15/07/2025
အားလုံးပဲမင်္ဂလာပါ
🙏🙏🙏
WCC - ခွန်အောင်ဝေလင်း ကွန်ပျူတာသင်တန်းမှ နွေးထွေးစွာ ကြိုဆိုပါတယ်။
----------------------------------------------------------------
အခုတစ်ခါ Computer Basic အတန်းသစ် ပြန်လည်စတင်မည်ဖြစ်ပါသဖြင့် ကွန်ပျူတာအခြေခံ လုံးဝမရှိသေးတဲ့ ကျောင်းသား/သူများ မည်သူမဆို တက်ရောက်သင်ယူသင့်တဲ့ သင်တန်းဖြစ်သည်။
ကွန်ပျူတာအခြေခံ ကျွမ်းကျင်တဲ့အထိ သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းချိန် = 2:00 PM To 4:30 PM
သင်တန်းကြေး = 200000
သင်တန်းကာလ = အတတ်သင်စနစ်ဖြစ် အချိန်ကာလ သတ်မှတ်မထားပါ။
သင်တန်းနေရာ = ဘုရားဖြူရပ်ကွက်၊ တောင်ကြီးမြို့
ဆက်သွယ်စုံစမ်းရန် - 09.444659608, 09.684048996
Telegram = (စာရေးပေးပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါသည်။)
#မှတ်ချက် // လူပြည့်ဖို့ရန် (၅) ယောက်ပဲ လိုတော့သည်။
09/05/2022
🙏🙏🙏မဂ်လာပါခင်ဗျ🙏🙏🙏
WCC Computer Training Centre သင်တန်းကျောင်းမှ
💞💞နွေးထွေးစွာကြိုဆိုပါတယ်💞💞
ပြီးခဲ့တဲ့အသုတ်က သင်တန်းတက်ချင်တဲ့ ကျောင်းသား/သူများ ကျောင်းသားစာရင်းပြည့်သွားလို့ မအပ်လိုက်ရသော ကျောင်းသား/သူများ😌😌
👩💻👩💻 အခုတစ်ခါမှာ အတန်းသစ်ပြန်လည် ဖွင့်လှစ်ဖို့ စာရင်းလက်ခံနေပါပြီနော် ✍️✍️
🏨🏨 လုပ်ငန်းခွင်မှာ တစ်ကယ်လက်တွေ့လုပ်နိုင်သည်အထိ အတတ်သင် သင်ကြားပေးမှာဖြစ်သောကြောင့် ကျောင်းသား/သူများ အလွန်ဆုံး 10 ယောက်သာ လက်ခံမှာဖြစ်ပြီး အမြန်ဆုံးလာအပ်နှံဖို့ဖိတ်ခေါ်ပါရစေ 🏃🏃
📝📝သင်ပေးမည့် ဘာသာရပ်ကတော့📝📝
💻Computer Basic Course
💻Software Administration Course
Basic Course က ဘာတွေသင်ပေးလည်း
-----------------
1. Introduction To Computer System
2. Getting Starded Windows
3. Microsoft Word 2016
4. Microsoft Excel 2016
5. Microsoft PowerPoint 2016
6. Microsoft Publisher 2016
7. Adobe PageMaker 7.0
8. Format Factory
9. Basic Software Installation
ဘယ်သူတွေတတ်ထားသင့်လည်းဆိုရင်
💻💻💻
👩💻👩💻ကွန်ပျူတာစတင်အသုံးပြုမည့်သူများအတွက် မဖြစ်မနေ တက်ထားသင့်သော သင်တန်းဖြစ်သည်။
🏨🏨 ကိုယ်ပိုင်လုပ်ငန်း၊ ရုံးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း၊ စာစီစာရိုက်လုပ်ငန်း၊ စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း ကွန်ပျူတာဖြင့် လုပ်ကိုင်လိုသော ကျောင်းသား/သူများ တက်ရောက်သင့်သည်။
Software Administration Course
ဆိုတာရောဘာတွေသင်ပေးလည်း
-----------------
1. Introduction To Computer System
2. Getting Starded Windows
3. About Windows Settings များ လေ့လာခြင်း
4. Windows တင်ခြင်း
5. Driver Installation
6. Software Install ပြုလုပ်ခြင်း
7. Zawgyi (Or) Unicode And Fonts များ Install ပြုလုပ်
8. Use Of Other Softwares Installation
9. Using a Local Networks Connetction
10. Computer Software, Games များ ဒေါင်းလို့ဆွဲခြင်း
ဘယ်သူတွေတတ်ထားသင့်လည်းဆိုရင်
💻💻💻
ကွန်ပျူတာတစ်လုံးအား မိမိကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲနိုင်ရန် ကွန်ပျူတာအသုံးပြုသူတိုင်း မဖြစ်မနေတက်ရောက်သင့်သောသင်တန်းဖြစ်သည်
😍😍😍
[ကွန်ပျူတာပညာရပ်ကို အမှန်တကယ်ကျွမ်းကျင် တတ်မြောက်စေရန် အဓိကသင်ကြားပေးမည် ဖြစ်သောကြောင်း သင်တန်းကာလသတ်မှတ်မထားပါ]
⏰⏰⏰
သင်တန်းချိန် = မနက်(8:00) To (11:00) အထိ
= ညနေ (2:00) To (5:00) အထိ
💁♀️💁 လပြည့် / လကွယ်နေ့ သင်တန်းပိတ်သည်
💵💵 သင်တန်းကြေး 💵💵
Basic Course 60000 ကျပ်
Software Administration Course 100000
အရင်လာအပ်နှံသူ 5 ယောက်ထဲမှာ သင်တန်းကြေး 5% အထူးလျော့ပေးပါမည်။ 👩💻👩💻👩💻👩💻👩💻
👉👉(မှတ်ချက်) ကိုယ်ပိုင် ကွန်ပျူတာ Laptop ရှိသော ကျောင်းသား/သူများကို ဦးစားပေးလက်ခံပါမည်၊ ကွန်ပျူတာ ကိုယ်ပိုင် မရှိသော ကျောင်းသား/သူများသည် သင်တန်းဆရာနှင့် တိုင်ပင်ညှိနိုင်းနိုင်သည်။ 😊😊
☎️☎️ သင်တန်းဆက်သွယ်စုံးစမ်းနိုင်ရန် 👉👉
09-684048996, 09-444659608
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်
😘😘ကျေးဇူးပြု၍😘😘
👉👉Like and Share လုပ်ပြီး 😘😘
ကွန်ပျူတာသင်တန်း တက်ချင်တဲ့သူတွေ ဘယ်သင်တန်းမှာ တက်ရင် စိတ်ချယုံကြည်မှုရှိသလဲဆိုတာ တွေဝေတွေးတောစရာမဖြစ်ရလေအောင် 👉👉
Like and Share ပြုလုပ်ပြီး ကူညီပါ 😍😍
06/01/2022
💖💖 2022 💖💖
😘သင်တန်းသား ၈ ယောက်ဖြင့်😘
သီးသန့်အထူးလေးကျင့်သင်ကြားပေးမည့်
💻💻💻💻💻💻
Computer Basic
အတန်းသစ် ဖွင့်ဖို့ရန်
လာပါပြီနော် လူမပြည့်ခင်မှာ
အမြန်ဆုံးလာအပ်ပေးဖို့ဖိတ်ခေါ်ပါတယ်
အသေးစိတ် သိရှိလိုပါက
အောက်ပါဖုန်းနံပါတ်ကို 👉👉👉
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်
09.444659608, 09.684048996
အခြေခံ ကွန်ပျူတာသင်တန်းက
ဘာတွေသင်ပေးမှာလည်းဆိုတော့
👇👇👇
ကွန်ပျူတာ သင်တန်းတက်ချင်တဲ့
မိတ်ဆွေသူငယ်ချင်းတွေ
တက်လို့ရအောင် နီးစပ်ရာငယ်ချင်းတွေ
အကြောင်းကြားပေးဖို့မမေ့နဲ့နော်
ကျေးဇူးပြု၍
Like & Share
07/12/2019
💥Computer Ports တွေအကြောင်းဖြစ်ပါတယ်
===========================
Computer သုံးပြီဆိုရင် Computer နှင့်ချိတ်ဆက်မဲ့ Drives တွေအတွက် Ports တွေလိုအပ်ပါတယ် Drive ချိတ်ဆက်တဲ့အပေါက်တွေပေါ့၊ Port လို့ပြောရင် အများစုက USB Port (Universal Serial Bus Port) ကိုပဲမြင်ကြပါတယ်၊ Port လို့ပြောရင် သိထားရမှာက Computer နှင့် External Drive တွေချိတ်ဆက်လို့ရတဲ့ အပေါက်မှန်သမျှကို Port လို့ခေါ်ပါတယ်။
Computer မှာအများသိထားသင့်တဲ့ Ports တွေကတော့
1. IES Power Connector Port
2. Serial Port
3. Parallel Port
4. PS2 Port
5. Game Port
6. VGA Port
7. DVI Port
8. HDMI Port
9. Modem Port
10. FireWire Port
11. Network Port (or) Ethernet Port
12. USB Port
13. Audio Port
တို့ဖြစ်ကြပါတယ်။
IES Power Connector Port
IES Power Connector Port ကတော့ Computer ကို Power ထောက်ပံ့ပေးထားတဲ့ Power Supply နှင့် ချိတ်ဆက်တဲ့ Port ဖြစ်ပါတယ် Pin 3 ခုပါ၀င်ပါတယ်။
Serial Port
Serial Port ဆိုတာကတော့ ဟိုအရင်တုန်းက PS2 Port တွေမပေါ်ခင်က Mouse အသုံးပြုဖို့ချိတ်ဆက်တဲ့ နေရာမှာအသုံးပြုတဲ့ Port ပါ Pin 9 ခုပါ၀င်ပြီး ၁စက္ကန့်ကို 115KB/s နှုန်းနဲ့ Data Transfer လုပ်ပါတယ်။
Parallel Port
Parallel Port ကတော့ Scanners တွေ Printers တွေနှင့်ချိတ်ဆက်ဖို့အသုံးပြုတဲ့ Port ပါ Printer Port လို့အသိ များပါတယ် Pins 25 ပါ၀င်ပါတယ် Parallel Port ကို IEEE 1284 Compliant Centronics Port လို့လည်းခေါ် ပါတယ်။
PS2 Port
PS2 Port ကတော့ အရင်တုန်းက Keyboard တွေ Mouse တွေချိတ်ဆက်ဖို့သုံးတဲ့ Port ပါ Pins 6 ခုပါ၀င်ပါ တယ်။
Game Port
Game Port ကတော့ Game Controller လက်ကိုင်တွေနဲ့ချိတ်ဆက်ဖို့ Port ပါ USB Port တွေအသုံးမပြုခင် အထိအသုံးပြုခဲ့ကြပါတယ် ဟိုအရင် ကျွန်တော်တို့ဆော့ခဲ့ဖူးတဲ့ Family Game စက်တွေမှာအသုံးပြုတဲ့ Port နှင့်အတူတူပါပဲ Pins 15 ခုပါ၀င်ပါတယ်။
VGA Port
VGA Port ကတော့အားလုံးသိလောက်ပါတယ် Monitor နှင့်ချိတ်ဆက်တဲ့ Port ကိုခေါ်တာပါ Pins 15 ခုပါ၀င် ပါတယ်။
DVI Port
DVI Port (Digital Video Interface Port) ကတော့ VGA Port နှင့်အတူတူပါပဲ။
HDMI Port
HDMI Port (High Definition Multimedia Interface Port) ကတော့ Computer ကို Projector နှင့်ဖြစ်ဖြစ် HDMI Port ပါ၀င်တဲ့ TV နှင့်ဖြစ်ဖြစ် ချိတ်ဆက်တဲ့နေရာမှာအသုံးပြုတဲ့ Port ပါ Pins 19 ခုပါ၀င်ပါတယ်။
Modem Port
Modem Port ကတော့ Computer နှင့် တယ်လီဖုန်း (ကြိုးဖုန်း) တွေနှင့်ချိတ်ဆက်တဲ့ Port ပါ RJ 11 port လို့လည်းသိကြပါတယ်။
FireWire Port
FireWire Port ကတော့ အခုနောက်ပိုင်းသိပ်မတွေ့ရတော့တဲ့ port ပါ အရင်တုန်းက Data File Size အကြီးတွေ ကို Transfer လုပ်တာမြန်ဆန်ဖို့အသုံးပြုတဲ့ Port ပါ Pins 4, Pins 6, Pins 9 ဆိုပြီးရှိပါတယ် Data Transfer Rate ကတော့ 400MB/s ကနေ 800MB/s အထိရှိပါတယ်။
Network Port (or) Ethernet Port
Network Port (or) Ethernet Port ကတော့ Network ချိတ်ဆက်တဲ့နေရာမှာအသုံးပြုတဲ့ Port ပါ LAN port လို့အသိများပြီး RJ 45 Port လိ်ု့လည်းခေါ်ပါတယ် Pins 8 ခုပါ၀င်ပြီး Data Transfer Rate က 10MB/s ကနေ 1000MB/s အထ်ိရှိပါတယ်။
USB Port
USB Port (Universal Serial Port) ကတော့ထွေထွေထူးထူးပြောစရာမလိုပါဘူး အားလုံးသိပြီးသား Port ပါ Pins 4 ခုပါ၀င်ပြီး Data Transfer Rate က 12MB/s ရှိပါတယ်။
Audio Port
Audio Port ကတော့ Speaker Port နှင့် Microphone Port တွေကအသုံးများပါတယ် Pin ကတော့ 2.5mm Audio Pin ကိုအသုံးများပါတယ်။
Hein Min Soe
25/10/2019
⚠️ ဒ ၊ ဓ ပြဿနာ အဖြေရှာ⚠️
🔻 Microsoft Word
🔻 Pagemaker 7.0
🔻 Photoshop
🔻 Indesign
🔻 Illustrator
🔻 Coredraw
ဒ ၊ ဓ ပြဿနာဖြေးရှင်းနည်းများ
👉PageMaker 7
File > Preference > General > More > Use Typographer's Quotes ကို Uncheck လုပ်ပါ။
👉 InDesign
Edit > Preference > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
👉 Illustrator
File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို Uncheck လုပ်ပါ။
👉Photoshop
Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို Uncheck လုပ်ပါ။
👉Corel Draw
Tools > Options ကိုဖွင့်ပြီး အဲဒီထဲက Text > QuickCorrect ကိုထပ်ဖွင့်ပါ။ အဲဒီမှာမှ ညာဘက်ခြမ်းမှာ အပေါ်ဆုံးဒုတိယတခုဖြစ်တဲ့ Change Straight quotes to typographic quotes ကို Uncheck လုပ်ပေးပါ။ (အပေါ်ဆုံးတခုကိုလည်း Uncheck လုပ်ထားဖို့လိုမယ်ထင်ပါတယ်။ သူကတော့ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို Capital စာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို Uncheck လုပ်ထားပါ။)
👉Microsoft Word
Tools > Auto Correct ကိုဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကိုထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို Uncheck လုပ်ပေးပါ။
ဒါဆိုရင် ဒဒွေး ဒုက္ခမပေးနိုင်တော့ပါဘူးလေ။
သူငယ်ချင်းများ အားလုံးပြုံးပျော်နိုင်ကြပါစေ