Shwe Maw Kun Education Group

Shwe Maw Kun Education Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Maw Kun Education Group, Private School, No. 20/10, Shwe Chi Street (Corner of Yae Htwet Oo Street), Yae Aye Kwin Quarter, Taunggyi.

Founded in January 2015 to deliver accessible and affordable quality national and international education through a dual approach to foster holistic development, well-rounded individuals and compassionate citizens.

20/08/2026

🛡 "Staying Safe & Happy" ✨
ကလေးတွေရဲ့ နေ့စဉ်ဘဝ ဘေးကင်းစိတ်ချဖို့နဲ့ ပျော်ရွှင်စွာ သင်ယူနိုင်ဖို့ဟာ အရာအားလုံးထက် ပထမ ဖြစ်ပါတယ်ဗျာ။
ဒါကြောင့် ကျွန်တော်တို့ Shwe Maw Kun Private School မှာ "Staying Safe and Happy" ဆိုတဲ့အတိုင်း ကလေးတွေ ဘေးကင်းလုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်အောင် ဆရာမများနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ 🛡✨
💡 ဒီကနေတစ်ဆင့် သားသားမီးမီးလေးတွေဟာ -
🏠 အိမ်မှာ၊ ကျောင်းမှာနဲ့ အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံအောင် နေထိုင်နည်းများကို လေ့လာခွင့်ရခဲ့ကြတယ်။
❤️ Bullying (အနိုင်ကျင့်မှု) များကို ရှောင်ရှားပြီး သူငယ်ချင်းအချင်းချင်း ချစ်ခင်လေးစားတတ်တဲ့ အလေ့အကျင့်ကောင်းများ ရရှိခဲ့ကြတယ်။
🔐 မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အွန်လိုင်းပေါ်မှာ စနစ်တကျ ကာကွယ်စောင့်ရှောက်တတ်သွားခဲ့ကြပါတယ်ဗျာ။
✨ ဆရာမများ၏ နွေးထွေးစွာ ရှင်းလင်းပြောကြားပေးမှုများနှင့်အတူ သားသားမီးမီးလေးများကလည်း ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ပါဝင် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်ဗျာ။
"ကလေးတိုင်း စိုးရိမ်ကင်းစွာ ပညာသင်ယူနိုင်ရေး ရွှေမော်ကွန်းမှ အစဉ်အမြဲ ပျိုးထောင်ပေးလျက် ရှိပါတယ်ဗျာ။" 🛡❤️

🛡✨ Staying Safe & Happy at Shwe Maw Kun Private School ✨🛡

At Shwe Maw Kun Private School, we believe that every child deserves to learn, grow and thrive in a safe, secure and happy environment. ❤️

As part of our “Staying Safe & Happy” initiative, our teachers engaged students in interactive discussions and activities to help them understand how to protect themselves and care for others in their everyday lives.

💡 Through these meaningful sessions, our students learned to:
🏠 Stay safe at home, at school and in their communities
🤝 Prevent bullying and build positive, respectful friendships
🔐 Protect personal information and stay safe in the digital world
❤️ Show kindness, respect and care towards one another

✨ Most importantly, our students actively participated, confidently asked questions and enthusiastically shared their ideas with their teachers and friends.

At Shwe Maw Kun, we are committed to creating a nurturing environment where every child feels safe, valued and confident to learn without worry. 🛡❤️

Together, let’s create a safer and happier world for every child! 🌈✨

🏫 ရွှေမော်ကွန်း အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
📞 Phone: 09 252 447 066, 09 428 377 766
📍 Address: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း သို့မဟုတ် ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။







17/08/2026

🙏 Morning Praying Time | စိတ်အေးချမ်းမှုဖြင့် စတင်သော သားသားမီးမီးတို့၏ နေ့ရက်များ 🌱✨

ရင်သွေးငယ်များ၏ တစ်နေ့တာကို စိတ်အေးချမ်းခြင်း၊ လန်းဆန်းခြင်းတို့ဖြင့် စတင်နိုင်စေရန်အတွက် ကျွန်မတို့ Shwe Maw Kun ကျောင်းတွင် နေ့စဉ် ဘုရားရှိခိုးခြင်းနှင့် တရားထိုင်ခြင်း အလေ့အကျင့်များကို အစဉ်တစိုက် လေ့ကျင့်ပေးလျက်ရှိပါတယ်ရှင်… 💛

✨ နေ့စဉ် ဘုရားရှိခိုးခြင်းမှ ရရှိနိုင်သော ကောင်းမွန်သည့် အလေ့အထများ -
• စည်းကမ်းသေဝပ်မှုနှင့် လူကြီးမိဘများကို ရိုသေလေးစားတတ်သည့် စိတ်ထားဖွံ့ဖြိုးလာခြင်း
• မေတ္တာတရားပွားများ၍ ကောင်းမွန်သော စိတ်နေစိတ်ထား ဖွံ့ဖြိုးလာခြင်း

✨ တရားထိုင်ခြင်း၏ ထူးခြားသော အကျိုးကျေးဇူးများ -
• စိတ်နှလုံးကို အေးချမ်းစေပြီး ခံစားချက်ကို ကိုယ်တိုင် ထိန်းချုပ်တတ်လာခြင်း (Self-Regulation)
• စာသင်ချိန်တွင် အာရုံစူးစိုက်နိုင်စွမ်း (Focus & Concentration) ပိုမိုကောင်းမွန်လာခြင်း

နေ့ရက်တိုင်းကို ကောင်းမွန်သော စိတ်ထားဖြင့် စတင်ပြီး မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ အကျိုးပြုနိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်လေးများဖြစ်လာစေရန် Shwe Maw Kun က အမြဲပျိုးထောင်ပေးလျက်ရှိပါတယ်ရှင်။ 🌿💡

🏫 ရွှေမော်ကွန်း အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
📞 Phone: 09 252 447 066, 09 428 377 766
📍 Address: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း သို့မဟုတ် ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။









14/08/2026

"ဖြောင့်မတ်မှန်ကန်မှုနဲ့အတူ တောက်ပတဲ့ အနာဂတ်ဆီသို့..." ✨🕊
ကျောင်းသား/ကျောင်းသူလေးများ အမှား/အမှန်ကို ခွဲခြားသိမြင်ပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံစေရန်အတွက် ကျွန်တော်တို့ ရွှေမော်ကွန်း အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း မှာ "အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ" ကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်ဗျာ။ 🏫✨
ဒီအခမ်းအနားလေးမှာတော့ -
🎤 အဂတိလိုက်စားမှု၏ ဆိုးကျိုးများကို ထိရောက်စွာ အသိပညာပေး ဟောပြောခဲ့ကြတဲ့အပြင် သားငယ်/သမီးငယ်လေးများကလည်း အုပ်စုလိုက် တက်ကြွစွာ ပါဝင်ဆွေးနွေး တင်ဆက်ခဲ့ကြပါတယ်။
💬 ဒါ့အပြင် သားသားမီးမီးများ၏ သိလိုသည်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။
"အဂတိလိုက်စားမှု ပပျောက်ဖို့ - လူငယ်များမှ စတင်စို့" ဆိုသည့်အတိုင်း စည်းကမ်းရှိပြီး ဖြောင့်မတ်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရွှေမော်ကွန်းမှ အစဉ်အမြဲ လက်တွဲပျိုးထောင်ပေးလျက် ရှိပါတယ်ဗျာ။ ⚖️❤️
🏫 ရွှေမော်ကွန်း အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
📞 Phone: 09 252 447 066, 09 428 377 766
📍 Address: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း သို့မဟုတ် ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။







🌟Congratulations!  🌟OCEC (Olympiad Champion Education Center) မှ ဦးစီးကျင်းပပြုလုပ်ပြီးစီးခဲ့သော 🧪 𝗛𝗼𝗻𝗴 𝗞𝗼𝗻𝗴 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻...
12/08/2026

🌟Congratulations! 🌟

OCEC (Olympiad Champion Education Center) မှ ဦးစီးကျင်းပပြုလုပ်ပြီးစီးခဲ့သော 🧪 𝗛𝗼𝗻𝗴 𝗞𝗼𝗻𝗴 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗢𝗹𝘆𝗺𝗽𝗶𝗮𝗱 (𝗛𝗞𝗜𝗦𝗢) 𝟮𝟬𝟮𝟲 𝗖𝗼𝘂𝗻𝘁𝗿𝘆 𝗥𝗼𝘂𝗻𝗱 နှင့် 𝗛𝗼𝗻𝗴 𝗞𝗼𝗻𝗴 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗢𝗹𝘆𝗺𝗽𝗶𝗮𝗱 (𝗛𝗞𝗜𝗦𝗢) 𝟮𝟬𝟮𝟲 𝗙𝗶𝗻𝗮𝗹 𝗥𝗼𝘂𝗻𝗱 (𝗢𝗡𝗟𝗜𝗡𝗘) ၏ 𝗥𝗲𝘀𝘂𝗹𝘁𝘀 များအရ…..

ကျွန်မတို့ ရွှေမော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေး နန်းမေအိမ်လင်း သည် country round တွင် Bronze Award 🥉နှင့် Final Round တွင် Merit Award🏅 တို့ကို ထူးချွန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်ရှင်…..
🎉👏👏🎉

နိုင်ငံတကာမှ ကျောင်းသားများနှင့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ထူးချွန်စွာ ဆုများဆွတ်ခူးနိုင်ခဲ့သော ကျောင်းသူလေး နှင့် လမ်းညွှန်ပြသပေးခဲ့ကြသော ဆရာဆရာမများ၊ အဖက်ဖက်မှ ပံ့ပိုးပေးခဲ့ကြသောမိဘအုပ်ထိန်းသူများ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်ရှင်….

🌟 Congratulations to Our Outstanding Young Scientist! 🌟
We are delighted to celebrate the remarkable achievement of Nang May Eain Linn from Shwe Maw Kun Private High School! 🎉👏
According to the results of the Hong Kong International Science Olympiad (HKISO) 2026 Country Round and HKISO 2026 Final Round (ONLINE), organised by OCEC (Olympiad Champion Education Center), our talented student has proudly achieved:
🥉 Bronze Award – Country Round
🏅 Merit Award – Final Round (Online)
Competing alongside students from around the world, Nang May Eain Linn has demonstrated her scientific knowledge, dedication, and determination to achieve these outstanding results. 🌏🔬✨
Our heartfelt congratulations go to Nang May Eain Linn on this wonderful accomplishment! 🎊 We would also like to express our sincere appreciation to her teachers for their guidance and mentorship, and to her parents and guardians for their continuous love, encouragement, and support throughout her journey. ❤️
👏 Well done, Nang May Eain Linn!
May this achievement inspire you to continue exploring, learning, and reaching even greater heights! 🚀🌟
Shwe Maw Kun Private High School is proud of you! 💙









📞 09 252 447 066, 09 428 377 766

📍ရွှေမော်ကွန်းအဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း။

🏫: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း (သို့)ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။

📣 Shwe Maw Kun Private High School မှ Subject Teachers များကို ဖိတ်ခေါ်ပါသည် 📣📚ကျွန်မတို့ ရွှေမော်ကွန်း ကိုယ်ပိုင်အထက်တန...
11/08/2026

📣 Shwe Maw Kun Private High School မှ Subject Teachers များကို ဖိတ်ခေါ်ပါသည် 📣
📚ကျွန်မတို့ ရွှေမော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် လက်တွဲလုပ်ကိုင်နိုင်ရန် အရည်အချင်းပြည့်ဝသော Subject Teachers များကို ဖိတ်ခေါ်နေပါသည်ရှင်…. 📚
📚 ခေါ်ယူမည့်ရာထူးများ
🔹 Mathematics Teacher (2 Posts)
🔹 English Teacher (1 Post)
🔹 Assistant Teacher (3 Posts)
📌 လိုအပ်ချက်များ
✔️ အသက် (30) နှစ်နှင့်အထက်
✔️ သက်ဆိုင်ရာ ဘာသာရပ်နှင့် Degree (M.Ed, MSc, B.Ed, B.Sc) ရရှိထားသူ
✔️ English Proficiency အနည်းဆုံး A2 နှင့်အထက် (For Teaching Assistant)
✔️ English Proficiency အနည်းဆုံး B1 နှင့်အထက် (For Mathematics)
✔️ English Proficiency အနည်းဆုံး B2 နှင့်အထက် (For English)
✔️ သင်ကြားရေးအတွေ့အကြုံ(၂) နှစ် နှင့်အထက်ရှိရမည်
✔️သင်ကြားရေးအပေါ် စိတ်အားထက်သန်မှုရှိပြီး Positive mindset နှင့် Growth mindset ရှိသူများ
✔️ကျောင်းသားများ၏ တိုးတက်ရေးအတွက် တာဝန်ယူစိတ်ရှိသူများ
📩 လျှောက်ထားရန်
CV နှင့် မျှော်မှန်းလစာကို အောက်ပါ Email သို့ ပို့ပေးပါရန် ။
📧 [email protected]

📢 Vacancy Announcement – Shwe Maw Kun Private High School
Shwe Maw Kun Private High School invites qualified and experienced Subject Teachers to join our academic team. We are committed to providing high-quality education and fostering a supportive learning environment for our students.
Available Positions:

🔹 Mathematics Teacher (2 Posts)
🔹 English Teacher (1 Post)
🔹 Assistant Teacher (3 Posts)

Requirements:
Minimum age: 30 years
Relevant degree in Mathematics or related field (M.Ed, M.Sc,B.Ed, B.Sc)
English proficiency – minimum A2 level (For Teaching Assistant)
English proficiency – minimum B1 level (For Mathematics Teachers)
English proficiency – minimum B2 level (For English Teachers)
Demonstrated teaching experience 2 years & above
Passionate about teaching with a positive and growth-oriented mindset
Responsible, committed to students’ academic progress
Application Procedure:
Interested candidates are requested to submit their CV along with expected salary to:
📧 [email protected]
We look forward to welcoming educators dedicated to excellence in teaching and student development.

📞: 09 252 447 066, 09 428 377 766
🏫 ရွှေမော်ကွန်းအဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း။
🏫: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း (သို့) ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။





11/08/2026

✨ Adolescent Education: Growing Up with Confidence ✨
🧍‍♀️🧍‍♂️ ဆယ်ကျော်သက်ဆိုတာ ကလေးအရွယ်ကနေ သက်လတ်ပိုင်းအရွယ်ကို ကူးပြောင်းတဲ့ အချိန်ကာလတစ်ခု ဖြစ်တာမို့ ပြောင်းလဲမှုများစွာကို စတင်ကြုံတွေ့ရတဲ့ အရွယ်လည်း ဖြစ်ပါတယ်ရှင်…💬
💁‍♀️🧠 ဒီအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပြင် အသိဉာဏ်နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေပါ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာတတ်ပါတယ်။
🧍‍♂️🧍‍♀️ ဒါ့အပြင် ဆယ်ကျော်သက်အရွယ်မှာ စိတ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းစတဲ့ စိတ်ခံစားချက် အမျိုးမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။ ဒါတွေဟာ အရွယ်ရောက်လာချိန်မှာ ကြုံတွေ့ရမြဲ သဘာဝတရားတွေဖြစ်ကြောင်း ကလေးတွေကို မိဘများနှင့်အတူ ဆရာ၊ ဆရာမများက အတူတကွ ဂရုတစိုက် ရှင်းပြပြီး နားလည်ပေးဖို့ အရေးကြီးလှပါတယ်ရှင်…🧑‍🏫👩‍🏫
🌈💕 ကျွန်မတို့ ရွှေမော်ကွန်းကိုယ်ပိုင်ကျောင်းအနေနဲ့ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာနိုင်စေဖို့ ရည်ရွယ်ပြီး "Adolescent Education" နဲ့ဆိုင်တဲ့ အသိပညာဗဟုသုတများ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သတိပြုဖွယ်ရာ အကြောင်းအရာတွေကို ဆရာ၊ ဆရာမများက ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးဟောပြော ပို့ချပေးခဲ့ပါတယ်ရှင်…💕🌈

🏫ရွှေမော်ကွန်းအဆင့်မြင့်ကိုယ်ပိုင်အလယ်တန်းကျောင်း။
📞: 09 252 447 066, 09 428 377 766
📍: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း (သို့) ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။








10/08/2026

📚ပျော်စရာကောင်းသော စာသင်ခန်းမှ ပိုမိုတောက်ပသော အနာဂါတ်ဆီသို့….🛣🌟
သင်ကြားခြင်းဆိုတာ အဖြေတွေကို ပြောပြရုံမဟုတ်ဘဲ၊ အဖြေကို ကိုယ်တိုင် ရှာဖွေနိုင်အောင် လမ်းပြပေးခြင်း ဖြစ်ပါတယ်ရှင်….
ကျွန်မတို့ ရွှေမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသား/သူများ အားလုံး စိတ်ဝင်စားစွာ ပါဝင်သင်ယူနိုင်ပြီး ယုံကြည်မှုရှိရှိ တွေးခေါ်တတ်လာစေရန် အမြဲကြိုးစား သင်ကြားပေးလျက်ရှိပါတယ်…. 🌱📖
ဒီ Video လေးမှာတော့ Interactive Teaching & Learning နည်းလမ်းနဲ့ သင်ကြားနေတဲ့ ဘာသာရပ်အလိုက် စာသင်ချိန်တွေကို ပြန်လည်မျှဝေပေးထားပါတယ်ရှင့်….

📞: 09 252 447 066, 09 428 377 766

🏫:ရွှေမော်ကွန်းအဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း။

📍:အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း (သို့) ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။





🌟 Celebrating Our Champions: Player of the Month Awards 🌟Shwe Maw Kun Sports Club ရဲ့ ကစားသမားလေးတွေရဲ့ ကြိုးစားအားထုတ်မ...
08/08/2026

🌟 Celebrating Our Champions: Player of the Month Awards 🌟
Shwe Maw Kun Sports Club ရဲ့ ကစားသမားလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို လစဉ်ဂုဏ်ပြုပေးမယ့် July လအတွက် "Player of the Month Award" ချီးမြှင့်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ မိမိတို့ရဲ့ သက်ဆိုင်ရာ Sport Club အလိုက် ထူးချွန်ခဲ့ကြတဲ့ ကစားသမားများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူပါတယ်ဗျာ 🏆။
ယခုလို ဆုတွေ ချီးမြှင့်နိုင်ဖို့ သက်ဆိုင်ရာ Sport Club အလိုက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့ကြတဲ့ ကျွန်ုပ်တို့ရဲ့ Sports Club Partnerships များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ဗျာ။
🤝 Our Sports Club Partnerships:
⚽️ Futsal ➡️ Shwe Ya Tu Sportwear Shop
🏸 Badminton ➡️ WINIX Badminton
♟ Chess ➡️ Mom Cafe & Garden Taunggyi
🎾 Tennis ➡️ Take Printing Shop
ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေဟာ လူငယ်တွေအကြား အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုခိုင်မာလာစေဖို့နဲ့ အားကစားထူးချွန်သူတွေ ပိုမိုပေါ်ထွက်လာအောင် မွေးထုတ်ပေးမယ့် အရေးကြီးတဲ့ အထောက်အပံ့တွေပဲ ဖြစ်ပါတယ်။
🚀 "Every Champion Was Once A Beginner"
ဒီနေ့ရရှိခဲ့တဲ့ အောင်မြင်မှုကနေတစ်ဆင့် နောင်အနာဂတ်မှာလည်း ဒီထက်မက တောက်ပတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အားမာန်အပြည့်နဲ့ ဆက်လက်ကြိုးစားသွားကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ 💪🔥
🌟 Celebrating Our Champions: Player of the Month Awards 🌟
The "Player of the Month Award" ceremony for July, which monthly honors the hard work and dedication of the young athletes at Shwe Maw Kun Sports Club, has been successfully held. A heartfelt congratulations to all the outstanding players who excelled in their respective sports clubs! 🏆
We would also like to express our special thanks to our Sports Club Partnerships for their multi-faceted support in making these awards possible.
🤝 Our Sports Club Partnerships:
⚽️ Futsal ➡️ Shwe Ya Tu Sportwear Shop
🏸 Badminton ➡️ WINIX Badminton
♟ Chess ➡️ Mom Cafe & Garden Taunggyi
🎾 Tennis ➡️ Take Printing Shop
These collaborations serve as vital support in fostering a stronger team spirit among youth and nurturing the emergence of more talented athletes.
🚀 "Every Champion Was Once A Beginner"
Using today's success as a stepping stone, we encourage you all to keep striving with full strength and passion to achieve even brighter victories in the future! 💪🔥

🏫 ရွှေမော်ကွန်းအဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း။
📞 ဖုန်း - 09 252 447 066, 09 428 377 766
📍 လိပ်စာ - အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း (သို့) ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။







05/08/2026

🙏🏻✨ "ရွှေမော်ကွန်းကျောင်းတော်ကြီးရဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာ" ✨🙏🏻
ရွှေမော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်အတူ စည်းလုံးညီညွတ်သော သဒ္ဓါတရားများဖြင့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်ဗျာ။ 🌸
ဤကောင်းမှု ကုသိုလ်အစုစုတို့ကြောင့် ခုနစ်ရက်သားသမီး အပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျာ။ 💛🙏🏻
🏫 ရွှေမော်ကွန်း အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
📞 Phone: 09 252 447 066, 09 428 377 766
📍 Address: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း သို့မဟုတ် ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။







Oake Yoe “ဝါဆိုလပြည့် မေတ္တာအေး”

🎓 Welcome Back to School & Heartiest Congratulations to Tr. Nway Nway Ei! 🇺🇸✨ရွှေမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့  ...
03/08/2026

🎓 Welcome Back to School & Heartiest Congratulations to Tr. Nway Nway Ei! 🇺🇸✨

ရွှေမော်ကွန်းကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ဆရာမ တစ်ဦး ဖြစ်တဲ့ ဆရာမ ဒေါ်နွေးနွေးအိသည် အမေရိကန်နိုင်ငံ၊ State University of New York (University at Albany) မှာ “Educational Policy & Leadership” (ပညာရေးဆိုင်ရာ မူဝါဒနှင့် ခေါင်းဆောင်မှု) မဟာဘွဲ့ကို အောင်မြင်စွာ ရယူပြီး ကျောင်းတော်ကြီးဆီသို့ ပြန်လည်ရောက်ရှိလို့ လာခဲ့ပါပြီ။ 👏🏻🎉

ယခုမှာတော့ ဆရာမဟာ ပိုမိုကြွယ်ဝပြည့်စုံတဲ့ ပညာရေးအတွေ့အကြုံများ၊ ခေတ်မီဆန်းသစ်သော သင်ကြားရေးနှင့် စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့်အတူ Head of School Improvement & Data Architect အနေဖြင့် ရွှေမော်ကွန်း၏ သင်ကြားရေးအဆင့်အတန်းကို ပိုမိုမြင့်မားအောင် ပြန်လည်ဦးဆောင်ပေးတော့မှာလည်း ဖြစ်ပါတယ်ရှင်။ 👩🏻‍🏫💡

ရွှေမော်ကွန်းကျောင်းတော်ကြီးကို ဂုဏ်ဆောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်နွေးနွေးအိ အတွက် ရွှေမော်ကွန်းမိသားစုတစ်ခုလုံးက လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူမိသလို၊ ဆရာမရဲ့ သင်ကြားရေးခရီးစဉ်သစ်အတွက်လည်း လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ရှင်။ 💖🌟

🏫 ရွှေမော်ကွန်း အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
📞 Phone: 09 252 447 066, 09 428 377 766
📍 Address: အမှတ် ၂၀ / ၁၀ ၊ ရွှေခြည်လမ်း (ရေထွက်ဦးလမ်း သို့မဟုတ် ဘုရားဖြူ အတက်လမ်းထောင့်) ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့။







Address

No. 20/10, Shwe Chi Street (Corner Of Yae Htwet Oo Street), Yae Aye Kwin Quarter
Taunggyi

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30

Telephone

09252447066

Alerts

Be the first to know and let us send you an email when Shwe Maw Kun Education Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Shwe Maw Kun Education Group:

Shortcuts

Share

Category