Technology For Information & Communication By Thiha

Technology For Information & Communication By Thiha

Share

All about Information & Communications Technology

30/10/2021

Facebook က နာမည်ပြောင်းမယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အခုတော့ ကြေညာလိုက်ပါပြီ။ Meta တဲ့...

Facebook App ရဲ့ အမည်ကို Meta App လို့ ပြောင်းလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ပင်မကုမ္ပဏီရဲ့ အမည်ကိုသာ ပြောင်းလိုက်တဲ့သဘောဖြစ်လို့ လက်ရှိသုံးနေကြတဲ့ Facebook ကတော့ Facebook အတိုင်းသာ ဆက်ရှိနေမှာပါ။

အနာဂါတ်မှာ Metaverse နည်းပညာဘက်ကို အထူးအာရုံစိုက်ဖို့ လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ပြီး Facebook, Instagram, Whatsapp စတဲ့ သူ့အပိုင် နည်းပညာတွေဟာ ဒီ Metaverse ရဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် သဘောပါ။

Metaverse ဆိုတာဟာ၊ လိုရင်းအချုပ်ကတော့ Virtual Reality / Virtual World ဖြစ်ပြီး ပြင်ပလူမှုဘဝနဲ့အတူ ယှဉ်တွဲတည်ရှိနေမယ့် Second Life လို့လည်း ဆိုနိုင်ပါတယ်။

အခုလည်း လူတွေဟာ ကိုဗစ်ကြောင့် Work from home နဲ့ အိမ်ကနေ အလုပ်လုပ်နေကြသလို၊ Online learning နဲ့ အိမ်ကနေ စာသင်နေကြပါတယ်။ စတိတ်ရှိုးလိုဟာမျိုးကို Online ကနေ လုပ်လာကြပြီး၊ Online ကနေ စျေးရောင်းတာလို ကိစ္စမျိုးကတော့ မထူးဆန်းတော့ပါဘူး၊ လုပ်နေကြတာ ကြာလှပါပြီ။

ပီပီပြင်ပြင် Virtual World ကြီးထဲမှာ မဟုတ်သေးပေမယ့် ကိစ္စအတော်များများဟာ Virtual Activity တွေ ဖြစ်နေကြပါပြီ။ Virtual World လို့ ဆိုနိုင်လောက်တဲ့ The Sims လို ဂိမ်းမျိုးဟာ အရင်ကတည်းက ရှိနေပြီး MMORPG ဂိမ်းတွေထဲမှာ Second Life ကို ထဲထဲဝင်ဝင် မြှုပ်နှံထားကြသူတွေလည်း လက်ရှိ အများကြီးပါ။

Metaverse ကတော့ အဲ့ဒီလို ဂိမ်းဆိုတဲ့အဆင့်၊ ဖျော်ဖြေရေးအဆင့်ကို ကျော်ပြီး နေ့စဉ်လူမှုဘဝကိုပါ Virtual World / Second Life ထဲမှာ အပြည့်အဝ တည်ဆောက် နိုင်လာစေမယ့် Vision တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် - Facebook က စျေးရောင်းတဲ့ Page တွေကို Facebook ပေါ်မှာ တစ်ခုပြီးတစ်ခု လိုက်ရှာကြည့်စရာ မလိုဘဲ၊ အပြင်မှာ စျေးသွားသလို၊ Virtual World ထဲက စျေးတန်းထဲမှာ ကိုယ့်ရဲ့ Character နဲ့ လျှောက်သွားပြီး ကြည့်လို့ရမယ်၊ ငေးလို့ရမယ်၊ မေးလို့ရမယ်၊ ဝယ်လို့ရမယ်၊ သွားရင်လာရင်း တွေ့တဲ့ မိတ်ဆွေတွေနဲ့ စကားလက်ဆုံ ကျလို့ရမယ် ဆိုတာမျိုးကို မျက်စိထဲမှာ မြင်ကြည့်နိုင်ပါတယ်။

ဒီ Vision အမှန်တစ်ကယ် အကောင်အထည်ပေါ်ဖို့ဆိုရင် Digital Identification, Verification, Digital Asset, Digital Contract, Virtual Currency စသည်ဖြင့် လိုအပ်ပါတယ်။ Blockchain, Smart Contract, NFT, Cryptocurrency စတဲ့ နည်းပညာတွေကြောင့် အခုဆိုရင် ဒါတွေဟာ စိတ်ကူးသက်သက်၊ Research သက်သက် မဟုတ်တော့ပါဘူး။ လက်တွေ့ Practically အကောင်အထည်ဖော်လို့ရတဲ့ အရာတွေ ဖြစ်နေပါပြီ။

သာမာန်အသုံးပြုသူတွေကတော့ အချိန်တန်ရင် ဒီအပြောင်းအလဲ ဒီရေလှိုင်းနဲ့အတူ အလိုက်သင့် ပါလာကြမှာပါပဲ။ Developer တွေ Professional တွေကရော ဒီလိုပဲ အလိုက်သင့်ပဲ လိုက်ပါကြမှာလား။ လိုက်မယ်ဆိုရင်လည်း လိုက်လို့တော့ရပါတယ်။ ဒါပေမယ့် ရှေ့ကနေ ပြေးခွင့်ကြုံရက်နဲ့ အမြဲတမ်း နောက်ကလိုက်ရတာမျိုးတော့ မဖြစ်ကြစေချင်ပါဘူး။

ဒီက လေ့လာသူတွေရဲ့ အခက်အခဲကို နားလည်ပါတယ်။ ခေတ်ဆိုး၊ ဒေသဆိုးမှာ ဖြစ်တည်လာကြရလို့ လောလောဆယ် စားဝတ်နေရေးက အနာဂါတ်ထက် ပိုအရေးကြီးနေချိန်မှာ အနာဂါတ်ကို စိတ်မဝင်စားအားသေးဘူး၊ လောလောဆယ် စားဝတ်နေရေး ပြေလည်ဖို့ကို အရင်လုပ်ရဦးမယ် ဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ်တွေ့ပါ။

ဘာပဲပြောပြော၊ Crypto, Blockchain, NFT, Web3 စတဲ့ နည်းပညာတွေကို အခုကတည်းက ကြိုတင် လေ့လာထားရင်၊ ကိုယ့်မှာလည်း ရှေ့ကပြေးနေသူတွေနဲ့ ရင်ဘောင်တန်းနိုင်ခွင့် ရှိနေတယ်ဆိုတာလေးကို အသိပေးချင်မိပါတယ်။

https://about.fb.com/news/2021/10/facebook-company-is-now-meta/
Credit ko ei maungFacebook က နာမည်ပြောင်းမယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အခုတော့ ကြေညာလိုက်ပါပြီ။ Meta တဲ့...

Credit ko ei maung

Photos from Technology For Information & Communication By Thiha's post 09/10/2021

အားလုံးပဲမင်္ဂလာပါခင်ဗျ

သင်တန်းတက်ချင်ပေမယ့် အချိန်မရလို့ စိတ်မကောင်းဖြစ်နေတဲ့သူတွေအတွက် သီတင်းကျွတ်ပိတ်ရက်ကာလလေးမှာ တစ်နေ့ကို အချိန်တစ်နာပေးပြီး Computer အခြေခံလေးတွေကို လေ့လာနိုင်ဖို့ TICT ကနေ Class လေးတစ်ခုဖွင့်လိုက်ပါပြီနော် 😄

ကွန်ပျူတာ ရှိရဲ့သားနဲ့ မသုံးဖြစ်တဲ့သူတွေရော ကွန်ပျူတာကို တက်ချင်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် မတက်ဖြစ်တဲ့သူတွေအတွက်ရော အဆင်ပြေစေဖို့ ကွန်ပျူတာ အခြေခံသင်တန်းလေးကို Video သင်ခန်းစာပေးပြီး ကိုယ်တိုင်လေ့လာရမှာ မဟုတ်ပဲ Live Session အနေနဲ့ သင်ကြားရမှာ ဖြစ်ပါတယ် 👍

Live Session ဆိုဈေးကြီးမလားဆိုပြီး စိတ်မပူပါနဲ့ သီတင်းကျွတ်အထူးအစီအစဉ်အနေနဲ့ အောက်ပါသင်ခန်းစာများအားလုံးကို မြန်မာငွေ ၅၅၀၀ကျပ်တည်းနဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ် 😲

Course တွေကတော့
- Myanmar Typing
- English Typing
- Computer Basic Knowledge
- Mouse Training
- Microsoft Word Software Using ပဲ ဖြစ်ပါတယ်

သင်တန်းကာလက အောက်တိုဘာ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၅ရက်တာသင်တန်းလေးဖြစ်ပြီး အချိန်က နေ့လယ် ၂နာရီကနေ ၃နာရီအထိဖြစ်ပါတယ်

သင်တန်းပြီးမြောက်သွားတာနဲ့ Certificate လေးတွေပေးဦးမှာဆိုပေမယ့် အိမ်စာလုပ်တဲ့သူပဲ ရမယ်နော် 😒

ကဲ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာပေးထားတဲ့ Link ကိုနှိပ် ဖြည့်စရာရှိတာဖြည့်ပြီး Page Messenger ကိုကြွခဲ့ပါတော့ခင်ဗျာ…

https://forms.gle/XnoZ7eyopR6ELSvH7

08/10/2021

Microsoft Excel ဆိုတာ စာရင်းဇယားတွေ ပြုလုပ်ဖို့အတွက်နဲ့ အခြား Function တွေကိုပါ အသုံးပြုလို့ရပါတယ် 👍

ဘာမှမသိသေးတဲ့သူကလည်း သိချင်ရင် 😄

နည်းနည်းလေးသိထားတဲ့သူကလည်း ပိုပြီးသိချင်ရင် 🤷‍♂️

အများကြီးသိထားတဲ့ သူကလည်း ပြန်လေ့ကျင့်ချင်ရင် 😉

မကြာခင်မှာ TICT ကနေပြီး ဖွင့်လှစ်တော့မယ့် Microsoft Excel Online Course မျာ Join သင့်ပါတယ်နော် 😲

သင်တန်းကြေး - 15500 Kyats
သင်တန်းအချိန် - October 22 to October 31 (10 Days)
သင်တန်းအချိန် - 2pm to 3pm

ဘယ်လိုသင်မှာလဲဆိုတော့ Zoom Application ကိုအသုံးပြုပြီး ဆရာနဲ့တိုက်ရိုက်သင်ကြားရမှာမို့ နားမလည်တာတွေကို တန်းမေးလို့လည်းရတဲ့အပြင် ထိရောက်မှုကတော့ မေးစရာမလိုလောက်တော့ပါဘူးနော်

* တစ်ဦးချင်းသီးသန့် Class များကိုလည်း သင်တန်းကြေးသက်သက်သာသာနဲ့ သင်ကြားပေးနေပါပြီ*

05/10/2021

အောက်တိုဘာလ (၅)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါတယ်ခင်ဗျ... 💙

အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားတတ်နိုင်အောင် သင်ကြားပေးသမျှသူအားလုံးကို ဆရာလို့ခေါ်ထိုက်ပါတယ် 👍

ငယ်ရွယ်စဉ်ကတည်းက အတန်းပညာများကို သင်ကြားပေးခဲ့ကျတဲ့ ဆရာဆရာမများနှင့်အတူ အသိပညာ အတတ်ပညာများအားလုံးကို သိမြင်စေနိုင်တဲ့ လက်တွေ့ဘဝကဆရာဆရာမများ၊ အသိမိတ်ဆွေများ Facebook, YouTube နဲ့ Online ပေါ်က သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကိုလည်း
ကမ္ဘာ့ဆရာများနေ့မှာ ဂါဝရပြုလိုက်ရပါတယ်ခင်ဗျ...

Photos from Technology For Information & Communication By Thiha's post 04/10/2021

TICT မှာ မကြာသေးခင်ကမှဖွင့်လှစ်သင်ကြားခဲ့တဲ့ PowerPoint Presentation Class မှ Student's Review လေးတွေပါ 📝

Photos from Technology For Information & Communication By Thiha's post 02/10/2021

မကြာခင်ကဖွင့်လှစ်သင်ကြားခဲ့တဲ့ PowerPoint Presentation Class လေးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားခဲ့ပါပြီ 😍

မှတ်မှတ်ရရအနေနဲ့ သင်တန်းသူတွေကြီးပဲ တက်ရောက်ခဲ့တဲ့ သင်တန်းလေးလည်းဖြစ်ပါတယ် 👩‍💻

သင်တန်းမှာပေးသမျှ Assignment တွေကို စနစ်တကျ ဂရုတစိုက်ပြုလုပ်ပြီး Assessment လေးတွေကိုလည်း သေချာဖြေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျ.... 🤝

သင်တန်းကို သေချာလေး တက်ရောက်ပေးခဲ့ကြပြီး အဲ့ဒီထဲကနေ အမှတ်အများဆုံးနဲ့ Special Gift Voucher ရသွားတဲ့ သင်တန်းသူနှစ်ဦးကို ကြေညာပေးလိုက်ပါတယ်ခင်ဗျ …

Congratulation!

01/10/2021

😱😱***သင်တန်းအလကားတက်ရန် သင်တန်းသားတစ်ဦး အလိုရှိသည်*** 😱😱

ဟုတ်ပါတယ်ခင်ဗျ...သင်တန်းအလကားတက်ဖို့ သင်တန်းသားတစ်ယောက်ရှာနေတာပါ။ 🙄🙄

ဒါဆို သင်တန်းအလကားတက်ဖို့ ဘာလုပ်ပေးရမလဲဆိုရင်
၁။ Technology For Information & Communication By Thiha Page ကို Like လုပ်၊ပြီးရင် ကိုယ့်ရဲ့အချစ်ဆုံး သူငယ်ချင်း ၃ဦးကို Tag တွဲပြီး Public နဲ့ Share ပေးရပါမယ်။

၂။ Page Like လုပ်ထားတဲ့ပုံကို Screenshot ရိုက်ပြီး Comment မှာ ပို့ပေးရုံပါပဲခင်ဗျ။

အခုညကနေ မနက်ဖြန် ည၈နာရီ အတွင်း အပေါ်မှာပြောထားတဲ့ ၂ချက်ကို ပြုလုပ်ပေးထားတဲ့ သူတွေထဲကနေ တစ်ဦးကိုပဲ ရွေးချယ်ပြီး မကြာမှီဖွင့်လှစ်တော့မယ့် Microsoft Word Software အသုံးပြုနည်း သင်တန်းကို သင်တန်းကြေး 100% အခမဲ့နဲ့သင်ကြားခွင့်ရရှိမှာဖြစ်ပါခင်ဗျ...👍

Course 👨‍💻 - Word For Work Batch 1
Time ⏰ - 2pm to 3pm
Duration 📆 - 3 Oct to 10 Oct (7 Days)
Live session training with Zoom Application 🧑‍💻

သင်တန်းအတွက် လိုအပ်မယ့် Softwareတွေကိုလည်း စီစဉ်ပေးပြီး အစစအရာရာ အဆင်ပြေပြေနဲ့ တက်ရောက်နိုင်မှာဖြစ်တဲ့အ​ပြင် Certificate ပါပေးဦးမှာဆိုတော့ မြန်မြန်လေး Like & Share လုပ်ပြီး အလကားတက်လိုက်ရအောင်နော့ 🏃‍♂️

23/09/2021

မင်္ဂလာပါခင်ဗျ...
Microsoft Office ကိုအသုံးပြုတော့မယ်ဆိုရင် Word ကမပါမဖြစ် software တစ်ခုပါ 🗒
Document တွေဖန်တီးဖို့အတွက်ဆိုရင် Microsoft Word လေးနဲ့မှအဆင်ပြေမယ်နော် 📝
ဒီတစ်ခေါက်မှာတော့ TICT ကနေ Microsoft Word သင်တန်းလေး ဖွင့်လှစ်ပေးလိုက်ပါပြီ 😊

Recording Video File ပေးပြီး ကိုယ်တိုင်လေ့လာရတာမျိုးမဟုတ်ဘဲ ဆရာနဲ့ကိုယ်တိုင် Live Session သင်ကြားရမှာဖြစ်လို့ သင်ကြားသင်ယူမှုအတွက် ပိုပြီးထိရောက်စေမှာဖြစ်ပါတယ် 👍🏻

Live Session သင်ကြားပြီးတာနဲ့ Recording Video File တွေကိုပြန်ကြည့်လို့ရအောင်ပြုလုပ်ထားပေးလို့ အချိန်မရွေးလည်းလေ့လာနိုင်ဦးမှာပါ 📔

သင်တန်းပြီးတာနဲ့ Assessment လေးတွေလည်းပြုလုပ်ပေးပြီး ဆုတွေလည်းပြန်လည်ချီးမြှင့်ပေးပါတယ်🥇

Live Session သင်ကြားပြီးတာနဲ့ ပြန်လည်မလေ့ကျင့်မိမှာမျိုး မဖြစ်ရလေအောင် Assignment တွေပေးပြီး လေ့ကျင့်ခိုင်းထားလို့ မထိရောက်မှာ မစိုးရိမ်ပါတော့နဲ့ 🤭

သင်တန်းပြီးသွားတဲ့အခါမှာ Certificate လည်းပေးအပ်မှာဆိုပေမယ့်
အိမ်စာလုပ်တဲ့သူပဲရမယ်နော် 🙄

သင်တန်းကြေး 15000Ks
သင်တန်းအချိန် 2pm-3pm
သင်တန်းကာလ October 3 to October 10 (7 Days)
ဖြစ်ပါတယ်

TICT မှာသင်တန်းတက်ဖူးသူ သင်တန်းသားအဟောင်းများအတွက် 10% Discount နဲ့ ပထမဦးဆုံး သင်တန်းအပ်မယ့်သူ (၃)ဦးအတွက် 20% Discount ပေးဦးမှာဖြစ်လို့ အမြန်ဆုံးပဲ လာအပ်လိုက်ပါနော်

TICT
Technology For Information & Communication By Thiha
[email protected]
09401623233

05/09/2021

အားလုံးပဲမင်္ဂလာပါနော်
PowerPoint သင်တန်းလေးဖွင့်ပါပြီခင်ဗျ
ကွန်ပျူတာအခြေခံလုံးဝမရှိတဲ့သူတွေပါ တက်လို့အဆင်ပြေအောင်
အခြေခံတွေဖြစ်တဲ့
- Mouse Training
- Myanmar Typing
- English Typing
- PowerPoint Presentation စတဲ့သင်ခန်းစာတွေကိုပါ သင်ပေးမှာဖြစ်ပါတယ်ခင်ဗျ 😱
ဒီသင်တန်းတွေအားလုံးကို 15000 ကျပ်တည်းနဲ့ တက်ခွင့်ရမှာဖြစ်ပါတယ် 😲
သင်ခန်းစာ Video တွေကို Messenger Group ထဲမှာ ပို့ပေးပြီး ကိုယ်တိုင်လေ့လာရမှာ မဟုတ်ဘဲ ဆရာနဲ့ ကိုယ်တိုင် Live Session သင်ရမှာဖြစ်လို့ မရတာတွေကို တစ်ခါတည်းမေးလို့ရမှာဖြစ်ပါတယ် 👍 အရမ်းတန်တဲ့ သင်တန်းလေးဖြစ်တာမို့ ချက်ချင်းပဲအပြေးအပ်လိုက်ရအောင်နော်
သင်တန်းအချိန်ဇယားကတော့
September 21 မှာ စမှာဖြစ်ပြီး 30 ရက်နေ့ထိ 10ရက်ကြာ သင်ကြားမှာဖြစ်ပြီး နေ့လယ် ၂နာရီကနေ ၃နာရီထိ သင်ကြားမှာဖြစ်ပါတယ်ခင်ဗျ
သင်တန်းပြီးသွားတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြီးမြောက်သွားတဲ့သူတွေကို certificate ပါထုတ်ပေးဦးမှာဖြစ်ပါတယ်
အသေးစိတ်သိရှိလိုသည်များကို Page Messenger မှာမေးမြန်းနိုင်ပါတယ်နော်

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Taunggyi