Cora's Journey

Cora's Journey

Share

Let's start!

28/12/2025

Do what you love, not what people expect. 🏀


15/12/2025

Sometimes you just need to press pause on life and press play on fun with your people.💖


09/12/2025

You don't have to be great to start,
but you have to start to be great. 📔☁



21/06/2025

ကျွန်မနဲ့ ကျွန်မသူငယ်ချင်းက ဘာသာမတူပါဘူး။

ကျွန်မက ခရစ်ယာန်၊ သူက ဗုဒ္ဓဘာသာ
ဒါပေမဲ့ ကျွန်မတို့မှာ တူညီတဲ့
ချစ်ခြင်းမေတ္တာတော့ရှိပါတယ်....။

20/06/2025

ကျွန်မက နယ်မြို့လေးမှာ ကြီးပြင်းလာခဲ့တဲ့ သူလေးပေါ့။

ကျွန်မတို့မြို့မှာ လူမျိုးအနေနဲ့ ဗမာရယ် တိုင်းရင်းသားတွေရယ်ပဲရှိတာ။ တရုတ်တွေဆိုတာကို ဝေးဝေးတစ်ခါမှ ကြားဖူးတယ်။ ဒါပေမဲ့ တရုတ်တွေက ချမ်းသာတယ် ဆိုတာတော့သိတယ်။

လူကြီးတွေ မကြာခဏပြောလေ့ရှိတာတစ်ခုက
"တရုတ်တွေဟာ မြန်နိုင်ငံက ရှိသမျှသယံဇာတတွေကို ဝယ်သွားကြတယ်တဲ့။
မြန်မာတွေကလည်း ပိုက်ဆံရရင်ပြီးရောဆိုပြီး
ကိုယ့်နိုင်ငံရဲ့အမွေအနှစ်တွေဘာတွေလည်းမသိတော့ဘဲ အကုန်ရောင်းကြတာပဲတဲ့။"
အဲ့တာနဲ့ ကျွန်မစိတ်ထဲမှာ တရုတ်တွေဟာ
မကောင်းဘူးလို့ ထင်မှတ်သွားရော ။

နိုင်ငံရေးအခြေနေတွေကြောင့် တောင်ကြီးကို ကျောင်းလာတက်ရတဲ့အခါ ကျောင်းမှာ ကျွန်မနဲ့အတူထိုင်ရတဲ့ သူငယ်ချင်း က
တရုတ်မလေး ဖြစ်နေတယ်။

ကျွန်မကတော့ သူ့ကို ပွင့်ပွင့်လင်းလင်းပဲ
ပြောပြပါတယ်။ "ကျွန်မ တရုတ်တွေကိုကြောက်တယ်၊ တရုတ်တွေက မကောင်းဘူး" ဆိုပြီးသူ့ကိုပြောပြတယ်။

သူကျွန်မကို ' ဘာကြောင့်လဲ ' လို့ တစ်ခါမှ မမေးခဲ့ပါဘူး။

ကျွန်မ သူနဲ့ ခင်လာခဲ့တဲ့ တစ်လျှောက်မှာ
သူက ကျွန်မအကြောင်းကို အသိဆုံးနဲ့ ကျွန်မကိုဂရုစိုက်ဆုံး သူတစ်ယောက်ပါပဲ။

သူက တရုတ်ဖြစ်တဲ့အတွက် မြန်မာစကားကို မကျွမ်းကျင်တော့ တစ်ခါတစ်လေ တည့်တိုးပြောတတ်တယ်။တစ်ခါတစ်လေကြတော့လည်း သူပြောချင်တာနဲ့ပြောနေတာက မတူတော့ ရယ်နေရပြန်ရော။

ကျွန်မက နည်းနည်းလေး လေသံမာမာနဲ့ တည့်တိုးပြောခံရတာနဲ့ ငိုတတ်တဲ့သူမှန်း သူသိသွားတဲ့အခါ သူအတတ်နိုင်ဆုံး စကားကိုသေချာလေး ကောင်းကောင်းလေးပြောပေးတယ်။

ကျွန်မတစ်ခုခုဖြစ်တယ်ဆိုရင် မပြောဘဲနဲ့တောင် သူသိတယ်။
သူနှစ်သိမ့်ပေးတယ်...
ကျွန်မငိုတဲ့အခါ မငိုပါနဲ့လို့ ပြောမယ့်အစား
'အားရပါးရငိုချလိုက်...ဒါမှ နေလို့ကောင်းသွားမှာ' ဆိုပြီး သူ့ရဲ့ အများနဲ့မတူတဲ့ ကျွန်မကို နှစ်သိမ့်ပုံလေး...။

သူက တရုတ်မပီပီ အတွက်အချက်မှာတော့ တကယ်တော်ပါတယ်။ ကျွန်မက English ရတော့ ကျွန်မတို့ နှစ်ယောက် အပြန်အလှန်ကူညီရင်း အထက်တန်းကို တူတူဖြေဆို အောင်မြင်ခဲ့ကြတယ်။

တစ်ခုခုဆိုရင် အမြဲတိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။
တစ်ယောက်ကိုတစ်ယောက် အကြံတွေပေးကြတယ်။ ကျွန်မလိုအပ်တဲ့အချိန်တိုင်း အနားမှာရှိပေးပြီး အမြဲကူညီပေးတယ်။

နောက်ဆုံးမှာ ကျွန်မသိလိုက်ရတာက
"ဘာလူမျိုးပဲဖြစ်နေပါစေ
အဲ့ဒီလူမှာ လှပတဲ့နှလုံးသား ရှိရင်ရပါပြီ''

ဒီလို အဖိုးတန်တဲ့ သူငယ်ချင်းလေးနဲ့ တွေ့ဆုံခွင့်
ပေးတဲ့အတွက် ကျွန်မ ဘုရားကိုကျေးဇူးတင်တယ်။

ပိုး (PS)

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Taunggyi
TAUNGGYI