02/05/2026
Ready to Read Program at Promise - Taunggyi!
(Continuation of Reading Readiness Program)
ယနေ့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျောင်းတွေမှာ အင်္ဂလိပ်စာသင်ယူခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီဖြစ်ပါတယ်။ အင်္ဂလိပ်စာကို အခြေခံကနေ ပိုင်ပိုင်နိုင်နိုင် ရခဲ့တဲ့ ကလေးတွေဟာ အတန်းကြီးလာတဲ့အခါမှာပဲဖြစ်ဖြစ် တက္ကသိုလ်ကောလိပ်ရောက်တဲ့အခါပဲဖြစ်ဖြစ် အခြားကလေးတွေထက် သင်ယူမှုစွမ်းရည် သိသိသာသာ မြင့်မားတာ တွေရပါတယ်။
Promise ကျောင်းတွေမှာ အောက်ပါ English Language Programs တွေ ရှိပါတယ်။
၁။ Reading Readiness Program
၂။ Ready to Read Program (ABCs with Ace and Christi),
၃။ Speaking English with Ace and Christi,
၄။ ABCs for English Learners,
၅။ English As Your Second Language, and
၆။ Videophonics Programs တွေပဲဖြစ်ပါတယ်။
အရှေ့က Post မှာတော့ Reading Readiness Program အနှစ်ချုပ် ဖော်ပြခဲ့ပါတယ်။ ဒီ Post မှာတော့ Ready to Read Program အကြောင်း အကျဉ်းချုပ် ရှင်းပြပါမယ်။
Ready to Read Program ကတော့ Reading Readiness ပြီးရင် ဆက်တက်ရတဲ့ Program ဖြစ်ပါတယ်။ Ready to Read Program Pretest ရဲ့ Test A မှာ ၁၀၀% ရပြီး Test B မှာလည်း အနည်းဆုံး အမှတ် ၈၀% ရရှိတဲ့ ကျောင်းသားတွေအတွက် အရမ်းကောင်းတဲ့ phonics (အသံထွက်အခြေခံစာဖတ်နည်း) အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Pretest မှာ အမှတ် ၈၀% အောက်ပဲ ရတယ်ဆိုရင်တော့ Reading Readiness (Kindergarten with Ace and Christi) Program ကနေ စတက်တာ ပိုကောင်းပါတယ်။
ဒီ Program မှာ အက္ခရာအသံအားလုံးကို တိရစ္ဆာန်ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေစိတ်ဝင်စားပြီး မှတ်မိလွယ်အောင် စနစ်တကျ ဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့အပြင် အက္ခရာတွေနဲ့ စကားလုံးတွေရဲ့ ဆက်နွယ်မှုကိုလည်း သေသေချာချာ လေ့လာရမှာ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အဆိုအမိန့်တွေနဲ့ phonics သင်ခန်းစာများကို တည်ဆောက်ထားပြီး စိတ်ဝင်စားစရာ ပုံပြင်ဇာတ်လမ်းတွေကနေလည်း Character traits (စာရိတ္တကောင်း) သင်ခန်းစာတွေပါ သင်ယူရမှာဖြစ်ပါတယ်။
ဒီ Program မှာ ကိုယ်ခန္ဓာလှုပ်ရှားမှုကျွမ်းကျင်မှုတွေ၊ လက်ချောင်းလေးတွေရဲ့လှုပ်ရှားမှုတွေ (small motor skills) နှင့် အမြင်အာရုံ ခွဲခြားသိမြင်နိုင်စွမ်း (visual discrimination) တိုးတက်ဖို့ လှုပ်ရှားမှုအမျိုးမျိုးကိုလည်း အသုံးပြုထားပါတယ်။
Program က ကျောင်းသားတွေကို individualized instruction (တစ်ဦးချင်းလေ့လာသင်ယူမှုစနစ်) နည်းနဲ့ မိတ်ဆက်ပေးပြီး ဆက်လက် ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့ နည်းစနစ်တွေ အားလုံးကို ပံ့ပိုးပြင်ဆင်ပေးပါတယ်။ ဒီ Program ရဲ့ ပြီးခါနီးမှာ ကျောင်းသားတွေဟာ ကိန်းဂဏန်းတွေနှင့် ရိုးရှင်းတဲ့ သင်္ချာကျွမ်းကျင်မှုတွေကိုလည်း မိတ်ဆက်သင်ယူရမှာဖြစ်ပါတယ်။
ဒီ Program ကို သင်ယူပြီးမြောက်ချိန်မှာတော့ ကလေးရဲ့ စာဖတ်နိုင်စွမ်းကို စစ်ဆေးဖို့ Post Test ကို ဖြေဆိုရမှာဖြစ်ပါတယ်။ Post Test မှာ အမှတ် အပြည့်အဝရရှိပြီးတဲ့နောက်မှာတော့ ကျောင်းသားတွေဟာ English, Social Studies, Science နှင့် Math modules များကို ဆက်လက်သင်ယူလို့ ရမှာ ဖြစ်ပါတယ်။ ဒီဘာသာရပ်တွေမှာ Module 1012 အထိ ပြီးမြောက်တယ် ဆိုရင်တော့ ကျောင်းသားတစ်ဦးဟာ Level 1 ကိုလည်း တခါထဲ ပြီးဆုံးအောင်မြင်မှာ ဖြစ်ပါတယ်။
Ready to Read Program ကို ABCs with Ace and Christi လို့လည်း ခေါ်ပါတယ်။ Ready to Read Program ကို ပြီးမြောက်ကြောင်း Diploma ကိုတော့ စာသင်နှစ်အကုန်မှာ ကျင်းပလေ့ရှိတဲ့ Graduation and Awarding Ceremony မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
Ready to Read Program ရဲ့ အကျိုးကျေးဇူးတွေကို အနှစ်ချုပ် ပြန်ဖော်ပြရရင်
• PACE curriculum ၏ individualized instruction အတွက် ကလေးကို ပြင်ဆင်ပေးတယ်။
• ကာတွန်းတိရစ္ဆာန်များ၊ သီချင်းများ၊ ဇာတ်လမ်းများမှတစ်ဆင့် အက္ခရာအသံ၊ အက္ခရာစဉ်နှင့် စကားလုံးဆက်နွယ်မှုများကို သင်ယူစေတယ်။
• ကဗျာများ၊ ပြသပုံများနှင့် ကိုယ်လက်လှုပ်ရှားမှုများမှတစ်ဆင့် ကိုယ်ခန္ဓာပိုင်းနှင့် character skills များကို ဖွံ့ဖြိုးစေတယ်။
• 12–15 ပတ် tutorial program ပြီးနောက် self-paced individualized program ကို စတင်ရန် အဆင်သင့်ဖြစ်စေတယ်။
• Level 1 ပြီးတာနဲ့ ဘယ်အင်္ဂလိပ် စာအုပ်ကိုမဆို အသံထွက်မှန်နဲ့ ဖတ်နိုင်မှာ ဖြစ်ပါတယ်။
ကဲ မိမိကလေးကို အင်္ဂလိပ်စာ အခြေခံကျကျ Phonics ကနေစပြီး လေ့လာစေချင်တယ် ဆိုရင်တော့ Promise ကျောင်းကို ဆက်သွယ်လိုက်တော့နော်။
Promise Education Center - Taunggyi
အမှတ် (၁)၊ ကျောက်တစ်လုံးလမ်းမကြီး၊ (မြတ်လေးလမ်းထောင့်)၊ ကျောင်းကြီးစု၊ တောင်ကြီးမြို့။
၀၉၂၅၃၄၃၄၄၅၆၊ ၀၉၂၅၄၀၈၈၈၁၉
28/04/2026
Promise ကျောင်းတွေမှာ ကလေးငယ်တွေအတွက် English Language Programs အမျိုးမျိုး ရှိပါတယ်။ အဲဒါတွေကတော့ Reading Readiness Program (Kindergarten with Ace and Christi), Ready to Read Program (ABCs with Ace and Christi), Speaking English with Ace and Christi, ABCs for English Learners, English As Your Second Language, နဲ့ Videophonics Programs တွေပဲဖြစ်ပါတယ်။
အဲဒီအထဲမှာ အသက် ၄ နှစ်၊ ၅ နှစ်အရွယ် ကလေးတွေအတွက် ထူးခြားတဲ့ အစီအစဉ်လေးတွေကတော့ "Reading Readiness" နဲ့ "Ready to Read" အစီအစဥ် တို့ပဲ ဖြစ်ပါတယ်။ ဒီ Post မှာတော့ Taunggyi Promise မှာ ဒီနှစ် စတင်ဖွင့်လှစ်မည့် Reading Readiness Program အကြောင်းကို အကျဉ်းချုပ် တင်ပြပေးသွားပါမယ်။
Reading Readiness Program
လေ့လာဆန်းစစ်မှုတွေအရ Phonics နည်းနဲ့ သင်ယူတဲ့ ကလေးများနှင့် လူကြီးများဟာ Phonics မသင်ယူခဲ့သူများထက် စာဖတ်ရာမှာ ပိုမိုကောင်းမွန်ပြီး ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် Promise ကျောင်းတွေရဲ့ Reading Readiness program တစ်လျှောက်လုံးမှာ Phonics နည်းလမ်းကို ထည့်သွင်းအသုံးပြုထားပါတယ်။
"Reading Readiness Program" ဟာ ကလေးတစ်ဦး စာဖတ်ဖို့ အဆင်သင့်ဖြစ်စေရန် လိုအပ်တဲ့ အယူအဆများနှင့် ကျွမ်းကျင်မှုများကို စနစ်တကျ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းထားတဲ့ program ဖြစ်ပါတယ်။ ဒီ တစ်နှစ်စာ program ကို အသက် ၃၊ ၄၊ ၅ နှစ်အရွယ် ကလေးများနှင့် Reading Readiness Test စမ်းသပ်မှုမှာ ရမှတ် 80% မကျော်တဲ့ (NOT ready to read) ကလေးများအတွက် အထူးဒီဇိုင်းပြုလုပ်ထားပါတယ်။
ကျောင်းသားတွေဟာ အက္ခရာတွေကို မှတ်မိဖို့နဲ့ နံပါတ်တွေကို သိရှိဖို့တို့ကို သင်ယူကြရမှာ ဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေကတော့ ပုံပြင်ကားချပ်တွေ၊ တိရစ္ဆာန်ပုံတွေ၊ coordination development activities တွေနဲ့ အရောင်စုံ picture stories တွေပါဝင်ပြီး စာဖတ်ခြင်းကို ချစ်မြတ်နိုးစေမှာ ဖြစ်ပါတယ်။ ဤ program ၏ ရည်ရွယ်ချက်မှာ အက္ခရာအားလုံး၏ phonetic sounds (အသံထွက်များ) ကို လျင်မြန်စွာ သင်ယူစေပြီး ကျောင်းသားတွေ စာဖတ်ဖို့ အဆင်သင့်ဖြစ်စေရန် ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းသားများဟာ လူမှုဆက်ဆံရေးကျွမ်းကျင်မှုများ၊ ကမ္ဘာတဝှမ်းရှိအံ့ဖွယ်ရာများနှင့် ချစ်ခြင်းမေတ္တာ၏ အနှစ်သာရတွေကိုလည်း ဒီ program မှတဆင့် သင်ယူရမှာ ဖြစ်ပါတယ်။
Reading Readiness program ရဲ့ အကျိုးကျေးဇူးတွေကတော့
၁။ ကလေးတွေကို နောက်တစ်ဆင့်ဖြစ်တဲ့ Ready to Read program) အတွက် ပြင်ဆင်ပေးပါတယ်။
၂။ ကလေးများ စာဖတ်ရာတွင် အောင်မြင်ရန် လိုအပ်သော ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန်၊ အတွေးအမြင်တိုးတက်စေရန်နှင့် လိုအပ်သော ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအဆင့်သို့ ရောက်ရှိစေရန် ကူညီပေးပါတယ်။
၃။ ကလေး၏ ပညာရေးတစ်လျှောက်လုံး တည်ဆောက်ရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးပါတယ်။
၄။ ဆရာ/ဆရာမ၏ စွမ်းအင်ကို ကလေးနှင့် ထိရောက်စွာ အပြန်အလှန် ဆက်ဆံနိုင်ရန် အသုံးချစေပါတယ်။
Reading Readiness Program ကို Kindergarten with Ace and Christi လို့လည်း ခေါ်ပါတယ်။ Ace ans Christi ဆိုတာ အဲဒီ Program ထဲမှာပါတဲ့ ဇာတ်ကောင်လေးတွေရဲ့ နာမည်ပါ။ မိမိကလေးတွေကို ငယ်ငယ်ကထဲက စာဖတ်ရာမှာ အခြေခံကောင်းဖို့ ပိုမိုမြန်ဆန်ဖို့အတွက် ကောင်းမွန်တဲ့ အုတ်မြစ်ချချင်တယ်ဆိုရင်တော့ Promise ကျောင်းတွေကို ဆက်သွယ်လိုက်ပါနော်။
Promise ကျောင်းတွေက ပညာထူးချွန်သူတွေ မွေးထုတ်နေပေမယ့် Academic excellence တစ်ခုထဲကိုပဲ အဓိကထားတဲ့ကျောင်းတွေ မဟုတ်ပါဘူးနော်။ စာရိတ္တကောင်းမွန်ပြီး လိမ္မာရေးခြားရှိတဲ့၊ အရည်အချင်းပြည့်ဝတဲ့၊ ဘက်စုံတော်တဲ့ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်နေတဲ့ ကျောင်းတွေဖြစ်တယ် ဆိုတာကို ပြည်တွင်းပြည်ပမှာ ရောက်ရှိနေတဲ့ Promise ကျောင်းသူကျောင်းသားတွေကိုကြည့်ပြီး သိနိုင်ပါတယ်။
ကလေးများအားလုံး ကောင်းမွန်တဲ့ပညာရေးကို အေးချမ်းစွာ သင်ယူနိုင်ကြပါစေ။
Taunggyi Promise Education Center
No. 1, Conor of Myat Lat street & Kyauk Talone Road, Kyaung Gyi Su Quarter, Taunggyi.
09254088819, 09253434456
21/01/2026
Third quarter honor roll trip!
Congratulations every students who achieved into the honor roll!
31/12/2025
Happy and Blessed New Year to you all!
Promise Family
21/11/2025
Students and Teachers of Promise Education Center - Taunggyi depart for Chiang Mai to join Regional Students Convention (RSC) 2025, which will be held from 23rd to 28th November.
02/03/2025
စိတ်ဝင်စားမယ့် မိဘများ၊ ကျောင်းသားများ အတွက်
30/11/2024
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ All Asia Students Convention (AASC) 2024 ကို Promise International School - Taunggyi ကျောင်းမှ ကျောင်းသား ၁ ဦးနဲ့ ဆရာမ ၂ ဦး၊ စုစုပေါင်း ၃ ဦး ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။ အခြား Promise ကျောင်းတွေက Regoinal Students Convention (RSC) အတွေ့အကြုံရှိပေမယ့် Promise Taunggyi အနေနဲ့က ဒီနှစ်မှ ပထမဆုံး ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
AASC 2024 မှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကျောင်းပေါင်း ၁၂၈ ကျောင်းကနေ တက်ရောက်သူလူဦးရေ စုစုပေါင်း ၁၈၀၀ ကျော်ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းပေါင်းစုံက အကျော်အမော်တွေ တက်ရောက်ပြိုင်ပွဲဝင်တာဖြစ်လို့ ဘယ် ပြိုင်ပွဲဖြစ်ဖြစ် ဆု ရဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒီလိုပွဲမှာ ပထမဦးဆုံးအကြိမ် ပါဝင်ပြီး Photography - Colour Animal Category မှာ ထိုင်ထိုက်တန်တန် ပထမဆု ဆွတ်ခူးရရှိတဲ့ သမီးလေး Hnin Than Zin (Snow) အတွက် ဝမ်းမြောက်ဝမ်းသာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
ကူညီခဲ့တဲ့ မိဘဆရာဆရာမများ အားလုံးကို၎င်း၊ Promise International Academy မှ ဦးဆောင်သူများကို၎င်း၊ Promise International School - Taunggyi ကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။
08/07/2024
Monday!!
All of the students finished their goals 🙌
Extra class - Music 🎶
27/06/2024
Today activities!
-Art and Creativity 🤗
21/06/2024
Mr.Kaung Zan visited the campus and shared his life testimony as well as importance of learning Myanmar language, social-study, History, and Geography of Myanmar. 🤗