Mechanical Engineering Students -TU,Taunggyi

Mechanical Engineering Students -TU,Taunggyi

Share

For Mechanical Students

Photos from Taunggyi Technological University Students' Union's post 02/12/2022
25/10/2022

◾ကျောင်းပြန်မလာတဲ့ကျောင်းသားတွေ

နွေအလယ်ညတွေမှာ
နေ့ဘက်ကြွေတဲ့ ကြယ်တွေအကြောင်းတွေးရင်း
အိပ်ပျက်ရတယ်
ကျောင်းတံခါးတွေဖွင့်ပေမဲ့
ထောင်တံခါးနောက်က
ကျောင်းသားတွေပြန်မလာကြသေးဘူး
အဓိပတိလမ်းမှာ ကျောင်းသားခြေရာတွေမရှိသေးဘူး
ပေတစ်ရာလမ်းပေါ်မှာ အချုပ်ကားဘီးရာတွေ
အရင်လိုကန်တင်းတွေက သီချင်းသံတွေအစား
လမ်းမထက်မှာ ကြွေးကြော်သံတွေ
အာဏာရှင်ဟာ ကျောင်းသားတွေကို
ကျောင်းဖွင့်ပြီး ချွေးသိပ်ခဲ့တယ်
ငါတို့ကျောင်းပြန်မလာခဲ့ဘူး
လမ်းပေါ်မှာ ကျကွဲသွားတဲ့ဘဝတွေကို လိုက်ကောက်တယ်
ပြိုလဲသွားတဲ့ မိသားစုတွေမှာကူရုန်းပေးကြ
တချို့ ခုံနံပါတ်တွေဟာ လမ်းပေါ်မှာကျပျောက်ခဲ့တယ်
နံရံက ကျောပိုးအိပ်လေးမှာ ကျည်ပေါက်ရာရှိသေးတယ်
ဟိုးအရင်ကပြောနေကြစကားလိုပေါ့
"ကျောင်းနံရံတစ်ဝိုက်မှာ
ဒေါင်းအလံတွေ စိုက်တဲ့တစ်နေ့
ငါတို့ပြန်လာမှာပေါ့ကွယ်"
ခုတော့ လွမ်းရစ်တော့ အဓိပတိရေ
​ကချင်လွယ်အိပ်နဲ့ အဆောင်သူရဲ့ အဝေးတစ်နေရာ
ရိုးမ တောင်တန်းတစ်နေရာ
စစ်ဖိနပ်တွေကို လှန်ပစ်ဖို့ ငါတို့ ဆူးချိုးနေတယ်
မျိုးဆက်ဟာ မျိုးဆက်ကို ရေလောင်းပေါင်းသင်ရမယ်
ကျောင်းမတက်တဲ့ ကျောင်းသားတွေအကြောင်း
တစ်ချိန်မှာ သမိုင်းကပြောလိမ့်မယ်

ရဲဘော်ဒဂုံ
#ထကြွ၊တော်လှန်ကျောင်းသားထုအားမာန်
,
,

Photos from Mechanical Engineering Students -TU,Taunggyi's post 16/12/2021

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်


How to Prepare to Get the Goal for Mechanical Major
သင်တန်းကာလ - ဒီဇင်ဘာလ (၁၈) (၁၉) (၂၅) (၂၆) ရက်နေ့ ၊ ၂၀၂၁ ခုနှစ်။
ကန့်သတ်လူဦးရေ - (၂၀၀) ဦးခန့်။
သင်တန်းအချိန် - ညနေ (၃) နာရီမှ (၅) နာရီအထိ။
သင်ကြားမည့်ပုံစံ - Zoom Application

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် မှ ပူးပေါင်းစီစဉ်ပေးခြင်းဖြစ်သည်။ ဤသင်တန်းကို နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် မှ ဦးဆောင်၍စီစဥ် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ဤသင်တန်းသည် စက်မှုအင်ဂျင်နီယာကျောင်းသား၊ သူများအတွက် လုပ်ငန်းခွင် မဝင်ခင် ကြိုတင် ပြင်ဆင်ထားရမည့် အကြောင်းအရာများ၊ သဘောတရားများ ၊ဗဟုသုတ အတွေ့အကြုံ များစွာကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းတတ်ရောက်မည့်လူများ အနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
https://forms.gle/JnyvUYbkuSYRMw3k9
ဖောင်ပိတ်မည့်ရက် - ဒီဇင်ဘာလ (၁၇) ရက်နေ့ ၊ ည (၁၁း၅၉) နာရီ ၊ ၂၀၂၁ ခုနှစ်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
ဒီဇင်ဘာလ (၁၈) ရက်နေ့မနက်တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

Course Outlines

ပြန်လည်မျှဝေမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

1. How many type of jobs can get after graduated ( For Mechanical Major )

2. Which course should be attended and prepared to get the job ( Especially For Construction )

3. What need to prepare to get the overseas jobs ( Especially For Singapore )

4. How to prepare for Interview

5. Basically M&E Systems ( Plumbing & Sanitary , ACMV )

Photos from Mechanical Engineering Students -TU,Taunggyi's post 28/11/2021

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။
AUTODESK REVIT MEP COURSE
စမည့်ရက် - ဒီဇင်ဘာလ (၉) ရက်နေ့ ၊ ၂၀၂၁ ခုနှစ်။
သင်တန်းလိုအပ်ချက် - Assignments / Tutorial များ ပြန်လည်တင်ပေးရန်လိုသည်။
သင်တန်းကာလ - ၂ လခွဲ - ၃ လ ခန့်မျှ။
သင်ကြားမည့်ပုံစံ - Facebook Close Group

ဤသင်တန်းအား နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် နှင့် M&E Hub Engineering Learning Center တို့မှ ပူးပေါင်းစီစဉ်ပေးခြင်းဖြစ်သည်။ လေ့လာရမည့် Course Video Files များအား Facebook Close Group တွင် အစဉ်မပြတ် တင်ပေးမည်ဖြစ်ပြီး Classworks နှင့် Assignments များ အားလည်း အချိန်မှီ ပြန်တင်ပေးရန်လိုသည်။ ဤသင်တန်းအား Laptop/PC မရှိသူများလည်း တတ်ရောက်နိုင်ပြီး Non-PC group အတွင်းသို့ တတ်ရောက်ကာ သင်တန်း lectures video files များအားရရှိနိုင်သော်လည်း Certificate ရရှိမည်မဟုတ်ပေ။ Laptop/PC ရှိသူများအနေဖြင့် Assignments နှင့် Tutorial များ လိုက်လံလုပ်ဆောင်မှသာ Certificate ရရှိနိုင်မည်ဖြစ်သည်။

သင်တန်းတတ်ရောက်မည့်လူများ အနေဖြင့် အောက်ဖော်ပြပါ Form တွင် ဝင်ရောက်ဖြည့်ပေးရန်လိုသည်။
https://forms.gle/sU9aNg3rYvScaVU87
ဖောင်ပိတ်မည့်ရက် - ဒီဇင်ဘာလ (၂) ရက်နေ့ ၊ ည (၁၁:၅၉) နာရီ ၊ ၂၀၂၁ ခုနှစ်။

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် Telegram channel သို့လည်း ဝင်ရောက် Subscribe လုပ်ကာ သင်တန်းသတင်းများ အချိန်နှင့် တပြေးညီရယူနိုင်သည်။
https://t.me/joinchat/gc_uCJ04B8hkMWM1

နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ရက် page
https://www.facebook.com/TUs-Mechanical-Students-Network-106271328547899/
ဒီဇင်ဘာလ (၃) ရက်နေ့တွင် ဝင်ခွင့်ရသူများအား Emails များ ပေးပို့ပေးသွားမည် ဖြစ်ပြီး Inbox mail မဝင်ပါက SPAM ထဲသို့သွားရောက် ကြည့်ပေးပါရန် အသိပေးအပ်ပါသည်။

ဝင်ခွင့်ရသူများ အနေဖြင့် မိမိသက်ဆိုင်ရာ Facebook Close Group အတွင်းသို့ ဒီဇင်ဘာလ (၇) ရက်နေ့ နောက်ဆုံးထား ဝင်ရမည် ဖြစ်ပြီး ဒီဇင်ဘာလ (၉) ရက်နေ့တွင် သင်တန်းစတင်မည်ဖြစ်သည်။

Course Outlines
သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။

1. INTRODUCTION OF BUILDING INFORMATION MODELLING
2. OVERVIEW OF REVIT MEP
3. REVIT MEP INTERFACE
4. GENERAL DRAWING & MODIFYING TOOLS
5. WORKING WITH VIEWS
6. SETTING UP REVIT MEP PROJECT
7. CREATING ANNOTATION STYLES
8. WORKING WITH SYSTEM FAMILIES
9. HANDS ON EXERCISE
10. CREATING LOADABLE FAMILIES
11. CREATING TAGS
12. CREATING SCHEDULES
13. CREATING SHEETS.

07/09/2021

⚠️⚠️⚠️အသိပေးကြေငြာချက် ⚠️⚠️⚠️
လက်ရှိသင်ကြား‌ေနသော short course နှစ်ခုဖြစ် တဲ့
AutoCAD နှင့် Solidworks Machine Design & Analysis Courses နှစ်ခု အား အချိန် အတိုင်းအတာ တခု ထိ ရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

07/09/2021

အရေးပေါ်ရှေးဦးသူနာပြုသင်တန်း(First Aid)
စက်မှုအင်ဂျင်နီယာ ကျောင်းသားများကွန်ယက်
------------------------------------------------------------

စက်မှုအင်ဂျင်နီယာကျောင်းသားများကွန်ယက်မှ ဦးစီးသော ရှေးဦးသူနာပြုသင်တန်း First Aid Training Course Batch 1 and 2 ကို အောက်ပါအစီအစဥ်အတိုင်း သင်ကြားပို့ချမည် ဖြစ်ပါ၍ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။

သင်တန်း လက်ခံမည့် ဦးရေ Batch တခုလျှင် လူဦးရေ ၃၀၀ ဖြင့် Batch 2 ခုစာ လူဦးရေ ၆၀၀ လက်ခံသွားပါမည်။

First Aid Training CourseBatch 1

သင်တန်းရက် : 10.9.2021 မှ 12.9.2021
သင်တန်းအချိန်။ : 6:00PM to 9:00PM
လက်ခံမည့်လူဦးရေ : 300
သင်ကြားမည့်ပုံစံ : Zoom Application

First Aid Training CourseBatch 2

သင်တန်းရက် : 13.9.2021 မှ 15.9.2021
သင်တန်းအချိန်။ : 9:00AM to 12:00AM
လက်ခံမည့်လူဦးရေ : 300
သင်ကြားမည့်ပုံစံ : Zoom Application

Registration Form

https://forms.gle/61SUR3iBrm4NA7Yv6

ဖောင် ပိတ်မည့်ရက် : စက်တင်ဘာလ (၉) ရက်နေ့ ၊ ည (၁၁:၅၉) နာရီ။

စက်မှုကျောင်းသားများ ကွန်ယက်မှ ဦးစီးသော short course များနှင့်ပတ်သက်သော update information များအား အောက်ပါ telegram channel မှာ သိရှိနိုင်ပါတယ်။
https://t.me/joinchat/McvjUjKo81g0ZTZl

Photos from Mechanical Engineering Students -TU,Taunggyi's post 06/09/2021

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျောင်းသား၊ကျောင်းသူ လူငယ်များ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက် ကြားကာလ ပညာရေးအစီအစဉ်အရ
အကောင်အထည်ဖော်ဆောင်သော ကာလတိုသင်ကြားရေး (Short Course) အစီအစဉ်

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ
ကာကွယ်ရေးနည်းလမ်းများနှင့် အသိပေးပန်ကြားချက်များကို တိကျစွာလိုက်နာပြီး
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါကို အနိုင်ယူပါ”

ကြားကာလပညာရေးအစီအစဉ် (Short Course for Students)
ကိုဗစ်ကူးစက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရသော ကျောင်းသူ၊ကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပပညာရှင်များဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနမှ စီစဉ်လျက်ရှိသည်။

Engineering Drawings and Building Information Modeling (BIM) Webinar
သင်တန်းရက်စွဲ
( ည ၆း၃၀ မှ ၈ နာရီ) သင်ကြားပေးမည့်အကြောင်းအရာများ
၉.၉.၂၀၂၁ (ကြာသပတေး)
Engineering Drawing အရေးပါပုံ၊ 2D, 3D Drawing များအကြောင်း နှင့်Building Information Modeling အကြောင်းမိတ်ဆက်
၁၆.၉.၂၀၂၁ (ကြာသပတေး)
Drawing များကိုစနစ်တကျဖတ်ခြင်း၊ Drawing များကိုစနစ်တကျဖန်တီးခြင်း၊ CAD နှင့် BIM အကြောင်းများအား နှိုင်းယှဉ်လေ့လာခြင်း
၂၃.၉.၂၀၂၁ (ကြာသပတေး)
Construction Lifecycle နှင့် Engineering Drawings, Engineering Drawings By BIM, Advantages of BIM

ဤသင်တန်းကို စက်မှုအင်ဂျင်နီယာကျောင်းသားများမှ ဦးဆောင်၍စီစဥ်ခြင်းဖြစ်ပါသည်။ စက်မှုအင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ ဗိသုကာဘာသာရပ် အထူးပြုကျောင်းသားများအတွက် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
သင်တန်းတက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါဖောင်တွင် မှန်ကန်စွာဖြည့်ပေးရန်လိုအပ်ပါမည်။
https://forms.gle/mRrAaZBtjDQaV7t17
ဖောင်ပိတ်မည့်ရက်။ ။ စက်တင်ဘာလ (၇)ရက်နေ့၊ ၂၀၂၁ ခုနစ် ၊ မနက် (၁၀)နာရီ။
သင်တန်းတက်ရောက်ခွင့်ရသူများအား စက်တင်ဘာလ (၇) ရက်နေ့၊နေ့လည် ၁၂ နာရီတွင် Zoom Meeting Link အား Email ပို့၍ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် Email စစ်ရာ၌ Inbox တွင်မတွေ့ပါက Spam Category တွင်ရှာပေးရန် လိုအပ်ပါမည်။

08/08/2021

July လအတွက် CDM အလှူငွေ 15000ကျပ်ရရှိပါတယ်ရှင့်
နောက်လတွေအတွက်လည်းဆက်လှူပေးပါဦးရှင့်
☺️

Photos from Ministry of Education, National Unity Government of Myanmar's post 01/08/2021

Mechanicalကျောင်းသား ကျောင်းသူများနဲ့
စိတ်ပါ ဝင်စားသူများ
ပေးထားတဲ့ Linksမှာ ဝင်ရောက် လျှောက်ထားလို့ရပါတယ်။

09/07/2021

June လအတွက် CDM အလှူငွေ56800ကျပ်ရရှိပါတယ်ရှင့်
နောက်လတွေအတွက်လည်းဆက်လှူပေးပါဦးရှင့်
☺️

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Website

Address


Taunggyi