Computer ကွန်ယက်များချိတ်ဆက်အသုံးပြုပုံ (သို.) Networking အကြောင်းသိကောင်းစရာ
----------------------------------------------------------
NETWORKING အကြောင်း
မှတ်ချက်-မူရင်းရေးသားသူကို Creditပေးပါတယ်
Network ဆိုတာ ဘာလဲ…
Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့)နှစ်လုံးနဲ့အထက်ချိတ်ဆက်ထားခြင်းကို network လို့ ခေါ်ပါတယ်..ဒီလိုချိတ်ဆက်ဖို့အတွက်ဆိုရင် transmission midia တွေဖြစ်တဲ့ network cable ကြိုးတွေ Air , switch ,hub ,Router တွေ လိုအပ်ပါတယ်..
Network အမျိုးအစား
အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါ တယ်
.LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့တစ်မြို့စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက်သွယ် နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစား ဖြစ်ပါတယ်..။
network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့လည်း ခေါ်ဆိုကြပါတယ်..။
ဘာကြောင့် network ကိုသုံးကြလဲ..
ကျနော်တို့တွေက ကွန်ပျူတာထဲမှာ ရှိတဲ့အချက်အလက်တွေ ဒေတာ တွေကို sharing လုပ်ခြင်းအတွက်အသုံးပြုရပါတယ်..ဒါအပြင် communication အတွက်အသုံးပြု ပါ တယ်…ဖိုင်တွေ ဒေတာ တွေကို မျှဝေသုံးစွဲခြင်းသာမကပဲ hardware device တွေကို ပါမျှဝေသုံးစွဲလို့ရနိုင်ပါသေးတယ်..
တခြားကွန်ပျူတာမှ sharing လုပ်ထားတဲ့ဖိုင်တွေ ဖိုဒါတွေကို floppy တွေ cd disc တွေ usb stick တွေကို မသုံးပဲ ဒေတာတွေကို လှမ်းယူသုံးစွဲနိုင်ပါတယ် hardware device တွေထဲကဆိုရင် သိသာထင်ရှား ဆုံး အချက်က printer ကို မျှဝေသုံးစွဲခြင်းဖြစ်ပါတယ်..ရုံးတစ်ခုမှာ ကွန်ပျူတာ ၅ လုံးရှိ တယ်ဆိုပါစို့..ကွန်ပျူတာ ၅ လုံးစလုံး printer ကို အတူတကွမျှဝေသုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်ကို အများကြီးသက်သာစေပါတယ်..
Topology
Topology ဆိုတာ network တည်ဆောက်တဲ့အခါ ကွန်ပျူတာတွေတစ်လုံးနဲ့တစ်လုံး group တစ်ခု နဲ့တစ်ခု ချိတ်ဆက်မှု ပုံစံတွေဖြစ်ပါတယ်..
Protocol ဆိုတာ
ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ရာမှာ ကျနော်တို့သိရမှာကတော့ Protocol တွေကို သိထားရမှာဖြစ်ပါတယ် ... အဲဒါတွေ က Physically မဟုတ်ဘဲ Logically မျှသာဖြစ်ပါတယ်။Protocol ဆိုတာကတော့ မတူညီတဲ့ File type တွေ မတူညီတဲ့OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Language ၁ မျိုးပါပဲ..
..ဥပမာ မြန်မာ ၁ ယောက် ... တရုတ် ၁ ယောက် .... ဂျပန် ၁ ယောက် လူ ၃ ယောက်၇ှိတယ် ဆိုပါစို့...။အဲ့တော့၁ ယောက်ကို ၁ ယောက်နားလည်အောင် ဘယ် Language နဲ့ပြောကြမလဲ ...?? English ပေါ့ဗျာ ... English ဟာ International Language ဖြစ်သလို ...Protocol ဟာလည်း ၁ ကမ္ဘာလုံး မှာ၇ှိတဲ့ ကွန်ပြူတာ အချင်းချင်း ဆက်သွယ်ဖို့ စက်တစ်လုံးနဲ့တစ်လုံး နားလည်ဖို့အတွက် ပေါ်ပေါက်လာတဲ့ computer Languageဘဲဖြစ်ပါတယ်….
IP Address
တစ်ကမ္ဘာလုံးမှာရှိတဲ့ Computer များအချင်းချင်း မှန်ကန်စွာ ချိတ်ဆက် အသုံးပြုနိုင်ရန် Ip addressing ကိုနားလည်ရပါမယ်.။I
IP address သည် 32 bit ရှိပြီး 8 bit အပိုင်း ၄ ခုအား Dot ဖြင့်ပိုင်းညခားထားခြင်းဖြစ်ပါတယ် ...။8 Bit အပိုင်း ၁ ခုအား individual byte (သို့) octet လို့ ခေါ်ပါတယ်...။
အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။
IP အမျိုးအစား နဲ့ဖွဲ့စည်းပုံ
IP address မှာ Public IP ရယ် Private IP ရယ်နှစ်မျိုးရှိပါတယ်
LAN Network မှာဆိုရင် Private IP တွေကို ထည့်သွင်းပါတယ် WAN Network မှာဆိုရင် Public IP တွေကို ထည့်သွင်းပါ တယ်…. IP မှာ IPV4 နဲ့ IPV6 ဆိုပြီးတော့ ရှိပါတယ်..အခုလက်ရှိအသုံးပြုနေကြတာ
IP VERSION 4 (IPV4)ဖြစ်ပါတယ် IP တစ်ခုမှာ 4 Octet ရှိပါတယ် (ဥပမာ- 192.168.1.10) octet တစ်ခုနဲ့ တစ်ခုကြား dotted decimal format စနစ်ဖြင့်အသုံးပြုပါတယ်..
192 = first Octet
168 = Second Octet
1 = Third Octet
10 = Fourth Octet
အဲဒီလို Octet 4 ခုရှိတဲ့အထဲမှာ first Octet ကိုကြည့်ခြင်းအားဖြင့် Public IP လား /Private IP လားဆိုတာကို သိနိုင်ပါတယ်…..အထက်က IP မှာဆိုရင် ပထမဆုံး Octet တစ်ခုကိုကြည့်လိုက်ရင် 172 ဆိုတာ class B အမျိုးအစားဖြစ်ပြီး private IP ဖြစ်ပါတယ်..
IP Class များ
IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့ class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)
Private IP နဲ့Public
Octet က 10 နဲ့စတာဆိုရင် private IP ပါ
Octet က 172 နဲ့စတာဆိုရင် private IP ပါ
Octet က 192 နဲ့စတာဆိုရင် private IP ပါ
Octet က 169 နဲ့စတာဆိုရင် private IP ပါ
First Octet က 127 နဲ့စတာဆိုရင် private IP ပါ (မိမိစက်ကို Localhost လုပ်တာပါ)
အဲဒီလို Private IP တွေကိုသိတယ်ဆိုရင် မိမိတို့ရဲ့LAN Network ပေါ်မူတည်ပြီး ကိုယ်သုံးချင်တဲ့ Private IP အုပ်စုကိုသုံးတာပါဘဲဗျာ အဓိက က ကိုယ်သုံးမယ့် PC အရေအတွက်နဲ့ကိုယ်ယူလိုက် တဲ့Private IP အုပ်စုက ကိုက်ညီဖို့လို တာပါ
ကိုယ့်ရဲ့LAN Network မှာ computer 254 လုံးအောက်ရှိတယ်ဆိုရင် 192 နဲ့စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့LAN Network မှာ computer 255 လုံးနှင့် အထက်ရှိတယ်ဆိုရင် 172 နဲ့စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် ကိုယ့်ရဲ့ LAN Network မှာ computer အလုံး ၆ သောင်းကျော်လောက်ရှိတယ်ဆိုရင် 10 စတဲ့ Private အုပ်စုကို ယူသင့်ပါတယ် အဲဒီတော့ Class တွေထဲက Private IP တွေကို ဆွဲထုတ်လိုက်ပြီး ကျန်တဲ့ IP တွေကတော့ Public IP တွေဖြစ်ပါတယ်…
Network cable
Ethernet Cable ကြိုးတွေကို ကြည့်လိုက်ရင် Cat 5, Cat 5e အမျိုးအစားကိုတွေ့ရမှာဖြစ်ပါတယ် ကွန်ပျူတာ lan port မှာ လာရောက်တပ်ဆင်ပေးရပါတယ် RJ 45 connector လို့ခေါ်ပါတယ်.. အခုကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ဖို့အတွက် ဒီconnector ကိုအသုံးပြုရပါတယ်
ဒါကြောင့် ဒီ cable မှာပါတဲ့ wire ကြိုးရောင်စုံ color တွေကို ဘယ်လို အနေထားနဲ့ချိတ်ဆက်မလဲ ဆိုတာ သိထားဖို့ လိုပါတယ် ဒီ cable ကို unsh*ted twisted pair(UTP) cable လို့ခေါ်ပါတယ် သူ့ မှာ wire cable 8 ခုပါပါတယ် ..half color နဲ့ full color တွေပါ၀င်ပါတယ်..
ဒီလို Ethernet cable ကို T568-A နဲ့ T568-B ဆိုပြီး သတ်မှတ်ပါတယ်..ဒါဆိုရင် T568-A ဆိုတာ.. T568-A ဆိုတာ ကြိုး အနေထား ထားသိုမှုနည်းစနစ်ဖြစ်ပါတယ်.. T568-B လည်းတူတူပါပဲ..ဒါပေမဲ့ T568-A နဲ့ T568-B တို့ဟာ lan connector အတွင်းနေရာထားသိုမှုကွာသွားပါတယ်..
Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568A က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ကြားခံ switch တို့ hub တို့နဲ့ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို့လည်းခေါ်ပါတယ်)
Lan ခေါင်း နှစ်ဖက်စလုံး (အောက်ကပုံမှာပြထားသည့်အတိုင်း)T-568B က ဘယ်မှာသုံးသလဲဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ကြားခံ switch တို့ hub တို့နဲ့ချိတ်ဆက်တဲ့အခါ အသုံးပြုပါတယ်.. (straight ချိတ်ဆက်နည်းလို့လည်းခေါ်ပါတယ်)T-568A ကိုပဲသုံးသုံး T-568B ကိုပဲသုံးသုံး ရပါတယ်..နှစ်ဖက်စလုံးတူဖို့လိုပါတယ်..
Cable တစ်ခုတည်းမှာ Lan ခေါင်း တစ်ဖက်က T-568A ဖြစ်ပြီးနောက်တစ်ဖက်က T-568B ဆိုရင် ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ကြားထဲမှာ switch တို့ hub တို့မခံပဲနဲ့ဒဲ့ချိတ်တဲ့အခါကျရင် အသုံးပြုပါတယ်(cross ချိတ်ဆက်နည်းလို့လည်းခေါ်ပါတယ်)..အောက်ကပုံအတိုင်းဖြစ်ပါတယ်
2009 ခုနှစ်လောက်ကစပြီး network card များဟာ အခုလို cable တွေကို T-568A ပဲဖြစ်ဖြစ် T-568B ပဲဖြစ်ဖြစ် ဘယ်အမျိုးစားပဲဖြစ်ဖြစ်ချိတ်ဆက်လာနိုင်ပါတယ် ဥပမာ ကွန်ပျူတာ နှစ်လုံး ဒဲ့ချိတ်ရင် အရင်ကဆို cross cable ဖြစ်အောင် လုပ်ပြီးမှ ချိတ်လို့ရပါတယ် အခုတော့အဲလိုမဟုတ်တော့ပါဘူး cross ပဲဖြစ်ဖြစ် straight ပဲဖြစ်ဖြစ် သူ့ဘာသူ အလိုအလျောက်ခွဲပေးသွားပါတယ်..
ဆွေးနွေးချက်အနှစ်ချူပ်..
၁။ Network ဆိုတာ ကွန်ပျူတာ နှစ်လုံး (သို့)နှစ်လုံးနဲ့အထက်ချိတ်ဆက်ထားခြင်းကို network လို့ ခေါ်ပါတယ်..
၂။ အဓိကအာဖြင့် network ကို LAN ,MAN ,WAN ဆိုပြီးသတ်မှတ်ပါတယ်..LAN ဆိုတာ Local Area Network ဖြစ်ပြီး အဆောက်အဦး တစ်ခုစာ အတွင်းမှာ ချိတ်ဆက် ထားတဲ့ ကွန်ပျူတာတွေ ဖြစ်ပါတယ်..LAN ဟာ Area အားဖြင့် အသေးငယ်ဆုံးသော network ဖြစ်ပါတယ်..MAN ဆိုတာ Metropolitan Area Network ဖြစ်ပြီး မြို့တစ်မြို့စာ Area အတွင်း ချိတ်ဆက်နိုင် ပါတယ်…WAN ဆိုတာ Wide Area Network ဖြစ်ပြီး ကမ္ဘာ အရပ်ရပ်ကို ဆက် သွယ်နိုင်သော network ကြီးဖြစ်ပါတယ်..WAN ဟာ Area အကျယ်ဆုံး network အမျိုးစားဖြစ်ပါတယ်.. network ပေါင်းမြောက်များစွာကိုချိတ်ဆက်ထားသည့် အတွက်ကြောင့် network of the network လို့လည်းခေါ်ဆိုကြပါတယ်..
၃။Protocol ဆိုတာကတော့ မတူညီတဲ့ File type တွေ မတူညီတဲ့OS platform တွေ , Communication Device တွေကို ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Language ၁ မျိုးပါပဲ…
၄။ IP မှာ Class 5 ခုရှိပါတယ် class A,B,C,D,E ဆိုပြီးတော့ရှိပါတယ် class D နဲ့E ကိုဒီနေရာမှာ တော့မပြောတော့ပါဘူး တစ်ကမ္ဘာလုံးမှာ အများဆုံးသုံးနေကြတဲ့ class A,B,C ကို ပဲအဓိက ပြောပါ့မယ်..
1 မှ 126 အထိက A class ပါ( First Octet ကိုပြောတာပါ)
128 မှ 191 အထိက B class ပါ ( First Octet ကိုပြောတာပါ)
192 မှ 233 အထိက C class ပါ ( First Octet ကိုပြောတာပါ)
Myanmar Engineering Community
Credit to Original
ယနေ. မျက်မှောက်ခေတ်တွင် ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက် အသုံးပြုပုံမှ ကွန်ပျူတာ လေ့လာသူ လူငယ်လူရွယ်တိုင်း မသိမဖြစ် နားလည်သင့်သော ဘာသာရပ် တစ်ခု ဖြစ်လာပါသည်။
Stand alone ကွန်ပျူတာများကို ယခင်ကအသုံးများခဲ့ရာမှ data များ၊information များကို စက် ၁ခုနှင့်၁ခု ကူးပြောင်းရာတွင် removable driver များဖြင့်သာdata များကိုသယ်ဆောင်ရရှိနိုင်ပါသည်။ ထိုကဲ့သို့ အခြေအနေမှ စက်၁ခုနှင့် ၁ခု dataများကို လွယ်ကူစွာ ရရှိစေရန် ရည်ရွယ်ပြီး ကွန်ပျူတာများကို ၁၉၈၅ခုနှစ်လောက်မှစတင်၍ ကွန်ယက်များ ချိတ်ဆက် အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။
ကွန်ယက်များ ချိတ်ဆက် အသုံးပြုပုံဟုဆိုရာတွင် ကွန်ပျူတာနှစ်လုံး (သို.) နှစ်လုံးထက်ပိုသော ကွန်ပျူတာများကို link များ ချိတ်ဆက်၍ အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ချိတ်ဆက်ရာတွင်ကြိုး (cable)များကိုသုံး၍၎၊ (telephone)ကြိုးများကိုသုံး၍၎င်း၊ (radiowaves)များကိုသုံး၍ ၎င်း၊(satellites)များကို အသုံးပြု၍၎င်း၊ချိတ်ဆက်၍ အသုံးပြု ကြခြင်းဖြစ်ပါသည်။အခြေခံအားဖြင့် ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက် အသုံးပြုပုံ အမျိုးအစား(နှစ်)မျိုးရှိပါသည်။ ၎င်းတို.မှာ -
· Local Area Network(LAN)
· Wide Area Network(WAN)
LAN ဖြင့်ချိတ်ဆက်ရာတွင် ၁မိုင်ပတ်ဝန်းကျင် အတွင်း ချိတ်ဆက်နိုင်ပါသည်။
LANဖြင့် ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်ခြင်း ဟုဆိုရာတွင် ၁မိုင်ပတ်လည်(သို.) ၎၏နှင့် တူညီသော ပမာဏအတွင်းရှိ ကွန်ပျူတာများ အချင်းချင်း ချိတ်ဆက်အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျောင်းဝင်းတစ်ခု အတွင်း(သို.)အဆောက်အဦးတစ်ခု အတွင်း(သို.)ရုံးခန်းတစ်ခု အတွင်းရှိ ကွန်ပျူတာများကို ချိတ်ဆက် အသုံးပြုခြင်းပင်ဖြစ်ပါသည်။
Wireless LAN Network ဆိုသည်မှာ-
wire ကြိုးကို အသုံးပြု ချိတ်ဆက်ထားခြင်း မရှိပဲနေရာ တစ်ခုအတွင်းရှိ computer တွေရဲ.resources တွေကိုshare လုပ်၍ ရယူ သုံးစွဲနိုင်ခြင်းပင်ဖြစ်ပါသည် ။ ကြိုးမဲ့ ကွန်ယက်(Wireless LAN)ကို ၁၉၉၉ခုနှစ် ဇွန်လတွင် IEEE က 802.11 standard အဖြစ်စံသတ်မှတ်ခ့ဲပါသည်။ 802.11 ရဲ.စံသတ်မှတ်ချက် (၄)မျိုးရှိပါတယ်။၎င်းတို.မှာ-
(1)802.11
Radio frequency လှိုင်း2.4 GHz အတွင်း phase shift keying (PSK) Modulationကိုသုံးပြီး data ကို 1Mbps ကနေ 2 Mbps ထိပို.ပေးနိုင်ပါသည်။IEEE ရဲ.မူရင်းစံသတ်မှတ်ချက်ဖြစ်ပါသည်။
(2)802.11a
data 6Mbps နှုန်း၊ 12 Mps နှုန်း၊ 24 Mbps နှုန်းန့ဲ radio လှိုင်း5ကနေ 6GHzအတွင်းမှာ မြန်တ့ဲ serial information signal တွေကို နည်းနည်းနှေးတ့ဲsignalအဖြစ်ချပြီး မတူတ့ဲ frequencyလှိုင်းတွေက တဆင့်တပြိုင်နက်တညး်ပို့လွတ်နိုင်တ့ဲ Orthogonal frequency Division Multi ple×ing(OFDM) modulation ကို သးုံ ပြီး အလုပ်လုပ်တဲ့အတွက်ကြောင့် data ကိုအမြင့်ဆုံး54 Mbps အထိ ပို့လွတ်နိုင်ပါတယ်။ 802.11a ကို WiFi 5 လို့လည်း လူသိ များပါတယ်။
(3) 802.11b
Complementary Code Keying (CCK) modulation ကို သးုံတ့ဲ 802.11bm datarate 11 Mbps ကိုလှိုင်း 2.4 GHz အတွင်းမှာပို့လွတ်ပေးပြီး Wi Fi လို့လည်းထင်ရှားပါတယ်။
(4) 802.11g
802.11 စံသတ်မှတ်ချက်ရဲ့ မူကြမ်းအဆင့်ပဲ ရှိသေးတဲ့ *02.11 ကသတ်မှတ်တဲ့အကွာအဝေးမှာ data 54 Mbps နှုန်းနဲ့လှိုင်း 2.4GHz အတွင်းပို့လွတ်ပေး နိုင်ပါတယ်။
Wide Area Network (WAN)
WAN တွင် Local area network နှစ်ခု(သို.)နှစ်ခုထက် ပို၍ ပါဝင်သည်။
WAN ဖြင့် ကွန်ပျူတာ အချင်းချင်း ချိတ်ဆက်ခြင်း ဟုဆိုရာတွင် local area network(LAN) နှစ်ခု(သို.) နှစ်ခု ထက်ပို၍ ချိတ်ဆက် နိုင်ခြင်းပင်ဖြစ်ပါသည်။ WANဖြင့် ချိတ်ဆက်ရာတွင် global အထိပါ ချိတ်ဆက်နိုင်ပါသည်။ နိုင်ငံတွင်းသာမက၊ အပြည်ပြည်ဆိုင်ရာအထိပါ ချိတ်ဆက်နိုင်ပါသည်။
ဥပမာအားဖြင့် မတူညီသော နိုင်ငံ အချင်းချင်းကို၊မတူညီသော နေရာများကို ချိတ်ဆက်၍ အသုံးပြုကြခြင်း ပင်ဖြစ်ပါသည်။
ကွန်ပျူတာ များကို ချိတ်ဆက် အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များစွာရရှိနိုင်ပါသည်။ နိုင်ငံတဝှမ်း နှင့်လည်း အချိန်နှင့် တပြေးညီ သတင်း အချက်အလက်များကိုရရှိစေနိုင်ပါသည်။ Local Area Network, Wide Area Network, Wireless Network များအကြောင်းကို အထက်တွင် ဖော်ပြထားခဲ့ပြီးဖြစ်ပါသည်။
Credit MMCert မှ ကူးယူဖော်ပြလိုက်ပါသည်။
Tech Edu
နည်းပညာများ ဝေမျှသွားပါ့မေ
03/12/2021
CMD Command များတတ်ထားသင့်တယ်.ထင်တယ်
Hacking ပိုင်းလေ့လာလိုသူများအတွက် အဓိက CMD Basic များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်... အားလုံးပဲ တနေ့ကို ၅ကြောင်းလောက်သာ မှတ်သွား၊ ၂၁ရက်ဆို အားလုံးကို အလွတ်ရပီ။ Hacking သမားများအတွက်သာမက
Technician များအတွက်ပါ အကျိုးရှိပါတယ်။
1. Accessibility Controls - access.cpl
2. Accessibility Wizard - accwiz
3. Add Hardware Wizard - hdwwiz.cpl
4. Add/Remove Programs - appwiz.cpl
5. Administrative Tools - control admintools
6. Automatic Updates - wuaucpl.cpl
7. Bluetooth Transfer Wizard - fsquirt
8. Calculator - calc
9. Certificate Manager - certmgr.msc
10. Character Map - charmap
11. Check Disk Utility - chkdsk
12. Clipboard Viewer - clipbrd
13. Command Prompt - cmd
14. Component Services - dcomcnfg
15. Computer Management - compmgmt.msc
16. Control Panel - control
17. Date and Time Properties - timedate.cpl
18. DDE Shares - ddeshare
19. Device Manager - devmgmt.msc
20. Direct X Troubleshooter - dxdiag
21. Disk Cleanup Utility - cleanmgr
22. Disk Defragment - dfrg.msc
23. Disk Management - diskmgmt.msc
24. Disk Partition Manager - diskpart
25. Display Properties - control desktop
26. Display Properties - desk.cpl
27. Dr. Watson System Troubleshooting Utility - drwtsn32
28. Driver Verifier Utility - verifier
29. Event Viewer - eventvwr.msc
30. Files and Settings Transfer Tool - migwiz
31. File Signature Verification Tool - sigverif
32. Findfast - findfast.cpl
33. Firefox - firefox
34. Folders Properties - control folders
35. Fonts - control fonts
36. Fonts Folder - fonts
37. Free Cell Card Game - freecell
38. Game Controllers - joy.cpl
39. Group Policy Editor (for xp professional) - gpedit.msc
40. Hearts Card Game - mshearts
41. Help and Support - helpctr
42. HyperTerminal - hypertrm
43. Iexpress Wizard - iexpress
44. Indexing Service - ciadv.msc
45. Internet Connection Wizard - icwconn1
46. Internet Explorer - iexplore
47. Internet Properties - inetcpl.cpl
48. Keyboard Properties - control keyboard
49. Local Security Settings - secpol.msc
50. Local Users and Groups - lusrmgr.msc
51. Logs You Out Of Windows - logoff
52. Malicious Software Removal Tool - mrt
53. Microsoft Chat - winchat
54. Microsoft Movie Maker - moviemk
55. Microsoft Paint - mspaint
56. Microsoft Syncronization Tool - mobsync
57. Minesweeper Game - winmine
58. Mouse Properties - control mouse
59. Mouse Properties - main.cpl
60. Netmeeting - conf
61. Network Connections - control netconnections
62. Network Connections - ncpa.cpl
63. Network Setup Wizard - netsetup.cpl
64. Notepad - notepad
65. Object Packager - packager
66. ODBC Data Source Administrator - odbccp32.cpl
67. On Screen Keyboard - osk
68. Outlook Express - msimn
69. Paint - pbrush
70. Password Properties - password.cpl
71. Performance Monitor - perfmon.msc
72. Performance Monitor - perfmon
73. Phone and Modem Options - telephon.cpl
74. Phone Dialer - dialer
75. Pinball Game - pinball
76. Power Configuration - powercfg.cpl
77. Printers and Faxes - control printers
78. Printers Folder - printers
79. Regional Settings - intl.cpl
80. Registry Editor - regedit
81. Registry Editor - regedit32
82. Remote Access Phonebook - rasphone
83. Remote Desktop - mstsc
84. Removable Storage - ntmsmgr.msc
85. Removable Storage Operator Requests - ntmsoprq.msc
86. Resultant Set of Policy (for xp professional) - rsop.msc
87. Scanners and Cameras - sticpl.cpl
88. Scheduled Tasks - control schedtasks
89. Security Center - wscui.cpl
90. Services - services.msc
91. Shared Folders - fsmgmt.msc
92. Shuts Down Windows - shutdown
93. Sounds and Audio - mmsys.cpl
94. Spider Solitare Card Game - spider
95. SQL Client Configuration - cliconfg
96. System Configuration Editor - sysedit
97. System Configuration Utility - msconfig
98. System Information - msinfo32
99. System Properties - sysdm.cpl
100. Task Manager - taskmgr
101. TCP Tester - tcptest
102. Telnet Client - telnet
103. User Account Management - nusrmgr.cpl
104. Utility Manager - utilman
105. Windows Address Book - wab
106. Windows Address Book Import Utility - wabmig
107. Windows Explorer - explorer
By Shivam Panchal.
Credit…Original Writer
25/01/2021
APK (application)တစ်ခုကို ကိုယ်တိုင်ပြုလုပ်နည်း page link 🔗 https://www.facebook.com/%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC-%E1%80%A1%E1%80%85%E1%80%B6%E1%80%AF%E1%80%9E%...
25/01/2021
cctv ခ်ိတ္နည္း cctv ချိတ်နည်း ကောင့်ဖွင့်နည်း ပြန်ယူနည်ျးိန်းနည်း ကောင့်ဘယ်သူတွေခိုးသုံးနေလဲ? မေ့သွားတာကိုပြ....
17/01/2021
လူတိုင်း အသုံးပြုနေတဲ့ ဒယ်နီ ၊ ဒယ်ပြာ တို့နဲ့ပက်သက်ပြီး ဗဟုသုတအနေနဲ့ သိသင့်သိထိုက်တဲ့ အခ Uncategorizedလူတိုင်း အသုံးပြုနေတဲ့ ဒယ်နီ ၊ ဒယ်ပြာ တို့နဲ့ပက်သက်ပြီး ဗဟုသုတအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်များ January 14, 2021J...
Click here to claim your Sponsored Listing.
Location
Category
Website
Address
Taunggyi