Edu-Nutris by Tr. Phoo Phoo

Edu-Nutris by Tr. Phoo Phoo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Edu-Nutris by Tr. Phoo Phoo, School, Taunggyi.

11/01/2025

What are their ambitions?
Questions and answers time
Before they leave, they have to do some activities like that everyday.

Grade 3
🗓️ Monday ~Friday
🕒 3:30 pm ~ 5:00 pm
English Class
🗓️ Sat and Sun
🕒 3:30 pm ~ 5:00 pm

09/01/2025

very first step into reading




Photos from Edu-Nutris by Tr. Phoo Phoo's post 13/04/2024

English speaking သင်တဲ့အခါ opposite words လေးတွေ သင်ပေးတာက vocabulary လည်းကြွယ်သလို မှတ်မိလွယ်ပါတယ်
ဒါကြောင့် Opposite words လေးတွေ နေ့တိုင်းသင်ပေးပါ
ကဗျာလေးနဲ့ သင်ပေးလို့လည်း ရပါတယ် ပုံထဲမှာကြည့်လိုက်ပါနော် 🥰





Photos from Edu-Nutris by Tr. Phoo Phoo's post 10/04/2024

To improve speaking in English
Let's try this game 😘

Tr. Phoo ကလေးတွေဆို Hot chair game ဆော့ရတဲ့အချိန်ဆို အရမ်းပျော်တာပါ
-အပြိုင်အဆိုင်ပြောကြရတယ်
-စဉ်းစားပြောရတယ်
-သူတို့ သူငယ်ချင်း နားလည်အောင် စကားလုံးတွေရှာဖွေပြီးပြောရတယ်
စတဲ့အချက်တွေကြောင့် ဒီနည်းလေးကို သုံးပြီးတော့ speaking သင်ပေးရင် ကလေးတွေ တိုးတက်မှုရှိပါတယ်
ပျော်လည်းပျော် စကားပြောလည်းသွက်စေတဲ့ hot chair game လေးကို ကစားကြည့်ပါနော်
ကစားနည်းကို ပုံလေးနဲ့ ရှင်းပြထားပါတယ်




Photos from Edu-Nutris by Tr. Phoo Phoo's post 09/04/2024

Reading fluency
Phonics ပြီးထားတဲ့ ကလေးတွေကို ဒီလို worksheets လေးတွေနဲ့ စာဖတ်မြန်အောင် လေ့ကျင့်ပေးလို့ရပါတယ်




crd

Photos from Edu-Nutris by Tr. Phoo Phoo's post 08/04/2024

Flashcards တွေ များများသုံးပြီး English speaking လေ့ကျင့်ကြမယ်
ဒီနေ့ action verbs လေးတွေကို tr. Phoo နဲ့ အတူတူလေ့လာကြမယ်နော်



Crd

Photos from Edu-Nutris by Tr. Phoo Phoo's post 07/04/2024

ကလေးတွေအတွက် English နဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်သစ်တစ်ခု ဖန်တီးပေးကြရအောင်
မိဘတွေအနေနဲ့ ကလေးတွေအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်လဲ ????
မိဘတွေ မိမိတို့သားသားမီးမီးလေးတွေအတွက် လုပ်ပေးနိုင်တဲ့ အချက်တွေ အများကြီးထဲကမှ အကြောင်းအရာတစ်ခုကို Tr. Phoo က မျှဝေပေးသွာပါမယ်

နေ့စဉ်နေ့တိုင်း အင်္ဂလိပ် ပုံပြင်၊သီချင်း ၊ကဗျာ လေးများဖွင့်ပေးခြင်း နားထောင်စေခြင်း ကြည့်ရှုစေခြင်းက နားရည်ဝလာပြီး listening တိုးတက်လာကာ speaking အတွက် အထောက်အကူပြု‌စေမယ့် နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်

ဒီနေ့ Tr. Phoo က ကလေးတွေကြိုက်နှစ်သက်မယ့် YouTube channel လေးတွေအ‌ကြောင်းကို ပြောပြပေးသွားပါမယ်
အခုပြောပြမယ့် Channel လေးတွေကတော့ Tr. Phoo အကြိုက်ဆုံး channel လေး (5) ခုပါ ကလေးတွေလည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ် 💜

👉(1) Pororo the little penguin English

ဒါကတော့ Korea က YouTube channel လေးပါ
အမျိုးအစားကတော့
Children television series, Comedy, Cartoon series ပါ
Pororo ဆိုတဲ့ ပင်ကွင်းလေးနဲ့ သူ့သူငယ်ချင်းလေးတွေရဲ့ အကြောင်းကို ဖန်တီးထားတဲ့ series လေးပါ
Tr. Phoo အကြိုက်ဆုံးအပိုင်းက ကလေးတွေရဲ့ learning process ကို လက်တွေ့ကျကျ ထည့်သွင်းပေးထားလို့ တော်တော်ကြိုက်ပါတယ်

👉အပြင်လောကမှာ ကြုံတွေ့ရနိုင်တဲ့ သဘောသဘာဝတွေကို ရယ်စရာဟာသလေးတွေ ဝမ်းနည်းစရာအဖြစ်အပျက်လေးတွေနဲ့ ဖန်တီးထားတာလေးရယ်
👉နေ့စဉ်ကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းလေးတွေရနိုင်တာရယ်
👉ပတ်ဝန်းကျင် နဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လိုပေါင်းသင့်ဆက်ဆံရမယ်ဆိုတဲ့အချက်
👉ပြဿနာတစ်ခုကြုံလာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့အချက်
self-confidence ရရှိစေနိုင်တဲ့အချက်
👉Eddy ရဲ့ သိပ္ပံနည်းကျကျ တီထွင်ဖန်တီးပြ‌တာလေးတွေ
👉တကယ့်လက်တွေ့နဲ့ လုံးဝကွာခြားနေတာမျိုးမဟုတ်ဘဲ Pororo တို့ကိုကြည့်လိုက်ရင် ကိုယ်ပါတကယ် အဲ့ထဲရောက်သွားသလိုခံစားရတဲ့အချက်တွေကြောင့် ကလေးတွေအတွက် entertain ဖြစ်ပြီးတော့ English လည်းရမယ့် channel လေးတစ်ခုပါ
ဒါလေးကို တစ်နေ့တစ်ပုဒ်ဖြစ်ဖြစ် ကြည့်စေချင်ပါတယ်
✅YouTube channel link

https://youtube.com/?feature=shared

(2) Babybus

Babybus လေးကတော့ China က YouTube channel ပါ
ဒီ channel မှာလည်း ကလေးတွေအတွက် Nursery rhymes and songs, stories လေးတွေနဲ့ ကလေးတွေကို entertain ဖြစ်‌စေပါတယ်။
👉 လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ အပြုအမူလေးတွေ
👉 ကိုယ့်ကိုယုံကြည်မှု တိုးတက်စေခြင်း
👉 လွတ်လပ်စွာ တွေးခေါ်တတ်စေခြင်း

စတဲ့ အချက်လေးတွေကို တိုးတက်လာစေအောင် ဖန်တီး‌ပေးထားတဲ့အတွက် ကလေးတွေအတွက် ပျော်ရွှင်‌မှုရစေပြီး English ပါရစေမယ့် အကျိုးရှိတဲ့ channel လေးပါ
ဒါလေးကိုလည်း ကြည့်စေချင်ပါတယ် 💜
✅ YouTube channel link

https://youtube.com/?feature=shared

(3) Bluey

Bluey လေးကတော့ Australia က channel လေးတစ်ခုပါ
👉Puppy မိသားစုလေးရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အကြောင်းအရာလေးတွေ၊
👉Bluey နဲ့ သူ့ ညီလေးတို့ ဘယ်လိုအခွီ‌တွေ လုပ်လဲဆိုတဲ့ အကြောင်းအရာတွေကို ခံစားမှုရသပေါင်းစုံနဲ့ ဖန်တီးထားတဲ့အတွက် ကလေးအတွက် အကြိုက်တွေ့စေမယ့် channel တစ်ခုပါ
လက်တွေ့ဘဝမှာ ကျင့်သုံးရမယ့် အလေ့အကျင့်ကောင်းလေးတွေကိုပါ ရရှိစေနိုင်မယ့် အကြောင်းအရာတွေကို ဖန်တီးထားပြီး English speaking ပါ တိုးတက်စေနိုင်လို့ Tr. Phoo ကြိုက်တဲ့ YouTube channel တစ်ခုပါ

✅ YouTube channel link

https://youtube.com/?feature=shared

နောက်တစ်ခုကတော့
(4) Little fox

ဒီ YouTube channel လေးကတော့
_traditional fairytale,
_songs,
_phonics section,
_reading, listening, speaking section
စတာတွေနဲ့ အမျိုးအစား အစုံအလင်ပါလို့ ကလေးတွေ အကြိုက်တွေ့စေမယ့် Channel လေးပါ

ရိုးရာပုံပြင်တွေ ဖတ်စေချင်တာဖြစ်ဖြစ် နားထောင်စေချင်တာဖြစ်ဖြစ် ဒါလေးကို အကြံပြုပါရစေ

✅YouTube channel link

https://youtube.com/?feature=shared

(5) English sing sing

ဒါလေးကတော့
_ English fairytale
_ songs, rhymes
_ Phonics section
_ Vocabulary section
_ Speaking section
စတာတွေနဲ့ ကလေးတွေကို entertain ဖြစ်စေမယ့် channel လေးပါ နေ့တိုင်းနားထောင်ပေးရင် ကလေးတွေ နားရည်ဝလာပြီး အပြောသွက်လာမှာ ဖြစ်ပါတယ်

✅ YouTube channel link

https://youtube.com/?feature=shared

အပေါ်က Tr. ပြောပြထားတဲ့ channel လေးတွေကို နေ့တိုင်းကြည့်‌ခိုင်းပါ
ကလေးတွေကို English စကားပြော၊ သီချင်း ၊ ကဗျာ ၊ ပုံပြင် တွေနဲ့ နေ့တိုင်း ထိတွေ့ခွင့်ပေးပါ
အကြိမ်ကြိမ်နားထောင်ခွင့်ရတော့ နားရည်ဝလာပြီး အပြောသွက်လာမှာဖြစ်ပါတယ်
👉 ငယ်ငယ်ကတည်းက vocabulary လေးတွေကို နည်းနည်းချင်းစီစုသွားနိုင်စေဖို့
👉 ငယ်ငယ်ကတည်းက English စာလမ်းကြောင်းပေါ် ရောက်သွားစေဖို့
👉 English စာကို အခက်အခဲမရှိ လေ့လာနိုင်‌ဖို့

စတဲ့ နည်းလမ်းတွေကို ဖေဖေမေမေတို့က စနစ်တကျနဲ့ ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်

❗မှတ်ချက်❗
Screen time ကိုတော့ မိဘတွေက စနစ်တကျ အချိန်သတ်မှတ်ထားပေးဖို့လိုပါတယ်။

Tr. Phoo 💜

Photos from Edu-Nutris by Tr. Phoo Phoo's post 05/04/2024

English speaking for parents and kids
Part (2)

အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် 💜
Tr. Phoo 💜

Photos from Edu-Nutris by Tr. Phoo Phoo's post 04/04/2024

ကလေးတွေကို ဒါလေးတွေ ဖတ်ခိုင်းလို့ရပါတယ်

Game ကစားမယ်
Riddle ဆော့မယ်ဆိုလည်း ကလေးတွေအတွက် fun ဖြစ်စေပါတယ်

pictures

04/04/2024

ကလေးလေးတွေကို စာအုပ်လေးတွေ နေ့တိုင်း ဖတ်ခိုင်းပါနော်

မြန်မာပုံပြင်စာအုပ်တွေ
အင်္ဂလိပ်စာ‌အုပ်တွေရော ဖတ်ခိုင်းပါ

ကိုယ်တွေ ငယ်ငယ်ကဆို အဖေနဲ့အမေက တောင်ကြီးသွားတိုင်း ရုပ်ပြပုံပြင်စာအုပ်တွေ ဝယ်ဝယ်လာတာ
ပြီးတော့ ကိုယ့် အချစ်ဆုံးသူငယ်ချင်းအိမ်ဆီ သွားသွားလည်ပြီး စာအုပ်တွေ အပြိုင်အဆိုင်ဖတ်ခဲ့ကြတာပါ
ကိုယ့်သူငယ်ချင်းဆို စာဖတ်အားကောင်းလွန်းလို မြန်မာစာ ဂုဏ်ထူးတောင်ပါတာပါ 💜

အဲ့တုန်းကဖတ်တဲ့ တစ်ချို့စာအုပ် နာမည်တွေတောင် မှတ်မိသေးတယ်
ပုတက်
ရွှေသွေး
၃၈ဖြာ မင်္ဂလာရုပ်ပြပုံပြင်စာအုပ် ကျန်တာတွေ မမှတ်မိတော့လို့

ကလေးတွေကို စာစဖတ်ခိုင်းတဲ့အချိန်မှာ

ဒုတိယတန်း မြန်မာစာသင်ရိုးပြီးထားတဲ့ ကလေးတွေဆိုရင် စာအုပ်အကုန်ဖတ်နိုင်ပါပြီ
စာ စဖတ်ခိုင်းတဲ့အချိန်မှာတော့ ရုပ်ပြကာတွန်းပုံပြင်စာအုပ်တွေကိုသာ သုံးသင့်ပါတယ်
နောက်မှ တစ်ဆင့်ချင်းစီ စာအုပ်အမျိုးအစားပြောင်းပြီး ဖတ်ခိုင်းရပါမယ်

စာဖတ်မြန်လာဖို့ရယ်
စာလုံးပေါင်း သတ်ပုံမှန်ဖို့ရယ်က စာအုပ်များများဖတ်ခိုင်းဖို့လိုပါတယ် ကျောင်းသင်ရိုးစာအုပ်နဲ့တင်မလုံလောက်ပါဘူး

အင်္ဂလိပ်စာအုပ်နဲ့ပတ်သက်ပြီးတော့လည်း
English story books
Non fiction books
Fiction books
Sight words reading books
စတဲ့ စာအုပ်အမျိုးမျိုးရှိပါတယ် ကိုယ့်ကလေး စာဖတ်နှုန်းအလိုက် ရွေးချယ်ဝယ်ယူသင့်ပါတယ်

ယုံကြည်စိတ်ချစွာ ဝယ်လို့ရတဲ့ page တွေရှိပါတယ်

ကလေးတွေကို ငယ်ငယ်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ပေးပြီး ပညာအမွေအဖြစ် ရင်းနှီးမြှုပ်နှံပေးကြပါလို့ တိုက်တွန်းပါရစေ

Tr. Phoo
💜

Photos from Edu-Nutris by Tr. Phoo Phoo's post 04/04/2024

English speaking for parents and kids
Part (1)

အိမ်မှာ ကလေးတွေနဲ့အတူတူ အင်္ဂလိပ်လို ပြောပေးလို့ရမယ့်
Basic short sentences လေးတွေကို ဝေမျှပေးလိုက်ပါတယ်

ဒီလို အကြောင်းအရာလေးတွေကို ‌ကြိုက်နှစ်သက်တယ်ဆိုရင် page လေးကို like and follow လုပ်ထားပေးပါနော်
🥰

Tr Phoo



26/06/2023

Phonics အကြောင်းကို သိချင်တဲ့ မိဘတွေ ဆရာဆရာမ‌တွေ အတွက် အနည်းငယ် ရှင်းပြသွားပါမယ်

ငယ်စဉ်ကတည်းက Phonics သင်ထားခြင်းဖြင့် အင်္ဂလိပ်စာကို မကြောက်တော့ဘဲ အတန်းကြီးလာလေ သူတို့အတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ အင်္ဂလိပ်စာသင်ရတာ ပျော်စရာကြီးဆိုတာမျိုး ဖြစ်လာမှာဖြစ်ပါတယ်
Phonics သင်ထားခြင်းဖြင့် အင်္ဂလိပ် စာလုံးမြင်ရင် ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘဲ ကိုယ်တိုင် ဖတ်တတ်နိုင်မှာဖြစ်ပါတယ်
ဥပမာပေးရမယ်ဆိုရင်
cat ဆိုတဲ့ စာလုံးကို ရှေ့ကနေ ဖတ်ပြ လိုက်ဆို ချရေးခိုင်းတာမျိုး ပြီးတော့
cat = ကြောင် ကို အခေါက်ခေါက်ဆိုပြီး ကျက်ရမယ့် အလုပ်မျိုးက phonics သင်ထားတဲ့ ကလေးတွေအတွက်က လုံးဝမလိုအပ်တော့ပါဘူးနော်
ကျက်ခိုင်းတဲ့အလုပ်က ငယ်ရွယ်တဲ့ကလေးတွေအတွက် ခက်ခဲတဲ့ အလုပ်ပါ

Phonics သင်ထားတဲ့ ကလေးတွေက မကျက်ရဘူးလို့မဆိုလိုပါဘူး သူ့အရွယ်နဲ့ သူ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်ပါတယ် 💜

Phonics ရထားတဲ့ကလေးတွေကို English 4 skills ( reading, writing, listening,speaking) နဲ့ Grammar
ဆက်ပြီးတော့ သင်ကြားတဲ့အခါမှာ များစွာ အထောက်အကူဖြစ်ပါတယ်
Cambridge exam တွေဖြေဆိုရာမှာလည်း အထောက်အကူဖြစ်ပါတယ်
ဆိုတော့ ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန်နဲ့ အခြေခိုင်အောင် စနစ်တကျ ပျိုးထောင်ပေးဖို့ဆိုရင် အခြေခံအကျဆုံးဖြစ်တဲ့ Phonics ကိုစသင်ရမှာဖြစ်ပါတယ်

Phonics သင်ကြားနည်းတွေထဲက တီချယ်ဖူး ကြိုက်တဲ့ Jolly Phonics အကြောင်း နည်းနည်းပြောပြပါမယ်
Jolly Phonics sounds 42 သံကို အခြေခံပြီး သင်ကြားရမှာဖြစ်ပါတယ် အဆင့် ၅ ဆင့်ခွဲပြီးသင်ကြားရမှာဖြစ်ပါတယ်

Letter sounds 42 သံကို Group 7 ခုနဲ့ အသေးစိတ်ခွဲခြားပြီး သီချင်းလေးတွေ activities များများနဲ့ သင်ကြားရတဲ့အတွက် ကလေးတွေအဖို့ fun ဖြစ်စေပါတယ်

Step 1 ဖြစ်တဲ့ learning the letter sounds

Jolly Phonics 42 sounds
Group 1 s,a,t,i,p,n
Group 2 c,k,e,h,r,m,d
Group 3 g,o,u,l,f,b
Group 4 ai,j,oa,ie,ee,or
Group 5 z,w,ng,v,oo
Group 6 y,x,ch,sh,th
Group 7 qu,ou,oi,ue,er ...ဆိုတဲ့ အုပ်စုလေးတွေခွဲပြီး စနစ်တကျသင်ရတာဖြစ်တဲ့အတွက် ကလေးတွေဟာ လွယ်လွယ်နဲ့ မှတ်မိစေပါတယ်

Step 2 Learning the letter formation ကိုလည်း
Games, activities and worksheets တွေနဲ့ သင်ကြားရမှာဖြစ်ပါတယ်

ပျော်‌လည်းပျော် စာလည်းရစေတဲ့ သင်ကြားနည်းလေးပါ group 7 ခုလုံး ကျေညက်သွားပြီဆိုရင်
Step 3 blending ကိုဆက်သွားရမှာပါ
cvc လို့အတိုကောက်ခေါ်တဲ့
Consonant + vowel + consonant လွယ်ကူတဲ့ စာလုံးလေးတွေကို စဖတ်နိုင်ပြီဖြစ်ပါတယ်
ဥပမာ cat, pan , dog,....
ထို့နောက် အဆင့်တစ်ဆင့်ချင်းစီ တက်သွားရမှာဖြစ်ပါတယ်

Jolly Phonics သင်တဲ့အခါ သင်ထောက်ကူတွေ flashcards လေးတွေ အများကြီးလိုအပ်ပါတယ်
စာလုံးတွေ စဖတ်ခိုင်းတဲ့ အချိန်မှာလည်း flashcards ပုံလေးတွေများများပြပြီး သင်ရမှာဖြစ်ပါတယ်

ကလေးတွေအတွက် တကယ်ထိရောက်မှု‌ရှိစေချင်တယ် တကယ်တတ်စေချင်တာဆိုရင်တော့ အချိန်တစ်ခုတော့ လိုအပ်ပါတယ်
မိဘတွေကလည်း စိတ်ရှည်ဖို့ ဇွဲမလျှော့ဖို့တော့လိုပါတယ်နော်

တီချယ်ဖူးဖူး 💜

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Taunggyi