University of medicine - Taunggyi, Interim University Council

University of medicine - Taunggyi, Interim University Council

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from University of medicine - Taunggyi, Interim University Council, College & University, Taunggyi.

Against Military Dictatorship, we offer interim education program to CDM students who boycott Military-control education system, fostering future healthcare leaders committed to freedom and ethical peinciple for a federal democratic future.

Join group chat on Telegram 20/08/2024

📣ဆေးတက္ကသိုလ်တောင်ကြီး ဝင်ခွင့်လျှောက်ထားသူများသိရှိစေရန်📢

ဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက် Moodle platform ဝင်ရောက်ရန် Username & Password များ နှင့် ဖြေဆိုရမည့် Platform addressအား သြဂုတ်လ ၂၀ရက်နေ့ည၁၂နာရီ အတွင်းအပြီးပို့ထားပေးမည်ဖြစ်ပါသည်။

ဝင်ရောက်ပြီး ဖြေဆိုရမည့် ညွှန်ကြားချက်များကို ဖတ်ရှုကာ ဖြေဆိုနိုင်ပါပြီ။

English language proficiency test အား သြဂုတ်လ၂၁ရက်မှ၂၅ရက်အတွင်း ဖြေဆိုထားသော resultကိုသာ လက်ခံပါမည်။

ကျောင်းသားတစ်ယောက်လျှင် email တစ်ခုတည်းဖြင့် ဖြေဆိုမှုကိုသာ လက်ခံမည်ဖြစ်သည်။ email ၂ခုဖြင့် ၂ခါဖြေထားပါက ဝင်ခွင့်ဖြေဆိုမှု ပယ်ဖျက်မည်ဖြစ်သည်။

Myanmar exam နှင့် Basic Medical Science အား Platformတွင်ဖော်ပြထားသော သတ်မှတ်ရက်နှင့် ညွှန်ကြားချက်များအတိုင်း ဖြေဆိုရမည်။

ရေးဖြေအောင်မြင်သော ကျောင်းသားအယောက်၂၀၀ ကိုသာ လူတွေ့စစ်ဆေးခြင်း ခေါ်ဆိုပါမည်။
၂၅ရက်နေ့နောက်ပိုင်းတွင် ရေးဖြေအောင်မြင်သော ကျောင်းသား/သူများထံ လူတွေ့စစ်ဆေးခြင်းအတွက် ရက်၊ အချိန်နှင့် Zoom linkများကို email ပေးပို့ဆက်သွယ်မည်ဖြစ်သောကြောင့် မိမိတို့ email ကို Spam/Junk/Promotion/Updateများပါ လိုက်စစ်ဆေးပေးရန်လိုအပ်ပါသည်။

သိလိုသည်များကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင်မေးမြန်းနိုင်ပါသည်။
https://t.me/+BBhIcMCRshIwNWRl

t.me/Flashmeow234
t.me/umtgiiucadminteam

Join group chat on Telegram

08/07/2024

Updated information ကို အပေါ်က ပို့စ်တွင် ကြည့်ပေးပါ

ဆေးတက္ကသိုလ်တောင်ကြီးဝင်ခွင့်စားမေးပွဲဖြေဆိုသူများသိရှိရန်

-Augustလ ၁ရက်နေ့မှ ၇ရက်နေ့အထိ(ရေးဖြေ)

-English Level test(Reading &Listening)for intermediate ကိုလည်း August လ ၁ရက်နေ့မှ၇ရက်အတွင်းဖြေဆိုထားရမည်။

-July30ရက်နေ့တွင် ဝင်ရောက်ဖြေဆိုရမည့်Platformနှင့် addressကိုဖော်ပြပေးမည်။

-Augustလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ(နှုတ်ဖြေ)
***မှတ်ချက်-ရေးဖြေအောင်မြင်ထားပြီးသူများအတွက်သာ။

-ဖြေဆိုပြီးစီးပါက UMTGIမှပြန်လည်စီစစ်ပြီး ဝင်ခွင့်လက်ခံမည့်သူများစာရင်းအား MESမှတဆင့် ကြေငြာပေးမည်ဖြစ်ပြီး ထိုမှတဆင့်ကျောင်းအပ်နှံမည့်အဆင့်များဆက်လက်ပြုလုပ်ရမည်။

>>>ကြည့်ရှူလေ့လာရမည့် ဘာသာရပ်များအား UMTGI Telegram channel (https://t.me/+1VVNrJxDh6QxMTQ1) တွင်မေးမြန်းနိုင်သည်

UMTGI IUC - University of Medicine, Taunggyi 29/06/2024

၂၀၂၄ခုနှစ် ဆေးတက္ကသိုလ်တောင်ကြီးသို့ဝင်ခွင့်လျှောက်ထားသူများ သိရှိထားရမည့်အချက်များကို ဤ Websiteတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
http://umtgiiuc.org

သိလိုသည်များကို Facebook/Messenger တွင်လည်းကောင်း၊ Telegram Channel တွင်လည်းကောင်း စုံစမ်းနိုင်ပါသည်။

https://t.me/+1VVNrJxDh6QxMTQ1

https://t.me/UniversityEntranceHandbookNUGMoE

UMTGI IUC - University of Medicine, Taunggyi UMTGI IUC - University of Medicine, Taunggyi. During the Spring Revolution, for the CDM students, to not lose their right to education and continue their education, CDM teachers, CDM staff, and CDM students tried together to establish interim university councils. These efforts received official appr...

Photos from University of medicine - Taunggyi, Interim University Council's post 30/03/2024

📜အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်👇

30/03/2024

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု လုပ်ရပ်အပေါ် တိုင်
ကြား၊ စုံစမ်း၊ အကြံဉာဏ်ယူနိုင်သည့် ဝန်ဆောင်မှု စတင်ကြောင်း NUG ကြေညာ

ထားမြတ်/People’s Spring

စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် - https://t.me/nugpublicaffairsbot ကို ယနေ့ တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်ကို ပူးတွဲထုတ်ပြန်ခဲ့ရာ တယ်လီဂရမ် အကောင့်သစ်ဖွင့်နည်း၊ တယ်လီဂရမ်တင် စာပို့နည်း၊ ဖုန်းခေါ်နည်း၊ အသံဖိုင်ပို့နည်း စသည့် တယ်လီဂရမ် အသုံးပြုပုံနှင့် ဝန်ဆောင်မှု အသုံးပြုပုံတို့အား ရှင်းပြ အသိပေးထားသည်။

NUGက ကြေညာအသိပေးသည့် Telegram Channel အား လူထုနွေဦးက ဆက်သွယ်ရာအမျိုးသားညီညွတ်ရေး
အစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှု Hotline မှ ကြိုဆိုကြောင်း ဦးစွာ အသိပေးပြီး စစ်​ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်လာ၍ လိုက်ပါ လုပ်ဆောင်ရာ မိနစ် အနည်းငယ်အကြာတွင် တာ
ဝန်ယူဖြေကြားမည့်သူက ပြန်လည် ဖြေကြားရန် ဆက်သွယ်လာသည်ကို တွေ့ရသည်။

တိုင်ကြားထားလိုပါက ဆက်သွယ်နိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်သည့် Link ကိုလည်း တာဝန်ရှိသူက ပေးပို့ပေးသည်။

ပြည်သူလူထု တိုင်ကြားချက်များ ရမရ မေးမြန်းရာ အဆိုပါတာဝန်ရှိသူက “အမေးအဖြေတွေတော့ ဆက်တိုက်ရှိနေပါတယ်ဗျ” ဟု ဖြေကြားသည်။

ပြည်သူ့ရေးရာ ဝန်ဆောင်မှုကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး၊ အဆိုပါအချိန်ပြင်ပ ရောက်ရှိလာသော message များကိုမူ သတ်မှတ်ထားသောအချိန်ပြန်လည်ရောက်ရှိမှသာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုများ ပိုမိုထိရောက်အားကောင်းလာစေရန် ပြည်သူ့ရေးရာဝန်ဆောင်မှုတာဝန်ရှိသူများက အစွမ်းကုန်ကြိုးစား ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်းလည်း စာပို့ အသိပေးခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း NUGက ထုတ်ပြန်သည်။

Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ပြည်သူများ အနေဖြင့်လည်းစစ်အုပ်စုအား သက်ဆိုးရှည်စေရန် လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှတွင် ပူးပေါင်းဆောင်
ရွက်ခြင်းမပြုဘဲ NUG အပါအဝင် တိုင်းရင်းသားတော်
လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန်လည်း တိုက်တွန်းထား
သည်။

(စစ်​ကောင်စီ၏ အဓမ္မ စစ်သားစု​သစ်ဆောင်းမှု​ကြောင့် စစ်သန်တန်း​ကျောင်းသို့ ​ရောက်ရှိသွား​သောလူငယ်အချို့။
ဓါတ်ပုံ-CJ )

18/03/2024

📣📣📣
အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း ကိုရှောင်ရှားနိုင်ရန် ကူညီဆောင်ရွက်ခြင်း 🤗🤗

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်သည် အတင်းအဓမ္မ စစ်သားစုဆောင်းရန်အလို့ငှာ တရားမဝင်သောဥပဒေထုတ်ပြန်၍ လုပ်ဆောင်လာခြင်းကြောင့်
ဤတက္ကသိုလ်တွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ အခက်အခဲ ရှိလာပါက ကျောင်းကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲပြီး လွတ်မြောက်‌နယ်မြေများသို့ ခိုလှုံရန်ပို့ဆောင်ခြင်း၊ 🧚‍♀️🧚‍♂️
လွတ်မြောက်နယ်မြေများတွင် တော်လှန်ရေးအတွက် အလုပ်ကျွေးပြုပြီး နေထိုင်ခြင်းများကို ကူညီဆောင်ရွက်ပေးနေပါသည်။ 👩‍💻

အခက်အခဲရှိသော ကျောင်းသူကျောင်းသားများသည် ဆေးတက္ကသိုလ်တောင်ကြီး ကြားကာလတက္ကသိုလ်ကောင်စီ သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ (telegram channel link in comment) (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရ၏ “အကြမ်းဖက်စစ်တပ်၏အဓမ္မစစ်သားစုဆောင်းမှုဆန့်ကျင်ရေးကော်မတီ” သို့ ဆက်သွယ်၍ဖြစ်စေ အကူအညီတောင်းခံနိုင်ပါသည်။
💡💡💡

20/02/2024

📣📣📣 ​ဆေးတက္ကသိုလ်​တောင်ကြီး ကြားကာလသင်ကြား​ရေး​ကောင်စီက ဖွင့်လှစ်​သော ၂၀၂၄ ပညာသင်နှစ် Foundation Year မှ Final Part-1အထိ သင်တန်းများကို တက်​ရောက်ရန် စာရင်း​ပေးထားကြ​သော ​ကျောင်းသူ ​ကျောင်းသားများအား စိစစ်၍ အ​ကြောင်းကြားစာများကို အီးမေးလ် မှတဆင့် စတင်ပို့​နေပြီ​ဖြစ်ပါသည်။ ထို့​ကြောင့် မိမိတို့၏ အီးမေးလ်များကို ​သေချာစွာစစ်​ဆေး​ပေးကြပါရန် နှိုးဆော်ပါသည်။ 📢

❗️Moodle account နှင့် password များကို အသုံးပြု၍ moodle platform သို့ဝင်​ရောက်ပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ကြိုတင်လေ့လာကြည့်ရှုနိုင်ပါပြီ။

🤯 အခက်အခဲတစုံတရာဖြစ်ပေါ်ပါက page messengerမှဖြစ်စေ၊ Telegram channel (t.me/umtgiiuc) မှဖြစ်စေ မေးမြန်းနိုင်ပါသည်။

👉 2nd MB နှင့် Final Part-1 (PSM) ကို မတ်လ ပထမအပတ် မှ စတင်၍လည်းကောင်း၊
3rd MB ကို မတ်လ တတိယအပတ် မှစတင်၍ လည်းကောင်း၊
Foundation year Semester-1 သင်ခန်းစာများကို မတ်လအတွင်းတွင် လည်းကောင်း(အချိန်ပြန်လည်ကြေငြာပါမည်) Week1 အဖြစ်စတင်သတ်မှတ်ပါမည်။

📌 သို့သော် ထိုသင်တန်းများမတိုင်ခင် UMTGI ကျောင်းသူကျောင်းသားတိုင်း TCCC(Tactical Combat Casualty Care) သင်တန်းကိုမဖြစ်မနေတက်ရောက်ရန် လိုပါသည်။၂ပတ်သင်တန်းဖြစ်ပြီး ၁၉/၂/၂၀၂၄တွင် ဖွင့်လှစ်ထားကာ စတင်လေ့လာနိုင်ပြီဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် Completion Test ဖြေဆိုရမည်ဖြစ်ပြီး Certificate of completion ကိုပေးအပ်သွားပါမည်။ ယခုကာလအတွက် ကျောင်းသားလူငယ်တိုင်း မဖြစ်မနေသိသင့်သော သင်တန်းဖြစ်သည့်အတွက် သေချာစွာ ကြိုးစားလေ့လာအားထုတ်ကြရန် တိုက်တွန်းလိုက်ပါသည်။ 🤗🤗🤗

စာကြွင်း ... ဤသင်တန်းများကို မတက်ရောက်သော်လည်း UMTGI စီဒီအမ်ကျောင်းသားတိုင်းဖြည့်ရမည့် အောက်ပါဖောင်ကို မဖြည့်သွင်းရသေးလျှင် ဖြည့်ပေးကြပါရန် အသိပေးအပ်ပါသည်။ 👇

https://forms.gle/hB1Fe8Hc59WBw1xM9

📍📍📍
Online campus မှာ တက်မယ်စာရင်းပေးထားသူတွေ email ရောက်မရောက်စစ်ပေးကြပါ
Inbox မှာမတွေ့ရင်
Spam/Junk/Promotion/Updates တွေမှာပါ စစ်ပေးပါ

26/01/2024

For all UMTGI CDM students, 📢📢📢

ဆေးတက္ကသိုလ်တောင်ကြီး စီဒီအမ်လှုပ်ရှားမှုတွင် ပါဝင်ကြသော ကျောင်းသားများနှင့် ကျောင်းပြန်တက်သွားသော နန်းစီဒီအမ် ကျောင်းသားများကို တော်လှန်ရေး ပထမနှစ်များတုန်းက ကွဲကွဲပြားပြားသိရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စာရင်းမှားယွင်းနိုင်သည့်အတွက် အတိအကျသိရှိနိုင်ရန် ပြန်လည်ကောက်ခံလိုပါသည်။

ကောက်ခံရရှိသော သတင်းအချက်အလက်များ လုံးဝပေါက်ကြားမှုမရှိစေရန် တာဝန်ယူပါသည်။ 👍👍👍

စာရင်းမဖြည့်သွင်းထားသော ကျောင်းသားများသည် စကစ ကျောင်းပြန်တက်နေပြီဟု သဘောရသည့်အတွက် နန်းစီဒီအမ်အဖြစ်စာရင်းမှတ်ထားပါမည်။ 🤔

ထိုကြောင့် မိမိနှင့်နီးစပ်ရာ UMTGI CDM ကျောင်းသားများအား ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံပါသည်။📣

📋 ဖောင်ဖြည့်ရန် 👇👇👇
https://forms.gle/F5czM8hv85wgtgsq5

ဤဖောင်တွင် အတန်းသစ် တက်ရောက်ရန် တခါတည်း စာရင်းပေးနိုင်ပါသည်။
IUC ပညာရေးအဖွဲ့က စိစစ်ပြီးလျှင် အတန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များ၊ Online campus တွင်မည်သို့လေ့လာရမည် စသည့် ညွှန်ကြားချက်များ နှင့် Moodle account များကို အီးမေး ပေးပို့ ဆက်သွယ်ပါမည်။

ပုံ
ဆေးတက္ကသိုလ် တောင်ကြီး၊ ယာယီတက္ကသိုလ်ကောင်စီ
University of Medicine (Taunggyi), Interim University Council

23/12/2023

📢Supple ကျောင်းသားများ စာမေးပွဲရက် ကြေငြာခြင်း📢

👉 2nd MB (Anatomy, Physiology, Biochemistry) နှင့်
3rd MB (Pharmacology, Pathology) ဘာသာရပ် များ၏ Supple ကျောင်းသားများသည် ၂၀၂၄ ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် စာမေးပွဲ ကျင်းပမည်ဖြစ်ပါ၍ 👈

အကြောင်းအမျိုးမျိုးကြောင့် Supple အတန်းတက်လက်စနှင့် ရပ်နားခဲ့သူများ၊ မတက်ရသေးသူများ၊ စာမေးပွဲဖြေရန်ကျန်နေသူများ အားလုံးသည် ကြားကာလတက္ကသိုလ်ကောင်စီ (UMTGI IUC) နှင့် လာရောက်ဆက်သွယ်၍ ယခုကျင်းပမည့် စာမေးပွဲကို ဖြေဆိုကြရန် တိုက်တွန်းပါသည်။ 📢

🕹️ 🏬 ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ဆေးတက္ကသိုလ်တောင်ကြီး၏ ၂၀၂၄ပညာသင်နှစ် အစအဖြစ် သတ်မှတ်၍ ဘွဲ့ကြို (ပုံမှန်) အတန်းစုံကို သက်ဆိုင်ရာ လအလိုက် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသောကြောင့် လက်ကျန် Supple ကျောင်းသားများအား ၂၀၂၄ ဇန်နဝါရီလတွင် စာမေးပွဲ ကျင်းပသွားပါမည်။

📌သိုဖြစ်ပါ၍ ယခုကြေငြာသည်မှစပြီး ၂၀၂၃ ဒီဇင်ဘာလ နောက်ဆုံးအပတ်နှင့် ၂၀၂၄ ဇန်နဝါရီလ ပထမသုံးပတ်အတွင်း အမြန်ဆုံး စာရင်းပေးသွင်းကာ သင်ခန်းစာများကို လေ့လာနိုင်ကြပါပြီ။

📕စာရင်းသွင်းရန် 📜📃
https://forms.gle/vLp3fEtLxNYiocUV6

📞 ဆက်သွယ်ရန် 📬
ယခု page Messenger💌
(သို့မဟုတ်)
Telegram Channel ... https://t.me/umtgiiuc📩

14/07/2023

Point-of-Care Ultrasound (POCUS) Course for Undergrade students and junior doctors

ဆေးတက္ကသိုလ် တောင်ကြီး ယာယီတက္ကသိုလ်ကောင်စီ University of Medicine - Taunggyi, Interim University Council နှင့် Yangon Medical Network တိုပူးပေါင်း၍ Point-of-Care Ultrasound (POCUS) Course သင်တန်း ဖွင့်လှစ်သင်ကြားသွားရန်ရှိပါသည်။ ဤ Course သည် ဆေးတက္ကသိုလ်များမှ 3rd MB, Final Part I, Final Part 2 M.B., B.S. ကျောင်းသားကျောင်းသူများ၊ 2020 House Surgeon Internship ပြီးစီးထားသူဆရာဝန်သစ်လွင်များနှင့် တော်လှန်ရေးအတွင်း ရှေ့တန်းဒေသများတွင် Frontline ကူညီလျှက်ရှိသော ဆေးကျောင်းသားဆေးကျောင်းသူဆရာဝန်များအတွက် အဓိကရည်ရွယ်ပါသည်။

ဤ Course ကို Batch အလိုက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး Batch တစ်ခုစီတွင် တက်ရောက်သူ ဦးရေ (၃၀) ကန့်သတ်ထားပါသည်။
ယခု ပထမ Batch အတွက် Registration ကို 21th July 2023 အထိ လက်ခံမည်ဖြစ်ပြီး 24th July 2023 တွင် Course ကို စတင်သွားမည်ဖြစ်သည်။

Course အားတက်ရောက်နိုင်ရန် အောက်ပါ linkမှ တဆင့်စာရင်းပေးသွင်းနိုင်ပါရန်

https://forms.gle/4VMAxh7VDWbYFU6t6

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Address


Taunggyi
06017