ပညာဘဏ္ Pyin Nyar Bank

ပညာဘဏ္ Pyin Nyar Bank ပညာပြည့်ဝ နှလုံးလှ

03/06/2024

🌲အစကောင်းမှအနှောင်းသေချာ🌲

ကျောင်းစဖွင့်ကတည်းကတစ်နေ့စာတစ်နေ့ကျက်မယ်။စာကြွေးမထားဘူးဆိုရင် စာတော်၊စာတတ်တဲ့ လူတော်၊လူကောင်းလေးတွေဖြစ်လာမှာအသေချာပါ။

🌱အိမ်မှာစာမကျက်ဘူး။
ဖုန်းနဲ့အချိန်ကုန်နေတယ်။
မိဘတွေကလည်းအလုပ်များလို့မကြည့်နိုင်ဘူး။
စာလည်းတကယ်တတ်ချင်တယ် ဆိုရင်တော့ PYIN NYAR BANK ပညာဘဏ် ဂိုက်တန်းလာခဲ့ပါရှင့်။

သင်တန်းချိန်---Monday မှ Saturdayထိ(Sunday ပိတ်)
5:00-8:30(pm)

သင်တန်းကြေး---Grade1 to Grade4(30,000)
Grade5(40,000)
Grade6 to Grade8(50,000)
Grade 9/Grade10(60,000)
Grade11(80,000)
Grade12(100,000)

ဘော်ဒါ၊အဆောင် လက်ခံပါတယ်ရှင့်။

Address:ရ/၂၉၃၊ကျောက်စိမ်းလမ်းသွယ်၊ရတနာသီရိရပ်ကွက်၊တောင်ကြီးမြို့။(ထ၉ ကျောင်းကျောကပ်)

Phone:092001720

20/12/2023

အခြေခံပညာကျောင်းများ၏
ဒီဇင်ဘာကျောင်းပိတ်ရက်မှာ
22.12.2023 မှ 26.12.2023 ထိ
(၅)ရက်ဖြစ်ပါသည်။

 #၂၀၂၄ Grade12 Chemistry မေးခွန်းလွှာ အမှတ်ပေးပုံ
19/11/2023

#၂၀၂၄ Grade12 Chemistry မေးခွန်းလွှာ အမှတ်ပေးပုံ

18/11/2023

အတန်းတင် စာမေးပွဲ အချိန်စာရင်း
(နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်း)


၁။၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။

၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၁း၃၀ )

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)အတွင်း ကျင်းပရန် ဖြစ်ပါသည်။
ဇွန်လမှဖေဖော်ဝါရီလအထိ သင်ခန်းစာများ
၁၀၀မှတ် တစ်နေ့တစ်ဘာသာ ။ ဖြေဆိုချိန် ( ၂း၀၀ )

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။
မှတ်ချက်- တက္ကသိုလ်ဝင်စာမေးပွဲ ဗဟိုအဆင့် (အစိုးရစစ်) အချိန်စာရင်းမထွက်ရှိသေးပါ။

၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။

Crd: Sayar U Myint Oo

19/07/2023
21/06/2023

2022ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ဝင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ရမှတ်များ

၁။ပညာရေးတက္ကသိုလ် BEd ဝင်ခွင့် ရန်ကုန် + စစ်ကိုင်း ၊ အနိမ့်ဆုံးအမှတ်

သိပ္ပံဘာသာတွဲ - 450 မှတ်

ဝိပ္ပံဘာသာတွဲ - 420 မှတ်

ဝိဇ္ဇာဘာသာတွဲ - 400မှတ်

စုစုပေါင်းကျောင်းသားဦးရေ = 400 =

သိပ္ပံဘာသာတွဲ = 200 ဦး ဝိပ္ပံဘာသာတွဲ = 100 ဦး

ဝိဇ္ဇာဘာသာတွဲ = 100 ဦး

၂။ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

400မှတ်နှင့်အထက်

၃။မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်

420 မှတ်နှင့်အထက်

၄။သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်

360 မှတ်နှင့်အထက်

၅။ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)

380 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသားဦးရေ = 1600 ဦး

၆။ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)

420 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသားဦးရေ = 640 ဦး

၇။ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်

ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ (4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား220+မ180= 400 ဦး

၈။မန္တလေးနည်းပညာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးရမှတ်

ရူပ+ဓာတု+သင်္ချာ+အင်္ဂလိပ်စာ (4ဘာသာရမှတ်ပေါင်း) - 320 မှတ်နှင့်အထက် ကျား210+မ170= 380 ဦး

၉။သတင်းအချက်အလက်နှင့်နည်းပညာတက္ကသိုလ်

(သင်္ချာ၊ဓာတု၊ ရူပ ပါသောဘာသာတွဲများ) စုစုပေါင်းရမှတ် - 450 မှတ်နှင့်အထက် ကျောင်းသား/သူဦးရေ= 200 ဦး

၁၀။ရန်ကုန်ကွန်ပျူတာတက္ကသိုလ်

450 မှတ်နှင့်အထက်

(or) Eng+Maths - 140 မှတ်နှင့်အထက် စုစုပေါင်းကျောင်းသား/သူ = 500 ဦး

၁၁။မန္တလေးကွန်ပျူတာတက္ကသိုလ်

430 မှတ်နှင့်အထက် (သင်္ချာ၊ဓာတု၊ရူပပါသောဘာသာတွဲဖြင့်အောင်မြင်

သူများ)

(အင်္ဂလိပ်+သင်္ချာ ၂ ဘာသာပေါင်း 140 မှတ်နှင့်အထက် ရရှိသူ) စုစုပေါင်းကျောင်းသား/သူ = 250 ဦး

၁၂။နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) 0

420 မှတ်နှင့်အထက်

(သင်္ချာ၊ ဓာတု၊ ရူပ ပါသော ဘာသာတွဲများ) ၃၅၀ ဦး = ကျား 50% + မ 50%

၁၃။နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်

400 မှတ်နှင့်အထက်

English ဘာသာရပ်ဆိုလျင် - ရန်ကုန် - Eng 65 မှတ်အထက် မန္တလေး - Eng 60 မှတ်အထက်

၁၃။နိုင်ငံခြားဘာသာတက္ကသိုလ်ဝင်ခွင့်

400 မှတ်နှင့်အထက်

English ဘာသာရပ်ဆိုလျင် - ရန်ကုန် - Eng 65 မှတ်အထက် မန္တလေး - Eng 60 မှတ်အထက်

၁၄။မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်

400 မှတ်နှင့် အထက် (အင်္ဂလိပ်၊သင်္ချာ၊ရူပ၊ဓာတု ၄ဘာသာပေါင်း =300 မှတ်နှင့်အထက်) 200 ဦး = ကျား 70% + မ 30%

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များအနေဖြင့် အမှတ်ကန့်သတ်ပေးထားခြင်းမတွေ့ရှိရပါ။

မြို့နယ်ရာခိုင်နှုန်းအလိုက်၊ တက္ကသိုလ်များဝင်ဆံ့အင်အားအလိုက် အမှတ် ဖြတ်ချသွားမည် ဖြစ်ပါသည်။

စိစစ်ရွေးချယ်ရေးအဖွဲ့ နေပြည်တော်

2022-2023 ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသားကျောင်းသူများအားလုံး congratulation ပါ။ပညာဘဏ...
09/06/2023

2022-2023 ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသားကျောင်းသူများအားလုံး congratulation ပါ။

ပညာဘဏ်အောင်ချက် 100%(ဖြေဆို၃၊အောင်မြင်၃)

🌈မောင်ချမ်းမြေ့ကို ရက-၄၁၄ သချာ်၊ရူပ၊ဇီဝ

🌈မသူသူဇင် ရက-၁၈၆ ဇီဝ

🌈မောင်အွန်လင်းဟတ် ရက-၁၁၆၄

🔼ပညာဘဏ်၏မှတ်တိုင်ကိုဆက်လက်ထိန်းသိမ်းပေးခဲ့သောကျောင်းသားကျောင်းသူများကိုပညာဘဏ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

08/06/2023

တက္ကသိုလ်ဝင်တန်းပညာဘဏ်အောင်ချက်100%

၂၀၂၃-၂၀၂၄ ပညာသင်နှစ်Grade-12 သင်ရိုးသစ်အတွက် ဘော်ဒါ+စာသင်+စာကျက် တန်းကို15.6.2023 တွင်စတင်ဖွင့်လှစ်သင်ကြားပါမည်။🌻Grade-1...
08/06/2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်Grade-12 သင်ရိုးသစ်အတွက် ဘော်ဒါ+စာသင်+စာကျက် တန်းကို
15.6.2023 တွင်စတင်ဖွင့်လှစ်သင်ကြားပါမည်။

🌻Grade-11 (သင်ရိုးသစ်)အောင်မြင်ပြီးသူများ၊Grade-11(သင်ရိုးဟောင်း)မဖြေဆိုခဲ့သူများ၊Grade-11(သင်ရိုးဟောင်း) ကျရှုံးသူများ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ပါသည်။

🌻စာသင်ကြားခြင်းတွင် ဘာသာရပ်ကျွမ်းကျင်သော ဆရာကြီး၊ဆရာမကြီးများကသင်ကြားပေးပြီးအမှတ်ပေးစည်းမျဥ်းနှင့်အညီ သင်ကြားပြသပေးပါသည်။

🌻တစ်နေ့စာတစ်နေ့အပြီးကျက်မှတ်စေပြီး တစ်ပတ်တစ်ခါ Test ဖြေဆိုခြင်းများပြုလုပ်၍ ကျောင်းသား၊ကျောင်းသူများ၏ အရည်အချင်းကိုစစ်ဆေးပေးပါသည်။

🌟လူဦးရေကန့်သတ်ချက်ဖြင့်သာလက်ခံသင်ကြားပေးပါသည်။

ရွေးချယ်နိုင်မည့်တက်ရောက်မှု
-------------------------------------

🥇ဘော်ဒါ(ကျောင်းအိပ်+ကျောင်းစား+စာသင်+စာကျက်)

🥈semi ဘော်ဒါ(ကျောင်းအိပ်+စာသင်+စာကျက်)

🥉နေ့တက်(စာသင်+စာကျက်)

မြေမျိုးမှန်၍ အပင်သန်ရမည်။

ဆက်သွယ်ရန်။ ။ရ/၂၉၃၊ကျောက်စိမ်းလမ်းသွယ်၊ရတနာသီရိရပ်ကွက်၊တောင်ကြီးမြို့။
092001720 ၊09797555585 ၊09444019195


2014

taunggyi

G 12စနှစ်သစ်မေးခွန်းပုံသစ်အရ တက္ကသိုလ်ဝင် စာမေးပွဲတွင် STEAMS 1(ဘိုင်အိုတွဲ)ယူကျောင်းသားများအနေဖြင့် ဓာတု၊ရူပ၊ဇီဝ သုံးဘာ...
31/05/2023

G 12စနှစ်သစ်မေးခွန်းပုံသစ်အရ တက္ကသိုလ်ဝင် စာမေးပွဲတွင်

STEAMS 1(ဘိုင်အိုတွဲ)ယူကျောင်းသားများအနေဖြင့် ဓာတု၊ရူပ၊ဇီဝ သုံးဘာသာအမှတ်ပေါင်း (220) (A )အဆင့်ရမှ သတ်မှတ်တက္ကသိုလ်တက်ရောက်ခွင့်ရကြပြီး သုံးဘာသာအမှတ်ပေါင်း(200)နှင့်(219)ကြားက လိုအပ်ချက်အရ ဝင်ခွင့် ဖြေဆိုကြရမည်။ ကျန်(199အမှတ် Cအဆင့်)အောင်မြင့်သူများ က မေဂျာ တက္ကသိုလ်များ ကိုတက်ခွင့်ရကြမည်။တစ်ဘာသာ ကျရှုံးပါ က ပြီးဆုံးခြင်းလက်မှတ်ပေးအပ်မည် ဖြစ်ပြီး မအောင်မခြင်းဖြေခွင့်လည်းရှိကြောင်း သိထားပါသည်။

STEAM 2 (Ecoတွဲ)ယူကျောင်းသားများအနေဖြင့်လည်း သတ်မှတ်တက္ကသိုလ် တက်ရောက်ခွင့်ကို ဓာတု၊ရူပ၊ဘောဂ ၊အမှတ်ပေါင်း (A)အဆင့် က တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊ (C)အဆင့် ကမေဂျာ တက္ကသိုလ်တက် ၊တစ်ဘာသာကျသူ က ပြီးဆုံးခြင်းယူ ။

STEAM 3 (ဝိဇ္ဇာတွဲရိုးရိုး) ပထဝီဝင်၊ သမိုင်း၊ဘောဂ ယူကျောင်းသားများ ကလဲ (A)အဆင့် သတ်မှတ်တက္ကသိုလ်တက်၊ (B)အဆင့်က ဝင်ခွင့်ဖြေ၊(C)အဆင့် က မေဂျာ တက္ကသိုလ်များ ကိုတက်ကြရမည်ဟုသိထားပါတယ်။

မည်သည့်အတွဲကဖြစ်စေ မေဂျာ တက္ကသိုလ်များ တွင် (6)ဘာသာအမှတ်ပေါင်းခြင်းဖြင့် ဝိဇ္ဇာ/သိပ္ပံ ဘာသာရပ်များ ကိုချထားပေးမည်ဟု အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် တာဝန်ရှိသူတစ်ဦးကပြောထားပါသည်။

ပြီးဆုံးခြင်းလက်မှတ်ရသူ များ ကလည်း တစ်ခရိုင် မှာ တစ်ခုဖွင့်မည့်သင်တန်းကျောင်းများသို့ (2)နှစ်တက်ပြီး အဆင့်မီသူက သတ်မှတ်တက္ကသိုလ် ကို တက်ခွင့်နိုင်ပါတယ် လို့လည်းကြားပါတယ်ခင်ဗျား။

Credit # U Thein Oo

🌈2023-2024🌈 ပညာသင်နှစ်အတွက် Grade6 မှ Grade12 ထိလက်ခံသင်ကြားနေပါပြီရှင့်။(2014ခုနှစ်တွင်စတင်တည်ထောင်သည်။)🏆ပညာဘဏ်၏ပညာရေးဝ...
01/05/2023

🌈2023-2024🌈 ပညာသင်နှစ်အတွက် Grade6 မှ Grade12 ထိလက်ခံသင်ကြားနေပါပြီရှင့်။(2014ခုနှစ်တွင်စတင်တည်ထောင်သည်။)

🏆ပညာဘဏ်၏ပညာရေးဝန်ဆောင်မှုများ🏆

📌ဘော်ဒါ(ကျောင်းအိပ်ကျောင်းစား+စာသင်စာကျက်)

📌semi ဘော်ဒါ(ကျောင်းအိပ်+စာသင်စာကျက်)

📌Day(စာသင်+စာကျက်)

📌Guide တန်း(စာကျက်)

နယ်မှလာမည့်ကျောင်းသား၊ကျောင်းသူများအတွက်လည်းမိဘများ၏ကိုယ်စားကလေးများကိုကြည့်ရှုစောင့်ရှောက်ပေးပါတယ်ရှင့်။

🌟ရာသီဥတုအေးချမ်းသာယာပြီးတိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်တွင်တည်ရှိခြင်း။

🌟သင်ကြားမှုအတွေ့အကြုံရှိဆရာကြီး၊ဆရာမကြီးများ၏သင်ကြားမှုကောင်းမွန်ခြင်း။

🌟နားမလည်သောသင်ခန်းစာများကိုလည်း ကျွမ်းကျင်Guide ဆရာ၊ဆရာမများကထပ်မံသင်ကြားမှုပေးခြင်း။

🌟လစဥ်လတိုင်း Chapter End Test ဖြေဆိုပြီး သင်ခန်းစာများတတ်မြောင်မှုကိုအမြဲစိစစ်ခြင်း။

🌟အားနည်းသည့်ဘာသာရပ်များကိုထပ်မံသင်ကြားပေးခြင်း။

🌟မိဘများကိုလည်းကျောင်းသား၊ကျောင်းသူများ၏တိုးတက်မှုမှတ်တမ်းများကိုအမြဲReport ပေးခြင်း။

🌟မိဘ၊ဆရာ၊ကျောင်းသား လက်တွဲတူညီပေါင်းဖက်ပြီးမိမိရင်သွေး၏ပညာရေးပိုမိုတိုးတက်အောင်ဆောင်ရွက်ကြပါစို့။

ပညာဘဏ်၏အောင်မြင်မှုမှတ်တမ်း

ခွန်မျိုးမင်းထိုက်(သ၊ရူပ) ရက-၁၈၅၁
မယွန်းမြတ်နိုးအိမ် ရက-၂၀၈၁
နန်းမွန် ရက-၄၆၀၅
နန်းသိန်း ရက-၄၈၆၁
ခွန်အောင်ကျော်ကျော် ရက-၄၁၁၅
မလဲ့လဲ့ဝင်း ရက-၄၈၀၁
မောင်ဝေယံဖြိုး ရက-၇၂၄
မောင်လင်းမြတ်အောင် ရက-၁၀၂၈
မောင်ကျော်ဇင်မင်းသန့် ရက-၁၉၂၈
မယွန်းပုံ့ပုံ့သူ ရက-၁၄၃၉
မငြိမ်းအိအိဖြိုး ရက-၁၈၀၂
မအင်ကြင်းခိုင် ရက-၃၅၈
မမေဦးမွန် ရက-၁၄၂၁
မအိအိဖွေး ရက-၄၄၆၆
မစုစန္ဒီိနိုင် ရက-၃၉၂၃
မမေယွန်း ရက-၁၇၁၈
မအိဖြူစင် ရက-၃၆၉၉
မောင်မြတ်သူရစိုး ရက-၁၅၃၇
မခမ်းပု ရက-၁၈၄၈
မလှကွယ် ရက-၄၁၁၈
မသဲသီရိဝေ ရက-၂၀၀၄
မပန်းဖြူ ရက-၁၈၇၈
မောင်ခွန်ရန်နိုင်ကျော် ရက-၄၁၂၄
မောင်သက်တင်ငြိမ်း ရက-၄၂၂၃
မပန်းအိထွေး ရက-၄၃၈၁
မသိမ့်သူသူဇော် ရက-၁၂၃၆
စိုင်းစွမ်မိန်း ရက-၄၅၉၇
မောင်အောင်ကိုမြင့်(သ) ရက-၄၆၂၀
စောနေမင်းထွေး ရက-၃၅၃၄
နန်းလူ ရက-၄၇၂၀
မအေးနုလွင် ရက-၄၇၃၀
မမြသွေး ရက-၄၈၁၆
နန်းကြည်လဲ့လဲ့အောင် ရက-၂၉၅
မောင်ဖြိုးသန်းအောင် ထ-၁၀
မောင်ဟိန်းထက်မင်း ထ-၃
မဆက်သီရိအောင် ထ-၄
မဖြိုးသန္တမိုး ထ-၃
နန်းခိုင်ဇာထွန်း ထ-၃
ခွန်ရာဇာဘိုဘို ထ-၁
စိုင်းဆိုင်မိန်း ထ-၄
မခိုင်သင်းကြည် ထ-၃
မခိုင်သဇင်ရွှေ ထ-၂
နန်းမေဇင်ပွင့် ထ-၂

🌻မြေမျိုးမှန်၍အပင်သန်ရမည်။🌻
📞092001720
📞09797555585





-

Address

7/293, Kyaung Sein Lane, Behind B. E. H. S (9), Yatanar Thiri Ward
Taunggyi

Telephone

+9592001720

Website

Alerts

Be the first to know and let us send you an email when ပညာဘဏ် Pyin Nyar Bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပညာဘဏ် Pyin Nyar Bank:

Shortcuts

Share

Category