မဟာသမာဓိ သာမဏေကျော်စာသင်တိုက်

  • Home
  • Myanmar
  • Taunggyi
  • မဟာသမာဓိ သာမဏေကျော်စာသင်တိုက်

မဟာသမာဓိ သာမဏေကျော်စာသင်တိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မဟာသမာဓိ သာမဏေကျော်စာသင်တိုက်, School, Taunggyi.

ဆရာကြီး ဒေါ်ဣန္ဒစာရီ၏ မွေး‌နေ့ကုသိုလ် ...................ယနေ့ သီလဂုဏ်ရည်ကျောင်းတိုက်မှ ဆရာကြီး ဒေါ်ဣန္ဒစာရီ၏ (၅၄)နှစ်ပြည...
30/03/2025

ဆရာကြီး ဒေါ်ဣန္ဒစာရီ၏
မွေး‌နေ့ကုသိုလ် .....
..............

ယနေ့ သီလဂုဏ်ရည်ကျောင်းတိုက်မှ
ဆရာကြီး ဒေါ်ဣန္ဒစာရီ၏
(၅၄)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ်
ကျောင်းတိုက်ရှိ သံဃာတော်တို့အား
အရုဏ်ဆွမ်း နေ့ဆွမ်းတို့ကို
ပရိယတ္တိသာသနာနုဂ္ဂဟကုသိုလ်အဖြစ်
သဒ္ဓါကြည်ဖြူ ဆက်ကက်လှူဒါန်းပါသည်။

ဤကောင်းမှု့ကြောင့်
မွေးနေ့ရှင်ဆရာကြီး အသက်ထက်ဆုံးကျန်းမာ ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒမျာပြည့်ပါစေ

ပရိယတ္တိသာသနာတော်ကိုလည်း ဒိထက်မက
ထမ်းရွက်သယ်ပိုးနိုင်ပါစေ

အစစအရာရာ အဆင်ပြေ၍ သူတော်ကောင်းတို့နှင့်သာ ထာဝစဉ်ဆုံဆည်းရပါစေ

မွေးနေ့ကုသိုလ် ...............မော်လမြိုင်မြို့နေ မိခင်ကြီးဒေါ်ခင်ခင်စိန်၏ အသက်(၈၀)ပြည့်မွေးနေ့သိုလ်အဖြစ် သမီးဖြစ်သူ ဒေါ်...
27/03/2025

မွေးနေ့ကုသိုလ် ...............

မော်လမြိုင်မြို့နေ
မိခင်ကြီးဒေါ်ခင်ခင်စိန်၏
အသက်(၈၀)ပြည့်မွေးနေ့သိုလ်အဖြစ်
သမီးဖြစ်သူ ဒေါ်ဝင်းမိုမိုဆိုင်းမှ
‌ကျောင်းအတွက် လိုအပ်ရာအသုံးပြုနိုင်ရန်
နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်ကို
ပရိယတ္တိသာသနာနုဂ္ဂဟကုသိုလ် အဖြစ်
သဒ္ဓါကြည်ဖြူ လှူဒါန်းဆက်ကပ်ပါသည်။

ဤ‌သို့သော ကာလဒါနကောင်းမှူကြောင့်
မွေးနေ့ရှင် မိခင်ကြီး ဒေါ်ခင်ခင်စိန်သည်
ကျရောက်ဆဲ ကျရောက်လတ္တံဖြစ်သော
ကိုယ်တွင်းကိုယ်ပ ဘေးရန်အပေါင်း
ရောဂါအပေါင်းတို့မှ ကင်းရှင်းလွတ်မြောက်ပါစေ

ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍
‌ကောင်းကျိုး လိုရာဆန္ဒပြည့်ဝပါစေ

ကောင်းမြတ်သောအိပ်မက်တို့ကို မြင်မက်ရ၍
ခလုတ်မထိ ဆူးမငြိဘဲ သာယာသော လမ်းတို့ကို
လျှောက်လမ်းနိုင်ပါစေ

ဆင်းရဲခပ်သိမ်းတို့မှ လွတ်မြောက်ရာ မြတ်နိဗ္ဗာန်၏
အားကောင်းသော အထောက်အပံ့ဖြစ်ပါစေ

နေ့ဆွမ်းအလှူရှင်.............ယနေ့ အရှင်သုဝရဉာဏ (အထက်မင်းလှ)မှကွယ်လွန်ပြီးဖြစ်သော သူငယ်ချင်းဖြစ်သူအားရည်စူး၍ ထောက်တည်အားထ...
25/03/2025

နေ့ဆွမ်းအလှူရှင်.............

ယနေ့ အရှင်သုဝရဉာဏ (အထက်မင်းလှ)မှ
ကွယ်လွန်ပြီးဖြစ်သော သူငယ်ချင်းဖြစ်သူအား
ရည်စူး၍ ထောက်တည်အားထားရာ ကုသိုလ်ဖြစ်ပါစေရန်အလို့ငှါ
ကျောင်းတိုက်ရှိ သီတင်းသုံးဖော်တို့အား
နေ့ဆွမ်းအလှူကို ဆက်ကပ်လှူဒါန်းသည်ပါသည်။
ဤကောင်းမှု၏ အဖို့ဘာဂကို
ဘဝတစ်ပါးမှ သူငယ်ချင်းဖြစ်သူ ကြားနိုင်ပါစေ
သိနိုင်ပါစေ သာဓု ၃ ကြိမ်ခေါ်ဆိုနိုင်ပါစေ

အမျှရ၍ နတ်၌ဖြစ်သော အစားအစာ
အဝတ်တန်ဆာနှင့် ဘုံဗိမာန်တို့ကိုလည်း
ရရှိ၍ ခံစားစံစားနိုင်ပါစေ

ဘက်စုံသုံးရန်အတွက် နဝကမ္မ ၃ သိန်းကျပ် အလှူရှင်.........................ဆရာလေး မယုဝတီ တောင်ကြီးမြို့ ပဒုမ္မာစာရီ ပအိုဝ် သ...
03/03/2025

ဘက်စုံသုံးရန်အတွက်
နဝကမ္မ ၃ သိန်းကျပ် အလှူရှင်.........................

ဆရာလေး မယုဝတီ
တောင်ကြီးမြို့ ပဒုမ္မာစာရီ ပအိုဝ် သီလရှင်
စာသင်တိုက်မှ
ကျောင်းတိုက်၏ လိုရာသုံးအတွက်နဝကမ္မဝတ္ထုငွေ
သုံးသိန်းကျပ်ကို ပရိယတ္တိပူဇာအနေဖြင့်
ပညာပါရမီ ဖြစ်စေရန် ထောက်ပံ့လှူဒါန်းပါသည်။

ဤကောင်းမှူကြောင့် ဆရာလေး မယုဝတီ
ကြုံဆုံသမျှသော လောကဓံ အကောင်းအဆိုးမှန်သမျှ ကို တည်ငြိမ်ရင့်ကျက်စွာဖြင့် ကျော်ဖြတ်နိုင်ပါစေ။

ဘဝဆက်တိုင်း မရှိ ဟူသောစကားကို
မကြားရ မသိရသော ပုဂ္ဂိုလ်ဖြစ်ပါစေ

ဆင်းရဲခပ်သိမ်းတို့မှ လွတ်မြောက်နိုင်သော
အသိဉာဏ်ကိုလည်း အမြန်ဆုံး ရရှိပါစေ

ကိုရင်များအတွက် လစဉ် ၈ သောင်းကျပ် အာစိဏ္ဏကံ ကုသိုလ်ရှင် ..................ဆရာလေး ဒေါ်မေဓာနန္ဒီ (ရန်ကုန်မြို့၊‌ဒေါ်ဉာဏစာရ...
02/03/2025

ကိုရင်များအတွက်
လစဉ် ၈ သောင်းကျပ် အာစိဏ္ဏကံ ကုသိုလ်ရှင် ..................

ဆရာလေး ဒေါ်မေဓာနန္ဒီ
(ရန်ကုန်မြို့၊‌ဒေါ်ဉာဏစာရီသမိဒ္ဒေါဒယသီလရှင်စာသင်တိုက်)
ကိုရင်များအတွက် လစဉ် ၈၀၀၀၀
(ရှစ်သောင်း)ကျပ်ကို

အာစိဏ္ဏကံ ကုသိုလ်အဖြစ်
ပုံမှန်ထောက်ပံ့လှူဒါန်းပါသည်။

ဤကောင်းမှုကြောင့် ဆရာလေး ဒေါ်မေဓာနန္ဒီသည်
ယခုဘဝရော နောင်ဘဝဆက်ဆက်တိုင်
ဘေးရန်ကင်းသိမ်း ကင်းငြိမ်းပါစေ
ရောဂါခပ်သိမ်း ကင်းငြိမ်းပါစေ
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေ
ဉာဏ်ပညာထက်မြတ်သော တိဟိတ်ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ် ဖြစ်ပါစေ။

မွေးနေ့  အရုဏ်ဆွမ်း+ နေ့ဆွမ်းနှင့် ပညာရေး အလှူတော် ............... အရှင်ဇယဒိသာလင်္ကာရာဘိဝံသ (သ-စ-သ-အ ဓမ္မာစရိယ) စည်ရှင်က...
23/02/2025

မွေးနေ့ အရုဏ်ဆွမ်း+ နေ့ဆွမ်းနှင့်
ပညာရေး အလှူတော် ...............

အရှင်ဇယဒိသာလင်္ကာရာဘိဝံသ
(သ-စ-သ-အ ဓမ္မာစရိယ)
စည်ရှင်ကျောင်းမှ

(၃၅)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ်
အရုဏ်ဆွမ်း နှင့် နေ့ဆွမ်းတို့ကို
မွန်မွန်မြတ်မြတ် လှူဒါန်းဆက်ကပ်လှူဒါန်းပါသည်။

ဤကောင်းမှုကြောင့်လည်းကောင်း

ကျောင်းတိုက်၏ ပညာရေးအတွက်
တစ်သိန်းကျပ်ကိုလည်းကောင်း

ဆရာတော်အတွက် ငါး‌သောင်းကျပ်တို့ကို လည်းကောင်း

စုစုပေါင်း ၄သိန်းကျပ်တိတိကို နိဗ္ဗာန်ရည်မှန်း၍
လှူဒါန်းဆက်ကပ်ပါသည်

ဤကောင်းမှုကြောင့်လည်းကောင်း
‌မွေးနေ့ရှင်ဖြစ်သော
အရှင်ဇယာဒိသာလင်္ကာရာဘိဝံသသည်
ကျန်းမာပါစေ ချမ်းသာပါစေ ဘေးရန်ကင်းပါစေ
လိုရာဆန္ဒပြည့်ဝပါစေ

ဘဝဆက်တိုင်း ဘဝဆက်တိုင်း
ပညာရှိ တိဟိတ်မြတ်ပုဂ္ဂိုလ်ကြီးဖြစ်ပါစေ
အဆုံးဘဝ၌လည်း သစ္စာလေးပါး တရားကို
လွယ်ကူစွာ ထိုးထွင်း၍ သိမြင်နိုင်ပါစေ

ဆိုလာမီးသီးအလှူတော်................. တတိယဆင့် စာကျက်ဆောင်များအရှေ့ အလင်းရောင်ရရှိစေရန် အရှင်တေဇဝန္တာလင်္ကာရ (သာသာနာလင်္က...
20/02/2025

ဆိုလာမီးသီးအလှူတော်.................

တတိယဆင့် စာကျက်ဆောင်များအရှေ့ အလင်းရောင်ရရှိစေရန်
အရှင်တေဇဝန္တာလင်္ကာရ
(သာသာနာလင်္ကာရ-ဟိုပုံးမြို့) က
ပညာပါရမီကုသိုလ်အဖြစ်
ဆိုလာမီးသီးတစ်လုံး အတွက်
၁၀၀၀၀၀(တစ်သိန်း)ကျပ်ကို
ပူဇော်လှူဒါန်းပါသည် ။

ဤကောင်းမှုကံစေတနာတို့ကြောင့်
ဖြစ်လေရာဘဝဆက်တိုင်း
ဉာဏ်ပညာကြီးမား၍ သူတပါးအကျိုးကို
ဆောင်ရွက်နိုင်သော သူတော်ကောင်းပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်ဖြစ်ပါစေ

ဆိုလာမီး အလှူတော် ........ဆရာလေး ဒေါက်တာပညာထေရီ (SSBU)မှ တတိယဆင့် စာကျက်‌ဆောင်အတွက် လိုအပ်လျက်ရှိသော ဆိုလာမီး ၃ လုံးအတွက...
18/02/2025

ဆိုလာမီး အလှူတော် ........

ဆရာလေး ဒေါက်တာပညာထေရီ
(SSBU)
မှ တတိယဆင့် စာကျက်‌ဆောင်အတွက်
လိုအပ်လျက်ရှိသော ဆိုလာမီး ၃ လုံးအတွက်
နဝကမ္မအလှူငွေ (၃)သိန်းကျပ်ကို
ပညာပါရမီအထောက်အပံ့ဖြစ်ပါစေရန်
လှူဒါန်းပါသည်။

ဤကောင်းမှုကြောင့် ဘဝဆက်တိုင်း
ဉာဏ်ပညာကောင်းသူ တိက္ခပညပုဂ္ဂိုလ်ထူး
ဖြစ်ပါစေ ။

ထိုဉာဏ်ပညာဖြင့် သူတပါးအကျိုးဆောင်ရွက်
နိုင်သော ပုဂ္ဂိုလ်မြတ်လည်း ဖြစ်ပါစေ

စာအောင်သံဃာများ၏ နေ့ဆွမ်းအလှူ.................ယခုနှစ် ၁၃၈၆ ခုနှစ်တွင် အသင်းဌာနအသီးသီး၌ အောင်မြင်ခဲ့ကြသော မဟာသမာဓိနှင့် အ...
15/02/2025

စာအောင်သံဃာများ၏ နေ့ဆွမ်းအလှူ.................

ယခုနှစ် ၁၃၈၆ ခုနှစ်တွင်
အသင်းဌာနအသီးသီး၌ အောင်မြင်ခဲ့ကြသော
မဟာသမာဓိနှင့် အေးမြကရုဏာတို့မှ
ပထမဆင့် ဒုတိယဆင့် စာအောင်သံဃာတို့က
စာအောင် အထိမ်းအမှတ်အဖြစ်
နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပါသည်။

ဤကောင်းမှုကြောင့် စာအောင်သံဃာအားလုံး
ဒိထက်မက အောင်မြင်ကြပါစေ
မိမိတို့ ရည်မှန်းချက်ပန်းတိုင်းများဆီ လွယ်ကူစွာ
အရောက်လှမ်းနိုင်ကြသော သာသနာအာဇာနည်
သူတော်ကောင်းများ ဖြစ်ကြပါစေ

မွေးနေ့ -နေ့ဆွမ်းအလှူ................မန္တလေးမြို့၊ဓမ္မဝိဟာရီပရိယတ္တိသီလရှင်စာသင်တိုက်ဆရာ‌လေး မဣန္ဒစာရီလင်္ကာရ(ရမည်းသင်း)...
14/02/2025

မွေးနေ့ -နေ့ဆွမ်းအလှူ................

မန္တလေးမြို့၊
ဓမ္မဝိဟာရီပရိယတ္တိသီလရှင်စာသင်တိုက်
ဆရာ‌လေး မဣန္ဒစာရီလင်္ကာရ(ရမည်းသင်း)မှ
ကျောက်းတိုက်ရှိ စာချ စာသင်သံဃာတော်တို့အား
မွေးနေ့ကုသိုလ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။

🌷 ဘူဖေး ဆွမ်း 🌹

ဤကောင်းမှုကြောင့် မွေးနေ့ရှင်ဖြစ်‌သော
မဣန္ဒစာရီလင်္ကာရသည်
ဘဝဆက်တိုင်း သူတော်ကောင်းတို့နှင့်သာ ပေါင်းဆုံရ၍ အဆုံးဘဝ၌လည်း သူတော်ကောင်းတရားကို လွယ်ကူစွာ ထိုးထွင်း၍ သိမြင်နိုင်သူ ဖြစ်ပါစေ

ယခုဘဝ၌လည်း ဘေးရန်ကင်း၍ လိုအင်ဆန္ဒများ
ပြည့်ဝပါစေ ။

သာမဏေကျော် စာအုပ်အလှူရှင်များ............................မကွေးတိုင်း အထက်မင်းလှမြို့နယ် ကုန်းသာယာကျေးရွာ ဦးကြံထွန်း+ ဒေါ...
13/02/2025

သာမဏေကျော် စာအုပ်အလှူရှင်များ............................

မကွေးတိုင်း အထက်မင်းလှမြို့နယ်
ကုန်းသာယာကျေးရွာ
ဦးကြံထွန်း+ ဒေါ်ဝင်းရီ
မိသားစုမှ ဘတ်ငွေ ၂၀၀၀

အောင်လံမြို့
မမေသဉ္ဇာကျော်မှ ဘတ်ငွေ ၅၀၀

မင်းလှမြို့ ခလိုင်းကျေးရွာ
မခင်ရတနာဝင်း ဘတ်ငွေ ၂၀၀၀
(မြန်မာငွေ ၅ သိန်း၇ သောင်းကျော်)
တို့ကို
ကျောင်းတိုက်ရှိ ဒုတိယဆင့် တတိယဆင့်
စာသင်သားတို့၏ ပညာရေးခရီးအဆင်ပြေရန်အတွက်

သဒ္ဓါကြည်ဖြူ လှူဒါန်းပါသည်။

ဤ ကောင်းမှူသည် အစမထင်သံသရာ၌
မသိအပ်ခဲ့ဖူးသော သစ္စာတရားတို့ကို
လွယ်ကူစွာ ထိုးထွင်း၍ သိမြင်နိုင်ခြင်း၏
အားကောင်းသော အထောက်အပံ့ကြီး ဖြစ်ပါစေ

ဘဝအထွေထွေတို့၌ ပညာရှိသူတော်ကောင်းတို့နှင့် သာ အစဉ်အမြဲ ပေါင်းဆုံရပါစေ

ကျောင်းတိုက်အတွက် လိုအပ်ရာသုံးအလှူတော် ................ဓမ္မရောင်ခြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒကာကြီး ဦးလှမျိုး၏ ညွှန်ကြားချက...
13/02/2025

ကျောင်းတိုက်အတွက် လိုအပ်ရာသုံး
အလှူတော် ................

ဓမ္မရောင်ခြည်ဖောင်ဒေးရှင်း
ဥက္ကဋ္ဌ ဒကာကြီး ဦးလှမျိုး၏ ညွှန်ကြားချက်ဖြင့်

ကွယ်လွန်သူ ဦးမင်းအောင်အားရည်စူး၍
ဒေါ်ခင်စိုးစိုးလှိုင်မိသားစုမှ
ကျောင်းတိုက် လိုအပ်ရာအသုံးပြုနိုင်ရန်အတွက်

၁၂၀၀၀၀ (တစ်သိန်းနှစ်သောင်း)ကျပ်ကို

သဒ္ဓါကြည်ဖြူ လှူဒါန်းပူဇော်ပါသည်။

ဤကောင်းမှုသည်
ဆင်းရဲခြင်းတို့၏ ကုန်ဆုံးရာ
အသင်္ခတဓာတ်မြတ်နိဗ္ဗာန်၏
အားကောင်းသော အထောက်အပံ့ဖြစ်ပါစေ ....။

ဘဝဆက်တိုင်း သူတော်ကောင်းတို့နှင့်
ပေါင်းဆုံရပါစေ ...။

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when မဟာသမာဓိ သာမဏေကျော်စာသင်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category