Learn and Improve together with Rai

Learn and Improve together with Rai

Share

Don't stop learning to be better than yesterday.

Photos from Learn and Improve together with Rai 's post 22/02/2026

International School နဲ့ Government School ‌က
ဘာတွေကွာခြားလဲ?
(Educational perspective) နဲ့ ၅ချက်ကို ခွဲပြပါမယ်။

1️⃣ သင်ရိုးညွှန်းတမ်း (Curriculum Framework)

🌍 International School
International Curriculum (e.g. IB, Cambridge, American Curriculum, Pearson Edexcel...) အသုံးပြုကြတာများပါတယ်

Critical Thinking, Inquiry-based learning ကို အဓိကထားတာမလို့

Project-based learning
Presentation
Research Skills တို့ကို ဦးစားပေးပြီး သင်ကြတာပါ

Student-centered approach (Learner autonomy)
👉 Bloom’s Taxonomy ရဲ့ upper-level ဖြစ်တဲ့
(Analyze, Evaluate, Create) ကို ပိုပြီး ဦးစားပေးပြီးသင်ပေးကြတာပါ။

🇲🇲 Myanmar Government School

National Curriculum (MOE Myanmar)
Content-heavy syllabus
Exam-oriented system
Teacher-centered approach (Lecture-based)
(Learner-centered ဆိုပေမယ့်လည်း
အခြေနေအကြောင်းကြောင်းကြောင့်
Pure Learner-centered ကို မရောက်နိုင်ပါဘူး)

👉 Bloom’s Taxonomy ရဲ့ based ဖြစ်တဲ့
(Remember, Understand) ကို ပိုပြီးဦးတည်ကြရပါတယ်
12 တန်း တို့လိုဆိုရင်
Exam Focus တွက်ပဲ တည်ပြီး သင်ကြရတာပါ
ဒါတွေသည် Exam Questions Format အရကလည်း
Remember and Understand ကို % ပိုပြီး
အသားပေးတဲ့ မေးခွန်းတွေများလို့ပါ
Analyze/ Evaluate and Create လုပ်ဖို့ကျ
အများဆုံးမှ မြန်မာစာမှာဆို စာစီစာကုံး
English မှာဆို Essay and Letter စတာတွေတောင်
Creation ထက် Memorising ကိုပဲ အသားပေးသင်နေရတာပါ။

2️⃣ သင်ကြားရေးနည်းလမ်း (Pedagogical Approach)

Aspect အနေနဲ့
Teaching Style/ Classroom Interaction/ Assessment / Differentiation ကို ခွဲပြပါ့မယ်

IS တွေရဲ့ Teaching Style က Facilitation
Classroom Interaction က Discussion/ Debate
Assessment က Continuous Assessment
Differentiation ကတော့ Individualized Learning

GS တွေရဲ့ Teaching Style က Direct Instruction
Classroom Interaction က Note-taking/ Listening
Assessment က Summative Assessment
Differentiation ကတော့ Standardized

အတိုချုပ်ပြောရရင်
International Schools မှာတော့
Constructivism theory ကို အခြေခံထားပြီး

Government Schools တွင် က
Behaviorism နည်းလမ်းပိုမိုပြီး လက်တွေ့သုံးတာတွေ့ရပါတယ်။

3️⃣ ဘာသာစကားအသုံးပြုမှု
ရှင်းပါတယ် ဒါကတော့

International Schools → English Medium
Government Schools → Burmese Medium
(English as a subject)

Language exposure ကြောင့် Global competence မှာ ကွာခြားမှုဖြစ်နိုင်ပါတယ်

4️⃣ ဆရာ၊ ကျောင်းသား အချိုး
(Teacher-Student Ratio)

International School → Class size ပိုသေး (15–25)
Government School → Class size ပိုကြီး (40–60+)

Research အရ small class sizeက individualized feedback ပိုကောင်းစေပါတယ်။

5️⃣ 21st Century Skills Development

International Schools မှာ
Communication
Collaboration
Creativity
Critical Thinking
ကို စနစ်တကျ ဖွံ့ဖြိုးအောင် မွမ်းမံပေးပါတယ်။

Government Schools မှာကတော့
Knowledge acquisition
Discipline
Standardized academic foundation
ကို ပိုအလေးထားတာတွေ့ရမှာပါ။

🔎 Personal Reflection
ကျွန်တော့်အနေနဲ့ inclusive classroom & professional wellbeing ကို စိတ်ဝင်စားတတ်တဲ့သူတစ်ယောက်အနေနဲ့ ပြောပြရမယ်ဆိုရင်

✔ International School က learner autonomy & global readiness ကို အသားပေးတာတွေ့ရပါတယ်။
✔ Government School က foundation knowledge & national identity ကို ခိုင်မာစေပါတယ်။

တစ်ခုမကောင်း တစ်ခုမကောင်းဆိုတာ
မဟုတ်ပါဘူးနော်

အဲ့တော့ IS GS တွေ မငြင်းခုံနေကြပဲနဲ့
Context, Resources, Policy, Socioeconomic factors တွေကြောင့် စနစ်တွေ ကွာနေတာလေးကို
သိရှိထားရင် မိဘတွေလည်း ဘယ်ကျောင်းထားသင့်လဲဆိုတာကို ချင့်ချိန်နိုင်မှာပါ။

တစ်ခုရှိတာက အပေါ်မှာ ပြောပြတဲ့
International School ဆိုတာတွေက
IS Curriculum ကို စနစ်တကျ ကျွမ်းကျင်တဲ့
ဆရာ/ဆရာမ တွေ နဲ့ မသင်ပဲ

English Language Proficiency သာမန်လောက်ရှိရုံနဲ့
သင်နေတဲ့ ဆရာတွေကိုပဲ ခန့်ထားတတ်တဲ့
ဂျင်း IS တွေတော့ သတိထားရှောင်ကြပါ။

ဘာသင်ရိုး ညာသင်ရိုးဆိုတာထက်
ဘယ်လို ဆရာ/ဆရာမ တွေနဲ့
ဒီကျောင်းရဲ့ ယန္တရားကို လည်ပတ်စေသလဲဆိုတာကို
လေ့လာပါ ‌စုံစမ်းပါ။ 💟💟💟

IS တက်မှ GS တက်မှ ဆိုတာထက်
မေမေတို့တွေ ဒီအခြေခံသဘောတရားလေးကို
ချိန်ဆနိုင်အောင်ပါဗျ 🙏

ကျေးဇူးပါ 💟

18/11/2024

မင်္ဂလာပါခင်ဗျာ
Book Sharing မလုပ်ရတာကြာပြီမလို့
ဒီနေ့မှာတော့ English Language Teaching ပိုင်းကို စိတ်ဝင်စားသူ / လက်ရှိလည်း သင်ကြားပေးနေသူ / TKT အတွက် ကြိုတင်ပြီး လေ့လာချင်တဲ့ Teachers တို့အတွက် လေ့လာသင့်တဲ့ စာအုပ်ကောင်းလေးပါ 🍀

ဒီစာအုပ်ထဲမှာ Main Section တွေအနေနဲ့

A. Language
B. Background to Language Teaching Methodology
C. Teaching Language and Language Skills
D. Managing Learning and Teaching
E. Planning, Resources and Assessment
F. Teaching Young Learners
G. Content and Language Integrated Learning

အစရှိတဲ့ Content တွေကို အသေးစိတ်လေ့လာလို့ရတာမို့
Teacher တို့အတွက် အင်မတန်မှ
အကျိုးရှိစေမယ့် စာအုပ်လေးပဲဖြစ်ပါတယ်🍀🍀

နောက်ထပ်လည်း အကျိုးရှိမယ့်စာအုပ်လေးတွေကို မျှဝေပေးမှာမို့
Telegram Channel ကိုလည်း Subscribe လုပ်ထားပေးပါနော်ဗျ🍀😘

https://t.me/+9XV3_Awq2xhkMTll

page ကိုလည်း Follow လုပ်ပေးပါနော်ဗျ 🍀

https://www.facebook.com/profile.php?id=100089571480599&mibextid=LQQJ4d

“Teaching is the one profession that creates all other professions “ ဆိုတဲ့ စကားအတိုင်းပါပဲ

သင်ကြာရေးက အခြားသောအသက်မွေးဝမ်းကြောင်းပညာရပ်အားလုံးကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အလုပ်အကိုင်ဖြစ်တဲ့အတွက်

တစ်ဦးနဲ့တစ်ဦး ပညာဖလှယ်ရင်
ပိုမိုကောင်းမွန်တဲ့ အနာဂတ်များကို
အတူဖန်တီးကြမယ်ဗျာ 🍀🍀🍀

As the saying goes, "Teaching is the one profession that creates all other professions." It reminds us that we must each strive for professionalism in our own way to guide students toward the right path.

By fostering a culture of sharing and caring, we collectively shape a brighter and better future for the next generation.🍀🍀🍀

📖📖EBook ကို ဒီ Telegram Channel ကနေ
Download လို့ရပါတယ်ဗျ💪🍀

https://t.me/+9XV3_Awq2xhkMTll

📖📖📖

Photos from Learn and Improve together with Rai 's post 16/09/2024

E-Books sharing section 👨‍🏫👩‍🏫🧑‍🏫
Vocabulary သီးသန့် သင်ပေးချင်တဲ့ တီချယ်တို့
Vocabulary သီးသန့်ကို ပေါ့ပေါ့ပါးပါး self-study လုပ်ချင်တဲ့ Learners
သားသား မီးမီး တွေအတွက် Vocab ကို elevate လုပ်ချင်တဲ့ မေမေတို့လည်း
အိမ်မှာနေရင်း သင်ပေးလို့ရတဲ့ Vocabulary in Practice 1-6 ကို
Sharing လုပ်ပေးချင်ပါတယ်။ 💛💛💛

Vocabulary in Practice series ဆိုတဲ့ စာအုပ်လေးကို
ကျွန်တော်တို့လို 90’s born တွေ အတွက်
မစိမ်းလှတဲ့ စာအုပ်လေးပါ 💛💛💛

Level 6 ခုရှိပြီး Level အလိုက်
လေ့လာစရာတွေ/မှတ်သားစရာတွေက Unit အလိုက်ပါတာမို့

ပေါ့ပေါ့ပါးပါး ကိုယ်တိုင်လေ့လာလို့ရသလို/ သင်ပေးလို့လည်းရပါတယ်

ခုချိန်ထိ အသုံးဝင်နေတဲ့ Old but Gold တန်းဝင်
စာအုပ် series လေးဖြစ်နေတာပါ 💛💛💛

Sharing is Caring မို့
Please feel free to share this for the benefit of educational development within your community. 💛💛💛

E-Books တွေကို အောက်က Telegram Channel မှာ အခမဲ့ Sharing လုပ်ပေးမှာမို့
Kindly consider subscribing to my Telegram channel. 💛💛💛

https://t.me/+ZWGUeoV7vPg5MjVl

DISP Myanmar Higher Education Teachers' Training Program 08/09/2024

DISP Myanmar Higher Education Teachers' Training Program

Arizona State University (ASU) Asia Centerမှ မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာ ဆရာ/မများအတွက် ဒစ်ဂျစ်တယ်နှင့် ရောနှောသင်ကြားရေးနည်းစနစ်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး တစ်နှစ်တာအစီအစဉ်ကို စတင်ဆောင်ရွက်နေပါသည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို တုံ့ပြန်ပြီး ဒစ်ဂျစ်တယ်၊ ရောနှော သင်ကြားရေးအလေ့အကျင့်များကို သင်ကြားပို့ချမည်ဖြစ်သည်။ သင်တန်းသားများ ပရော်ဖက်ရှင်network များတည်ဆောက်ရန်၊ အများအသုံးပြုနိုင်သည့် သင်ကြားရေးအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာနိုင်ငံတွင် ပါဝင်သော အဆင့်မြင့်ပညာရေးစနစ်ကို ဖော်ဆောင်ရန်အတွက် အခြေခံအသိပညာများရရှိစေရန် ကူညီပေးမည်ဖြစ်ပါသည်။

ဤအစီအစဉ်သည် အောက်တိုဘာလမှ မေလအထိ ဖြစ်ပြီး မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာတက္ကသိုလ်သို့ကောလိပ်များမှ ဆရာဆရာမ အယောက်တစ်ရာကို အွန်လိုင်းတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ပါသည်။ ပါဝင်သူများသည် ၎င်းတို့၏ သင်ယူမှုလုပ်ငန်းစဉ်ကို လွယ်ကူချောမွေ့စေမည့် မတူကွဲပြားသော အစုအဖွဲ့များ၊ ကျွမ်းကျင်သူများနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ပါသည်။ ပြီးဆုံးပါက သင်တန်းသားများအား ASU မှ ပြီးဆုံးကြောင်း လက်မှတ် ချီးမြှင့်မည်ဖြစ်ပါသည်။ သင်တန်းကြေးက လုံးဝအခမဲ့ပါ။

ASU တွင် ဤဆရာများ၏ သင်တန်း အစီအစဉ်ကို United States Agency for International Development မှ ထောက်ပံ့ငွေဖြင့် လုပ်ဆောင်ပေးထားပါသည်။ ဤအစီအစဥ်ရှိ ထင်မြင်ယူဆချက်များ၊ တွေ့ရှိချက်များနှင့် ကောက်ချက်များသည် USAID ၏ ထင်မြင်ယူဆချက်များနှင့် သေချာပေါက် ထပ်တူကျနေမည်မဟုတ်ပါ။

အောင်မြင်သောလျှောက်လွှာအတွက် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ၊ ထောက်ပံ့ကြေးများအကြောင်း နှင့် နောက်ထပ်အချက်အလက်များအတွက်

ဆက်လက် ဖတ်ရှုပေးပါ

ရွေးချယ်ရေးကော်မတီသည် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတစ်လျှောက်ရှိ သင်တန်းသား ၁၀၀ ကိုရွေးချယ်ရန် ပြီးပြည့်စုံသောလျှောက်လွှာအားလုံးကို အကဲဖြတ်မည်ဖြစ်ပြီး အရံသင်တန်းသားများကိုလည်း ခွဲခြားသတ်မှတ်မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းငယ်များမှ လျှောက်ထားသူများနှင့် မတူကွဲပြားပြီး ပါဝင်သည့် လူမှုအသိုင်းအဝိုင်းများကို ဝန်ဆောင်မှုပေးသည့် သူများကို အဓိက ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

ဤပရိုဂရမ်သည် သန်စွမ်းသူ/မသန်စွမ်းသူများနှင့် ကျားမမရွေး ပါဝင်လျှောက်ထားနိုင်ရန် ရည်ရွယ်ပါသည်။ ဤအစီအစဥ်သည် လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွတ်မှု၊ မသန်စွမ်းမှု သို့မဟုတ် အသက်အရွယ်အလိုက် လျှောက်ထားသူများကို ခွဲခြားဆက်ဆံခြင်းမပြုပါ။

လျှောက်လွှာအပြည့်အစုံကို စက်တင်ဘာလ 20 ရက်နေ့ နောက်ဆုံးထားပြီး လက်ခံရရှိရမည်ဖြစ်ပါသည်။ အောက်ပါဖောင်ကိုဖြည့်ပြီး လျှောက်လွှာတင်ရပါမည်။

ပရောဂျက်ကိုင်တွယ်သူများထံသို့ လျှောက်လွှာများကို တိုက်ရိုက်မပို့ပါနှင့်။ လျှောက်ထားသူများကို စက်တင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်များကို အကြောင်းကြားပါမည်။ အောင်မြင်သော လျှောက်ထားသူများသည် ၎င်းတို့၏ ကမ်းလှမ်းချက်ကို စက်တင်ဘာလ 27 ရက်နေ့ နောက်ဆုံးထားပြီး လက်ခံ သို့မဟုတ် ငြင်းပယ်ရပါမည်။

လျှောက်လွှာပုံစံကို ဝင်ရောက်ရန် အောက်ပါပုံကို နှိပ်ပါ။ ဖောင်ကိုအသုံးပြုရန် အခက်အခဲရှိနေပါက [email protected] သို့ အီးမေးလ်ပို့ပါ။ လျှောက်လွှာကို အီးမေးလ်မပို့ပါနှင့်။ အထောက်အကူပြုစာရွက်စာတမ်းများသည် PDF ဖြစ်ရမည်၊ အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲရလဒ်များ၏ screenshot သည် jpg/jpeg/png ဖြစ်ရပါမည်။

As part of your application, please upload the following documents:

1 your resume or curriculum vitae (CV)

2 institutional support letter. A sample letter can be downloaded here

DISP support letter .pdf

3 Screenshot of English Proficiency Test Score (Access the Free Test with this link: LEN Proficiency Exam)

(Reference : Official Website of Arizon State University (ASU)

DISP Myanmar Higher Education Teachers' Training Program Arizona State University (ASU) Asia Centerမှ မြန်မာနိုင်ငံရှိ အဆင့်မြင့်ပညာ ဆရာ/မများအတွက် ဒစ်ဂျစ်တယ်နှင့် ရောနှောသင်ကြားရေးနည်းစနစ်...

Photos from Learn and Improve together with Rai 's post 05/07/2024

Auspicious moment with Asia Pacific Development Centre by participants as a Special Guest Speaker for 2024 Online Learning Course on Disability Insclusive Sports (DIS).

May all of you achieve the greatest inspiration.
🇲🇲🇹🇭🇰🇭🇱🇦🇵🇭🇲🇾🇸🇬 🇦🇪 🇮🇩

Photos from Learn and Improve together with Rai 's post 29/05/2024

English 4 Skills ကို Effectively သင်ကြားချင်တဲ့ English Teachers တို့အတွက်
Honest Review လေး လုပ်ပေးပါ့မယ်

ကိုယ်တိုင်လည်းလက်ရှိသင်နေတဲ့ Curriculumဖြစ်လို့ပါ

Speakout ဆိုတာနဲ့ Pearson ကနေ published ထားတဲ့ သင်ရိုးဆိုတာ
Teaching Industry မှာရှိနေတဲ့
ဆရာ/ဆရာမတွေ သိနှင့်ထားပြီးသားပါ

ခုဆို 3rd Edition အနေနဲ့ published လာတာဆိုတော့
2nd Edition နဲ့ ယှဥ်ရင် အရမ်းကို ကွာခြားသွားပါပြီ😇😇😇

Level တွေ အနေနဲ့ကတော့
A1 (Starter)
A2 (Elementary)
A2+ (Pre Intermediate)
B1 (Intermediate)
B1+ (Intermediate Plus)
B2 ( Upper Intermediate)
B2+ (Advanced)
C1-C2 (Advanced Plus)

Activities တွေလည်း ပိုပြီးများလာသလို
Assessment လုပ်ရတဲ့ Methodology တွေလည်း
2nd Edition ထက်ကို ပိုပြီး Upgraded ဖြစ်လာတာတွေ့ရပါတယ်

Strands and Strategies တွေလည်း ပိုပြီး updated ဖြစ်လာတာမို့
လေ့လာသင်ယူတဲ့ ကျောင်းသားတွေအနေနဲ့ English 4 Skills ဖြစ်တဲ့
Reading
Writing
Listening
Speaking အပြင် Critical Thinking/ Vocabulary Buildings တွေ အပြင် ပြန်ပြီး လက်တွေ့ဝန်းကျင်မှာပိုပြီးတော့ အသုံးချလို့
ပိုကောင်းတဲ့ outcomes ကိုတွေ့ရပါတယ်

GSE (Global Scale of English) ဖြစ်ပေမယ့်
CEFR (Common European Framework of Reference) နဲ့
Aligned ဖြစ်တာမို့အရမ်းကို သင့်တော်တဲ့ Curriculum ဆိုလည်း မမှားပါဘူး

Personalisation of Progress တွေဖြစ်တဲ့
Scale
Learning Objectives
Course Material
Testing ကိုလည်း ကျောင်းသားတွေကိုယ်တိုင် ဆန်းစစ်သိရှိရတာမို့

Students are much more motivated when they see every small step in their progression.

Workbook &
Video Clip တွေလည်း 2nd Edition ထက်
Upgraded လုပ်ထားတာမို့
Effectively Teaching and Effectively outcomes ကို ရရှိစေမှာပါ 🥰🥰

ဒီ Curriculum ကို သင်ရင်
Textbooks နဲ့ Audio ရှိရုံနဲ့ လုံးဝသင်လို့မရသလို
Tools မပြည့်စုံပဲ Lesson ကို
deliver မလုပ်သင့်တာကိုလည်း
ဆရာ/ဆရာမတို့ သတိလေးချပ်ဖို့ မှာပါရစေဗျာ 🥰

Assessment လုပ်တဲ့အခါလည်း
Chapter အလိုက် Assessment လုပ်လို့ရသလို
End of the Textbooks အနေနဲ့လုပ်ဖို့
Designed လုပ်ပြီးသားမို့
Tools စုံစုံလင်လင်နဲ့ သင်ရတာမို့
လေ့လာသူအတွက်ကော သင်ကြားပေးသူအတွက်ပါ
Motivated ဖြစ်စေပါတယ် 🥰🥰

ဆရာ/ဆရာမတွေ အနေနဲ့လည်း
ဒီ Curriculum သင်ကြားပုံကို သိချင်ရင်
Comments မှာ မေးလို့ရသလို

Message Box မှာလည်း လာမေးနိုင်ပါတယ်

Please do not hesitate to contact me for further details of this curriculum. 🥰

23/05/2024

ကိုယ့်ရဲ့ English skill တွေကိုအမြဲ Productive ဖြစ်အောင် ကြိုးစားနေတဲ့ ဆရာ/မ များအတွက်
Teacher Paul ရဲ့ အင်္ဂလိပ်စာ အခမဲ့သင်တန်း 👨‍🏫

ဒီ Website မှာ Level ၇ ခုရှိပြီး အခြေခံ အတွက်ဆိုရင်တော့ Level 1 နဲ့ 2 ကို စပြီး လေ့လာရပါမယ်..။

အခြေခံ ရှိပြီးသားသူတွေကတော့ Level 3 ကနေ စပြီး လေ့လာပေးရမယ်နော်...။

Level တစ်ခုချင်းစီမှာ Grammar ကို အဓိက ဦးစားပေးထားပါတယ်..။

ဒါ့အပြင် Level တစ်ခုပြီးတိုင်း သင်ခန်းစာတွေကို ကြေညက်လားဆိုတာကို သိရဖို့ Test စစ်ဆေးလို့လည်း ရပါသေးတယ်

Level ၇ ခုအပြင် Listening, Reading, American slang, Writing, Conversation , Vocabularly တွေပါ လေ့ကျင့်ဖို့ ပေးထားလို့ တစ်နေရာတည်းမှာ အစုံရတဲ့ ရတနာသိုက်ကြီးဆိုလည်း မမှားပြန်ဘူး...။

စာရင်းပေးစရာလည်း မလိုတဲ့အတွက် ပိုပြီး အဆင်လည်း ပြေတယ်..။

ပေးထားတဲ့ Link ကို ဝင်မယ်..။ ပြီးရင် Level အလိုက် စာတွေ လေ့လာကြမယ်..။

https://www.learnamericanenglishonline.com/

စာတွေ မဖတ်ချင်ဘူး..။ Video နဲ့ပဲ လေ့လာမယ်ဆိုရင်တော့ အောက်က Link ကို ဝင်ပေးပါ

https://www.learnamericanenglishonline.com/Video%20Lessons.html?amp=1

ကျွန်တော့်အနေနဲ့ Video ထက် Level ၇ ခုက စာတွေကိုပဲ လေ့လာဖို့ အကြံပေးချင်ပါတယ်..။

Level ၇ ခုအပြင် အခြားသင်ခန်းစာတွေ ဆက်လေ့လာချင်တဲ့သူတွေအတွက် Teacher Paul ရဲ့ သင်ခန်းစာတွေ ဆက်ဖော်ပြပေးလိုက်ပါတယ်..။

Listening လေ့ကျင့်ရင်း Grammar လေ့လာချင်တဲ့သူတွေအတွက် Link

https://www.learnamericanenglishonline.com/Listening_Lab/Listening_Lab.html

စကားပြော Dialogue တွေ လေ့လာဖို့ Link

https://www.learnamericanenglishonline.com/Conversations/Conversations_in_English.html?amp=1

Level တစ်ခုပြီးတိုင်း စာမေးပွဲ စစ်ရမယ့် Link

https://www.learnamericanenglishonline.com/Tests_and_Quizzes.html?amp=1

အဂ်လိပ်စာ Writing လေ့လာချင်တဲ့သူတွေအတွက် Link

https://www.learnamericanenglishonline.com/Write_in_English/Write_in_English.html?amp=1

Vocabularly လေ့လာချင်တဲ့သူတွေအတွက် Link

https://www.learnamericanenglishonline.com/Vocabulary.html?amp=1

Pronunciation လေ့လာချင်တဲ့သူတွေအတွက် Link

https://www.learnamericanenglishonline.com/Vocabulary.html?amp=1

Idioms လေ့လာချင်တဲ့သူတွေအတွက် Link

https://www.learnamericanenglishonline.com/Idioms/Idioms.html?amp=1

Basic English Dictionary link

https://www.learnamericanenglishonline.com/Word%20of%20the%20Day/Word_of_the_Day.html?amp=1

Reading လေ့ကျင့်ချင်တဲ့သူတွေအတွက်

Blue level

https://www.learnamericanenglishonline.com/Reading/Blue_Level_Reading/Blue_Level_Reading_Room.html?amp=1

Red level

https://www.learnamericanenglishonline.com/Reading/Red_Level_Reading/Red_Level_Reading_Room.html

Yellow level

https://www.learnamericanenglishonline.com/Reading/Yellow_Level_Reading/Yellow_Level_Reading_Room.html

Green level

https://www.learnamericanenglishonline.com/Reading/Green_Level_Reading/Green_Level_Reading_Room.html

Purple level

https://www.learnamericanenglishonline.com/Reading/Purple_Level_Reading/Purple_Level_Reading_Room.html

Orange level

https://www.learnamericanenglishonline.com/Reading/Orange_Level_Reading/Orange_Level_Reading_Room.html

Violent level

https://www.learnamericanenglishonline.com/Reading/Violet_Level_Reading/Violet_Level_Reading_Room.

ကဲ ဒါဆို အခုပဲ သင်ခန်းစာတွေ စပြီး လေ့လာကြရအောင်။

20/03/2024

Apply Online: https://jobsarchives.com/careers/shangri-la-hotel-dubai/

Shangri La Hotel Dubai မှာ
Vacancy တွေ ခေါ်နေပါတယ်

အပေါ်က Link ကနေ တဆင့် Position တွေကို
လျှောက်လွှာတင်လို့ရပါပြီ



Photos from Learn and Improve together with Rai 's post 15/02/2024

Students များ ခွင့်လာတိုင်သောအခါ

မိမိ : 🤭🤭🤭

27/01/2024

ဒီ Post ကို မြင်မြင်ချင်းလေ
စိတ်မကောင်းတာက သင်ကြားရေးလောကထဲ
ရောက်လာမယ့်သူရဲ့ အတွေးက အဲ့လောက် နိမ့်ကျရလား

ကံကောင်းတာ တစ်ခုက
အဲ့လိုမျိုးအတွေးအခေါ်ရှိသူနဲ့ မဆုံဖူးခဲ့ရတာပါပဲ 😅

Teacher Book ကိုင်ပြီး သင်နိုင်တယ်ထင်ရင်
Fiction တို့ Non Fiction တို့ သင်ကြည့်ပါလား
ရူးသွားအုန်းမယ်
(ဒါတောင် Primary Level ပဲ ရှိသေးတာနော်)

Secondary Level ဆိုရင် English က Literature ဆန်သွားပြီ
English 4 Skills ရှိရုံနဲ့ IS မှာ ဆရာလုပ်မရဘူးဆိုတာ
အဲ့တာကိုပြောတာ

တချို့ English 4 Skills မရှိပဲ
International School မှာ Class Teacher တွေ
ဖြစ်နေကြတာ မြင်ရတာ
ရင်ဘတ်ထဲစူးနင့်လွန်းလို့ပါ 😅😅

Teacher books ကြည့်ရုံနဲ့ သင်လို့ရတယ်လို့ ပြောရဲတဲ့သတ္တိကို
အင်မတန်မှ အံ့ဩမင်သက်မိပါတယ်
TKT / ELT/ TESOL / TEFL / CELTA / အစရှိတဲ့ အရာတွေက
ငပေါလား 🥲

ဒါတောင် pedagogy သိပြီး
ပြန်အသုံးမချတတ်တဲ့ ဆရာ/ဆရာမတွေ ဆိုတာ ဒုနဲ့ဒေး
(ဒါတောင် Child Psychology တွေ / Methodology တွေ မပါသေးဘူး) ☹️

ပြန်အသုံးချရုံနဲ့ ပြီးပြီလားဆိုတော့လည်း မပြီးသေးဘူး
Creative and Innovative ဖြစ်အောင်
ကိုယ်တိုင်ကလည်း အစွမ်းအစရှိအုန်းမှာ

သင်ပြီးရုံနဲ့လည်း မပြီးသေးဘူး Students တွေ
ဘယ်လောက်ရသွားလဲဆိုတာကို နည်းမျိုးစုံနဲ့ Assess ရသေးတာ
(Exam ဖြေမှ မဟုတ်ဘူး Lesson တစ်ခုပြီးတိုင်း
Review က လုပ်ကို လုပ်ရတယ်)

Intro / Teaching/ Practice/ Review (ITPR) ကိုလည်း
အခြေခံသဘောတောင် မသိပဲ
သင်ကြားရေးလောကထဲ ဝင်မလာကြပါနဲ့လားဟင် 😒

စာသင်တာကို လွယ်တယ်ထင်ကတည်းကိုက
သေချာတယ် လုပ်သက်က ပေါက်စလေးပဲ ဖြစ်အုန်းမယ်
ထင်ပါတယ် (ပေါက်စဆိုတာ at least 1-2 years) နော်😌

More than 8 years ရှိနေတဲ့ ကိုယ်တောင်
စာသင်ရတာ လွယ်လိုက်တာ ငါပညာစုံပြီဆိုပြီး
စိတ်ကူးလေးတောင် မသန်းဖူးဘူး မသန်းရဲဘူး 😅😅

အဲ့မှာ Experience ကို တစ်ပတ်နဲ့ ရပြီဆိုပြီး ပြောချတာနော်
အဲ့လို ဆရာ/ဆရာမ လက်ထဲ ကိုယ့်သား/သမီး စာသင်ရမှာ
သေလောက်အောင်ကို ကြောက်သွားတယ် 😖

Epilogue အနေနဲ့
ℹ️English 4 Skills ရရုံနဲ့လည်း Teaching ပိုင်းကို
ချက်ချင်း မပိုင်နိုင်သွားဘူး

ℹ️ Pedagogy သိရုံနဲ့လည်း သင်ကြားရေးကို
မပိုင်နိုင်သွားပါဘူး

ℹ️ Teaching ပိုင်းကို ၂နှစ်လောက်မှ Experience မရှိရင်လည်း
အပေါ်က အရိုးရှင်းဆုံးရေးထားတာတွေကို
နားလည်နိုင်မှာ မဟုတ်ပါဘူး 😌

ကျေးဇူးပါ ☹️☹️☹️

နိဂုံး အနေနဲ့ သင်ကြားရေးလောကထဲကိုဝင်ချင်ရင်
စိတ်ဓါတ်ရေးရာအရ အတွေးအခေါ်မြင့်မားနေမှ
အဆင်ပြေပါမယ်

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေကို
ချီးထုတ်ဆန်ဆန် မသင်ကြား မပြသ ကြပါနဲ့ 😊

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Address


Taunggyi