Reader Kyi

Reader Kyi

Share

Trinka Trinka Trinka Trinka Trinka
Money Money comes to me
♾️♾️♾️💵💶💷

21/03/2025

၉ စနေ
အကျိုးရှိအောင်
အဓိဌာန် ၀င်ကြပါလေ
#အရဟံသိဒ္ဓိ

19/03/2025

လာဘ်လာဘ ပေါများစေတဲ့ ဂါထာ

ဗုဒ္ဓ ဂုဏော အနန္တော။
ဓမ္မ ဂုဏော အနန္တော။
သံဃ ဂုဏော အနန္တော။
မာတာပိတု ဂုဏော အနန္တော။
အာစရိယ ဂုဏော အနန္တော။
ဗုဒ်ဓေါမေ သရဏံ အညံ နတ်တိ။
ဓမ္မောမေ သရဏံ အညံ နတ္တိ။
သံဃံမေ သရဏံ အညံ နတ်တိ။
ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ ။
ဓမ်မံ သရဏံ ဂစ်ဆာမိ ။
သံဃံ သရဏံ ဂစဆြာမိ ။
ဧသာ ဉာတ္တိ သဗ္ဗ အန္တရာယော။
ဂစ္ဆ အမုမှိ ဩကာသေ တိဌာဟိ။

(မနက် အကြိမ် ၂၀
ညနေ အကြိမ် ၂၀) ရွတ်ပါ

18/03/2025

📣📣📣

18/03/2025

သားသမီးရချင်ပါက ကတ်ကို print ထုတ် ဆောင်ပါ
Phone Wallpaper ထားပါ
Cover photo, Profile picture ထားပါ
#သားသမီးရခဲ့ပြီးလျှင်ဤကတ်ကိုစွန့်ပစ်ပါ

18/03/2025

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မြစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက္နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ္မ်က္နာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကြှနျုပျ၏ကိုယျစောင့ျနတျတို့အားလညျးကောငျး၊
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊
သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊
ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော
မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မြီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောက
လောကသုံးပါး ကိုမြီ၍ ဖြစ်ပေါ်ကြကုန်သော
အနန္တ နတ် လူ ဗြမ္မာ အနန်တသတ်တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်း သာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ်စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကြှနျုပျမှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ္တူ ထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်🙏🙏🙏

18/03/2025

ဂုဏ်တော်ကို ထုံအောင်ပွား မုချချမ်းသာမည် 📿
#အရဟံသိဒ္ဓိ

18/03/2025

မေးခွန်းတစ်ခုစီ မေးပါ
19.3.2025 အတွင်းသာ

13/08/2022

ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံဖို့ မနှမြောမိစေနဲ့

ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ခက်ခဲတဲ့ ရည်မှန်းချက်၊ Action တွေကတဆင့်၊ ကိုယ့်ကိုယ်ကို ပိုတိုးတက်လာအောင် လုပ်တာပဲ။

ဒီနေရာမှာ အသစ်‌တွေ ထပ်လေ့လာတာ၊ စာများများဖတ်တာ၊ ဘာသာစကားအသစ် သင်ယူတာ စတာတွေပါလိမ့်မယ်။

ကိုယ်ကိုယ်တိုင်မှာ ရင်းနှီးမြှုပ်နှံတာက ကိုယ်ကြိုးစားနိုင်သလောက် အနာဂတ်မှာ အကောင်းဆုံး အတိုးနှုန်း ပြန်ရတတ်သလို၊

လက်ရှိမှာလည်း တိုးတက်မှုရဲ့ ရလဒ်ကို ချက်ချင်းမြင်တွေ့နိုင်လို့ ရှေ့ဆက်ဖို့ တွန်းအားတစ်ခု ရစေတယ်။

Steve Jobs, Elon Musk, Gary Vee စတဲ့ အောင်မြင်နေသူအားလုံးက စဉ်ဆက်မပြတ် လေ့လာသူတွေပဲ။

သူတို့အားလုံးမှာ ကြီးမားတဲ့ အိပ်မက်တွေရှိတယ်။ အဲ့ဒီအိပ်မက်တွေက သူတို့ရဲ့ နယ်ပယ်မှာ အထွတ်အထိပ်ကိုရောက်ဖို့၊ သူတို့ရဲ့ အားသာချက်တွေ တည်ဆောက်ရာမှာ ရင်းနှီးမြှုပ်နှံဖို့ တွန်းပို့ပေးတယ်။

သင်ယူမှု၊ ဖန်တီးမှု၊ တိုးတက်မှုတွေက အမြင့်တစ်နေရာမှာ အနိုင်ရနိုင်မယ့် ဖော်မျူလာပဲ။

ကိုယ့်ကိုယ်ကို ရင်းနှီးမြှုပ်နှံချင်သူတွေ ပထမ ‌‌ခြေလှမ်းစတင်ရာမှာ အရေးပါတဲ့ အလေ့အကျင့် (3) ခုရှိတယ်။

(1)မပျက်ကွက်မိစေနဲ့

စိတ်ပါပါ၊ မပါပါ ကိုယ်လုပ်စရာရှိတာ လုပ်နေဖို့ အရေးကြီးတယ်။ ပျက်ကွက်နေမယ်ဆိုရင် ကိုယ်လျှောက်နေတဲ့ လမ်းမှာ မရေရာ၊ မှန်းဆမှုတွေ များလိမ့်မယ်။

နေ့စဉ် ကိုယ်နိုင်သလောက် အကောင်းဆုံး မပျက်မကွက် လုပ်သွားမှ၊ ရှေ့ဆက်မယ့်လမ်းက ပြတ်သားစေသလို၊ ပြန်လှည့်ကြည့်ရင် နောင်တရစရာတွေ နည်းလိမ့်မယ်။

(2)လက်တွေ့ ဖန်တီး၊ ကျင့်သုံးပါ

ကိုယ်သင်ယူထားတာကနေ တစ်ခုခုတော့ ဖန်တီး၊ ကျင့်သုံးနေဖို့လိုတယ်။ ကိုယ်လက်တွေ့ မသုံးနိုင်တဲ့ ပညာရပ်ကို သင်ယူရတာ တက်ကြွဖို့ မကောင်းသလို၊ မှတ်ဉာဏ်ထဲ စွဲမှာမဟုတ်ဘူး။

ဒါကြောင့် ကိုယ့်နယ်ပယ်မှာ ကိုယ့်ကို ထိပ်ဆုံးရောက်စေနိုင်မယ့် ပညာရပ်ကို သေချာရွေးဖို့လိုတယ်။ ဒီပညာရပ်က ကိုယ့်အတွက် အခုမဟုတ်လည်း၊ တစ်ချိန်မှာ အသုံးဝင်မယ်ဆိုတာ သေချာနေရမယ်။

(3)ကျောင်းသားတစ်ယောက်လို ခံယူပါ

အရေးကြီးဆုံးက ကိုယ့်ရဲ့ ပညာရေးက ကျောင်းပြီးတာနဲ့ မရပ်တန့်သွားတာကို သိမြင်ဖို့ပဲ။ ကိုယ်ဒီကမ္ဘာပေါ်က မထွက်ခွာခင်အထိ၊ ကိုယ့်ရဲ့ ပညာရေးက ရှေ့ဆက်နေမယ်လို့ နှလုံးသွင်းထားဖို့လိုတယ်။

နေ့စဉ် အနည်းဆုံး တစ်နာရီ လေ့လာတဲ့ အလေ့အကျင့်တစ်ခု တည်ဆောက်ပါ။ ကိုယ့်ကိုယ်ကို ဘဝတက္ကသိုလ်ရဲ့ ကျောင်းသားတစ်ယောက်အဖြစ် ခံယူခြင်းက၊ အရာရာကို လေ့လာလိုစိတ် မွေးဖွားပေးလိမ့်မယ်။

ရှင်သန်နေတဲ့ အချိန်ခဏမှာ ငွေကို အရေးမကြီးတာတွေမှာ သုံးမယ့်အစား၊ ကိုယ့်အတွက်ကိုယ် ရင်းနှီးတာက အဓိပ္ပာယ်ပြည့်နှက်နေတဲ့ ဘဝတစ်ခု ပိုင်ဆိုင်စေလိမ့်မယ်။ အပျော်ရွှင်ဆုံး ဘဝကို ပိုင်ဆိုင်ချင်ရင် အသေချာဆုံး နည်လမ်းက အရာရာထက် ကိုယ့်ရဲ့တိုးတက်မှုကို ဦးစားပေးဖို့လိုတယ်။

ToeTet.com
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Taunggyi