28/02/2024
■အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး သျှမ်းပြည်ကျောင်းသားသမဂ္ဂများကွန်ရက်မှ ပြည်သူများနှင့် သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင် အင်အားစုများသို့ အကြံပြုတိုက်တွန်းချက်■
ရက်စွဲ။ ။ ဖေဖော်ဝါရီလ၊၂၈ရက်၊၂၀၂၄ခုနှစ်။
ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်
28/03/2023
"၂ နှစ်ပြည့်လွမ်းခြင်း"
၂၀၂၁ ခုနစ် မတ်လ ၂၈ ရက်နေ့ရဲ့ နေအပူရှိန်အောက်မှာ ရက်စက်ယုတ်မာလှသော အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် Florence Nightingale ရဲ့ဂရုဏာမီးအိမ်လေးတစ်ခု မတရားသဖြင့်မီးငြိမ်းခံခဲ့ရတယ်။ ယနေ့အချိန်ထိပြန်မလင်းလာနိုင်တော့ပါ။ သို့သော်ကျွန်တော်တို့ တော်လှန်ရေးညီကိုမောင်နှမတွေရဲ့ ရင်ထဲမှာတော့ ကမ္ဘာတည်သ၍ထွန်းလင်း တောက်ပသွားမှာပါ။ ယနေ့ဆိုသူရဲကောင်း မသဥ္ဇာဟိန်းကျဆုံးခဲ့သည်မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့သူနာပြုသားဖွား ရပ်ဝန်းမှညီကိုမောင်နှမတို့အနေနဲ့လဲ အမြဲသတိတရ ရှိနေသလို သဥ္ဇာဟိန်းလိုစိတ်ဓာတ်စွဲကိုင်ပြီးအာဏာရှင်ကို ဆက်လက်တွန်းလှန်သွားကြရန်လိုအပ်သည်။ စစ်အာဏာရှင်နဲ့အတူ သူနာပြုသားဖွားရပ်ဝန်းရှိ အာဏာရှင်ဆန်သောလုပ်ရပ်ဟူသမျှကို တော်လှန်ရေးစိတ်ဓာတ် စွဲကိုင်လို့ တော်လှန်သွားကြရမည်ဖြစ်သည်။ ကျွန်နော်တို့သည် အာဏာရှင်၏ အုပ်ချုပ်ခံ ဘဝမှ နောက်ဆုံးမျိုးဆက်ဖြစ်ရမည်။ အာဏာရှင်အကြွင်းအကျန်ဟူသမျှ နောက်မျိုးဆက်ထိ မပါစေရ။
"အကောင်းတိုင်းပြန်လာမယ်လို့ အာမမခံနိုင်တဲ့ ခရီးကိုသွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွတ်ပေးပါ"
#သတင်းနှင့်ပြန်ကြားရေးကော်မတီ
"၂ နှစ်ပြည့်လွမ်းခြင်း"
၂၀၂၁ ခုနစ် မတ်လ ၂၈ ရက်နေ့ရဲ့ နေအပူရှိန်အောက်မှာ ရက်စက်ယုတ်မာလှသော အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် Florence Nightingale ရဲ့ဂရုဏာမီးအိမ်လေးတစ်ခု မတရားသဖြင့်မီးငြိမ်းခံခဲ့ရတယ်။ ယနေ့အချိန်ထိပြန်မလင်းလာနိုင်တော့ပါ။ သို့သော်ကျွန်တော်တို့ တော်လှန်ရေးညီကိုမောင်နှမတွေရဲ့ ရင်ထဲမှာတော့ ကမ္ဘာတည်သ၍ထွန်းလင်း တောက်ပသွားမှာပါ။ ယနေ့ဆိုသူရဲကောင်း မသဥ္ဇာဟိန်းကျဆုံးခဲ့သည်မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့သူနာပြုသားဖွား ရပ်ဝန်းမှညီကိုမောင်နှမတို့အနေနဲ့လဲ အမြဲသတိတရ ရှိနေသလို သဥ္ဇာဟိန်းလိုစိတ်ဓာတ်စွဲကိုင်ပြီးအာဏာရှင်ကို ဆက်လက်တွန်းလှန်သွားကြရန်လိုအပ်သည်။ စစ်အာဏာရှင်နဲ့အတူ သူနာပြုသားဖွားရပ်ဝန်းရှိ အာဏာရှင်ဆန်သောလုပ်ရပ်ဟူသမျှကို တော်လှန်ရေးစိတ်ဓာတ် စွဲကိုင်လို့ တော်လှန်သွားကြရမည်ဖြစ်သည်။ ကျွန်နော်တို့သည် အာဏာရှင်၏ အုပ်ချုပ်ခံ ဘဝမှ နောက်ဆုံးမျိုးဆက်ဖြစ်ရမည်။ အာဏာရှင်အကြွင်းအကျန်ဟူသမျှ နောက်မျိုးဆက်ထိ မပါစေရ။
"အကောင်းတိုင်းပြန်လာမယ်လို့ အာမမခံနိုင်တဲ့ ခရီးကိုသွားရတဲ့အခါ နှောင်ကြိုးတွေက ခွင့်လွတ်ပေးပါ"
#သတင်းနှင့်ပြန်ကြားရေးကော်မတီ
28/03/2023
ရဲဘော်ပြည်သူတို့ရေ.....
ဒီကနေ့ မတ်လ (၂၈)ရက်နေ့ဟာဆိုရင် ရဲဘော်ဝေယံမိုး ကျဆုံးခြင်း (၂) နှစ်ပြည့်သည့် နေ့တစ်ရက်ဖြစ်ပါတယ်။ အဖိနှိပ်ခံအပေါင်းတို့ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား၊ပြည်သူတွေ များလှပါတယ်။ ရဲဘော်ဝေယံမိုးရဲ့ သွေး၊ချွေးတွေဟာလဲ တောင်ကြီးမြို့ရဲ့ လမ်းမများထက်မှာ မခြောက်သေးသလို ပေးဆပ်နေဆဲ သွေးတွေကလဲ ယနေ့အထိ ရဲရဲနီလျက် ဦးမညွတ်ဘဲ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ရဲဘော်ဝေယံမိုးဟာ ရဲဘော်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့သလို အချို့သော ရဲဘော်တွေမှာလည်း အသက်တွေ၊သွေးတွေ ပေးဆပ်ပြီး တော်လှန်ပုန်ကန်ခဲ့ (သို့) တော်လှန်ပုန်ကန်လျက် နဲ့ တစ်ရက်မှ သွေးမအေးခဲ့ပါဘူး။ လူထုလွတ်မြောက်ရေးတိုက်ပွဲဟာလဲ လမ်းတစ်ဝက်မှာရောက်လို့နေသလို ရဲဘော်ဝေယံမိုးဟာ လူထုလွတ်မြောက်ရေးအတွက် တပ်ဦးမှ ဦးဆောင်ရင်း ဂုဏ်ယူပြောင်မြောက်စွာ ကျဆုံးခဲ့တာကို အောက်မေ့သတိရသင့်ပါတယ်။
အဖိနှိပ်ခံပြည်သူတို့ဟာ လူထုလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးကို တစ်ညီတစ်ညွတ်တည်းလိုလားတောင်းဆိုနေကြတယ်။ အချို့သော ရဲဘော်တို့ဟာ အသက်၊သွေး၊ချွေးတွေကို မငဲ့ပဲ ကျရာတာဝန်ကို လမ်းမထက်မှာ အလံကိုင်ရင်း၊ လွတ်မြောက်နယ်မြေမှာ လက်နက်ကိုင်ရင်း အဖိနှိပ်ခံတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်လျက်ရှိနေကြတယ်။
ယနေ့ ရဲဘော်ဝေယုံမိုး၏ ကျဆုံးခြင်း (၂) ပြည့်ကို အောက်မေ့သတိရလျက် ရဲဘော်တို့ ကျွန်တော်တို့ရဲ့တိုက်ပွဲအရှိန်ကို အဘက်ဘက်ကနေ အရှိန်အဟုန်မြှင့်တင်ပေးရမဲ့အချိန်ကာလဖြစ်နေတာကို သတိချပ်စေလိုပါတယ်။ ကျွန်တော်တို့ရဲ့ ရဲဘော် ပြည်သူအချို့ဟာ ဘဝပေးအခက်အခဲများကြောင့် ရဲဘော်တို့၏ ရှင်သန်ရေးအတွက် ကျောင်းပြန်တက်ခြင်း၊ ဌာနများသို့ အလုပ်ပြန်ဝင်ခြင်း၊ အခွန်ဆောင်ခြင်းများအား ဖိအားများနှင့် အခြားသောအကြောင်းအရာများကြောင့် စစ်တပ်ယန္တရားအား အလည်အပတ်ပြုနိုင်ရန်အတွက် အထောက်အပံ့ပြုသည်ဆိုသော်ငြားလည်း ရဲဘော်တို့ နိုင်ရာတာဝန်ထမ်း၍(ဥပမာအားဖြင့် Click ခြင်း) တိုက်ပွဲဝင်နေကြမည်ဟု ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှ အဖိနှိပ်ခံတို့၏ စိတ်ဓာတ်မှာလည်း စစ်အုပ်ချုပ်ရေးမှ အစွမ်းကုန်လွတ်မြောက်လိုသည့် စိတ်ဓာတ်ကိုထားရင်း အဖိနှိပ်ခံပြည်သူတို့အနေဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ဖို့လိုပါတယ်။
အဖိနှပ်ခံအပေါင်းတို့ ရဲဘော်ဝေယံမိုးရဲ့သွေးတွေဟာ တောင်ကြီးမြို့ရဲ့ လမ်းမထက်မှာ မခြောက်သေး။ ထောင်တွင်းမှ အဖိနှိပ်ခံရဲဘော်တို့ရဲ့ ရဲရဲတောက် ဟစ်ကြွေးသံဟာ ရှမ်းပြည်တစ်ခုလုံး ဟိန်းလျက်ရှိနေပါတယ်။ အဖိနှိပ်ခံပြည်သူတို့ရဲ့ သွေးကြွေးကို နောက်မျိုးဆက် မကူးစေရန်အလို့ငှာ ပေးဆပ်သူ ရဲဘော်ဝေယံမိုးအပါအဝင် အခြားသော ရဲဘော်တို့၏ သွေးခင်းလမ်းတွင် အလံမလိပ်၊ ရဲရဲတောက်သည့်စိတ်ဓာတ်ဖြင့် လူထုလွတ်မြောက်ရေးအတွက် အတူတကွရုန်းရင်း တိုက်ပွဲဝင်ကြပါစို့။
ရဲဘော်ဝေယံမိုးစိတ်ဓာတ် စွဲကိုင်လျက်တိုက်ပွဲဝင်ကြ။
လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြ။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆီသို့ ချီတက်ကြ။
13/03/2023
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပေးပို့သော သဝဏ်လွှာ
09/02/2023
“အချစ်များစွာအတွက်”အစီအစဉ်
16/12/2022
နမ့်ဆန်တိုက်ပွဲမှ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူခံခြင်း
◆◆နမ့်ဆန်တိုက်ပွဲမှ စစ်ဘေးရှောင်ပြည်သူများအတွက်အလှူခံခြင်း◆◆
■ ဒီဇင်ဘာလ ( ၇ )ရက် မှ ဒီဇင်ဘာလ ( ၁၃ ) ရက်နေ့ထိ စကစ နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲ များကြောင့် နမ့်ဆန်မြို့နယ်မှ ပြည်သူများ ထောင်ချီ စစ်ဘေးရှောင်နေရသည်ဟု ကြားသိရပါသည်။
■စစ်ဘေးရှောင်ပြည်သူများသည် စစ်ဘေးဒဏ်အပါအဝင် ရှမ်းပြည်၏အေးချမ်းလှသော ရာသီဥတုဒဏ်များကိုပါ ရင်ဆိုင်နေရပါသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် အမိုးအကာ ၊စောင်၊အနွေးအထည်၊စားနပ်ရိက္ခာ၊ကျန်းမာရေးစောင့်ရှောက်မှုများပါ လိုအပ်လျက်ရှိပါသည်။
■ထို့ကြောင့်ကျွန်တော်တို့ ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ နမ့်ဆန် စစ်ဘေးရှောင်ပြည်သူများအား သွားရောက်လှူဒါန်းမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် စေသနာသဒ္ဓါတရားနည်းများမဆို မိမိတတ်နိုင်သည့် ဘက်မှ ငွေအားဖြင့်သော်လည်းကောင်း၊ ဆန် ၊အဝတ်အထည်၊ စောင်၊ အမိုးအကာ များကို မိမိတို့ shan state students' Union Network သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
အလှူငွေများအား Kpay ၊ wave pay ၊ Aya pay ၊CB pay များဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ပစ္စည်းများလှူဒါန်းလိုပါက s3un page messenger သို့လာရောက်မေးမြန်း လှူဒါန်းနိုင်ပါသည်။
13/11/2022
ရဲဘော်များအတွက် အချစ်အလှူခံ
"ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ"
(ကြည်ဇော်အေး)
အားလုံးပဲ မင်္ဂလာပါရှင့်။
ဆောင်းငွေ့ဝေဝေ၊ မြူငွေ့ဆိုင်းဆိုင်းနဲ့ အေးချမ်းလှတဲ့ ဆောင်းရာသီကို ရောက်ရှိလာတာနဲ့အမျှ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ အနွေးဓာတ်လေးတွေ လိုအပ်လာပါပြီ။ ဝောာထဲတောင်ထဲမှာ နေထိုင်နေကြရတဲ့ ရဲဘော်တွေအတွက်တော့ အနွေးဓာတ်ရနိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် ချစ်ခင်တွယ်တာရသူတွေရဲ့ ချစ်မေတ္တာရိပ်နဲ့ ဝေးကွာနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်လေးတွေအတွက် လိုအပ်နေတဲ့ အနွေးဓာတ်တွေကို ကျွန်မတို့တွေကပဲ ချစ်ခြင်းအားဖြင့် ဖြည့်ဆည်းပေးကြပါစို့လားရှင်။
ကျွန်မတို့ FTH အနေနဲ့ တော်လှန်ပြည်သူတွေကတစ်ဆင့် ရဲဘော်တွေကို အနွေးဓာတ်ပေးနိုင်ဖို့ " ရဲဘော်များအတွက် အချစ်အလှူခံ " ဆိုတဲ့ campaign လေးတစ်ခု စီစဥ်ထားပါတယ်။
ရဲဘော်တွေကို ချစ်မေတ္တာအနွေးဓာတ်တွေ မျှဝေပေးနိုင်ဖို့အတွက် ၁၅၀၀ ကျပ်မှ စတင်ပြီး အချစ်တွေ လှူဒါန်းနိုင်သလို အနွေးထည်တစ်ထည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့်လည်း အထည်အရေအတွက်အလိုက် ကျွန်မတို့ FTH page မှာ လာရောက်လှူဒါန်းရင်း အနွေးဓာတ်တွေ မျှဝေပေးလို့ ရနိုင်ပါပြီရှင်။
Campaign ကာလလေးကိုတော့ ခုနေ့ (13.11.22) တနင်္ဂနွေနေ့ကနေ (19.11.22) စနေနေ့အထိ တစ်ပတ်တိတိ သတ်မှတ်ထားပါတယ်ရှင့်။
လိုအပ်နေတဲ့ ချစ်မေတ္တာအနွေးဓာတ်လေးတွေကို အတူတူဖြည့်လို့ မိမိတို့တိုင်းပြည်ကြီးကို ချောက်ထဲကနေ အတူတူ ဆယ်ထုတ်ကြပါစို့နော်။
09/11/2022
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်တို့က လားရှိုးသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၊ မကွေးဆေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ နဲ့ တောင်ကြီးသူနာပြုသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂတို့ စုပေါင်းထားတဲ့ "From The Hills"(တောင်တန်းများဆီက) ဆိုတဲ့ Fundraising page လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
တော်လှန်ရေးကာလ တစ်နှစ်ခွဲကျော် ကြာလာချိန်မှာ ပြည့်သူတပ်သား ရဲဘော်တွေအနေနဲ့ အထောက်အပံ့တွေ ပိုလိုအပ်လာနေပြီပဲ ဖြစ်ပါတယ်။ တော်လှန်ရေးရဲဘော်အများစုဟာ တောတွေတောင်တန်းတွေရှိရာ မြေနေရာမျိုးတွေမှာ နေထိုင်ကြတာ များပါတယ်။ အဲ့တောင်တန်းတွေဟာ သူတို့အတွက် လိုအပ်တဲ့ အစားအသောက်၊ နေထိုင်ရေး၊ လေ့ကျင့်ရေး ထောက်ပံ့ပေးရုံသာမက ဘေးအန္တရာယ်တွေကနေလည်း တတ်နိုင်သမျှ ကာကွယ်ပေးနေတာပဲ ဖြစ်ပါတယ်။
" အရက်စက်ဆုံး အင်အားသုံးဖိနှိပ်ကာ နေပါစေ တောင်တန်းများက တို့ကို စောင့်ကြိုနေတယ်ဟေ့” ဆိုတဲ့ "အတားအဆီးများဆီသို့" သီချင်းထဲကလို တောင်တန်းတွေဟာ ရဲဘော်တွေအတွက် ခိုလှုံရာတစ်ခုအနေနဲ့ အမြဲေစာင့်ကြိုနေဆဲပါပဲ။
ကျွန်တော်တို့ရဲ့ From The Hills(တောင်တန်းများဆီက) ဆိုတဲ့ အဖွဲ့အစည်းကလည်း ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်သားများအတွက်ရော၊ တော်လှန်ပြည်သူများအတွက်ပါ ကျွန်တော်တို့ From The Hills(တောင်တန်းများဆီက)အဖွဲ့က ခိုလှုံရာတစ်ခုအဖြစ် ရပ်တည်ပေးနေမှာ ဖြစ်ပါတယ်ဗျ။
“အန္တရာယ်ရန်စွယ်အမျိုးမျိုးနဲ့ တားဆီးလို့နေပါစေ ဒို့များအားလုံး ပေါင်းစည်းခြင်းနဲ့ ဖြိုခွင်းပစ်မလေ” ဆိုတဲ့အတိုင်း အတူတကွ စုပေါင်းပါဝင်ပြီး ကောင်းမွန်သော အရွေ့တွေဆီ လျှောက်လှမ်းကြပါစို့။
ကျွန်ေတာ်တို့ FTH ကနေပြီး ရှေ့ဆက် ရဲဘော်တွေနဲ့ ပြည်သူတွေကြား ခိုလှုံရာ တောင်တန်းကြီးတခု ဖြစ်ပေးနိုင်ဖို့အတွက် အစီအစဉ်ကောင်းတွေနဲ့ တဖန်ပြန်လာခဲ့ပါဦးမယ်ခင်ဗျ။
20/10/2022
◾ သာဓုသံ
ဒေါင်းပျိုထိုးဆွတ်၊ ဘယ်ညာခွပ်၍၊
လွတ်လပ်ရလေ၊ တို့တတွေသည်၊
အိုးဝေ - ကျေးဇူးပါတကား။ ။
အိုးဝေကျေးဇူး၊ မထိမ်မြူးဘဲ၊
ခါဦးကောဇာ၊ ဤအခါတွင်၊
သာဓုခေါ်ကြပါကုန်လော့။ ။
သာဓုသံတွင်၊ သောတဆင်၍၊
အသင် ဒေါင်းငယ်၊ မြန်မိမယ်ကို၊
သက်နှယ်စောင့်ရှောက်နိုင်စေသောဝ်။ ။
မင်းသုဝဏ်
#ထကြွတော်လှန်ကျောင်းသားထုအားမာန်
15/10/2022
နှစ် ၁၀၀ ကျော် ကျောင်းသားလှုပ်ရှားမှု - အပိုင်း ၁
ပထမကျောင်းသားသပိတ်
၁၉၁၀ ခုနှစ်မှစ၍ ဗြိတိသျှအာဏာပိုင်များသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်တည်ထောင်ရန်ကြိုးပမ်းလာကြသည်။ မြန်မာပြည်သူများကလည်း တက္ကသိုလ်ဖွင့်ရန်တိုက်တွန်းကြသည်။ ရှိပြီးသား ကောလိပ်နှစ်ခုဖြစ်သည့် အစုိးရလက်အောက်ခံ ရန်ကုန်ကောလိပ်နှင့် အမေရိကန်နှစ်ခြင်းသာသနာပြု ဂျပ်ဆင်ကောလိပ်တို့ကို ယူနစ်ထရီစနစ်ဖြင့် ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ်အမည်ဖြင့် ထူထောင်ရန် အက်ဥပဒေရေးဆွဲသည်။
ရန်ကုန်တက္ကသိုလ် အက်ဥပဒေတွင်
- ကျောင်းအိပ်ကျောင်းစားနေထိုင်သူများကိုသာ တက်ရောက်ခွင့်ပြုထားခြင်း၊
- တစ်နိုင်ငံလုံးတွင် တက္ကသိုလ်တခုတည်းသာရှိမည်ဟု သတ်မှတ်ထားခြင်း၊
- တက္ကသိုလ်ဝင်တန်းစာမေးပွဲ(Matriculation) ကိုမကျင့်သုံးဘဲ ဆယ်တန်း(High school final) အောင်မြင်ပြီးနောက် တက္ကသိုလ်အကြိုပြင်ဆင်မှုအတန်းများထားရှိခြင်း
- တက္ကသိုလ်ကောင်စီတွင် အဖွဲ့ဝင် ၅၆ဦးရှိသည့်အနက် မြန်မာတိုင်းရင်းသား ၅ဦးသာပါဝင်ခြင်း
- တက္ကသိုလ်ပညာရေးအဖွဲ့ဝင် ၂၄ဦးအနက် မြန်မာတိုင်းရင်းသား ၂ဦးသာပါဝင်ခြင်းစသည့် မြန်မာလူထုအတွက် နစ်နာဖွယ် အချက်များပါဝင်နေသည်။ မြန်မာလူထုက ပြင်ဆင်ပေးရန်တောင်းဆိုသော်လည်း ဗြိတိသျှအာဏာပိုင်များက တက္ကသိုလ်ဥပဒေကို အတည်ပြု၍ တက္ကသိုလ်ဖွင့်လှစ်ရန်ထိပင်ကြိုးစားလာကြသည်။
ထို့ကြောင့် ၁၉၂၀ ဒီဇင်ဘာလ ၅ရက်တွင် ရွှေတိဂုံစေတီတော် စနေဒေါင့် ညောင်ပင်ရင်းတွင်
ကောလိပ်ကျောင်းသားကြီး ၁၁ဦးဖြစ်သည့်
၁။ ကိုဘဦး (ဘီအေ အထက်တန်း) (ဦးဘဦး - အမျိုးသားကျောင်းဆရာ၊အမျိုးသားပညာဝန်)
၂။ ကိုဘရှင် - သံတွဲ(ဘီအက်စီ အထက်တန်း) (ဦးဘရှင်(သံတွဲ)- အင်ဂျင်နီယာ၊ အင်းစိန်စက်မှုသိပ္ပံ ကျောင်းအုပ်ကြီး)
၃။ ကိုညီပိတ် (ဘီအက်စီ အထက်တန်း) (ဦးညီပိတ် - စက်ရှင်တရားသူကြီးဟောင်း)
၄။ ကိုဖိုးကွန်း (ဘီအက်စီ အထက်တန်း) (ဗိုလ်မှူးဖိုးကွန်း - ပြည်သူ့ရဲဘော်ခေါင်းဆောင်၊ ဝန်ကြီးဟောင်း)
၅။ ကိုအေး (ဘီအေ အထက်တန်း) (ဦးအေး - ယစ်မျိုးမင်းကြီးဟောင်း)
၆။ ကိုလှတင် (ဘီအေ အထက်တန်း) (ဦးလှတင် - တရားလွှတ်ရှေ့နေ့ဟောင်း)
၇။ ကိုဖေသိန်း (အိုင်အေ အထက်တန်း) (သပိတ်မှောက်ပြီး ၄နှစ်အကြာကွယ်လွန်ခဲ့)
၈။ ကိုထွန်းဝင်း (အိုင်အေ အထက်တန်း) (ဦးထွန်းဝင်း - ထားဝယ်အမျိုးသားကျောင်းဆရာဟောင်း)
၉။ ကိုဘရှင် - ထားဝယ်(အိုင်အေအထက်တန်း) (ဦးဘရှင်(ထားဝယ်)- ထားဝယ်အမျိုးသားကျောင်းအုပ်ကြီးဟောင်း)
၁၀။ ကိုဘခင် (အိုင်အေ အထက်တန်း) (ဦးဘခင်- မန္တလေးအမျိုးသားကျောင်းအုပ်ကြီး)
၁၁။ ကိုအောင်ဒင် (အိုင်အေ အထက်တန်း) (ဦးအောင်ဒင် - ဟိုက်ကုပ်ရုံးအုပ်၊နိုင်ငံတော်ကောင်စီဝင်) တို့သည် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ရန် ပဏာမဆွေးနွေးကြသည်။
ထို့နောက် ၁၉၂၀ ပြည့် ၊ ဒီဇင်ဘာ ၄ ရက်နေ့တွင် ရွှေတိဂုံစေတီအရှေ့ဘက် ၊ ဗဟန်းဦးအရိယကျောင်း၌ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် ကျောင်းသားများထပ်မံစုစည်း၍ သပိတ်မှောက်ရန်အတွက် ဆက်လက်ဆွေးနွေးခဲ့ကြရာ ထိုအစည်းဝေးမှ နောက်ထပ် ကျောင်းသားခေါင်းဆောင် (၁၅) ဦးကို ထပ်မံရွေးချယ်ခဲ့ကြပြန်သည်။၄င်းတို့မှာ
ရန်ကုန်ကောလိပ်မှ
၁၂။ ကိုလှစိန် (ဥပဒေပညာ) (ရန်ကုန်ဟိုက်စကူးကျောင်းဆရာဟောင်း)
၁၃။ ကိုဘတင် (ဥပဒေပညာ) (ဦးဘတင် - ဒိုင်အာခီဥပဒေပြုလွှတ်တော်အမတ်ဟောင်း)
၁၄။ ကိုမြ (ဘီအက်စီအထက်တန်း) (သခင်မြ -အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး)
၁၅။ ကိုစိုးဝင်း (ဘီအေအထက်တန်း) (ဦးစိုးဝင်း - အမျိုးသားပညာဝန်၊ ပညာရေးအထူးအရာရှိဟောင်း)
၁၆။ ကိုထွန်းဖေ (အိုင်အေအထက်တန်း) (ဦးထွန်းဖေ - သတင်းစာဆရာ၊ဝန်ကြီးဟောင်း)
၁၇။ ကိုဘဟန် (ဘီအေအထက်တန်း) (ဟိုက်ကုတ်စာတော်ပြန်)
၁၈။ ကိုဘကျော်( အိုင်အေအထက်တန်း) (ဦးဘကျော်-အစိုးရပုံနှိပ်တိုက်ညွှန်ကြားရေးမှူး)
၁၉။ ကိုလူဖေဝင်း (ဘီအေအထက်တန်း) (ဦးလူဖေဝင်း- ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ဟောင်း)
၂၀။ ကိုမောင်ကို (ဘီအေထက်တန်း) (ကွယ်လွန်)
၂၁။ အီးမောင်စိန် ( ဘီအေအထက်တန်း) (အငြိမ်းစားထီမင်းကြီး)
၂၂။ အင်န်စီဆင်း (ဘီအေအထက်တန်း) (တရားလွှတ်တော်ရှေ့နေကြီး)
၂၃။ မစ္စတာဘို့စ် (တရားလွှတ်တော်ရှေ့နေ - မန္တလေး) တို့ဖြစ်သည်။
ဂျပ်ဆင်ကောလိပ် မှ
၂၄။ ကိုမြင့် (ဘီအေအထက်တန်း) (နေရှင်နယ်ဦးမြင့်- အမျိုးသားနေ့ဖြစ်မြောက်ရေး အဆိုတင်သွင်းသူ)
၂၅။ ကိုဖိုးကျား (ဘီအေအောက်တန်း) (ဦးဖိုးကျား - စာရေးဆရာ၊ အမျိုးသားပညာဝန်)
၂၆။ ကိုဖိုးလတ် ( ဘီအေထက်တန်း) (ဦးဖိုးလတ် - စာရေးဆရာ၊ယဥ်ကျေးမှုဌာနအတွင်းဝန်ဟောင်း) တို့ဖြစ်သည်။
၁၉၂၀၊ ဒီဇင်ဘာ ၄ရက်တွင်ပြုလုပ်သောကျောင်းသားထုအစည်းအဝေးကြီးက တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန်ဆုံးဖြတ်ကြပြီး ထိုအစည်းအဝေးမှ တင်မြှောက်လိုက်သောကျောင်းသားခေါင်းဆောင် ၁၅ ဦး နှင့် ကနဦးဖွဲ့စည်းထားသော ကျောင်းသားခေါင်းဆောင် ၁၁ဦး စုစုပေါင်း၂၆ဦးဖြင့် သပိတ်မှောက်ကျောင်းသား (ဘွိုင်းကောက်တား)ကောင်စီကို ဖွဲ့စည်းကာ ၄င်းတို့ထဲမှ "ကိုဘဦး"က ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဒီဇင်ဘာ၅ရက် (တန်ဆောင်မုန်းလဆုတ် ၁၀ရက်)တွင်စတင်သပိတ်မှောက်ခဲ့ကြပါသည်။
သပိတ်မှောက်ကျောင်းသားများသည် ဗဟန်းရပ်ရှိ ရွှေကျင်တောရကျောင်းတွင် နေထိုင်ကာ သပိတ်စခန်းဖွင့်ကြသည်။ မကြာမီ၌ ကျောင်းသားသပိတ်သည် ဒေသအတော်များများသို့ ပြန့်နှံ့ သွားပြီနိုင်ငံအဝှမ်းရှိ ကျောင်းများ၌ ကျောင်းသားများ သပိတ်မှောက်ကြသည်။ သပိတ်မှောက်ကျောင်းသားတို့အား ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသော နိုင်ငံရေးအဖွဲ့များနှင့် လူမှုရေးအသင်းများက ပံ့ပိုးကူညီခဲ့သည်။ သပိတ်မှောက်ကျောင်းသားများက အာဏာပိုင်များထံသို့ တောင်းဆိုချက်များ တင်သွင်းခဲ့သော်လည်း အနည်းငယ်သာလိုက်လျောသဖြင့် ကောလိပ်ကျောင်းသား ၃၀၀ခန့် ကျောင်းကိုစွန့်ခွာကာ သပိတ်မှောက်ကြသည်။
ကျောင်းသားများ၏ အနာဂတ်ပညာရေးအတွက် နိုင်ငံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ နှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များက ဦးဆောင်ကာ အမျိုးသားကောလိပ်နှင့် အမျိုးသားကျောင်းများ ထူထောင်ကြသည်။ ယင်းကိုအမျိုးသားပညာရေးဟုလည်း ခေါ်သည်။ အမျိုးသားပညာရေးသည် အင်္ဂလိပ်ကျောင်းတွင် မသင်ကြားပေးသည့် မြန်မာစာနှင့်မြန်မာ့သမိုင်းကို အဓိက သင်ကြားပေးသည်။ ထို့ပြင် အင်္ဂလိပ်စာ ၊ လောကဓာတ်ပညာ၊ နှင့် အသက်မွေးဝမ်းကြောင်းပညာများကိုလည်းသင်ကြားပေးသည်။ အမျိုးသားပညာရေးစတင်ထူထောင်စဥ်ကာလ က တစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်း ၉၃ ကျောင်းရှိခဲ့သည်။ ထူးခြားသည်မှာ အမျိုးသားကျောင်းဆရာဟောင်းများ နှင့် ကျောင်းသားဟောင်းများသည် နောင်တွင်အပြီးသတ်လွတ်လပ်ရေးကိုအရယူနိုင်ခဲ့သည့် ထင်ရှားသော ခေါင်းဆောင်များဖြစ်လာသည်။
၁၉၂၂ ဇွန်လ ၁၇ရက်နေ့တွင် ဂျီစီဘီအေအသင်းချုပ်ကြီး၏ ပြည်လုံးကျွတ်ညီလာခံကို ရန်ကုန်ဂျူဗလီဟောတွင်ကျင်းပရာ ကောလိပ်ကျောင်းသားများစတင်သပိတ်မှောက်သည့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကိုအမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြသည်။ အမျိုးသားနေ့ကို အမျိုးသားအောင်ပွဲနေ့ဟုလည်း ခေါ်ဝေါ်၍လည်းကောင်း နှစ်စဥ်အထိမ်းအမှတ်အခမ်းအနားများကျင်းပကြရာ ယနေ့ထိပင်ဖြစ်သည်။
ပထမကျောင်းသားသပိတ်သည် မြန်မာတိုင်းရင်းသား တို့၏ ပထမဆုံးပညာတော်လှန်မှုဖြစ်သည်။ ပညာတော်လှန်မှုမှသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး ၊ လွတ်လပ်ရေးစသည့် နိုင်ငံရေးဦးတည်ချက်များအထိ ချိတ်ဆက်ရည်မှန်းခဲ့သည်။ လူထုကိုလည်း အမျိုးသားလွတ်မြောက်ရေး အသိအမြင်များ မျက်စိဖွင့်ပေးနိုင်ခဲ့သည်။ ယနေ့ကျောင်းသားတို့၏ လူထုအရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ရှေ့ဆုံးမှနေ၍ စွန့်လွှတ်တိုက်ပွဲဝင်နေမှုများသည် လွန်ခဲ့သော ၁၀၂ နှစ်က ပထမကျောင်းသားသပိတ် ကြီး၏ အစဥ်အလာနှင့် တိုက်ပွဲဝင် စိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်နေခြင်းပင်ဖြစ်ပါသည်။
တကသ အဆောက်အဦနှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဗြိတိသျှတို့သည် ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်ပြီးနောက် ဥရောပတက္ကသိုလ်များနည်းတူ ကျောင်းသားသမဂ္ဂ (Students' Union) ကိုဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်အတွင်းကျောင်းသားသမဂ္ဂအတွက် အဆောက်အဦတခုကို တည်ဆောက်ရန် ၁၉၂၇ ဒီဇင်ဘာလ ၅ရက်တွင် အုတ်မြစ်ချခဲ့ပြီး ၁၉၃၀တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ကျောင်းသားသမဂ္ဂ အဆောက်အဦတည်ဆောက်ရန် ရန်ပုံငွေကို ဆန်စက်သူဌေးကြီး ဒေါက်တာဦးညိုက လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထိုအဆောက်အဦသည် အဓိပတိလမ်း၏ ဝင်ဝင်ချင်း ညာဘက်ထိပ်တွင် တည်ရှိပြီး အဓိပတိလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ အဓိပတိလမ်းကိုမျက်နှာမူတည်ဆောက်ထားသည်။
တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန်အတွက်လည်း အောက်စဖို့ဒ်တက္ကသိုလ်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံကိုမှီငြမ်း၍ ဖွဲ့စည်းပုံစည်းမျဥ်းရေးဆွဲခဲ့သည်။ ၁၉၃၁ ဇန်နဝါရီတွင် တကသကို ယာယီဖွဲ့စည်းခဲ့ပြီး ဥက္ကဌ ကိုကျော်ခင်က ဦးဆောင်ခဲ့သည်။ ယာယီအမှုဆောင်အဖွဲ့က လေးလခန့်တာဝန်ယူပြီးနောက် ကျောင်းသားသမဂ္ဂ၏တင်မြောက်ရေးအတွက် ကျောင်းသားထုရွေးကောက်ပွဲကို ကျင်းပပြီး ကိုထွန်းစိန်အနိုင်ရရှိခဲ့သည်။ ကိုထွန်းစိန်သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ပထမဆုံးရွေးကောက်ခံ ဥက္ကဌဖြစ်သည်။ ကိုထွန်းစိန်သည် မျိုးချစ်စိတ်ပြင်းထန်သော ကျောင်းသားဖြစ်ပြီး တကသအဆောက်အဦ ရှေ့ရှိအလံတိုင်တွင် ဗြိတိသျှယူနီယမ်ဂျက်အလံကို ဖြုတ်ချပြီး မြန်မာ့ကဒေါင်းအလံလွှင့်ထူစေခဲ့သည်။ တို့ဗမာအစည်းရုံးဝင် သခင်ဘသောင်း၊သခင်ဗစိန်စသည့် လူငယ်များနှင့်ပူးပေါင်းပြီးအမျိုးသားနေ့အခမ်းအနားကို ရန်ကုန်တက္ကသိုလ်မြေတွင် ပထမဆုံးကျင်းပခဲ့သည်။ သမဂ္ဂ၏ အစည်းအဝေးများ၊ အခမ်းအနားများ၌ ဗြိတိသျှနိုင်ငံတော်သီချင်းအစား "တို့ဗမာသီချင်း"ကိုပြောင်းလဲသီဆိုစေခဲ့သည်။
ဒုတိယကျောင်းသားသပိတ်
တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ၁၉၃၆ ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် လူငယ်များအသင်းတည်ထောင်သူ၊ ဆင်းရဲသားအကျိုးဆောင် ဖေဘီယန်ပါတီဝင် ကိုနု အနုိင်ရရှိခဲ့သည်။ ကိုနု၏အမှုဆောင်အဖွဲ့တွင်ပါဝင်သော ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုထွန်းအုံတို့သည်လည်း နိုင်ငံရေးတွင် စိတ်ဝင်စားသည့် လူငယ်များဖြစ်ကြသည်။
ဥက္ကဌ ကိုနုသည် ကျောင်းသားထုအစည်းအဝေးတစ်ခုအတွင်း တက္ကသိုလ်အာဏာပိုင်များအား ဝေဖန်ရှုတ်ချသည့် မိန့်ခွန်းပြောကြားခဲ့သဖြင့် ကျောင်းအုပ်ကြီးမစ္စတာစလော့က ကိုနုကို ေကျာင်းမှထုတ်လိုက်သည်။ ထိုစဥ် ကိုအောင်ဆန်းက အယ်ဒီတာအဖြစ် ဆောင်ရွက်သည့် သမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်းပေါ်ထွက်လာသည်။ အိုးဝေမဂ္ဂဇင်း၏ အင်္ဂလိပ်ဘာသာကဏ္ဍတွင် "ငရဲခွေးကြီးလွတ်နေသည်"အမည်ဖြင့် ပေးစာတစ်စောင်ကို ကိုသိန်းတင်(နောင် စာရေးဆရာညိုမြ)က "ယမမင်း"ကလောင်အမည်ဖြင့်ရေးသားခဲ့သည်။ ယင်းပေးစာသည် တက္ကသိုလ်အာဏာပိုင်တစ်ဦး၏
အကျင့်ပျက်မှုကို သွယ်ဝိုက်ဖော်ပြထားသည့် စာဖြစ်နေသည့်အတွက် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာစလော့က အယ်ဒီတာကိုအောင်ဆန်းအား ခေါ်ယူမေးမြန်းသည်။ မစ္စတာစလော့က ထိုစာရေးသူ၏အမည်ကိုမေးမြန်းရာ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်အရ ငြင်းဆန်ခဲ့သဖြင့် ကျောင်းအုပ်ကြီးက ကိုအောင်ဆန်းကိုပါ ကျောင်းမှထုတ်ရန် စီစဥ်ခဲ့သည်။
ကိုနုနှင့်ကိုအောင်ဆန်းအား ကျောင်းထုတ်သည့်အတွက် ၁၉၃၆ ဖေဖော်ဝါရီ ၂၅ရက်တွင် ကျောင်းသားထုအစည်းအဝေးကျင်းပကာ သပိတ်မှောက်ကြသည်။ သပိတ်မှောက်ကျောင်းသားများသည် ရွှေတိဂုံဘုရားတွင် စုရပ်စတည်းချပြီး အဖွဲ့ဝင် ၂၉ဦးပါဝင်သည့် သပိတ်မှောက်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၂၀ ပထမကျောင်းသားသပိတ်ကာလ၌ကပင် သပိတ်မှောက်ကောင်စီဖွဲ့စည်းခဲ့သော်လည်း ခြားနားသည်မှာ အမျိုးသမီးကောင်စီဝင်များပါဝင်နေခြင်းဖြစ်သည်။ အမျိူးသမီးကောင်စီဝင်များတွင် မအမာ(နောင် စာရေးဆရာမကြီး လူထုဒေါ်အမာ) နှင့် မအုန်း(နောင် ပါဠိပါမောက္ခ) တို့်မှာထင်ရှားသည်။
သပိတ်မှောက်ကောင်စီက -
- ကိုနနှင့်ကိုအောင်ဆန်းကိုကျောင်းပြန်တက်ခွင့်ပေးရန်
- ကျောင်းအုပ်ကြီးတစ်ဦးတည်းက ကျောင်းထုတ်နိုင်သည့်အခွင့်အာဏာအားရုတ်သိမ်း၍ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ ထိုအာဏာကိုပြောင်းလဲထားရှိရန်
- ကျောင်းလခ၊ ထမင်းဖိုးနှင့် စာမေးပွဲကြေးများလျှော့ချရန်
- တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရန် စသည်ဖြင့် လိုလားချက် (၁၀)ချက်ကို တောင်းဆိုခဲ့သည်။ တက္ကသိုလ်သပိတ်ကိုထောက်ခံသည့်အနေဖြင့် နိုင်ငံအဝှမ်းရှိ ဟိုက်စကူးကျောင်းများ၊ အမျိုးသားကျောင်းများကလည်း သပိတ်မှောက်ကြသည်။
၁၉၃၆ မေလ ၈ရက်နေ့တွင် သပိတ်မှောက်တက္ကသိုလ်ကျောင်းသားများနှင့် နယ်ကျောင်းသားကိုယ်စားလှယ်များ၏ ညီလာခံကို ဂျူဗလီဟောတွင်ကျင်းပပြီး "ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)"ကို ဖွဲ့စည်းခဲ့သည်။ဗကသ၏ ပထမဆုံးဥက္ကဌမှာ ကိုရာရှစ်ဖြစ်ပြီး ဒုဥက္ကဌ မှာ ကိုအောင်ဆန်းဖြစ်သည်။ အစုိးရသည်ကျောင်းသားတို့၏ တောင်းဆိုချက်များနှင့်စပ်လျဥ်း၍ စေ့စပ်ဆွေးနွေးကြသည်။ အချို့အချက်များကို ချက်ချင်းလိုက်လျောပေးခဲ့ပြီး အချို့အချက်များကို စုံစမ်းရေးကော်မရှင်ဖွဲ့၍ ဆက်လက်ဆောင်ရွက်စေသည်။ ထို့ကြောင့် ၁၉၃၆ မေလ ၁၀ရက်နေ့တွင် ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားသပိတ်ကို သပိတ်လှန်ခဲ့ကြသည်။
ဒုတိယကျောင်းသားသပိတ်အပြီးတွင် ကျောင်းသားသမဂ္ဂသည် ပြင်ပနိုင်ငံရေးလောကနှင့် ပိုမိုဆက်နွယ်လာသည်။ ကျောင်းသားခေါင်းဆောင်များသည် တို့ဗမာအစည်းရုံးသို့ဝင်ရောက်၍ သခင်အမည်ခံယူကြသည်။ ဒုတိယကျောင်းသားသပိတ်သည် အပြီးသတ်လွတ်လပ်ရေးတိုက်ပွဲ၏ ခေါင်းဆောင်များဖြစ်သည့် ဦးနု၊ ဦးအောင်ဆန်း၊ဗိုလ်လကျာ်၊ ဦးကျော်ငြိမ်းစသူတို့ကို မွေးထုတ်ပေးခဲ့သည်။ ကျောင်းသားခေါင်းဆောင်များ တို့ဗမာအစည်းအရုံးသို့ဝင်ရောက်လာခြင်းကြောင့် အစည်းအရုံး၏ လှုပ်ရှားမှုများပိုမို ကျယ်ပြန့်လာပြီး ကျောင်းသားသမဂ္ဂအပေါ်လူထု၏ စိတ်ဝင်စားမှုကလည်းမြင့်တက်ခဲ့သည်။
တတိယကျောင်းသားသပိတ်
တတိယကျောင်းသားသပိတ်သည် နယ်ချဲ့အရင်းရှင်များကို ရေနံမြေအလုပ်သမားများက သပိတ်မှောက်သည့် ဘီအိုစီသပိတ်မှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ နိုင်ငံရေးလောကတွင်လည်း မြန်မာပြည်အား အိန္ဒိယမှခွဲထုတ်၍ပေးသည့် ၉၁ဌာနအုပ်ချုပ်ရေးကို ငြင်းဆန်ကာ လုံးဝလွတ်လပ်ရေးသို့ တောင်းဆိုနေသည့်ကာလဖြစ်သည်။
ချောက်ဘီအိုစီကုမ္ပဏီမှ ရေနံမြေအလုပ်သများသည် ၄င်းတို့၏ အခွင့်အရေးများအတွက် ချောက်မြို့မှနေ၍ ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်တောင်းဆိုခဲ့ကြသည်။ ရေနံမြေအလုပ်သမားများ လမ်းလျှောက်ချီတက်စဥ် မကွေးမြို့သို့အရောက် ပုလိပ်များ၏ ပိတ်ဆို့ခြင်းကိုခံရသည်။ တို့ဗမာအစည်းရုံးဝင်များနှင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များသည် မကွေးမြို့ရှိအလုပ်သမားများအား ဝန်းရံအားပေးရင်းမကြောက်တရားဟောကြသည်။ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းက "မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်ရမယ်"ဟု တရားဟောခဲ့သဖြင့် ကိုဗဟိန်း၊ကိုဗဆွေတို့ကို ပုလိပ်များကဖမ်းဆီးလိုက်သည်။ ကျောင်းသားခေါင်းဆောင်များဖမ်းဆီးခံရသည်ကို ကန့်ကွက်အနေဖြင့် ၁၉၃၈ ဒီဇင်ဘာလ ၂၀ရက်တွင်ကျောင်းသားများက ရန်ကုန် အတွင်းဝန်ရုံးကိုဝိုင်းကာ အာဏာဖီဆန်ဆန္ဒပြကြသည်။ ယင်းဆန္ဒပြပွဲကို ကိုလိုနီအစိုးရလက်အောက်ခံ ပုလိပ်များကအကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်ကျဆုံးပြီး ကျောင်းသားအများအပြားထိခိုက်ဒဏ်ရာရကြသည်။
ဗိုလ်အောင်ကျော်ကျဆုံးပြီးသည့်နောက်ပိုင်းတွင် ကျောင်းသားထုသည် သပိတ်တိုက်ပွဲကိုစတင်ဆင်နွှဲခဲ့ကြပြီး သပိတ်စခန်းကို ရန်ကုန်မြို့မအမျိုးသားကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
ဒီဇင်ဘာ၂၃ရက်တွင် သမဂ္ဂခေါင်းဆောင် ကိုလှရွှေက
- ဖမ်းဆီးထားသော အလုပ်သမားနှင့် ကျောင်းသားများကိုပြန်လွှတ်ရန်
- ပြည်သူကိုဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုရုတ်သိမ်းရန်
- ကျောင်းသားသပိတ်တွင်ပါဝင်နေသည့် ကျောင်းသားများကိုအရေးမယူရန် စသော တောင်းဆိုချက် ၃ရပ်ကိုချမှတ်ခဲ့သည်။
သပိတ်ကြီးကိုပြည်သူလူထုတရပ်လုံးက ဝန်းရံထောက်ခံခဲ့ပြီး ကျောင်းသားပြည်သူများပူးပေါင်းကာ ပုဒ်မ၁၄၄ကို အာဏာဖီဆန်သည့် ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်သည်။ နယ်ချဲ့လက်ဝေခံ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရကို ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။ ၁၉၃၉ ဇန်နဝါရီလ ၈ရက်တွင် ချောက်ဘီအိုစီအလုပ်သမားများ ရန်ကုန်သို့ရောက်ရှိလာပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူများ ရွှေတိဂုံကုန်းတော်အလယ်ပစ္စယံတွင် စုရုံးခဲ့ကြသည်။ ၁၉၃၉ ဖေဖော်ဝါရီ ၇ရက်မှစ၍ ကျောင်းသား ၁၀၀၀ ကျော်က အစာငတ်ခံဆန္ဒပြကြသည်။
၁၉၃၉ ဖေဖော်ဝါရီလ၁၆ရက်တွင်ဥပဒေပြုလွှတ်တော်၌ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရဖြုတ်ချခံလိုက်ရပြီး ဦးပုအစိုးရတက်လာသည်။ ဦးပု၏ အစုိးရသည် သပိတ်မှောက် အလုပ်သမား၊ ကျောင်းသားများသည် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၇ရက်တွင် နန်းရင်းဝန်ဦးပု၊ မြို့မိမြို့ဖ ဦးသွင်၊ ကျောင်းသားခေါင်းဆောင်ကိုလှရွှေတို့က ကျောင်းသားသပိတ်တွင်ပါဝင်နေသည့် ကျောင်းသားများကိုအရေးမယူရေး၊ ဖမ်းဆီးခံကျောင်းသားများကိုပြန်လွှတ်ပေးရေး၊ ဗိုလ်အောင်ကျော် ကျဆုံးသည့်ကိစ္စအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရေး စသည့် အချက် ၃ချက်ကို သဘောတူလက်မှတ်ရေးထိုးကြသည်။ ထိုနောက်ပိုင်းတွင် တတိယကျောင်းသားသပိတ်လည်း ပြီးဆုံးခဲ့သည်။
တတိယကျောင်းသားသပိတ်သည် လူထုနှင့် ကျောင်းသားထုတို့ သွေးစည်းညီညွတ်စွာဖြင့် နယ်ချဲ့စနစ်ကို ဆန့်ကျင်ခဲ့သည့်ပြယုဂ်ဖြစ်သည်။ ကျောင်းသားသပိတ်ကြောင့် လူထု၏ နိုင်ငံရေးအသိအမြင်များမှာလည်းပိုမိုနိုးကြားလာသည်။ ကျောင်းသားခေါင်းဆောင်များသည်လည်း တို့ဗမာအစည်းအရုံးဝင်များနှင့်ပူးပေါင်း၍ လုံးဝလွတ်လပ်ရေး၊ လက်နက်ကိုင်တော်လှန်ရေးအထိ ရည်မှန်းချက်များထားရှိပြီး စတင်အကောင်အထည်ဖော်လာကြသည်။
( အပိုင်း -၂ ဆက်ရန်.... )
မောင်ဘိုးရေးသားသည်။