04/02/2026
100% Full Korea Scholarship 💯
🙋🏻♂️ 안녕하세요 여러분
2026 GKS-G စလျှောက်လို့ရနေပါပြီဗျ❗
GKS က Korea Government ကပေးတဲ့ 100% full Scholarship ဖြစ်ပြီး ကျောင်းစရိတ်၊ Air ticket ၊ monthly allowance ပါ လစဉ်ရရှိမှာမို့ Korea မှာ university တတ်ဖို့အိပ်မက်ရှိတဲ့သူတွေ မဖြစ်မနေလျှောက်ကြပါဗျ။ ဒီနှစ်အတွက် Myanmar က Embassy + University track အတွက် Quota 60 ဝန်းကျင် အထိခေါ်မယ် ပါတာမို့ သေချာပြင်ဆင်ကြပါဗျ။ Graduate Degrees အတွက်လျှောက်မယ်ဆိုရင်တော့
⭐ Uni တစ်ခုခုကနေ bachelor ဘွဲ့ရထားရမယ်။
⭐ CGPA 80/100, 3.23/5, 2.91/4.5 ရှိထားရပါမယ်။
⭐ အသက် 40 အောက်ဖြစ်ရပါမယ်။
ဒီအချက် 3ချက်နဲ့ကိုက်ညီရင်တော့ GKS-G ကိုလျှောက်လို့ရမှာမို့ Korea မှာ uni ဆက်တတ်ချင်တဲ့သူတွေအတွက် လျှောက်ဖို့ အကြံပြုပါတယ်ဗျ။ 100% scholarship ဖြစ်တာမို့ ကိုယ့်အတွက် လုံးဝ လုံးဝ အရှုံးမရှိပါဘူး။
Guidelines ကိုတော့ study in Korea website ကနေအသေးစိတ်ကြည့်ရှုနိုင်ပါတယ်ဗျ။ study in Korea website ➡️ notice ➡️ scholarship notice ➡️ GKS Scholarship announcement တစ်ဆင့်ဆီဝင်ပြီးကြည့်လိုက်ရင်ထိပ်ဆုံးကတစ်ခုပါဗျ။ comment မှာကော link ချထားပေးပါမယ်ဗျ။
✨ SCHOLARSHIP အတွက်အရင်တည်းကကြိုပြီး ပြင်ဆင်ထားတဲ့ကျောင်းသားများအနေနဲ့ မိမိတို့ လုပ်ရမဲ့အရာတွေကို တိတိကျကျပြင်ဆင်ပြီး လျှောက်ကြပါဗျ။
✨ Website က Guidelines ကိုအသေးစိတ်သေချာဖတ်ပါ။ university တချို့ကနေလည်း သူတို့ကျောင်းလျှောက်မဲ့သူတွေအတွက် သီးသန့် guidelines တင်တာမျိုးတွေရှိတာမလို့ university website မှာလည်း ဒီရက်ပိုင်းဝင်စစ်ရပါမယ်။
✨ Deadline က university ပေါ်မူတည်ပြီး ကွာမှာဖြစ်တဲ့ အတွက် သက်ဆိုင်ရာ university ရဲ့ mail or website မှာ သေချာ check လုပ်ရပါမယ်။
✨ မိမိတို့သိချင်တာရှိရင် ဟိုလူ့မေး ဒီလူ့မေးတာထပ် သက်ဆိုင်ရာ university ကို Mail ပို့ပြီး မေးတာက တိကျတဲ့အဖြေရပါလိမ့်မယ်။
university တွေကို မေးတဲ့အချိန် mail rp ကြာနိုင်တာမို့ သိချင်တာရှိရင်အကုန်တာပို့ပြီးမေးပါ အချိန်ရတာနဲ့ သူတို့အကုန်ပြန်ဖြေပေးပါလိမ့်မယ်။
🚨 Embassy Seal မပါပဲ လျှောက်ကြမဲ့ကျောင်းသားများအနေနဲ့ NIIED ကို Mail ပို့ပြီး မေးရပါမယ်။ mail ပို့တဲ့အချိန် myanmar က ကျောင်းသားဆိုတာ ထည့်ပြောရပါမယ်။ ( နှစ်စဉ် NIIED ဘက်က လက်ခံပေးတာမလို့ စိတ်မပူပါနဲ့။ ) 🚨
Guidelines တွေ ကျွန်တော်ကိုယ်တိုင်ဖတ်ပြီး GKS scholarship နဲ့ပတ်သက်ပြီး တခြား သတိထားမဲ့အကြောင်းရာတွေကို page ကနေ နောက်ရက် ဆက်တိုက်တင်ပေးနေပါမယ်ဗျ။ သိချင်တာတွေရှိရင် comment မန့်ခဲ့ပါဗျ။
💫 Scholarship က သူများနဲ့ အပြိုင်ဆိုင် လျှောက်ရတာပါဗျ။ သူများထပ်ကို သာနေအောင်ကိုယ့်ဘက်က ပြင်ဆင်ဖို့လိုပါတယ်။ အပေါ်ယံမလုပ်ပဲ သေချာပြင်ဆင်ကြပါဗျ။
🍀 Good Luck 🍀
28/01/2025
💯% Scholarshipအခွင့်အရေးလေးပါ
Graduated အတွက်ပါ
ဘွဲ့ရပြီးသားလူများ Master & PHD & Research အစရှိတဲ့ ဘွဲ့များအတွက် လျှောက်ထားနိုင်ပါတယ်
🙋🏻♂️ 안녕하세요 여러분
2025 GKS Scholarship Graduate Program Application form စဖွင့်ပါပြီဗျ
Application form နဲ့ တခြား အသေးစိတ်ကိုတော့ "study in Korea" website ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျ။ Link 👇🏻
https://www.studyinkorea.go.kr/ko/scholarship/Gks1NoticeDetail.do?nttId=4269
Good luck 🍀
01/01/2025
여러분.......
새해 복 많이 받으세요!🎉❣️
12/09/2024
FYI
ကိုရီးယားမှာ 💯% နေစရိတ်စားစရိတ်ငြိမ်း တက္ကသိုလ်တက်ရမယ့်အခွင့်အရေး
ကိုရီးယားအစိုးရကပေးတဲ့ ပညာတော်သင်ဆု
လေယာဉ်လက်မှတ်ဖိုးပါပေးတာနော်
ဘာသာစကား 1နှစ် + တက္ကသိုလ်အတွက် 4နှစ် နည်းတာမဟုတ်ဘူးရမှာ
စာရွက်စာတမ်းပြင်ဆင်ဖို့ အချိန်နဲ့ငွေ နည်းနည်းလည်း အားစိုက်ဖို့ဘဲလိုတာ
အချက်အလက်ကိုက်ညီတဲ့သူတွေ လျောက်ကြည့်ပါ သွားစေချင်ပါတယ် tryကြည့်စေချင်ပါတယ် အရှုံးမရှိပါဘူး🫡
🙋🏻♂️안녕하세요 여러분
2025 Global Korea Scholarship Undergraduate Program Guidelines ထွက်လာပါပြီ❗
Study in Korea website ထဲကနေ guidelines ကို download လုပ်နိုင်ပါတယ်ဗျ link 👇🏻
https://www.studyinkorea.go.kr/ko/scholarship/Gks1NoticeDetail.do?nttId=4233
❗ 2000 March 1 နောက်ပိုင်းမွေးတဲ့သူတိုင်း 8,9,10တန်း ပျှမ်းမျှ CGPA 80 ကျော်ရင် မဖြစ်မနေ လျှောက်ကြပါဗျ။ Korea မှာ အကောင်းဆုံး scholarship program ပါဗျ။ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ❗
Guidelines ထွက်လာပြီဆိုတော့ အရင်ဆုံးဘာတွေလုပ်ရမလဲ❓
✨ Guidelines မှာပါတာတွေအကုန်အသေးစိတ်ဖတ်ပါ။ ကျော်မဖတ်ပါနဲ့။
✨ Track ကိုသေချာရွေးပါဗျ။ ( admin အတွေ့အကြုံအရ university track ကိုပဲ လျှောက်ဖို့ recommend လုပ်ပါတယ်။ )
✨ University နဲ့ major သေချာရွေးပါ။
✨ တချို့ university က GKS-U အတွက် guidelines သီးသန့်ထုတ်တာမို့ university website or mail ပို့ပြီးစုံစမ်းကြည့်ပါ။
✨ Seal မရှိပဲ notary only နဲ့လျှောက်မဲ့သူတွေက NIIED နဲ့ သက်ဆိုင်ရာ uni တွေဆီ mail ပို့ပြီး လျှောက်လို့ရလား confirm လုပ်တာကောင်းပါတယ်။
✨ မသိတာတွေရှိရင် University Mail ကိုပို့ပြီးမေးပါ။ ( ရှေ့အပတ်ထဲ 추석 ပိတ်ရက်ရှိတာမို့ reply ကြာနိုင်ပါတယ်။ replyသေချာပေါက်ပြန်မှာမို့ သိချင်တာရှိရင် မေးတာမေးပါ။ )
✨ University Deadline က university ပေါ်မူတည်ပြီးကွာတာမို့ ဘယ်ချိန်လဲ သေချာ uni ကို mail ပို့ပြီးမေးပါ။
✨ အနည်းဆုံး Korea ကို documents တွေပို့ရင် 1ပတ် or 2ပတ် လောက်ကြာတာမို့ deadline အမှီပြင်ဖို့လိုပါတယ်။
✨ နောက်လိုအပ်တာတွေ ဆက်တိုက် page ကနေဆက်တင်ပေးနေပါ့မယ်ဗျ။ documents ပြင်တာတွေမသိရင် page ရဲ့ pin post မှာဝင်ဖတ်ပေးပါဗျ။
❗ ဘယ်အရာမှလွယ်လွယ်မရပါဘူး။
❗ ပေါ့ပေါ့တန်တန်မလုပ်ပါနဲ့။
❗ သေချာပြင်ဆင်ပါ။
❗ သေချာအားစိုက်ထုတ်ပါ။
❗ တစ်ခုရဖို့ တစ်ခုဆုံးရှုံးရမယ်ဆိုရင် ကိုယ်ကဘာဖြစ်ချင်တာလဲ ကိုယ့်အတွက် ဘယ်ဟာအရေးကြီးဆုံးလဲ သေချာဆုံးဖြတ်ပြီး ရွေးချယ်ပါဗျ။
🍀 Good Luck 🍀
12/09/2024
FYI
🙋🏻♂️안녕하세요 여러분
2026 Global Korea Scholarship Undergraduate Program အတွက် အခုမှစပြင်မဲ့သူတွေ အတွက်ပါဗျ။
✨ GKS SCHOLARSHIP
Korea government ကပေးတဲ့ 100% scholarship program ပါ။ အသွားအပြန် လေယာဉ်လက်မှတ်၊ လစဉ်သုံးစရိတ် won 10သိန်းကျော် ၊ language program 1yr + degree program 4yr or 5yr ကျောင်းလစာ အကုန်ထောက်ပံ့ပေးမှာပါ။ *** ဒါ့အပြင် TOPIK 5 or 6 ရှိထားလို့ Language Program မတတ်ပဲ major တန်း join မည့်သူတွေအတွက် သီးသန့် Language Proficiency Grants ပါထပ်ရမှာဖြစ်ပါတယ်။
❗ အရင်နှစ်တွေနဲ့မတူတဲ့ အပြောင်းအလဲ တွေပါတာမို့ 2026 guidelines ကိုသေချာဖတ်ပါဗျ။ ❗
✨ 1 March 2001 ခုနှစ်နောက်ပိုင်းမွေးပြီး 8,9,10 CGPA ပျမ်မျှ 80 ပြည့်ရင် လျှောက်လို့ရပါပြီဗျ။ CGPA မတွက်တတ်ရင် ဒီမှာဝင်ကြည့်ပါဗျ 👇🏻https://www.facebook.com/share/p/X8fpvDqtHyYhhr8B/?mibextid=oFDknk
✨ GKS SCHOLARSHIP ရွေးချယ်မဲ့ အဆင့်ပုံစံ 👇🏻https://www.facebook.com/share/p/jmbLDufG2b1i9J9P/?mibextid=oFDknk
❗အခုမှစပြင်မဲ့သူတွေ ဘယ်ကနေစလုပ်ရမလဲပြောပြပေးပါမယ်ဗျ။
1. Guidelines သေချာဖတ်ပါ။ download link 👇🏻 https://www.studyinkorea.go.kr/ko/scholarship/Gks1NoticeDetail.do?nttId=4233
2. University နဲ့ Major ရွေးပါ။
3. Track ရွေးပါ။ ( University Track ကိုပဲလျှောက်စေချင်ပါတယ်။ UIC or R-GKS နှစ်မျိုးထဲကပဲရွေးဖို့ recommend လုပ်ပါတယ်ဗျ။ ) မနှစ်က Myanmarက ဘယ် track ကို ဘယ်နယောက်ခေါ်လဲ သိချင်ရင် ဒီမှာကြည့်ပါဗျ 👇🏻 https://www.facebook.com/share/p/7KB6V28FWTBFhaiB/?mibextid=oFDknk
4. အခုမှစပြင်ရင် notary only နဲ့ပဲ လျှောက်ရမှာမို့ နှစ်တိုင်းလက်ခံပင်မဲ့ သက်ဆိုင်ရာ uni ကို mail ပို့ပြီး
- notary only နဲ့ လျှောက်လို့ ရလား confirm လုပ်ပါ။ ( 2nd round ပါသွားရင်တော့ သံရုံး seal ထုပြီး ပြန်ပို့ရမှာပါ။ )
- deadline ကိုမေးပါ။ ( university ပေါ်မူတည်ပြီး deadline ကွာပါတယ်။ )
- documents ဘယ်နစုံပြင်ရမလဲမေးပါ။ ( university track ကို တချို့ uni က 1စုံတောင်းသလို သချို့ uni က original+copies 3စုံတောင်တာမျိုးရှိပါတယ်။ )
5. လိုအပ်တဲ့ documents တွေစပြင်ပါ။ ဘာတွေလိုတာလဲ ဒီမှာဝင်ကြည့်ပါဗျ 👇🏻 https://www.facebook.com/share/p/V4UZVQoZ714UkSH1/?mibextid=oFDknk
6. လိုအပ်တဲ့အရေတွက်အတိုင်း notary ပြန်ပါ။
7. Personal statement & Study Plan ရေးပါ။ ဘယ်အချက်တွေထည့်ရေးသင့်လဲ 👇🏻 https://www.facebook.com/share/p/sVUwL86nM39pAVNN/?mibextid=oFDknk
8. Application form ဖြည့်ပါ။ sample ဒီမှာဝင်ကြည့်ပါ 👇🏻 https://www.facebook.com/share/p/256L6Fcrb2zMHcSj/?mibextid=oFDknk
9. Recommendation Letter အတွက်ပြင်ဆင်ပါ။ ဒီမှာဝင်ကြည့်ပါ 👇🏻 https://www.facebook.com/share/p/MYLfRUcgsXJd3Xp5/?mibextid=oFDknk
10. Documents အားလုံးကို စီပါ။ ဘယ်လိုစီရမလဲ ဒီမှာကြည့်ပါ 👇🏻 https://www.facebook.com/share/p/N48ne6GAHRwzQrDW/?mibextid=oFDknk
11. Korea ကို documents တွေပို့ရပါမယ်။ ဘယ်လိုပို့လဲ ဒါဖတ်ကြည့်ပါ 👇🏻 https://www.facebook.com/share/p/81YFq1fh4SAsxMTS/?mibextid=oFDknk
12. Documents တွေပို့ပြီးတာနဲ့ interview အတွက်စလေ့ကျင့်ထားပါ။ အမေးများတဲ့ interview questions 👇🏻 https://www.facebook.com/share/p/StLqvxZ5zNUfhiDj/?mibextid=oFDknk
13. Interview အောင်သွားပြီး 2nd round ပါထပ်အောင်သွားရင်တော့ လျှောက်တဲ့အချိန် notary only နဲ့လျှောက်ခဲ့တာမို့ notary + mofa + embassy seal ထိထုပြီး နောက်တစ်ကြိမ် Korea ကိုထပ်ပို့ရပါမယ်။ Mofa နဲ့ embassy ဝင်ရမဲ့ ပုံစံကို လေ့လာထားပါ👇🏻 https://www.facebook.com/share/p/bEf6u8sZbVrchVvu/?mibextid=oFDknk
📌 Final round announcement မှာပါသွားရင် scholar ရပါပြီ။
အထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဗျ။
သိချင်တာရှိရင် comment မန့်ခဲ့လို့ရပါတယ်ဗျ။ admin အချိန်ရတာနဲ့ဖြေထားပေးပါမယ်ဗျ။
08/06/2023
음식을 먹을 때 사용하는 단어입니다.
ချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ဝေါဟာရများဖြစ်ပါတယ်
넣다 - ထည့်သည်
덜다 - ထုတ်သည်/ခပ်သည်
뿌리다 - ဖြူးသည်(ဆား၊ ငရုတ်ကောင်း...)
말다 - လိပ်သည်/(ဟင်းရည်)ထည့်သည်
비비다 - (ထမင်း)နယ်သည်
찍다 - (အချဉ်ရည်)တို့သည်
알맞은 말을 넣으십시오.
[보기] 국이 너무 싱거우면 소금을 좀 (넣어서) 드세요.
1. 밥이 너무 많으면 작은 그릇에 좀 ( )으세요/세요
2. 저는 피자에 치즈 가루를 많이 ( )어서/아서/여서 먹어요.
3. 국밥은 국에 밥을 ( )어서/아서/여서 먹는 음식입니다.
4. 밥에 채소와 고추장을 넣고 ( )으면/면 맛있어요.
5. 초밥을 간장에 ( )어서/아서/여서 드십시오.
#အရေးတော်ပုံအောင်ရမည်
#연세한국어2
04/06/2023
읽어 봅시다!
음식이름 : 갈비탕
재료 : 소갈비, 물, 파, 마늘, 소금, 후추
설명 :
저는 한국 음식 중에서 갈비탕을 좋아합니다.
갈비탕은 맵지 않아서 아이들과 어른들이 모두 좋아합니다.
소갈비를 물에 넣고 오래 끓여야 합니다.
2시간 정도 끓이면 갈비가 먹기 좋아집니다.
2시간 정도 갈비를 끓인 후에 파하고 소금하고 후추를 넣어서 먹습니다.
어떤 사람은 국물에 국수를 넣기도 합니다.
저는 국수를 넣지 않고 밥을 말아서 먹습니다.
갈비탕을 먹을 때는 보통 김치와 같이 먹습니다.
💝여러분 나라에서는 어떤 음식이 있습니까? 여러분 나라의 음식을 소개하십시오🌝
#အရေးတော်ပုံအောင်ရမည်
#연세한국어2
01/06/2023
요리할 때 사용하는 단어입니다.
ချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ ဝေါဟာရဖြစ်ပါတယ်
굽다 - ကင်သည်
튀기다 - ကြော်သည်(ဆီထဲနှစ်ပြီး)
볶다 - ကြော်သည်(ဆီအနည်းငယ်ဖြင့်)
끓이다 - ပြုတ်သည်(ရေနွေး၊ ကော်ဖီ၊ဆန်ပြုတ် အစရှိသည်.....လွယ်လွယ်ပြောရရင် ရေထဲပျော်၀င်သွားတဲ့အရာတွေ)
삶다 - ပြုတ်သည်(ကြက်ဉ၊ ပြောင်းဖူး၊ အသီးအရွက်...အစရှိသည် လွယ်လွယ်ပြောရရင် ရေထဲမပျော်၀င်သွားဘဲ ရေကိုမသုံးဘဲ သွန်ပစ်လို့ရတဲ့)
찌다 - ပေါင်းသည်
다지다 - တောက်တောက်ဆင်းသည်
썰다 - လှီးဖြတ်သည်
젓다 - မွေသည်
알맞은 단어를 쓰십시오.
မဖြေမှန်ကို ရေးပါ
[보기] 국수를 (삶은) 후에 빨리 찬물에 넣어요.
1. 생선은 불에 ( )어서/아서/여서 먹으면 맛있어요.
2. ( )은/ㄴ 음식을 많이 먹으면 뚱뚱해져요.
3. 채소와 고기를 프라이팬에 넣고 기름으로 ( )으세요/세요.
4. 커피를 마시고 싶어서 물을 ( )었어요/았어요/였어요.
5.칼로 고기를 얇게 ( )아서/어서/여서 넣으세요.
#အရေးတော်ပုံအောင်ရမည်
#연세한국어2
23/05/2023
한국의 식사예절
ကိုရီးယားရဲ့ ထမင်းစားခြင်းကျင့်ဝတ်
한국에서는 어른이 먼저 수저를 드신 후에 아이들이 수저를 들어야 합니다.
ကိုရီးယားမှာက လူကြီးတွေက အရင် ဇွန်းနဲ့တူကို ကိုင်ပြီးမှ ကလေးတွေက ကိုင်ရတယ်
한식을 먹을 때는 숟가락과 젓가락을 한 손에 같이 들고 먹으면 안 됩니다.
ကိုရီးယားအစားအစာကို စားတဲ့အခါ ဇွန်းနဲ့တူကို လက်တစ်ဖက်တည်းကနေ ကိုင်မစားရဘူး
식사하는 자리에서 코를 풀면 안 됩니다.
အစားစားတဲ့နေရာမှာ နှပ်မညှစ်ရဘူး
그렇지만 음식을 먹을 때 소리를 조금 내도 됩니다.
ဒါပေမယ့် အစားစားတဲ့အခါ အသံနည်းနည်းထွက်လို့ရတယ်
어른이 식사를 마치기 전에 먼저 일어나면 안 됩니다.
လူကြီးတွေ စားမပြီးခင် အရင် ထမသွားရဘူး
미얀마의 식사 예절은 어떻습니까? 이야기해 봅시다.
#연세한국어2
#အရေးတော်ပုံအောင်ရမည်