TJLS Japanese Language School

TJLS Japanese Language School

Share

Japanese Language School

23/05/2026

ဇွန်လကနေစပြီးအိပ်မက်တွေဆီကို ခြေတစ်လှမ်းတိုးကြမလား ✨

"မနက်ဖြန်မှ စမယ်" ဆိုတဲ့ စကားနဲ့ အချိန်တွေကို အကုန်မခံတော့ဘဲ ဒီဇွန်လကစပြီး ကိုယ့်ရဲ့ ဂျပန်စာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ကြရအောင်😍
TJLS ကနေ အချိန်ဇယား သေချာစနစ်တကျနဲ့ နာရီ ၂၁၀ အပြည့် သင်ကြားပေးမယ့် N5 နှင့် N4 တန်းခွဲသစ်တွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်

🎌N5 Class (အခြေခံမှ စတင်မည့်သူများအတွက်)

✨Start Date: 13.6.2026 (Sat)
✨Class Day: Wed ~ Sun(5 Days a week)
✨Time: 1:00 PM – 3:00 PM
✨Duration: 210 Hrs
✨Fees : 269,000

🎌N4 Class (နောက်တစ်ဆင့် တက်လှမ်းမည့်သူများအတွက်)

✨Start Date: 17.6.2026 (Wed)
✨Class Day: Wed ~ Sun
✨Time: 1:00 PM – 3:00 PM
✨Duration: 210 Hrs
✨Fees :269,000

TJLS ရဲ့ ဇွန်လတန်းခွဲသစ်များကို စတင်အပ်နှံနိုင်ပါပြီ။ 🥰

ဆက်သွယ်စုံစမ်းရန်
09-454656467
09-454114822

成功の未来へあなたと共に
✨အောင်မြင်မှုအနာဂတ်ဆီသို့ သင်နှင့်အတူလျှောက်လှမ်းပေးမည့် TJLS ✨

23/05/2026

ဂျပန်ပြည်တွင်း Work Visa အလုပ်ခေါ်စာ🇯🇵🛠️
(Engineer - 1 Post)

Auto CAD ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ဂျပန်နိုင်ငံ Hyogo ခရိုင်မှာ အင်ဂျင်နီယာတစ်ယောက်အဖြစ် အခြေချလုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းကောင်းတစ်ခု လာပါပြီ။

လုပ်ငန်းခွင်မှာ အဆင်ပြေစေဖို့ လမ်းညွှန်ပြသပေးမယ့် မြန်မာလူမျိုး Senior တစ်ယောက်လည်း ရှိနေမှာ ဖြစ်လို့ အပြောင်းအလဲသစ်တစ်ခုအတွက် စိုးရိမ်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ လျှောက်ထားနိုင်ပါတယ်။

📌 KEY REQUIREMENTS

✅Auto CAD ကို သေသေချာချာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရပါမည်။

✅ဂျပန်စာ Level အနည်းဆုံး N3 ရှိရပါမည်။ (N2 Passed ဖြစ်ပါက ပိုမိုဦးစားပေးပါမည်။)

💰 SALARY & BENEFITS (လစာနှင့် ခံစားခွင့်များ)
စုစုပေါင်းလစာ 255,000 ¥ (အခြေခံလစာ 205,000 ¥ + နာရီ 30 စာ အချိန်ပိုကြေး 45,000 ¥) လက်တွေ့တွင် လုပ်ငန်းသဘောအရ အချိန်ပိုဆင်းရခြင်း မရှိသလောက် နည်းပါးပါသည်။

အိမ်လခထောက်ပံ့ကြေး: လစဉ် 10,000 ¥ ထောက်ပံ့ပေးမည်။

အထူးခံစားခွင့်: လုပ်ငန်းခွင် လာရောက်ရန်အတွက် အိမ်ပြောင်းရွှေ့စရိတ် သီးသန့် ထောက်ပံ့ပေးပါမည်။

BONUS: အလုပ်ဝင်ရောက်ပြီး (၁) နှစ်ပြည့်မြောက်ပါက အပိုဆောင်း Bonus ခံစားခွင့် ရှိပါမည်။

⏰ WORKING HOURS & LOCATION (အလုပ်ချိန်နှင့် တည်နေရာ)
အလုပ်ချိန်: 8:00 ~ 17:00 (တစ်နေ့လျှင် နားချိန် မိနစ် 90)

အလုပ်တည်နေရာ: Hyogo-ken (အလုပ်နေရာသည် ဟီယိုးဂိုးခရိုင်တွင် ဖြစ်သော်လည်း အိုဆာကာ၏ အချက်အချာကျသော Umeda သို့ ရထားဖြင့် မိနစ် ၂၀ ~ ၃၀ ခန့်သာ)

✨ နွေးထွေးပြီး အားကိုးရတဲ့ မြန်မာ Senior ရှိမယ့် လုပ်ငန်းခွင်မှာ Career အသစ်တစ်ခုကို စိန်ခေါ်လိုက်ပါ။

ဆက်သွယ်စုံစမ်းရန်
09-454656467
09-454114822

成功の未来へあなたと共に
✨အောင်မြင်မှုအနာဂတ်ဆီသို့ သင်နှင့်အတူလျှောက်လှမ်းပေးမည့် TJLS ✨

Photos from TJLS Japanese Language School's post 23/05/2026

皆さん、こんにちは!
ဒီနေ့မှာတော့ Kotoba လွယ်လွယ်လေးကိုမှတ်သားကြရအောင်နော် 🤩

22/05/2026

接続(せつぞく) တွေကိုဘယ်လိုလေ့လာကြမလဲ?

ဂျပန်စာလေ့လာတဲ့အခါ Grammar တစ်ခုရဲ့ အဓိပ္ပာယ်ကို သိပေမဲ့ "ဒါ့ရှေ့မှာ ဘာလိုက်ရမလဲ?"
ဆိုတာကို မှားတတ်ကြတယ်မဟုတ်လား။ Dictionary Form လား? Te-form လား? ဒါမှမဟုတ် နာမ် (Noun) နဲ့ဆိုရင် "no" ခံရမလား?
ဒါတွေကို အလွတ်ကျက်စရာမလိုဘဲ စနစ်တကျလေ့လာနိုင်မယ့် နည်းလမ်း (၃) ခုကို မျှဝေပေးချင်ပါတယ်။
၁။ Grammar တွေကို "အုပ်စု" ခွဲလိုက်ပါ

Grammar တိုင်းကို တစ်ခုချင်းစီ ကျက်နေမယ့်အစား ချိတ်ဆက်ပုံတူတာတွေကို စုလိုက်ပါ။
Plain Form အုပ်စု: ဥပမာ - ~と思います (to omoimasu), ~そうです (sou desu - သတင်းကြားတာ)။ ဒီကောင်တွေရှေ့မှာဆိုရင် Plain Form (V-ru, V-ta, V-nai) ပဲ လိုက်ရမယ်လို့ မှတ်ထားပါ။
Te-form အုပ်စု: ဥပမာ - ~ています , ~てから ,
~ていただけませんか

၂။ "ဘာကြောင့်လဲ" ဆိုတဲ့ Logic ကို စဉ်းစားပါ

ဥပမာ - ~時 (とき) ဆိုတဲ့ Grammar ကို ကြည့်ရအောင်။
とき ဆိုတာ "အချိန်" (Noun) ဖြစ်တဲ့အတွက် သူ့ရှေ့မှာ နာမ်တစ်ခုခုလိုက်ရင် "の" ခံရမယ် (ဥပမာ- こどものとき)
Na-Adjective ဆိုရင် adjနဲ့ Nounတိုက်ရိုက်တွဲလို့ရတဲ့အတွက် ကြောင့် "な" ထည့်ရမယ် (ဥပမာ- ひまなとき)
ဒီလိုမျိုး Grammar ရဲ့ မူရင်းသဘာဝကို သိရင် 接続 ကို ကျက်နေစရာမလိုတော့ပါဘူး။

၃။ ဥပမာစာကြောင်း (Example Sentence) တစ်ခုကို အမြဲတွဲကျက်ပါ

"နိယာမ" တွေကို ကျက်တာထက် "စာကြောင်း" ကို ကျက်တာက ပိုထိရောက်ပါတယ်။
~လိုတယ် (V-dic + ひつようがある) လို့ ကျက်မယ့်အစား...
"にほんへいくひつようがある" (ဂျပန်သွားဖို့ လိုအပ်ချက်ရှိတယ်) ဆိုတဲ့ စာကြောင်းလေးကိုပဲ မှတ်ထားလိုက်ပါ။ စာကြောင်းထဲမှာ '行く' (Dict form) ပါနေတဲ့အတွက် 接続 ကို အလိုလို မှတ်မိသွားပါလိမ့်မယ်။

22/05/2026

"ဂျပန်မှာပဲ တွေ့ရမယ့်... ထူးဆန်းအံ့သြဖွယ် အလုပ်အကိုင် (၅) မျိုး"
ဂျပန်နိုင်ငံဟာ နည်းပညာတင်မကဘဲ လူမှုရေးဝန်ဆောင်မှုတွေမှာလည်း အရမ်းကို တီထွင်ဆန်းသစ်တဲ့ နိုင်ငံပါ။ တခါတလေမှာ ကျွန်တော်တို့ စိတ်ကူးတောင် မယဉ်ဖူးတဲ့ အရာတွေကို ဝန်ဆောင်မှုပေးပြီး ပိုက်ဆံရှာနေတဲ့သူတွေ ရှိပါတယ်။ ဒီနေ့မှာတော့ ဂျပန်မှာပဲ မြင်တွေ့ရမယ့် ထူးခြားတဲ့ အလုပ်အကိုင် ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။
၁။ ရထားတွန်းပေးရတဲ့သူများ — 押し屋 (Oshiya)
တိုကျိုလို မြို့ကြီးတွေမှာ ရထားစီးဖူးတဲ့သူဆိုရင် လူဘယ်လောက်ကျပ်လဲ သိကြမှာပါ။ ရထားတံခါး ပိတ်လို့မရအောင် လူတွေ ပြည့်နှက်နေတဲ့အချိန်မှာ 押し屋 (Oshiya) လို့ခေါ်တဲ့ ဝန်ထမ်းတွေဟာ လက်အိတ်ဖြူဖြူလေးတွေ ဝတ်ပြီး လူတွေကို ရထားထဲထဲရောက်အောင် အားနဲ့ တွန်းထည့်ပေးရပါတယ်။ သူတို့ရဲ့ အဓိက တာဝန်ကတော့ ဘယ်သူ့ကိုမှ တံခါးကြား မညှပ်စေဘဲ ရထား အချိန်မှန် ထွက်ခွာနိုင်ဖို့ ကူညီပေးရတာ ဖြစ်ပါတယ်။
၂။ လူငှားဝန်ဆောင်မှု — レンタル家族 (Rentaru Kazoku)
ဂျပန်မှာ အထီးကျန်မှုဟာ ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် レンタル家族 (Rental Family)
ဝန်ဆောင်မှုတွေဟာ အတော်လေး အောင်မြင်ပါတယ်။ ဥပမာ - မင်္ဂလာဆောင်မှာ မိဘနေရာကနေ ကိုယ်စား ပါဝင်ပေးဖို့၊ အားလပ်ရက်မှာ အတူတူ လမ်းလျှောက်ပေးဖို့ ဒါမှမဟုတ် ရင်ဖွင့်စကား ပြောဖို့အတွက် သူငယ်ချင်း (レンタルフレンド - Rental Friend) အဖြစ် ငှားရမ်းလို့ ရပါတယ်။ ဒီအလုပ်ဟာ သရုပ်ဆောင်ပိုင်းလည်း ကျွမ်းကျင်ဖို့ လိုသလို တစ်ဖက်လူကို စိတ်သက်သာရာရအောင် လုပ်ပေးရတဲ့ အနုစိတ်တဲ့ အလုပ်မျိုးပါ။
၃။ ကိုယ်စား တောင်းပန်ပေးသူများ — 謝罪代行 (Shazai Daikou)
တစ်ခါတလေမှာ ကိုယ်တိုင်သွားပြီး တောင်းပန်ဖို့ အင်မတန် ခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီအခါမှာ 謝罪代行 (Shazai Daikou) လို့ခေါ်တဲ့ အေဂျင်စီက ဝန်ထမ်းတွေကို ငှားလို့ရပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ ကိုယ်စားလှယ်အဖြစ် သွားရောက်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ တောင်းပန်ပေးမှာပါ။ ဖုန်းနဲ့ တောင်းပန်တာ၊ လူကိုယ်တိုင်သွားတာ ဒါမှမဟုတ် ငိုယိုပြီး တောင်းပန်တာ စသဖြင့် ဝန်ဆောင်မှု အမျိုးမျိုးရှိပြီး အခကြေးငွေကတော့ တောင်းပန်ရတဲ့ အဆင့်ပေါ်မူတည်ပြီး ကွာခြားပါတယ်။
၄။ အနံ့အသက် စစ်ဆေးသူများ — 臭気判定士 (Shuuki Hanteishi)
ဂျပန်ဟာ သန့်ရှင်းမှုကို အင်မတန် ဂရုစိုက်သလို အနံ့အသက်နဲ့ ပတ်သက်ရင်လည်း အရမ်း အကဲဆတ်ပါတယ်။ 臭気判定士 (Shuuki Hanteishi) ဆိုတာကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဒါမှမဟုတ် ထုတ်ကုန်တွေရဲ့ အနံ့ကို စစ်ဆေးဖို့ နိုင်ငံတော်အဆင့် လက်မှတ်ရထားတဲ့ အနံ့ခံ ကျွမ်းကျင်သူတွေပါ။ သူတို့ဟာ အနံ့ဆိုးတွေရဲ့ ပြင်းအားကို တိုင်းတာပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပေးရတာပါ။
၅။ အဖော်အဖြစ်အိပ်ပေးရသူ— 添い寝屋 (Soineya)
ဒါကတော့ တော်တော်လေး ထူးဆန်းပါတယ်။ 添い寝 (Soine)ဆိုတာ ဘေးနားမှာ လှဲလျောင်းပေးတာကို ဆိုလိုတာပါ။ အလုပ်ဒဏ်ပိပြီး စိတ်ဖိစီးနေတဲ့သူတွေ၊ တစ်ယောက်တည်း မအိပ်ချင်တဲ့သူတွေအတွက် ဘေးနားမှာ လှဲလျောင်းပြီး အဖော်လုပ်ပေးရတဲ့ အလုပ်မျိုးပါ။ စကားပြောပေးတာ၊ လက်ကိုင်ထားပေးတာ စတဲ့ ဝန်ဆောင်မှုတွေအတွက် မိနစ်အလိုက် ပေးချေရပါတယ်။

21/05/2026

အားလုံးပဲမင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ Taunggyi Japanese Language School မှ

Tokutei Kaigo
1. Aye Chan Eain
2. Nang Phyu Sin Thant

Building Cleaning
1.Nwe Nwe Win
2.Mu Ali Win
3.Mu Yee Cho Win

အလုပ်အကိုင်ဖြင့် အင်တာဗျူးအောင်မြင်သွားကြသောကျောင်းသူများ ဖြစ်ပါတယ်ခင်ဗျာ။

" おめでとうございます "
ညီမလေးတို့ရဲ့ ရည်မှန်းချက်တွေပြည့်ဝပြီး လိုရာပန်းတိုင်ခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

TJLS မိတ်ဆက်ပေးသော Language School ကျောင်းများ ၊ သင်တန်းများ ၊ ကျောင်းမှကျင်းပပေးသော Japanese Knowledge Sharing Seminar များကို အချိန်နဲ့တပြေးညီ စုံစုံလင်လင်သိရဖိုအတွက် TJLS ရဲ့ အောက်ပါ Channels များကို follow လုပ်ထားဖို အကြံပြုလိုက်ပါတယ်ခင်ဗျာ။

Follow us on Facebook - https://www.facebook.com/tjls.school?

Join us on Telegram - https://t.me/tjlsjapaneselanguageschool

Watch us on TikTok - https://www.tiktok.com/?_t=ZS-8xA56ytiYWf&_r=1

အောင်မြင်မှု အနာဂတ်ဆီသို့ သင်နှင့်အတူလျှောက်လှမ်းပေးမည့် TJLS

✨成功の未来へあなたと共に✨


21/05/2026

𝐓𝐉𝐋𝐒 ရဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 တွေကို ဘာကြောင့်တက်သင့်တာလဲ❓

🇯🇵 ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့သူတစ်ယောက်အနေနဲ့ရပ်တည်ချင်တယ်။

🇯🇵 လုပ်ငန်းတာဝန်တွေကို စွမ်းဆောင်ရင်း ကိုယ်ပိုင်အိမ်မက်တွေကို အကောင်အထည်ဖော်ချင်တယ်။

🇯🇵 နည်းပညာတွေတိုးတက်နေတဲ့နိုင်ငံမှာ ပညာတွေကို အကောင်းဆုံးသင်ယူချင်တယ်။

ဒါတွေက 皆さん တို့ အိမ်မက်မက်နေပြီးအကောင်အထည်ဖော်လိုတဲ့ ရည်မှန်းချက်တွေပဲ မဟုတ်လား?

🚨 ဒီရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့အတွက် အခြေခံအကျဆုံးလိုအပ်ချက်က ဂျပန်စာကို 4 Skill လုံးကျွမ်းကျင်နေဖို့ပဲနော်။

✨ 皆さん တို့ကို အစဥ်အလာမပြတ် အတွေ့အကြုံရှိ ဆရာ၊ဆရာမများမှ ဂျပန်ဘာသာ 4 Skill လုံးကျွမ်းကျင်နေရန်သင်ကြားပြသပေးနေတဲ့အပြင် ဂျပန်နဲ့ပက်သက်တဲ့ ယဥ်ကျေးမှုတွေ၊ အလေ့အထတွေအပြင် အနာဂါတ်တွေအတွက်ပါ အကောင်းဆုံးလမ်းညွှန်ပေးနေတဲ့

𝐎𝐧𝐞 𝐒𝐭𝐞𝐩 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐆𝐫𝐨𝐮𝐩 ရှိ 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐓𝐉𝐋𝐒 မှာ ဂျပန်စာ 𝐎𝐟𝐟𝐥𝐢𝐧𝐞 အတန်းတွေအပြင် 𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 တွေကိုပါ ဖွင့်လှစ်သင်ကြားလျက်ရှိနေတာပဲဖြစ်ပါတယ်။✨🇯🇵

𝐓𝐉𝐋𝐒 ရဲ့ 𝐎𝐧𝐥𝐢𝐧𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 တွေကို

✅ ကျွမ်းကျင်ဆရာ၊ ဆရာမများမှ ကိုယ်တိုင်သင်ကြားပေးမှာဖြစ်လို့ စာမေးပွဲအတွက်သာမက လက်တွေ့မှာပါ အသုံးချနိုင်တဲ့ Advanced Skills တွေ၊ နက်နဲတဲ့ ဂျပန်စာ အသုံးအနှုန်းတွေကို သေချာ နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပြီး ဂျပန်စာ 4 Skills လုံးကို ပိုင်နိုင်စေမှာဖြစ်ပါတယ်။

✅ 𝐙𝐨𝐨𝐦 ကနေ တိုက်ရိုက်သင်ကြားပေးမှာဖြစ်လို့ ကျောင်းတွေ၊ အလုပ်တွေတစ်ဖက်နဲ့ 皆さんတို့လည်း အချိန်၊ နေရာမရွေး တက်ရောက်နိုင်တာပေါ့။

✨ သင်ခန်းစာတွေကိုလည်း 𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 ပြန်လည်ကြည့်ရှုနိုင်တာဖြစ်လို့ Online Class ပေမယ့် စာတွေမပိုင်နိုင်မှာစိတ်ပူဖို့မလိုဘူးနော်။

အိမ်မက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီနဲ့ အနာဂါတ်တွေကို အခြေခံဘာသာစကားကျွမ်းကျင်စွာ သင်ယူတတ်မြောက်နိုင်ခြင်းကစလို့ One Step Myanmar ရဲ့ ကျွမ်းကျင်တဲ့ Consultant တွေက 皆さん တို့ရဲ့ အိမ်မက်တွေဆီကို တစ်လှမ်းချင်း အတူတူ လျှောက်လှမ်းပေးမှာပါ။ ✨🎓

20/05/2026

ဆာမူရိုင်းတို့ရဲ့ လမ်းစဉ် - Bushido (ဘူရှီးဒိုး) ဆိုတာ ဘာလဲ? 🇯🇵⚔️

ဂျပန်သမိုင်းမှာ ဆာမူရိုင်းတွေဟာ ဓားကိုင်တိုက်ခိုက်သူတွေသက်သက် မဟုတ်ကြပါဘူး။ သူတို့မှာ ဘဝတစ်ခုလုံးကို ပုံဖော်ပေးထားတဲ့ "Bushido" (ဘူရှီးဒိုး) ဆိုတဲ့ ကျင့်ဝတ်စည်းကမ်းတွေ ရှိပါတယ်။ "စစ်သည်တော်တို့ရဲ့ လမ်းစဉ်" လို့ အဓိပ္ပာယ်ရတဲ့ ဒီကျင့်ဝတ်စနစ်မှာ အဓိက မဏ္ဍိုင် (၇) ချက် ရှိပါတယ်။

၁။ တရားမျှတမှု (Gi)
ကိုယ်ချင်းစာတရားနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းပါ။ မတရားမှုကို တွန်းလှန်ပြီး အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ပါတယ်။

၂။ သတ္တိ (Yu)
ကြောက်ရွံ့မှုကို အောင်နိုင်ပြီး မှန်ကန်တဲ့အရာအတွက် အသက်စွန့်ရဲတာမျိုးပါ။ ဒါပေမဲ့ အကြောင်းမဲ့ အသက်စွန့်တာမျိုးမဟုတ်ဘဲ ဉာဏ်ပညာနဲ့ ယှဉ်တဲ့ သတ္တိကိုသာ ဆိုလိုပါတယ်။

၃။ ဂရုဏာ (Jin)
အင်အားကြီးမားတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ အားနည်းသူတွေအပေါ် ကြင်နာမှု ရှိရပါမယ်။ မိမိရဲ့ စစ်ပညာကို ဖျက်ဆီးဖို့အတွက် မဟုတ်ဘဲ အကာအကွယ်ပေးဖို့အတွက်သာ အသုံးပြုရပါတယ်။

၄။ ရိုသေလေးစားမှု (Rei)
ဆာမူရိုင်းတွေဟာ ရန်သူကိုတောင် လေးစားမှုရှိကြပါတယ်။ ယဉ်ကျေးပျူငှာခြင်းဟာ အားနည်းတာမဟုတ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုရဲ့ ပြယုဂ်တစ်ခုလို့ ယူဆကြပါတယ်။

၅။ ရိုးသားဖြောင့်မတ်မှု (Makoto)
ပြောပြီးသားစကားကို တန်ဖိုးထားခြင်းပါ။ ဆာမူရိုင်းတစ်ယောက်အတွက် "ပြောခြင်း" နှင့် "လုပ်ခြင်း" သည် တစ်ထပ်တည်း ကျရပါမယ်။ ကတိပေးလိုက်ပြီဆိုရင် စာချုပ်စာတမ်း မလိုဘဲ တည်ရမယ်လို့ ခံယူထားကြပါတယ်။

၆။ ဂုဏ်သိက္ခာ (Meiyo)
မိမိကိုယ်ကို လေးစားခြင်းနဲ့ ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားခြင်းပါ။ အရှက်ရစေမယ့် အပြုအမူမျိုးထက် သေခြင်းတရားကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။

၇။ သစ္စာရှိမှု (Chuugi)
မိမိရဲ့ သခင်နဲ့ နိုင်ငံအပေါ် အကြွင်းမဲ့ သစ္စာရှိခြင်းပါ။ ဘယ်လို ခက်ခဲတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သစ္စာတရားကို အပျက်မခံဘဲ တာဝန်ကျေပွန်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

ဆာမူရိုင်းတစ်ယောက်ရဲ့ ဘဝဟာ ဓားသွားပေါ်မှာ လျှောက်လှမ်းနေရသလို ဖြစ်ပေမဲ့ ဒီလို ခိုင်မာတဲ့ ကျင့်ဝတ်တွေကြောင့်ပဲ သူတို့ရဲ့ သမိုင်းဟာ ယနေ့တိုင် ထင်ရှားနေတာပါ။ ဒီကျင့်ဝတ်တွေဟာ အခုခေတ် လူနေမှုဘဝနဲ့ လုပ်ငန်းခွင်တွေမှာလည်း အတုယူစရာ ကောင်းလှပါတယ်။

20/05/2026

JLPT စာမေးပွဲဖြေဖို့ ဘယ်နှရက်မှမလိုတော့ဘူးနော် 👀

စာမေးပွဲခန်းထဲဝင်ပြီး…

-この文法… မြင်ဖူးသလိုပဲ
-Listening က ဘာပြောသွားတာလဲမသိလိုက်ဘူး
-Time မလောက်တော့ဘူး

အဲ့လိုမဖြစ်ချင်ဘူးဆိုရင်Practice က အရမ်းအရေးကြီးပါတယ် 🔥

JLPT က “စာသိတာ” တစ်ခုတည်းနဲ့မရဘူး

Time Management
Listening Skill
Reading Speed
Exam Pattern

ဒါတွေကိုပါ လေ့ကျင့်ထားဖို့လိုပါတယ်နော် ✨
အားလုံးကို Exam Style နဲ့ practice လုပ်ပေးမယ့်
N4 JLPT Practice Class လေးဖွင့်လှစ်ပေးသွားပါမယ် ✨

🗓 Start Date - 30.5.2026 (Sat)
⏰ Time - 3:15 PM ~ 5:15 PM
📖 Duration - 60 Hrs
📅 Days -Wed ~ Sun (5 Days a Week)

19/05/2026

JLPT N3 ကို
“ဒီနှစ်တော့ အောင်ကိုအောင်ရမယ်” ဆိုတဲ့သူတွေအတွက် 🔥
7 လပိုင်း Exam အတွက်
N3 Practice Class ဖွင့်လှစ်ပေးသွားပါမယ် 🇯🇵

“အချိန်နည်းလို့ ဘယ်ကစလေ့ကျင့်ရမှန်းမသိဘူး…”ဆိုတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ် 💯

Start Date -23.5.2026
Time -1:00PM to 3:00 PM
Fees -77,000 MMK
Days -Wed~Sun (5 Days a week)
Duration -60 Hrs

JLPT N3 ကို confidence ရှိရှိ ဖြေချင်ရင်ဒီ Practice Class ကို join ဖို့မမေ့နဲ့နော် 🌸

Follow us on Facebook - https://www.facebook.com/tjls.school?

Join us on Telegram - https://t.me/tjlsjapaneselanguageschool

Watch us on TikTok - https://www.tiktok.com/?_t=ZS-8xA56ytiYWf&_r=1

အောင်မြင်မှု အနာဂတ်ဆီသို့ သင်နှင့်အတူလျှောက်လှမ်းပေးမည့် TJLS

✨成功の未来へあなたと共に✨


18/05/2026

𝐎𝐧𝐞 𝐒𝐭𝐞𝐩 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐆𝐫𝐨𝐮𝐩 မှာရှိတဲ့ 𝐓𝐉𝐋𝐒 ရဲ့ 𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေက 皆さん တို့အတွက် အချိန်ပေးရတာထက်ပိုပြီး ဂျပန်စာနဲ့ပက်သက်တဲ့ အသိပညာတွေအပြင် အနာဂါတ်အခွင့်အလမ်းကောင်းတွေကိုပါ ရရှိလာနိုင်တာပဲဖြစ်ပါတယ်။ ✨🎓

ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ကောင်းတွေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ပေမယ့် 皆さん တို့အနေနဲ့ အချိန်မပေးနိုင်လို့ အခက်တွေ့နေလား? 🤔❓

အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ဂျပန်စာလေ့လာဖို့ ခက်ခဲနေတဲ့သူတွေအတွက် One Step Myanmar Group ရဲ့ Zoom Class တွေက အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာမှာပါ။ ✨🎓

One Step Myanmar Group ရဲ့ ဂျပန်စာ Zoom Class တွေဆိုတာ

✅ ကျွမ်းကျင်ဆရာ၊ ဆရာမများမှ ကိုယ်တိုင်သင်ကြားပေးမှာဖြစ်လို့ စာမေးပွဲအတွက်သာမက လက်တွေ့မှာပါ အသုံးချနိုင်တဲ့ Advanced Skills တွေ၊ နက်နဲတဲ့ ဂျပန်စာ အသုံးအနှုန်းတွေကို သေချာ နားလည်သဘောပေါက်အောင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပြီး ဂျပန်စာ 4 Skills လုံးကို ပိုင်နိုင်စေမှာဖြစ်ပါတယ်။

✅ 𝐙𝐨𝐨𝐦 ကနေ တိုက်ရိုက်သင်ကြားပေးမှာဖြစ်လို့ ကျောင်းတွေ၊ အလုပ်တွေတစ်ဖက်နဲ့ 皆さんတို့လည်း အချိန်၊ နေရာမရွေး တက်ရောက်နိုင်ပါတယ်။

✨ သင်ခန်းစာတွေကိုလည်း 𝐑𝐞𝐯𝐢𝐬𝐢𝐨𝐧 ပြန်လည်ကြည့်ရှုနိုင်တာဖြစ်လို့ Online Class ပေမယ့် စာတွေမပိုင်နိုင်မှာစိတ်ပူဖို့မလိုဘူးနော်။

အိမ်မက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီနဲ့ အနာဂါတ်တွေကို အခြေခံဘာသာစကားကျွမ်းကျင်စွာ သင်ယူတတ်မြောက်နိုင်ခြင်းကစလို့ One Step Myanmar ရဲ့ ကျွမ်းကျင်တဲ့ Consultant တွေက 皆さん တို့ရဲ့ အိမ်မက်တွေဆီကို တစ်လှမ်းချင်း အတူတူ လျှောက်လှမ်းပေးမှာပါ။ ✨🇯🇵

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Corner Of Nay Chi Oo Street &Ye Htwet Oo Street, Yay Aye Kwin Quarter
Taunggyi

Opening Hours

Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00