Sein Lei English Language Center

Sein Lei English Language Center

Share

We are dedicated to empowering our students with the language skills essential for their future.

18/08/2025
18/08/2025

Lei ရေးသားသည်။

စာသင်တာချည်းအတူတူ တတ်လွယ်တာနဲ့မတတ်လွယ်ဘူးဆိုတာက ငယ်စဥ်က
ကလေးပျိုးထောင်မှုနဲ့အများကြီးဆိုင်ပါတယ်

ပိုက်ဆံရှိမှမဟုတ်ပါဘူး
မိခင်က ဗဟုသုတရှိဖို့လိုတာက အဓိကအချက်ပေါ့

မိခင်ကကိုယ်ဝန်ဆောင်စဥ် အရက်သေစာသောက်တာ
မူးယစ်ဆေးသုံးတာမျိုးမလုပ်ရပါဘူး
လုပ်ရင် Learning Disabilities ဖြစ်တဲ့ကလေးမျိုးရတတ်ပါတယ်
လမစေ့ပဲမွေးရင်လည်း Learning Disabilities ဖြစ်တတ်ပါတယ်

ကလေးကိုသိမှုစွမ်းရည်ဖွံ့ဖြိုးအောင် ငယ်စဥ်ကတည်းက စာတွေဖတ်ပြရပါတယ်

ကျွန်မတို့ခေတ်က အဖိုးအဖွါးတွေ အိပ်ရာဝင်ခါနီးပုံပြင်ပြောပြတယ်
သီချင်းလေးတွေဆိုချော့သိပ်တယ်
ကဗျာလေးတွေတူတူဆိုပေးတယ်
အဲဒီအလေ့အကျင့်မျိုးအခုခေတ်မှာရှားသွားပြီ
Phone ပဲသုံးနေကြတာကိုး

အဲဒီအလေ့အကျင့်လေးတွေလုပ်ပေးရင် အိမ်မှာ မိသားစုအချင်းချင်းနွေးနွေးထွေးထွေးချစ်ခင်ကြတဲ့အပြင် ကလေးတွေမှာ သိမှုစွမ်းရည် Cognitive Skills တိုးတက်လာပါတယ်
ပိုက်ဆံလည်းမကုန်ဘူးလေ

လက်ချောင်းလေးတွေသန်မာမှစာရေးတာအဆင်ပြေမယ်
ပိုက်ဆံမကုန်တဲ့နည်းရှိပါတယ်
အိမ်မှာဟင်းချက်ခါနီးဟင်းရွက်တွေချွေကူခိုင်းခြင်းအားဖြင့်ကိုယ့်တာဝန်ကိုယ်ယူတတ်လာမယ်
ဟင်းရွက်ခြွေရင်းလက်ချောင်းလေးတွေလေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီးသန်မာလာမယ်

ကြက်ဥပြုတ်တွေငုံးဥပြုတ်တွေကိုသူ့ဘာသာခွါစားစေခြင်းဖြင့် လက်ချောင်းလေးတွေသန်မာလာအောင်လေ့ကျင့်ပေးလို့ရပါတယ်

ပိုက်ဆံရှိတဲ့သူတွေက ကလေးကို
မွန်တက်ဆရီကျောင်းတွေပို့နေချိန် ပိုက်ဆံမကုန်ပဲ အိမ်အလုပ်တွေကူလုပ်စေချင်းဖြင့် ပျိုးထောင်လို့လည်းရပါတယ်

play-based learning အိမ်မှာလုပ်စေခြင်းဖြင့်လ
ဆော့ကစားရင်း အသိဥာဏ်တွေရလာပါမယ် အလေ့အကျင့်ကောင်းတွေရလာပါမယ်

အောက်သက်ကျေတယ်ဆိုတာ
ငယ်ဘဝကရခဲ့တဲ့ knowledge ပေါ် အတွေ့အကြုံပေါ်မူတည်ပြီးသူလုပ်တတ် ကိုင်တတ်တာသွားတာပါ

မိဘကဆင်းရဲတယ်
ကျောင်းကောင်းကောင်းမထားနိုင်ဘူး
ဒါပေမဲ့ မိဘကို ကူလုပ်ပေးရင် အလေ့အကျင့်တွေရလာတယ်
အလုပ်လုပ်တာလာဘ်မြင်လာတယ်ဒီသဘောပါ

တတ်နိုင်သူတွေက စနစ်တကျလုပ်တတ်ကိုင်တတ်အောင် မွန်တက်ဆရီ ကျောင်းတွေကိုပို့တယ်
စနစ်တကျ လေ့ကျင့်တယ်

ဆင်းရဲတဲ့သူတွေက မိဘကိုလုပ်ကူရင်းလက်တွေ့မှာသင်ယူရတဲ့အတွက် knowledge တွေရလာတယ်
ပြေးလွှားဆော့ကစားရင်း motor skills တွေရလာတယ်
Social Skills တွေရလာတယ်

ပြောချင်တာက play-based learning ဆိုတာအရမ်းအရေးကြီးတယ်
ဒါကြောင့် ph နဲ့ချည်း ကွန်ပျူတာနဲ့ချည်းလွှတ်မထားပါနဲ့
ဆော့ကစားရင်းသင်ယူပါစေ

Play-based learning ကရှိကိုရှိရမှာပါ

အဲဒီလိုတွေမလုပ်ခိုင်းပဲ ခပ်ငယ်ငယ်ကတည်းက Ph တလုံးနဲ့လွှတ်ထားရင် အဲဒီSkills တွေမရရှိရုံမက Screen Time တွေများပြီး အာရုံစူးစိုက်နိုင်မှုနည်းပါးလာတဲ့အတွက် စာသင်ကြားရာမှာအခက်အခဲရှိလာပါမယ်
သင်ပေးရတဲ့သူများလည်းကျောက်ခဲဆီညှစ်သလိုတော်တော်ခက်ခက်ခဲခဲသင်ပေးရပေမဲ့တိုးတက်မလာတာတွေဖြစ်လာတတ်ပါတယ်

သင်ယူရာမှ အခက်အခဲတွေရှိလာပြီးနောက်ဆုံးမလိုက်နိုင်တော့ပဲ အပေါင်းအသင်းကြား ရွယ်တူအတန်းဖေါ်တွေကြားမျက်နှာငယ်လာ သိမ်ငယ်လာပြီးကိုယ်ပိုင်ယုံကြည်မှုပျောက်ဆုံးလာတတ်ပါတယ်

အတူနေလူကြီးမိဘတွေပုံသွင်းသလို ကလေးခမျာဖြစ်တည်လာရတာမို့ လူကြီးမိဘများက ဗဟုသုတများဖို့လိုပါတယ်

Tr.Sein Lei

29/01/2025

Phrases with "It's Easy To"

1. It's easy to make friends when you're open and approachable.
ပွင့်ပွင့်လင်းလင်းနဲ့ ပြောလို့ ဆိုလို့ ကောင်းရင် သူငယ်ချင်းဖွဲ့ဖို့ လွယ်ပါတယ်။

2. It's easy to get lost in a good book.
ဖတ်လို့ကောင်းတဲ့စာအုပ်ထဲ နစ်မြှပ်သွားဖို့လွယ်ပါတယ်

3. It's easy to forget your worries when you're having fun.
ပျော်နေတဲ့အချိန်မှာ ပူပင်စရာတွေကို မေ့သွားဖို့လွယ်ပါတယ်

4. It's easy to see why people love this place.
ဒီနေရာကို ဘာကြောင့်လူကြိုက်များလဲ အလွယ်တကူ မြင်နိုင်ပါတယ်

5. It's easy to understand once you have a clear explanation.
ရှင်းပြတာကောင်းရင် နားလည်လွယ်တယ်

6. It’s easy to learn a new language once you immerse yourself in it.
စိတ်ရော ကိုယ်ပါ နှစ်မြှပ်ထားရင် ဘာသာစကား အသစ်ကို သင်ယူဖို့လွယ်ပါတယ်

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Taunggyi သင်တန်းနှင့်, Online သင်တန်းများ
Taunggyi