16/10/2021
အာဏာသိမ်းကာလကြာလာလေ လူကြီးတွေရော လူငယ်တွေရော ပိုကျပ်တည်းလာလေပါပဲ။ လူငယ်တွေအနေနဲ့လည်း အလုပ်အကိုင်ရှားပါးတာ၊ ကျောင်းဆက်မတက်နိုင်တာ၊ ဘာဆက်လုပ်ရမှန်းမသိတာ၊ အနာဂတ်ပျောက်တာအပြင် စိတ်ဓာတ်ကျတာတွေပါ ခံစားလာရပါတယ်။ ET တို့လည်း တစ်ခါတစ်လေ ဒီလိုပဲခံစားရပါတယ်။
အရေးကြီးတာက ဘာမှမလုပ်နိုင်ဘူးဆိုပြီး ကြာကြာထိုင်မနေဖို့ပါပဲ။ တော်လှန်ရေးကို တစ်ထောင့်တစ်နေရာကကူညီရင်း တစ်ဖက်ကလည်း ကိုယ့်အတွေးအခေါ်တွေ တိုးတက်လာအောင်၊ အမြင်ကျယ်လာအောင် စဥ်ဆက်မပြတ် လေ့လာသင်ယူနေရမှာဖြစ်သလို ငွေကြေးအားဖြင့်လည်း တော်လှန်ရေးမှာထောက်ကူနိုင်အောင် သင့်တော်တဲ့အလုပ်လေးတွေလုပ်ရင်း ဆက်ချီတက်နေကြဖို့အရေးကြီးပါတယ်။
ဒါကြောင့် ဒီနေ့တော့ အမေရိကန်နိုင်ငံသား လူမည်းအရေးလှုပ်ရှားသူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာတင်လူသာကင်းရဲ့ မိန့်ခွန်းတွေထဲက စိတ်ခွန်အားရဖွယ်စာသားအချို့ကို ထုတ်နုတ်ဝေမျှပေးလိုက်ပါတယ်။
“မပျံသန်းနိုင်ဘူးလား၊ ပြေးပါ
မပြေးနိုင်ရင် လမ်းလျှောက်
လမ်းမလျှောက်နိုင်ရင် လေးဖက်သွား
အဓိကက ရပ်မနေဘဲ ဆက်သွားနေဖို့ပဲ" (မာတင်လူသာကင်း ဂျူနီယာ)
Aliens တို့လည်း ကိုယ်နှစ်သက်တဲ့ အဆိုအမိန့်တွေ၊ quote လေးတွေ comment ထဲမှာ ပြန်ဝေမျှပေးခဲ့ပါဦး။ တခြား Aliens လေးတွေရော ET တို့ရော ခွန်အားယူနိုင်တာပေါ့ 🤗
The longer the revolution becomes, the harder both adults and youths struggle. Young people are faced with tricky situations including higher unemployment rate, lack of (formal) education, uncertainties, lack of future, and even depression. ETs sometimes feel the same situations as well.
However, it is important not to stop as you feel you can do nothing. In fact, we’d better contribute to the revolution in our own way and learn to develop our knowledge, insight simultaneously. On top of that, we need to support financially our people in the revolution so it is crucial to keep moving by working on a job that can give you income regardless of amount.
Thus, we would like to share a quote from one of the speeches of Nobel Peace Prize winner; Martin Luther King, an American activist who led marches for blacks' rights.
Here is a part of speech he advocated: https://www.youtube.com/watch?v=MFOFs0iAwDg
Please share your favorite speeches/ quotes in the comment box in order for other Aliens and ETs to get inspired 🤗