"ရင်သွေးလေးအတွက် အကောင်းဆုံး အနာဂတ်လက်ဆောင်ပေးနိုင်ခဲ့တဲ့ မေမေ့ရဲ့ ပီတိစကားသံများ"🧡🧡
Shichida မှာ တက်ရောက်ပြီး ၂ နှစ်အကြာမှာ IQ/ EQ ပိုင်းတွေ အဘက်ဘက်ကပြောင်းလဲပြီး Result တွေတိုးတက်လာပုံကို ပြန်လည်မျှ၀ေပေးသွားတဲ့ မေမေ့ရဲ့စကားသံလေးကိုဖော်ပြလိုက်ပါတယ် ..🥰
Shichida အနေနဲ့လည်း မေမေတို့နဲ့အတူ ရင်သွေးလေးတို့ရဲ့ ဘ၀အစအကောင်းဆုံးသင်ယူမှုဖြစ်ဖို့ အတူတကွပျိုးထောင်ခွင့်ရလို့လည်း အထူးပဲကျေးဇူးတင်ဝမ်းမြောက်မိပါတယ်နော် .. 🤗
အတန်းများနဲ့ပတ်သတ်ပြီး အသေးစိတ်ထပ်မံသိလိုတယ်ဆိုရင်
ကျောင်းကို 𝐒𝐜𝐡𝐨𝐨𝐥 𝐕𝐢𝐬𝐢𝐭 လာရောက်လေ့လာဖို့လည်း ဖိတ်ခေါ်ပါတယ်နော် ..
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကျောင်းခွဲ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 များကတဆင့်ဖြစ်စေ၊
ကျောင်း 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐕𝐢𝐛𝐞𝐫 𝐍𝐮𝐦𝐛𝐞𝐫 များမှဖြစ်စေ မေးမြန်းလို့ရပါတယ် ..🧡🧡
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢
📱MOBILE: 09 899 978 985, 09 899 978 986
🗺️ Number 105, Nyaung Shwe Haw Kone Ward, Bo Gyoke Aung San Road, Taunggyi, Myanmar
🕕 Available Date & Time: Tuesday to Saturday (9AM - 5PM)
Google Map - Shichida Taunggyi 📍https://maps.app.goo.gl/n7Ya7hFRCwRZ8qJ68
Shichida Taunggyi
Official FB Page of Shichida Taunggyi,
Whole Brain Development School.
10/05/2026
🧡 ရင်သွေးလေးတွေကို ၉ လလွယ် ၁၀ လဖွားပေးခဲ့ကြတဲ့မိခင်များ..
🧡 ကိုယ်တိုင်၀မ်းနဲ့လွယ်မမွေးခဲ့ပေမယ့်လည်း 'မိခင်' ဆိုတဲ့ မေတ္တာကဏ္ဍကနေ ပျိုးထောင်ပြီးနွေးထွေးစွာ ပါဝင်ပေးဆပ်နေကြသူများ .. အားလုံးကို 𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲! မှာ ကျေးဇူးတင်ဂုဏ်ပြုပါရစေနော် .. 🤗🤗
မိခင်မေတ္တာဟာ သားသားမီးမီးလေးတွေ ကြီးပြင်းလာဖို့အတွက် မမြင်ရတဲ့ ခွန်အားဖြစ်သလို၊ မေမေတို့ရဲ့စိတ်ရှည်မှုဟာလည်း သူတို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် နူးညံ့တဲ့ လက်တစ်စုံပဲဖြစ်ပါတယ် ..
ကမ္ဘာပေါ်မှာ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ပညာရေးရှိပါစေ မိခင်တစ်ယောက်ရဲ့ နေ့စဉ်မပြတ် ပေးဆပ်နေတဲ့ မေတ္တာတရားကိုတော့ ဘယ်အရာနဲ့မှ အစားထိုးလို့မရပါဘူး .. 🥰
သားသားမီးမီးလေးတွေကို ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်နိုင်ဖို့အတွက်
မေတ္တာ၊ ခွန်အား၊ ကျန်းမာခြင်းတွေနဲ့ အစဉ်အမြဲ ပြည့်စုံကြပါစေကြောင်း မိခင်တစ်ယောက်ချင်းစီကို Shichida Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရစေနော် .. 🧡🧡
အသိအမှတ်ပြုချီးကျူးပေးမှုသေးသေးလေးတိုင်းဟာ ကလေးတစ်ယောက်ရဲ့ဘ၀ကို ဘယ်လောက်ထိ တိုးတက်ပြောင်းလဲသွားစေနိုင်လဲ သိပါသလား ? 🧡🧡
လက်ခံ၊ ချီးကျူး၊ မေတ္တာပွား - 𝐋𝐨𝐯𝐞, 𝐏𝐫𝐚𝐢𝐬𝐞, 𝐀𝐜𝐜𝐞𝐩𝐭 ဆိုတဲ့ 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ရဲ့ 𝐏𝐚𝐫𝐞𝐧𝐭𝐢𝐧𝐠 ဆောင်ပုဒ်လေးအတိုင်း မိဘတွေအနေနဲ့ ကလေးတွေကိုမှန်ကန်စွာ ဘယ်လိုချီးကျူးပေးမလဲ၊ အခက်အခဲတွေကို အရှုံးမပေးတတ်ပဲ အမြဲကြိုးစားနေချင်တဲ့ကလေးလေးဖြစ်အောင် ဘယ်လိုလေးပျိုးထောင်ပေးမလဲဆိုတာကို တီချယ်က အကြံပြုပေးထားပါတယ်နော် 🥰
"Love - ကလေးတွေကို မှန်ကန်စွာဘယ်လိုချစ်ပြမလဲ" အကြံပြုချက်လေးတွေကိုလည်း ဒီ Video Link မှာ ကြည့်ရှုနိုင်ပါတယ်ရှင် 👉 https://www.facebook.com/reel/26125363890428252
02/05/2026
ကလေးအများစု အမှုမဲ့ အမှတ်မဲ့ ထိုင်ဖြစ်ကြတဲ့ 𝐖 𝐬𝐢𝐭𝐭𝐢𝐧𝐠 ရဲ့ 🚨𝐒𝐢𝐝𝐞 𝐄𝐟𝐟𝐞𝐜𝐭𝐬 များ
ကလေးငယ်လေးတွေရဲ့ ကြီးထွားမှုဖြစ်စဉ်ဟာ မတူညီတဲ့ နှုန်းထားလေးတွေ ကိုယ်စီ ရှိကြပါတယ်။
▪ ပုံမှန်ဖွံ့ဖြိုးတဲ့ ကလေးငယ်လေးတွေဟာ ၃ လ အရွယ်မှာ ခေါင်းလေးတွေ ထောင်နိုင်လာပါတယ်။
▪ ၆ လအရွယ်မှာတော့ ခန္ဓာကိုယ်ကို ထောက်မတ်ပြီး ထိုင်နိုင်လာတယ်။
▪ ၂ နှစ်မတိုင်ခင်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးကို balanced စဖြစ်စေပြီး လမ်းလျှောက်တတ်လာကြပါတယ်။
▪ အသက် ၅ နှစ်လောက်ရောက်ပြီဆိုရင်တော့ ခြေထောက်တစ်ဖက်ထဲပေါ်မှာ ၁၀ စက္ကန့်လောက် ရပ်နိုင်လာကြပါတယ်။
ဖွံ့ဖြိုးမှုနှေးကွေးတဲ့ ကလေးငယ်လေးတွေမှာတော့ ဒီလိုအချက်လေးတွေ ပြတတ်ကြပါတယ်။
▪ ခြေထောက်တွေ ယိုင်နဲ့နဲ့ ဖြစ်နေတာ၊ ခြေထောက်တွေ လက်တွေ တောင့်တောင့်ကြီး ဖြစ်နေတာ၊
▪ ခြေလက်တွေ ကောင်းကောင်းမလှုပ်ရှားနိုင်တာ၊
▪ အသက် ၉ လ ပြည့်သည့်တိုင်အောင် အကူအညီမပါပဲ မထိုင်နိုင်တာ၊
▪ လိုအပ်လို့လှုပ်ရှားနေရတာ မဟုတ်ပဲ ရည်ရွယ်ချက်မရှိ လှုပ်ရှားမိနေတာ၊
▪ တစ်နှစ်ကျော်တဲ့အရွယ်ထိကို ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို မထိန်းနိုင်သေးတာတွေပဲ ဖြစ်ပါတယ်။
အဲ့ဒီလို နှေးကွေးနေတာ၊ နှေးကွေးသွားတာတွေရဲ့အကြောင်းအရင်းဟာ မိဘတွေ သတိမထားမိကြတဲ့ ကလေးငယ်လေးတွေရဲ့ ပြုမူလှုပ်ရှားနေမှုပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ အထူးသဖြင့်တော့ အောက်ခြေမခိုင်လို့ လမ်းလျှောက်တဲ့နေရာမှာ ပြဿနာဖြစ်နေကြတဲ့ ကလေးငယ်လေးတွေဟာ W sitting ဆိုတဲ့ ဖားထိုင် ထိုင်နည်းလေးတွေကြောင့် အဖြစ်များကြပါတယ်။
ဒီလို ထိုင်နည်းလေးတွေဟာ များသောအားဖြင့် ၃ နှစ်အရွယ်ကလေးတွေမှာ အဖြစ်များပါတယ်။
အဲ့လိုထိုင်ကြခြင်းကလည်း သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထောင်မတ်နေဖို့အတွက် အောက်ခံအားကို ကျယ်ဖြန့်ပြီး ဟန်ချက်ယူလိုက်တာပါ။ ဒါမှ သူတို့ လက်ကလေးတွေ နဲ့ ခန္ဓာကိုယ်ဟာ လိုအပ်သလိုလှုပ်ရမ်းဖို့ အဆင်ပြေနေသလို ဒီထိုင်နည်းလေးက သူတို့အတွက် အများကြီး သက်တောင့်သက်သာ ဖြစ်လာစေပါတယ်။
အဲ့လို ထိုင်ကြခြင်းဟာ ပုံမှန်အားဖြင့် ကလေးငယ်လေးတွေရဲ့ယျေဘူယ ဖွံ့ဖြိုးမှုအပေါ်လိုက်ပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲ့လို ထိုင်ကြတဲ့အခါ သူတို့လေးတွေဟာ ကစားတဲ့အခါနဲ့ တစ်ခုခုလုပ်ဆောင်ကြတဲ့အခါမှာ အခြေခံအားဖြင့်ပိုပြီး အထောက်အကူဖြစ်စေပါတယ်။ ဘာကြောင့်အဲ့လို ထင်ရသလဲဆိုတော့ အဲ့ဒီအရွယ်လေးမှာ သူတို့ဟာ ထိုင်တဲ့အခါ အပေါ်ကို ဖြောင့်တန်းနေစေဖို့ အဓိက ကြွက်သားတွေကို သုံးစရာမလိုသေးတဲ့ အရွယ်လေးတွေ ဖြစ်နေလို့ပါ။
အဲ့လို အဆင်ပြေသလို ထိုင်နေတာလေးတွေက ခဏတဖြုတ်မဟုတ်ပဲ အမြဲထိုင်ဖြစ်နေတယ် ဆိုရင်တော့ ဒါဟာ မိဘတွေအနေနဲ့ သတိထားစရာ အခြေအနေဖြစ်လာပါပြီ။
🚨 W Sitting ထိုင်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ရှိလာနိုင်မလဲ? 🚨
(၁) ခြေထောက်တစ်ခုလုံးရဲ့ အရိုးတွေဟာ အဲ့လိုထိုင်နေရင် အလုပ်မလုပ်တဲ့အတွက်ကြောင့် ကြွက်သားတွေ အားနည်းလာမယ်။
(၂) မကြာခဏ လဲကျမယ်။
(၃) ပုံပန်းသဏာန်လဲ ချွတ်ယွင်းလာမယ်။
(၄) အာရုံကြောတွေ အားနည်းလာမယ်။ ပင်မကျောရိုးအားရုံကြောမကြီးက အလုပ်ကောင်းမလုပ်ပေးနိုင်တော့တဲ့အတွက် Motor Skills တစ်ခုလုံးကလဲ ဖွံ့ဖြိုးမှု နှေးကွေးလာမယ်။
(၅) တင်ပဆုံပိုင်းဆိုင်ရာ ပြဿနာလေးတွေ ရှိလာမယ်။
(၆) ဖနောင့်ကြောအရွတ်တွေလဲ ထိခိုက်လာနိုင်တာတွေ ရှိလာပါမယ်။
အဲ့လိုမျိုး ပြဿနာလေးတွေ ကြုံလာနိုင်တဲ့အတွက်ကြောင့် ကလေးလေးတွေ W sitting ထိုင်နေတာမျိုးတွေ့ရင် မိဘတွေအနေနဲ့ လျင်မြန်စွာ တားဆီးပြုပြင်ပေးဖို့ လိုပါတယ်။
မြင်နေရတဲ့ အချိန်မှာ ချက်ချင်း ကောက်ပြင်ပေးလိုက်မှာထက်စာရင် ဘယ်လို ပုံစံလေး ထိုင်လို့ရတယ် ဆိုတာလေးကိုလည်း တွဲပြီး သင်ပြပေးသွားလို့ရပါတယ်။
🔸 Criss-cross sitting ခေါ် ခြေချင်းကြက်ခြေခတ် ထိုင်နည်း၊
🔸 Tailor-sitting ခေါ် ခြေထောက် နှစ်ဖက်လုံးကို ကွေးပြီး ခြေချောင်းလေးတွေ ထိထားတဲ့ ထိုင်နည်း၊
🔸 Side-sitting ခေါ် ခြေထောက် နှစ်ချောင်းလုံး ခန္ဓာကိုယ်ရဲ့ တစ်ဖက်ထဲ ထားတဲ့ထိုင်နည်း၊
🔸 Long-sitting ခေါ် ခြေထောက်နှစ်ချောင်းလုံးရှေ့ကို ဆန့်ထိုင်တဲ့ ထိုင်နည်းနဲ့
🔸 Kneeling ခေါ် ဒူးထောက် ထိုင်နည်းလေးတွေကို ပြင်ပေးရင်း သင်ပေးလို့ရပါတယ်။
ကလေးငယ်လေးတွေရဲ့ ပြီးပြည့်စွာ လူလားမြောက်လာတဲ့ ဘဝကို မိဘတွေအနေနဲ့ဂုဏ်ယူ ပျော်ရွှင်စွာ၊ အပူအပင်ကင်းစွာ တွေ့မြင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနဲ့ အုပ်ထိန်းသူတို့အတွက် အကျိုးရှိစေမယ့်စာလေးဖြစ်မယ်လို့မျှော်လင့်ပါတယ်နော် .. 🤗🧡
29/04/2026
ဧပြီလ ၃၀ ရက် (ကြာသပတေး) နှင့် မေလ ၁ ရက် (သောကြာ) နေ့များသည် ကဆုန်လပြည့်နေ့ ၊ အလုပ်သမားနေ့ Public Holiday များဖြစ်ပါသဖြင့် Shichida Myanmar ကျောင်းများ ပိတ်မည်ဖြစ်ပြီး မေလ ၂ ရက် (စနေနေ့) တွင်တော့ ပုံမှန်အတိုင်း ကျောင်းများ ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ် .. 🤗🤗
၆ လကနေ ၆ နှစ်ခွဲအထိ 𝐆𝐨𝐥𝐝𝐞𝐧 𝐏𝐞𝐫𝐢𝐨𝐝 ကာလမှာ 𝐋𝐞𝐟𝐭 𝐁𝐫𝐚𝐢𝐧/ 𝐑𝐢𝐠𝐡𝐭 𝐁𝐫𝐚𝐢𝐧 မျှတစွာဖွံ့ဖြိုး တိုးတက်လာဖို့ ..
𝐋𝐢𝐟𝐞𝐥𝐨𝐧𝐠 𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠 အနေနဲ့ အကျိုးရှိစေမယ့် 𝐄𝐚𝐫𝐥𝐲 𝐂𝐡𝐢𝐥𝐝𝐡𝐨𝐨𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကို ဘေဘီလေးအတွက် 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 နဲ့အတူပူးပေါင်းပျိုးထောင်ခဲ့တဲ့ မေမေဒေါ်လေးလေးမြင့်ရဲ့စေတနာနဲ့ အကြံပြုစကားသံများ ..🧡🧡
=======
ကိုယ့်ရင်သွေးလေးရဲ့ အစောပိုင်းဖွံ့ဖြိုးမှုကာလတွေမှာ အရည်အသွေးအမြင့်ဆုံးပညာရေးနဲ့စတင်ပျိုးထောင်လိုတယ်ဆိုရင်တော့ 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 နဲ့အတူလက်တွဲလိုက်ပါနော်..
𝐖𝐡𝐨𝐥𝐞 𝐁𝐫𝐚𝐢𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတန်းများကို အသက် ၆ လမှ ၆ နှစ်ခွဲအထိလက်ခံပြီး အသေးစိတ်အတွက် ကျောင်းကိုလာရောက်လေ့လာဖို့လည်းဖိတ်ခေါ်အပ်ပါတယ် ..🤗🤗
========
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢
📱MOBILE: 09 899 978 985, 09 899 978 986
🗺️ Number 105, Nyaung Shwe Haw Kone Ward, Bo Gyoke Aung San Road, Taunggyi, Myanmar
🕕 Available Date & Time: Tuesday to Saturday (9AM - 5PM)
Google Map - Shichida Taunggyi 📍https://maps.app.goo.gl/n7Ya7hFRCwRZ8qJ68
❝အသက် ၃ နှစ်ကျော်မှာ သမီးလေးရဲ့ တိုးတက်မှုတွေကို မျက်မြင်တွေ့ခဲ့ရတယ်❞
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 မှာ ၆ လအရွယ်ကတည်းက အချိန်ယူပျိုးထောင်ခဲ့တဲ့အကျိုးဆက်တွေက 𝐍𝐮𝐫𝐬𝐞𝐫𝐲 ကျောင်းထားတဲ့အခါမှာလည်း အခက်အခဲမရှိပဲ သင်ယူမှုတွေမှာ အထောက်အကူတွေဖြစ်ခဲ့ကြောင်းကို သမီးလေး 𝐊𝐚𝐲 𝐓𝐡𝐚𝐫𝐢 𝐇𝐭𝐮𝐧 ရဲ့ မေမေ 𝐃𝐚𝐰 𝐋𝐚𝐲 𝐋𝐚𝐲 𝐌𝐲𝐢𝐧𝐭 က ပြန်လည်မျှ၀ေပေးထားတာဖြစ်ပါတယ် ..🧡🧡
=======
ကိုယ့်ရင်သွေးလေးရဲ့ အစောပိုင်းဖွံ့ဖြိုးမှုကာလတွေမှာ အရည်အသွေးအမြင့်ဆုံးပညာရေးနဲ့စတင်ပျိုးထောင်လိုတယ်ဆိုရင်တော့ 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 နဲ့အတူလက်တွဲလိုက်ပါနော်.. 𝐖𝐡𝐨𝐥𝐞 𝐁𝐫𝐚𝐢𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတန်းများကို အသက် ၆ လမှ ၆ နှစ်ခွဲအထိလက်ခံပြီး အသေးစိတ်အတွက် ကျောင်းကိုလာရောက်လေ့လာဖို့လည်းဖိတ်ခေါ်ပါတယ်နော် ..🤗🤗
========
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰
📱MOBILE: 09 409 566 600, 09 409 566 611
🗺️Number 3175, Corner of Mandalay Road & Khatta (14) Street, Yadana Theikdi Quarter, Ottara Thiri Township, Nay Pyi Taw, Myanmar
🕕Available Date & Time: Tuesday to Saturday (9AM - 5PM)
Google Map - Shichida Naypyitaw 📍https://maps.app.goo.gl/5Cg29Tyf9jGKb4xU9
အသက် ၆ လကတည်းက 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 မှာတက်ရောက်ခဲ့တဲ့ သမီးလေးရဲ့ အစောပိုင်းတိုးတက်မှုတွေက ဘာတွေဖြစ်မလဲ ?
အသက် ၃ နှစ် ၃ လအရွယ် 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ကျောင်းသူသမီးလေး 𝐊𝐚𝐲 𝐓𝐡𝐚𝐫𝐢 𝐇𝐭𝐮𝐧 ရဲ့မေမေ
𝐃𝐚𝐰 𝐋𝐚𝐲 𝐋𝐚𝐲 𝐌𝐲𝐢𝐧𝐭 က သမီးလေးကျောင်းတက်ရောက်ခဲ့တဲ့ ၆ လအရွယ်အစောပိုင်းတွေမှာ 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐤𝐢𝐥𝐥𝐬 တိုးတက်မှုလေးတွေကို မျှ၀ေပေးထားတာဖြစ်ပါတယ် .. 🥰🥰
----------
ကိုယ့်ရင်သွေးလေးရဲ့ အစောပိုင်းဖွံ့ဖြိုးမှုကာလတွေမှာ အရည်အသွေးအမြင့်ဆုံးပညာရေးနဲ့စတင်ပျိုးထောင်လိုတယ်ဆိုရင်တော့ .. 𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 ရဲ့ 𝐖𝐡𝐨𝐥𝐞 𝐁𝐫𝐚𝐢𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတန်းများကို အသက် ၆ လမှ ၆ နှစ်ခွဲအထိလက်ခံပြီး အသေးစိတ်အတွက် ကျောင်းကိုလာရောက်လေ့လာဖို့လည်းဖိတ်ခေါ်ပါတယ်နော် ..🤗🤗
𝐒𝐡𝐢𝐜𝐡𝐢𝐝𝐚 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢
📱MOBILE: 09 899 978 985, 09 899 978 986
🗺️ Number 105, Nyaung Shwe Haw Kone Ward, Bo Gyoke Aung San Road, Taunggyi, Myanmar
🕕 Available Date & Time: Tuesday to Saturday (9AM - 5PM)
Google Map - Shichida Taunggyi 📍https://maps.app.goo.gl/n7Ya7hFRCwRZ8qJ68
16/04/2026
မြန်မာနှစ်ကူးချိန်ခါမှစလို့ အညစ်အကြေးအဟောင်းတွေကို အတာရေနဲ့သန့်စင်ပြီးနောက် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေနော် .. 🥰🧡
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Number 105, Nyaung Shwe Haw Kone Ward, Bo Gyoke Aung San Road
Taunggyi
06011
Opening Hours
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |