31/12/2023
Mass worksheets for kids
Flash cards & Worksheets များအား လွတ်လပ်စွာ ကူးယူအသုံးပြုနိုင်သည်...🌻
31/12/2023
Mass worksheets for kids
12/08/2023
Animals Coloring pages for kids
14/07/2023
Vegetables and Fruits
Coloring worksheets for kids
14/07/2023
Dot to Dot worksheets
Coloring printable
၁။ CPD ဆိုတာဘာလဲ။
CPD ဆိုတာ Continuous Professional Development စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါ။
၂။ CPD နဲ့စပ်လျဉ်းတဲ့ အတွေ့အကြုံ ရှိပါသလား။
ရှိပါတယ်။ ကျောင်းတွေမှာ ဆောင်ရွက်နေတဲ့ ဘာသာရပ်အဖွဲ့ဆွေးနွေးပွဲတွေ workshop တွေနဲ့ သဘောတရား အတူတူပါပဲ။
၃။ CPD ရဲ့ အဓိကပစ်မှတ်ကဘာလဲ။
သင်ရိုးသစ်အရ သင်ကြားရေးဖြစ်စဉ်တွေ
မှာ မရှိမဖြစ် မပါမဖြစ် သတ်မှတ်ထားတဲ့ သင်ကြားနည်းအဆင့်ဆင့် ( ITPR ) နဲ့သင်ရပါမယ်။
I-Introduction သင်ခန်းစာမိတ်ဆက်ပါ။စနစ်ဟောင်းကလို သင်ခန်းစာ ခေါင်းစဉ်မပြောခင် သင်ယူမှုရလဒ်တွေကို အရင်ဆုံးပြောပြရတာဟာ စနစ်သစ်ရဲ့သင်ကြားမှုစနစ် အပြောင်းအလဲပါ။
T -Teaching
သင်ကြားရာမှာလည်းကျောင်းသားဗဟိုပြုဖြစ်ပြီး pair work, group work နဲ့ project တွေလုပ်ပြီးသင်ရပါမယ်။
P -Practice
လေ့ကျင့်ခြင်းနဲ့
R-Review
ပြန်လည်သုံးသပ်ခြင်းတို့ပါ။
အချုပ်ပြောရရင် စာသင်ခန်းဟာ သက်ဝင်နေပြီး သင်တဲ့ဆရာ လျှာထွက်မယ့်စနစ်ဖြစ်ပေမယ့် ကျောင်းသားတွေအတွက်တော့ ရလဒ်ကောင်းတွေရမှာမို့ ဝမ်းသာစရာပါ။
၃။ စနစ်သစ်သင်ရိုးညွှန်းတမ်းကနေ ဘယ်လို ရလဒ်တွေရမှာလဲ။
21st century skills နဲ့ soft skills လို့ခေါ်တဲ့ 5C ရမှာပါ။
5Cs ဆိုတာ
1 C-Collabration အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု
2 C-Communication အများနဲ့ဆက်သွယ်ဆောင်ရွက်နိုင်မှု
3 C-Critical thinking & Problem solving လေးနက်စွာ ဆန်းစစ်ဝေဖန်နိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု
4 C-Creativity & Innovation တီထွင်ဖန်တီးနိုင်မှု နဲ့ ဆန်းသစ်နိုင်မှု
5 C-Citizenship နိုင်ငံကြီးသားပီသမှု တို့ပဲဖြစ်ပါတယ်။
ချိတ်ဆက်ရမယ့် 21st Century Skills, Soft Skills ( 5 C ) များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ပါပဲ။
၄။ CPD အစီအစဉ် ကျင်းပဖို့ စီစဉ်ပြင်ဆင်ရမယ့်သူက ဘယ်သူပါလဲ။
ကျောင်းအုပ်များပါ။ ဒါကြောင့် ထက်အုပ် လယ်အုပ် မူအုပ်များ အားလုံး CPD အစီအစဉ်ကို လေ့လာသိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
၅။ CPD အစီအစဉ်မှာ တက်ရောက်ရမယ့်သူတွေက ဘယ်သူတွေပါလဲ။
ကျောင်းရှိ လယ်ပြများအားလုံး ထက်ပြများအားလုံးပါ။ ဖြစ်နိုင်ရင် မူလတန်းပြများပါ ထည့်သွင်းနိုင်ပါတယ်။
၆။ CPD အစီအစဉ်မှာ ဦးဆောင်ဆွေးနွေးရမယ့်သူက ဘယ်သူပါလဲ။
ဘာသာရပ်ခေါင်းဆောင် ဘာသာရပ်မှူးများ ဖြစ်ပါတယ်။
၇။ CPD အစီအစဉ်ကိုဘယ်အချိန်ကျင်းပကြမလဲ။
တစ်လတစ်ကြိမ်ပါ။ ပထမအကြိမ်ကို ကျောင်းဖွင့်ပြီး ဇူလိုင်လဆန်းမှာ စတင်ကျင်းပကြရပါလိမ့်မယ်။ ကျင်းပချိန်က ကျောင်းချိန်တွင်းဖြစ်စေ ကျောင်းချိန်ပြင်ပဖြစ်စေ ကျောင်းပိတ်ရက်ဖြစ်စေ မိမိကျောင်းအလိုက် အဆင်ပြေသလို ကျင်းပနိုင်ပါတယ်။ မိနစ် ၉၀ လို့ သတ်မှတ်ထားပေမယ့် ပိုနိုင်ပါတယ် လျော့နိုင်ပါတယ်။
၈။ CPD ကို ဘယ်လိုခွဲခြားထားပါလဲ။
မော်ဂျူး (၈) ခု ခွဲခြားထားပါတယ်။ မော်ဂျူးတစ်ခုစီကို ခေါင်းစဉ်တစ်ခု ကွဲပြားစွာရှိပါတယ်။ မော်ဂျူးတိုင်းမှာ အစပျိုးခြင်း ချိတ်ဆက်သင်ကြားခြင်း စီစဉ်သင်ကြားခြင်း ပြန်လှန်သုံးသပ်စဉ်းစားဆင်ခြင်ခြင်း ဆိုပြီး အပိုင်းလေးပိုင်းကို အဆင့်ဆင့် ကျင်းပဆောင်ရွက်သွားရပါမယ်။ တစ်လမှာ မော်ဂျူးတစ်ခုကို အဓိကထား ခေါင်းစဉ်တင်ဆွေးနွေးသွားရမှာဖြစ်ပြီး မော်ဂျူး (၈) ခု အစဉ်လိုက်သွားရင် ရှစ်ကြိမ်ကျင်းပရပါလိမ့်မယ်။
(၉) CPD ကို ဘယ်လိုကျင်းပမှာလဲ။
ကျောင်းအလိုက် မတူညီနိုင်ပါဘူး။ ဆရာများတဲ့ကျောင်း ဆရာနည်းတဲ့ကျောင်း ကွဲပြားပါမယ်။
တစ်ဘာသာချင်းကျင်းပနိုင်သလို ဘာသာစုံစုပေါင်းကျင်းပနိုင်ပါတယ်။
အကျိုးရှိရှိ ကျင်းပဖြစ်ဖို့သာ အဓိကကျပါတယ်။
(၁၀) CPD က အရေးပါသလား။
သင်ကြားရေးအတွေ့အကြုံနည်းသော သင်ကြားမှုအရည်အချင်းအားနည်းသော ဆရာဆရာမများကို လက်တွဲခေါ်ယူဖို့ ထိရောက်သော သင်ကြားသင်ယူမှုတွေအတွက် CPD က အရေးပါအရာရောက်သွားမှာပါ။ CPD အစီအစဉ်ကျင်းပတိုင်းမှာ မှတ်တမ်းများထားရှိရမှာဖြစ်ပြီး လိုအပ်တဲ့ ပုံစံများကို ထပ်မံညွှန်ကြားသွားမယ် သိရပါတယ်။ CPD မှတ်တမ်းများက စစ်ဆေးရေးအဖွဲ့လာရောက်ချိန် ပြဖို့မဟုတ် For Show မဟုတ် မိမိကျောင်းအတွက် သင်ရိုးသစ်အတွက် မဖြစ်မနေ ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်း မှတ်တမ်းတစ်ခုသာ ဖြစ်သွားသင့်ပါတယ်။
Aung Aung (Education)🙏🙏🙏
09/07/2023
ကလေးငယ်တို့ ဝေါဟာရကြွယ်ဖို့ သင်ကြားနည်း ငါးသွယ်❤❤❤
ဘာသာစကားအသစ်တစ်ခုကို ကောင်းစွာ ကျွမ်းကျင်တတ်မြောက်စေဖို့ရာ vocabulary ဆိုတဲ့ ဝေါဟာရတွေဟာ အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးတွေကို ဝေါဟာရအသစ်တွေ သင်ရတာဟာ သူတို့အတွက် ပျင်းစရာ၊ ခက်ခဲတဲ့အရာ ဖြစ်နေတတ်ပါတယ်။
ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဝေါဟာရအသစ်တွေ မှတ်သား အသုံးချခြင်းကို ကလေးငယ်တွေ ဘယ်လိုလုပ်ဆောင်ကြသလဲ စတဲ့ အချက်တွေကို အဖြေရှာရင်း စာသင်ခန်းထဲမှာ စကားလုံးအသစ်တွေ သင်ကြားတဲ့အခါ ပျော်စရာကောင်းရုံသာမက မှတ်မိနေစေမဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်လေးတွေကို လေ့လာကြပါစို့။
(၁) ဝေါဟာရအသစ်ကို မိတ်ဆက်ခြင်း
ကလေးငယ်လေးတွေရဲ့ သိမှုစွမ်းရည်ဟာ ဖွံ့ဖြိုးဆဲအဆင့်မှာပဲ ရှိသေးတယ်ဆိုတာကို ကျွန်မတို့ သိထားဖို့လိုပါတယ်။ ဒီအခြေအနေမှာ ကျွန်မတို့ရဲ့ သင်ကြားမှုဟာ သူတို့ရဲ့ ဘာသာစကားကို နားလည်မှု၊ ဆင်ခြင်သုံးသပ်နိုင်မှုနဲ့ ပြန်လည်ပြောဆိုနိုင်မှု စွမ်းရည်တွေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ကလေးငယ်တွေအတွက် လွယ်ကူစေတဲ့ နေ့စဉ်သုံးစကားလုံးတွေနဲ့ ဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်တွေကို ဆက်စပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြု သင်ကြားပေးသင့်ပါတယ်။
စကားလုံးအသစ်တွေကို မိတ်ဆက်ပေးဖို့ နည်းလမ်းအချို့ကတော့ အရာဝတ္ထုတွေ၊ အရုပ်လေးတွေ၊ စက္ကူချပ်အရုပ်တွေကို အသုံးပြုခြင်း၊ ကိုယ်အမူအယာကို အသုံးပြုခြင်းနဲ့ ပုံစံတူ လိုက်လုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သိမှုစွမ်းရည် တိုးတက်လာတဲ့အခါမှာတော့ အဓိပ္ပာယ်ကိုခန့်မှန်းစေခြင်း၊ စကားလုံးဖွဲ့စည်းပုံကို သတိထားမိစေခြင်းနဲ့ ပုံစံတူစကားလုံးတွေကြား ချိတ်ဆက်မှုတွေကို သင်ကြားပေးခြင်း စတာတွေကို အသုံးပြုနိုင်ပါတယ်။
(၂) ရုပ်ပုံနှင့် Flashcards များ အသုံးပြုခြင်း
ကလေးငယ်တွေရဲ့ ဘာသာစကားသင်ယူမှုစွမ်းရည်ကို အရောင်အသွေး စုံလင်လှပတဲ့ ရုပ်ပုံလေးတွေ အသုံးပြုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်။ ရုပ်ပုံလေးတွေနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးစေခြင်းဟာ သင်ယူလိုစိတ်ကိုတက်ကြွစေပြီး သင်ယူရမယ့်အကြောင်းအရာကို စိတ်ဝင်စားလာစေပါတယ်။
Flashcard လေးတွေကို တစ်ခုချင်း ပြပါ။ ကလေးငယ်တွေကို ပုံနဲ့ စာလုံးလေးတွေ တွဲပြီး မှတ်သားစေပါ။ ပြီးရင် ကလေးငယ်လေးတွေကို ပုံကိုကြည့်ပြီး စာလုံးကို ဖြေဆိုစေပါ။ ဒီနည်းလမ်းနဲ့ ကလေးငယ်တွေ ဝေါဟာရကြွယ်ဝဖို့နဲ့ မှတ်ဉာဏ်ကောင်းမွန်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။
နောက်နည်းလမ်းတစ်မျိုးကတော့ ပုံဖြုတ်ကစားနည်းပါ။ Flashcards လေးတွေကို သင်ပုန်းမှာ ကပ်ထားပါ။ ကလေးငယ်တွေကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ဆရာ/ဆရာမက ဆိုလိုက်တဲ့ စာလုံးရဲ့ Flashcard ကို အပြိုင်အဆိုင် ဖြုတ်စေပါ။ ဒီနည်းလမ်းနဲ့လည်း ဝေါဟာရတွေကို မှတ်သားလိုစိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။
(၃) စာလုံးပေါင်း လေ့ကျင့်ခြင်း
စာလုံးပေါင်းအမှန်ကို သတိထားပြီး မှန်ကန်စွာပေါင်းတတ်စေခြင်းဟာလည်း စာတတ်မြောက်မှုအတွက် အထူးအရေးကြီးပါတယ်။ ဥပမာ စာလုံးရဲ့ ပထမအပိုင်းကို ပြထားပြီး ဒုတိယအပိုင်းကို ပေးထားတဲ့ text box ထဲကနေ ရွေးချယ်စေတာမျိုးဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းမျိုးကို ပိုမိုခက်ခဲအောင် စာလုံးတွေရောနှောပေးထားတာမျိုး၊ ပိုမိုလွယ်ကူအောင် ရုပ်ပုံလေးတွေပေးထားတာမျိုးနဲ့ ပြောင်းလဲလေ့ကျင့်စေနိုင်ပါတယ်။
(၄) အသံထွက်ကို စွဲမြဲအောင် လေ့ကျင့်ခြင်း
စာကားလုံးကို တိုင်ပေးပြီး လိုက်ဆိုစေတဲ့စနစ်ဟာ အသံထွက်နဲ့ အသံအနိမ့်အမြင့် မှန်ကန်ဖို့ အထောက်အကူပြုရုံသာမက ကိုယ်တိုင် စကားပြောဆိုဖို့ရာ ယုံကြည်မှုလဲ ရှိလာစေပါတယ်။ စာဆိုတဲ့နေရာမှာ ပျော်စရာကောင်းအောင်နဲ့ လူတိုင်းလိုက်ဆိုရဲအောင် တိုးတိုးဆိုလိုက် ကျယ်ကျယ်ဆိုလိုက် ဆိုစေပါ။ မိမိကိုယ်ကို ယုံကြည်မှုနည်းသေးတဲ့ ကလေးငယ်တွေက တိုးတိုးလေး လိုက်ဆိုရင်း တစ်ဖြည်းဖြည်း ယုံကြည်မှု တိုးတက်လာနိုင်မှာဖြစ်ပါတယ်။
(၅) ထပ်တလဲလဲ ပြန်နွှေးပေးခြင်း
အသုံးမပြုတာကြာရင် သင်ပြီးသားစကားလုံးတွေကို မေ့သွားတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို နည်းအမျိုးမျိုးနဲ့ သင်ပြီးသားစကားလုံးလေးတွေ မကြာခဏ ပြန်နွှေးပေးဖို့ လိုအပ်ပါတယ်။ ဒီနည်းအားဖြင့် ကလေးငယ်တွေရဲ့ မှတ်ဉာဏ်ကို လှုံ့ဆော်ပေးရုံသာမက စကားလုံးတွေကြား ဆက်စပ်မှုအသစ်တွေ လုပ်ဆောင်နိုင်ဖို့လည်း ကူညီပေးပါတယ်။ လေ့ကျင့်ခန်းမေးခွန်းတွေ၊ ပြန်လှန်လေ့ကျင့်မှုတွေနဲ့ ကစားနည်းတွေကို အသုံးပြုပြီး နားလည်တတ်မြောက်မှု တိုးတက်စေနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကလေးငယ်လေးတွေ ဝေါဟာရကြွယ်ဝစေဖို့ စိတ်ဝင်စားစရာ နည်းလမ်းတချို့ကို သိရှိသွားကြမယ်လို့ ထင်ပါတယ်။ အချို့နည်းလမ်းလေးတွေဟာ စာသင်ခန်းထဲမှာသာမက အိမ်မှာပါသင်ယူလို့ရတာကြောင့် သားသားမီးမီးတို့ကို ကိုယ်တိုင် လေ့ကျင့်ပေးလိုတဲ့
ဖေဖေမေမေတို့အတွက်လည်း အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖေဖေမေမေတို့ရဲ့ သားသမီးရတနာလေးများအားလုံး ဝေါဟာရကြွယ်ဝပြီး ဘာသာစကားပေါင်းများစွာ ကျွမ်းကျင်တဲ့ ထူးချွန်သူလေးတွေ ဖြစ်ကြဖို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင်။
မေတ္တာဖြင့်
ရေးသားသူ - Tr.Lana
Ref : 5 FUN Vocabulary Ideas For Young Learners | Cambridge English
ကလေးကို မနာလိုစိတ်ကင်းအောင် ပျိုးထောင်ပါ💕🙏💕
ရှင်သန်လာတဲ့တစ်လျှောက်မှာ
မနာလိုစိတ်ရှိတဲ့သူတွေက
ကြောက်စရာအကောင်းဆုံးပဲ😱
မုန်းတယ် ဆိုတဲ့ခံစားချက်ထက်
မနာလိုစိတ်က ပိုပူလောင်ပြီး
တစ်ပါးသူ ပျက်စီးရာပျက်စီးကြောင်းပဲ ဖြစ်စေချင်တယ်😔
မနာလိုစိတ်သည် အားကျရာကနေ
သိမ်ငယ်စိတ်၊ အငုံစိတ်ဝင်လာရင် ဖြစ်တတ်ပါတယ်😢
သူတစ်ပါးအဆင်မပြေချိန် ဝမ်းသာနေရင် မနာလိုစိတ် ကြီးမားနေလို့ပါပဲ😞
ကျွန်တော် တို့ Generation မှာ
ကလေးတွေကို အငုံစိတ် မနာလိုမှု သိမ်ငယ်စိတ်တွေ မရှိအောင် ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်တတ်အောင်မွေးမြူပျိုးထောင်ပေးရမယ်😘❤
ဒါမှ ပိုလှတဲ့နိုင်ငံ အသိုင်းအဝိုင်းဖြစ်လာမယ်😍
မနာလိုစိတ်ရှိသူက အမြဲ သူတစ်ပါးကို ချိုးနှိမ်အောင်ပြောပြီး သူကပဲ အကောင်းဆုံးလို့ ဟန်ဆောင်တတ်ကြတယ်😱😢
ဘာကြောင့်လဲဆိုတော့ စိတ်မလုံခြုံနေတာမို့😞
သူများကိုကြည့် အားကျတယ်😔
သူများလို လိုက်မလုပ်နိုင်တော့ ဒေါသထွက်ရတယ်😢
ပြီးရင် အပြစ်တင်ဝေဖန်တိုက်ခိုက်တယ်😞
ဒါ့ကြောင့် ရောင့်ရဲတတ်တဲ့ စိတ်နဲ့
အရှိကို အရှိအတိုင်းလက်ခံတတ်အောင် သင်ပေးရမယ်🙏
မနာလိုမှုရှိရင် သေသည်အထိ ပူလောင်ပြီး စိတ် မငြိမ်းချမ်းနိုင်ဘူး😱😢
လူတွေမှာ မနာလိုစိတ်အားကြီးလာရင် ပျက်စီးတတ်တယ်😢
မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်တယ်😔
အကြွေစေ့တွေက အသံကျယ်တယ်😱
သို့ဖြစ်ပါသောကြောင့် မိမိကလေးတွေကို မနာလိုစိတ် ကင်းအောင် သတိတရားနဲ့ ပြုစုပျိုးထောင်ကြပါ💕🙏💕
မိမိကလေးက အဖက်ဖက်က ပြည့်စုံနေရင် အကောင်းမွန်ဆုံး လက်ဆောင်တခုပေါ့😍❤😍
🙏
ကောင်းကင်ထက်က ကြယ်စင် {kalay}