဘူး
တဲ့ ..မိဘဆွေမျိုးတွေစိတ်ပူ
နေကြတယ်
ပထဝီမေဂျာနဲ့မာစတာ
ကျောင်းပြီးတာ
ပြီးခဲ့November ကမှတဲ့
ရှမ်းစာယဉ်အဆောင်မှာ
နေတာ၇နှစ်ရှိပြီလို့သိရတယ်
17/12/2019
** အဝေးသင်မှ Day ပြောင်းလိုသူများအားလုံး (၂၀-၁၂-၂၀၁၉) ရက် သောကြာနေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟုသိထားရပါတယ်။ (အသေးစိတ်ကို ကျောင်းများတွင် လူကိုယ်တိုင်သွားရောက်စုံစမ်းပေးပါရပ် ကြိုတင်အသိပေးအပ်ပါတယ်)**
17/12/2019
**Unicode**
** အဝေးသင်မှ နေ့သင်တန်းပြောင်းခြင်း**
- အဝေးသင်မှ နေ့သင်တန်းပြောင်းလိုသူများအနေဖြင့် (၁၀) တန်းအောင်လက်မှတ် မိတ္တူနှင့် (၁၀) တန်းအမှတ်စာရင်း၊ အဝေးသင်မှ နေ့သင်တန်းပြောင်းခြင်းကို ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသောကျောင်းသား/သူများသား လျှောက်ထားနိုင်ပြီး ဒီဇင်ဘာ (၂၀) ရက်နေ့နောက်ဆုံးထားအောင်ရွက်ရမည်ဖြစ်ပါတယ်။
- အဝေးသင်မှ နေ့သင်တန်းပြောင်းလျှောက်ထားသူများအနေဖြင့် ကျန်စာသင်နှစ်များမှာ အဝေးသင် သင်တန်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
(အချို့ကျောင်းများ လက်ခံခြင်းရှိ/မရှိသိစေရန် လူကိုယ်တိုင်သွားရောက်စုံစမ်းနိုင်ပါတယ်)
**မေဂျာပြောင်းခြင်း**
- အဝေးသင်ဝင်ခွင့်ရရှိပြီး မေဂျာပြောင်းရွှေ့လိုသူများအနေဖြင့် ယခုပြောင်းရွှေ့ရသော ကျောင်းများရှိသကဲ့သို့ ပြောင်းရွှေ့လို့မရသေးသော ကျောင်းများလည်း ရှိပါတယ်။
- တချို့သောကျောင်းများသည် အဝေးသင်များ ကျောင်းအပ်လက်ခံမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။(၎င်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသို့လူကိုယ်တိုင်သွားရောက်စုံစမ်းလျှင်ပိုမိုတိကျစွာ သိနိုင်ပါတယ်။)
- မေဂျာပြောင်းခြင်းကို ၎င်းအချိန်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။
- မေဂျာပြောင်းလျှောက်ထားလိုသူများအနေဖြင့် (၁၀)တန်း အမှတ်စာရင်း မူရင်းနှင့် မိတ္တူ လိုအပ်ပါတယ်။
** ကျောင်းပြောင်းလျှောက်ထားခြင်း**
- အဝေးသင်ဝင်ခွင့်ရပြီး ကျောင်းပြောင်းရွှေ့လိုသူများအနေဖြင့် ယခုပြောင်းရွှေ့ရသော ကျောင်းများရှိသကဲ့သို့ ပြောင်းရွှေ့လို့မရသေးသော ကျောင်းများလည်း ရှိပါတယ်။
- တချို့သောကျောင်းများသည် အဝေးသင်များ ကျောင်းအပ်လက်ခံမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။(၎င်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသို့လူကိုယ်တိုင်သွားရောက်စုံစမ်းလျှင်ပိုမိုတိကျစွာ သိနိုင်ပါတယ်။)
- ကျောင်းပြောင်းခြင်းကို ၎င်းအချိန်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။
- ကျောင်းပြောင်းလျှောက်ထားလိုသူများအနေဖြင့် အိမ်ထောင်စုစာရင်းမိတ္တူ (၂) စောင်၊ ရပ်ကွက်ထောက်ခံစာ မူရင်းနှင့် မိတ္တူ (၂) စောင်လိုအပ်ပါတယ်။
17/12/2019
**Unicode**
Read More:>>> ** အဝေးသင်မှ Day ပြောင်းခြင်း၊ မေဂျာပြောင်းခြင်း၊ ကျောင်းပြောင်းခြင်းအကြောင်းသိကောင်းစရာ
(www.edge.com.mm)
**Zawgyi**
- အဝေးသင်ကျောင်းသား/သူများ ကျောင်းအပ်လက်ခံမည့်ရက်ကို အတိအကျ မသိရသေးပါ။ သတ်မှတ်ထားခြင်းလည်း မရှိသေးပါ။
- နှစ်စဉ် ဇန်နဝါရီလဆန်းလောက်မှသာ ရက်သတ်မှတ်ချက်ထွက်လာလေ့ရှိပါတယ်။
- ကျောင်းအပ်လက်ခံမည့်ရက်ကို အတအကျသိလိုလျှင် မိမိတို့၏ သက်ဆိုင်ရာကျောင်းများကို Like လုပ်၍ Page ကိုစောင့်ကြည့်ရန်လိုအပ်ပါတယ်။
- ရက်အတိအကျများ သိရှိရပါကလည်း Myanmar Education Directory မှလည်း အသိပေးမည်ဖြစ်ပါတယ်။(ဒါကြောင့် ပညာရေးနှင့်သက်ဆိုင်သော Page များကို အစဉ်အမြဲစောင့်ကြည့်ရန် လိုအပ်ပါတယ်။)
- ကျောင်းအပ်ရာတွင် လိုအပ်သည်များမှာ (၆)လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓါတ်ပုံ (၈)ပုံ၊ (၁၀) တန်းအောင်လက်မှတ် (မူရင်းနှင့်မိတ္တူ) မူရင်းကိုဆရာ/ဆရာမများ တောင်းလျှင်ပြ၍ ပြန်လည်ယူဆောင်လာရန်လိုအပ်ပါတယ်။ မူရင်းမှာ တစ်ခါသာထုတ်ခွင့်ရှိသောကြောင့် အပျောက်အရှ မရှိစေရန် ဂရုစိုက်ပေးကြပါ။
16/12/2019
တက္ကသိုလ်ကျောင်းတစ်ကျောင်းမှတစ်ကျောင်းပြောင်းရွှေ့ခြင်းများကို ဒီဇင်ဘာလ ၂၀ ရက်နေ့နောက်ဆုံးသတ်မှတ်ထားပါသဖြင့် ကျောင်းပြောင်းခြင်းမျာကို ထိုနေ့အမှီဆောင်ရွက်နိုင်ကြစေရန် အသိပေးကြေငြာလိုက်ပါသည်။
14/12/2019
တောင်ကြီးတက္ကသိုလ် ဥပဒေမေဂျာသို့ဝင်ခွင့်ရရှိသောအဝေးသင်ကျောင်းသားကျောင်းသူများစာရင်း
#ဥပဒေအဝေးသင်တောင်ကြီးတက္ကသိုလ်
14/12/2019
တောင်ကြီးတက္ကသိုလ် သမိုင်းမေဂျာသို့ဝင်ခွင့်ရရှိသောအဝေးသင်ကျောင်းသားကျောင်းသူများစာရင်း
#သမိုင်းအဝေးသင်တောင်ကြီးတက္ကသိုလ်
14/12/2019
တောင်ကြီးတက္ကသိုလ် ပထဝီဝင်မေဂျာသို့ဝင်ခွင့်ရရှိသောအဝေးသင်ကျောင်းသားကျောင်းသူများစာရင်း
#ပထဝီအဝေးသင်တောင်ကြီးတက္ကသိုလ်
14/12/2019
နန်း၀တီအမျိူးသမီးအဆောင်တွင် နေခွင့်ရသည့် ပထမနှစ် ကျောင်းသူများ
14/12/2019
သံလွင်ဦး အမျိုးသားအဆောင်တွင် နေခွင့်ရသော ပထမနှစ်ကျောင်းသားများ