Learner Choice Education

Learner Choice Education လေ့လာသင်ယူချင်သူများအတွက် နားခိုရာ

G Suite ထဲက အသုံးဝင်တာလေးတွေကို ရှင်းပြပေးပါမယ်။စိတ်ပါဝင်စားသူများ မိမိတက်ရောက်လိုသော အချိန်ကို Comment ပေးပါရှင့်။လူမျာ...
19/10/2020

G Suite ထဲက အသုံးဝင်တာလေးတွေကို ရှင်းပြပေးပါမယ်။
စိတ်ပါဝင်စားသူများ မိမိတက်ရောက်လိုသော အချိန်ကို Comment ပေးပါရှင့်။
လူများတဲ့အချိန်သင်ကြားပေးပါမယ်ရှင့်။ Covid ကာလ ပညာဒါန အတန်းလေးပါရှင့်။
20.10.2020 (6:00PM)
20.10.2020 (7:00PM)
10.10.2020 (8:00PM)

19/09/2020

အောက်ဖော်ပြပါသင်တန်းများထဲမှ တက်ရောက်လိုသည့်သင်တန်းကို Comment မှာနံပါတ်ရေးပေးပါ။ တက်ရောက်ချင်သူများတဲ့ သင်တန်းအား မကြာမီဖွင့်လှစ်ပေးပါမည့်ရှင့်။

1. page
2. Google (including Gmail,Google Drive)
3. Customer Service

23/05/2020

Digital Marketing ကို Facebook မှာ ထိရောက်စွာ အသုံးပြုဖို့ ဆောင်ရွက်ရမည့် နည်းလမ်း (၂၀)
================

1. Use picture when posting to facebook – A little copy & a picture can go along way.
page မှာ Post တင်တဲ့ အခါတိုင်း ဓာတ်ပုံတွေကို ထိထိရောက်ရောက် အသုံးပြုပါ။ အင်တာနက်ပေါ်က အလွယ်တကူ ရယူတာထက် မိမိကိုယ်ပိုင် Creation ပါတဲ့ပုံတွေက Unique ဖြစ်ပြီး မြင်လွယ် မှတ်မိလွယ်ပါတယ်။

2. Preschedule Facebook Posts using facebook schedule tool.

တင်ပြမည့် အကြောင်းအရာများကို ကြိုတင်ပြင်ဆင် ရေးသားထားပြီး Facebook ရဲ့ အချိန်မှတ်တမ်း အတိအကျနဲ့ တင်လို့ရတဲ့ Schedule Tool ကို အသုံးပြုပြီး ပုံမှန်တင်ပါ။ တင်လိုက် မတင်လိုက် မလုပ်ပါနဲ့။ စနေနေ့ ညတိုင်း (၉) နာရီမှာ တင်မယ် ဆိုတာမျိုး အချိန်အတိအကျ Plan ဆွဲပြီး တင်ပါ။ ဒါဟာ သင်နဲ့ သင့်ရဲ့ Customer တွေကို အမြဲတမ်း ထိတွေ့စေပါတယ်။

3. Advertise using a modest budget of no less than $75 per month.

အပြိုင်အဆိုင်များလှတဲ့ ဒီခေတ်ကြီးမှာ သင်နဲ့ အလားတူ လုပ်ငန်းတူတဲ့ ပြိုင်ဘက်တွေကို ထိထိရောက်ရောက် ယှဉ်ပြိုင် ပြိုင်ဆိုင်နိုင်ဖို့ page ဖွင့် ထားရုံနဲ့ မလုံလောက်တော့ပါဘူး။

နိုင်ငံခြား Payment Card တွေဖြစ်တဲ့ Visa Card, Master Card တွေကို ပြည်တွင်းဘဏ်တွေမှာ လျှောက်ထားပြီး မြန်မာငွေနဲ့ Exchange လုပ် Dollor ပြောင်းထည့်ကာ page ကို Sponsored လုပ် Boosted တွန်းပေးရတော့မှာ ဖြစ်ပါတယ်။ Boosted တွန်းတဲ့ နေရာမှာလည်း ထိထိရောက်ရောက်ဖြစ်အောင် မိမိလုပ်ငန်းကို အမှန်တကယ် အသုံးပြုမည့် ပရိတ်သက် (Audience) ကို မှန်ကန်တိကျစွာ ရွေးချယ်ပေးနိုင်ရပါမည်။

4. Fill out your page details including description, Hours & Contact Information.

page မှာ မိမိလုပ်ငန်းရဲ့ အကြောင်းအရာ အသေးစိတ်၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ Mission, Vision များ၊ တည်နေရာ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Website Address၊ ရုံးချိန်, အလုပ်ချိန်တွေကို တိတိကျကျ ထည့်သွင်း ကြေငြာသင့်ပါတယ်။

5. Add a call to action to your page.

page တွေကို ဒေါ်လာငွေထည့်ပြီး Boost တွန်းတဲ့အခါ သင့်အတွက် Shop Now, Book Now, Learn more, Sign Up, Send Message ဆိုပြီး သင့်လုပ်ငန်းနဲ့ လိုက်ဖက်ကိုက်ညီမည့် Button အသုံးပြုကာ သ့င်ကို ဆက်သွယ်လို့ရမည့် Contact များ ထည့်ပေးပါ။

6. Change Your Facebook Cover Image On A Regular Basis.

Facebook Digital Marketing ရဲ့ နောက်ထပ် လျှိုဝှက်ချက်တစ်ခုကတော့ သင့်ရဲ့ Facebook Cover Image ကို မကြာခဏ အလှည့်ကျ ပြောင်းလဲပေးပါ။ Cover Page ပြောင်းတိုင်း Facebook က သင့်ရဲ့ Friend နဲ့ Page Fan တွေကို ချက်ချင်း အသိပေးတာမို့ ဒါဟာလည်း ပိုက်ဆံမကုန်တဲ့ ကြေငြာနည်း တစ်ခု ဖြစ်ပါတယ်။

7. Add Events To Facebook Events.

ကိုယ့်လုပ်ငန်းမှာ ဘာပွဲပဲလုပ်လုပ် တင်ဖြစ်အောင် တင်ပါ။ အဲဒီလိုမျိုးမှာ သာမာန် Post တင်တာထက် ဖိတ်ကြားစာ ပုံစံမျိုး Event အသုံးပြုပြီး တင်ပါ။ ဒါဟာ သင့်ရဲ့လုပ်ငန်းဟာ ပုံမှန် Run နေတယ်ဆိုတဲ့ Message ကို သင့်ရဲ့ Customer ကို သိစေပြီးတော့ သင့်ရဲ့ Product တွေ အပေါ်မှာ ပိုမို ယုံကြည်လာစေမှာ ဖြစ်ပါတယ်။ Event ကနေ သင့်ပွဲကို စိတ်ဝင်စားတဲ့ သူများ၊ အမှန်တကယ် ပွဲတက်ရောက်မည့်သူများကို အလွယ်တကူ စာရင်းကောက်နိုင်ပါတယ်။

8. Stay Educated With Facebook Changes.

Facebook Company အနေနဲ့ လူအများစု Facebook သုံးလာနိုင်အောင် လုပ်ဆောင်နိုင်ခြင်းဟာ လူတွေရဲ့ လိုအပ်ချက်များ ဖြစ်ချင်မှုများကို အမြဲတမ်း လိုက်ပါ ပြောင်းလဲ ဖြည့်စွပ်ပေးနေလို့ တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ Feature တွေဟာ တိုးတက် များပြား ကောင်းမွန်လာပါတယ်။ နည်းပညာသစ်တွေကိုလည်း အမြဲတမ်း မိတ်ဆက် ပေးနေပါတယ်။ ဒါကြောင့် Facebook Company ရဲ့ သတင်းထုတ်ပြန်ချက်တွေကို အမြဲတမ်း စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြောင်းလဲနေတဲ့ နည်းပညာတွေကို ချက်ချင်း လိုက်ပါ ပြင်ဆင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

9. Invite Your Facebook Friends To Your page & Events.

page ရဲ့ Like အရေအတွက် ဂဏန်းဟာ သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို တိုင်းတာနိုင်တဲ့ ပြဒါးတိုင်လည်း ဖြစ်ပါတယ်။ သင့်ရဲ့ page ဟာ မြန်မာနိုင်ငံမှာ Like အများဆုံး မဖြစ်ရင်တောင် သင်နဲ့ လုပ်ငန်း သဘောသဘာဝတူတဲ့ စီးပွားရေးလုပ်ငန်း Page တွေ အချင်းချင်း ဂဏန်းတန်ဖိုးချင်း ယှဉ်ရင် ပြိုင်ဆိုင်နိုင်လောက်တဲ့ အရေအတွက်လောက်တော့ ရှိဖို့ လိုအပ်ပါတယ်။ ဒီဂဏန်းတွေဟာ အသစ်ထွက်ရှိမယ့် Product တွေအတွက် ပြန်လည် အသုံးချနိုင်တဲ့ Marketing Strategy အတွက်လည်း အသုံးဝင်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော့် Product တွေကို အသုံးပြုတဲ့ Customer အရေအတွက်လို့ တော့ အကြမ်းဖျဉ်း ပြောနိုင်တာပေါ့။

10. Be Creative.

စု တု ပြု နည်းလမ်းကို အသုံးပြုပြီးတော့ နောက်ဆုံး အဆင့်မှာတော့ ကိုယ်ပိုင် Creation များများလုပ်တက်အောင် လေ့ကျင့် သင်ယူပါ။ သင်တင်တဲ့ ပို့တစ်ခု Like များ Share များဖို့အတွက် အများနဲ့မတူ တမူထူတဲ့ စနစ်တစ်ခုတော့ ပါဝင်ရပါမည်။ သေချာတာကတော့ သင့်ရဲ့ ပို့စ်ကို ဖတ်ချင်စိတ်ဖြစ်လာအောင် စိတ်ဝင်စားဖွယ် ရေးသား တင်ဆက်နိုင်ရပါမည်။ ကာလံ ဒေသံ အဂ္ဂံ ဓနံ ဆိုတဲ့အတိုင်း လူတိုင်းစိတ်ဝင်စားတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အချိန်ကာလမှာ Creative ပါပါ တင်ဆက်နိုင်ရပါမည်။ ဒါဟာ လက်ရှိ Facebook Cele များ အသုံးပြုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီအတွက် သင့်မှာ ရှက်ကြောနည်းနည်း ဖြက်ထားဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ဒီနည်းလမ်းဟာ Cyberbully ကို ကျုးလွန်ရာတော့ ကျပါတယ်။ ဒီစကားဟာ မြန်မာနိုင်ငံ အတွက်တော့ နူညံ့သိမ်မွေ့လွန်းလှပါတယ်။ Copyright နဲ့ Plagiarism ကို သိသိသာသာ ချိုးဖောက် ကျူးလွန်နေကြတာ Cyberbully လောက်တော့ အပျော့ပေါ့။

11. Tell Stories About Your Employees, Owners, Products, Services & Industry.

သင့်လုပ်ငန်းရဲ့ Success Story တွေကို မကြာခဏ ပြောပေးပါ။ ဒီအတွက် သင့်ရဲ့ ပြိုင်ဘက်တွေရဲ့ ခနော်ခနဲ့ ပြောဆို ရန်စမှုတော့ ကြုံရနိုင်ပါတယ်။ ဒါပေမယ် ဒါကို လုပ်ရမှာပါပဲ။ သင့် Customer တွေ သင့်ကို ယုံကြည်လာစေဖို့ သင့်လုပ်ငန်း ဝန်ထမ်းတွေရဲ့ အဆင်ပြေမှု၊ အောင်မြင်မှု အကြောင်းတွေ၊ သင့် Product နဲ့ Service ရဲ့ အားသာချက်တွေ၊ သင်တို့ရဲ့ လုပ်ငန်းနယ်ပယ် Industry မှာ သင့်လုပ်ငန်းဟာ ဘယ်လောက် နေရာ ရကြောင်း၊ ဈေးကွက် ဝေစု Market Share ဘယ်လောက် ပိုင်ဆိုင်နေကြောင်း သင့်ရဲ့ Customer တွေ သိပါစေ။

12. Collaborate With Other page Manager To Engage With Each Other Online.

အင်တာနက်ရဲ့ အဓိက အားသာချက်က နေရာဒေသ၊ အချိန်ကာလ ဘယ်လိုပင် ကွာခြား ကွာခြား အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်ပါတယ်။ Online Collaboration လို့ ခေါ်ပါတယ်။ အွန်လိုင်းမှာ သင်နဲ့ ပူပေါင်းလို့ ရနိုင်သမျှကို ပူးပေါင်းပါ။ page တွေမှာ အပြန်အလှန် ကူညီ ချိတ်ဆက်ခြင်းအားဖြင့် သင့်ရဲ့ Customer အသစ်တွေကို ရှာဖွေပါ။ လက်ရှိ စီးပွားရေး Business လောကမှာ ပြောင်းလဲလာတဲ့ သဘောတရားတစ်ခုကတော့ Win – Win System ပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်ကို အလှဲထိုး ယှဉ်ပြိုင်တာ မဟုတ်တော့ဘဲနဲ့ ပူးပေါင်းပြီး ပိုမို ကြီးမားတဲ့ လုပ်ငန်းဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင်တစ်ယောက်တည်း မရပ်တည်ပါနဲ့။ တက်နိုင်သမျှ တခြားသူများနဲ့ ပူးပေါင်း ဆောင်ရွက်ပါ။

13. Share Content From Your Newsfeed.

page မှာ သင့်ရဲ့ Own Creation တွေပဲ တင်ရမယ်လို့ မဆိုလိုပါဘူး။ သင်ပြောချင်တဲ့ အလားတူ အကြောင်းအရာတွေ၊ သင့်နဲ့ အာဘော်တူတဲ့ တခြားသူတွေ ရေးထားတဲ့ ပို့စ်တွေကိုလည်း Credit ပြန်ပေးပြီး တင်နိုင် Share နိုင်ရင် သင်လုပ်နိုင်တာထက် ပိုပြီး အောင်မြင်သွားမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင် ပို့စ် အသစ် ရေးမတင်နိုင်ရင်တောင် လူတွေစိတ်ဝင်စားမည့် အကြောင်းအရာတွေကို Share ပေးခြင်းဖြင့် သင့်ရဲ့ page ဟာ အမြဲတမ်း Live ဖြစ်နေပါစေ။

14. Like, Comment & Share From Your Business page To Your Personal Account.

page မှာ တင်သမျှ အကြောင်းအရာတွေကို သူချည်း သက်သက်မထားဘဲ သင် အသုံးပြုနေတဲ့ Personal Facebook Account ကနေလည်း အမြဲတမ်း Like, Share, Comment လုပ်ပေးနေပါ။ ဒါဟာလည်း သင့်လုပ်ငန်းနဲ့ သင့်နာမည်ကို အမြဲတမ်း တွဲသိနေမည့် နည်းလမ်းလည်း ဖြစ်ပါတယ်။ ကိုဝေဖြိုးအောင် ဆိုရင် AIT Computer လို့ တွဲသိနေစေသလိုမျိုးပါ။

15. Use pages Manager On Your Mobile Devices.

ကွန်ပျူတာနဲ့ အမြဲတမ်း အလုပ်လုပ်နေသော်လည်း ကွန်ပျူတာဆိုတာ နေရာတကာ ယူသွားလို့ ရတဲ့ အမျိုးမဟုတ်ဘူးလေ။ ဒါပေမယ့် သင့်ရဲ့ ဖုန်းကတော့ သင်ဘယ်သွားသွား မပါမဖြစ် ပါနေရမည့် ပစ္စည်း ဖြစ်နေပြီလေ။ Facebook Digital Marketing လုပ်ပြီး ဆိုရင်တော့ သင့်ဖုန်းမှာ မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည့် Software Application တစ်ခုကတော့ page Manager ပဲ ဖြစ်ပါတယ်။ ရောက်တဲ့ နေရာမှာပဲ Facebook Sponsored Boost တွန်းနိုင်သလို သင့်ရဲ့ Marketing နဲ့ Advertising အခြေအနေရဲ့ ထိရောက်မှုကို စောင့်ကြည့် အကဲခက် ပြင်ဆင် တည်းဖြတ်နိုင်ပါတယ်။

16. Stay On Topic. Only Post About Things That Have To Do With Your Business, Your Industry Or Your Audience.

Facebook ကို လူမျိုးစုံ အသုံးပြုနေတာမို့ အကြောင်းအရာတွေကလည်း စုံလင်စွာ ရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ page မှာတော့ သင်လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေကို မတင် မရှယ်မိဖို့ လိုအပ်ပါတယ်။ သင့်လုပ်ငန်းရဲ့ Theme ကို ဘယ်တော့မှ အပျောက်မခံပါနဲ့။ အမြဲတမ်းပဲ သင့်ရဲ့ Product, သင့် Customer လိုအပ်ချက်တွေပေါ်မှာပဲ အာရုံစူးစိုက်ပါ။ လမ်းကြောင်းတွေ သွေဖယ် မသွားစေပါနဲ့။ ဥပမာ သင့်ရဲ့ စီးပွားရေး လုပ်ငန်း Page မှာ နိုင်ငံရေးအကြောင်းတွေ သွားမတင်မိပါစေနဲ့။ ဘာလို့လည်း ဆိုတော့ သင်ဟာ လူတစ်စု အဖွဲ့တစ်ခုတည်းအတွက် လုပ်နေတာမဟုတ်ဘဲ အားလုံးနဲ့ ပတ်သက်နေတာကြောင့်ပါ။

17. Secure Your Personal URL On Facebook By Going To fb.com/username.

Hacker တွေ Cyber War တွေ ပေါများလှတဲ့ ဒီခေတ်ထဲမှာ သင့်ရဲ့ Online Security & Personal Privacy ကလည်း အရေးပါလှပါတယ်။ ငွေကုန်ကြေးကျ များစွာနဲ့ ပြင်ဆင်ထားတဲ့ သင့် Page ဟာ သင့် Personal Facebook Account အဟက်ခံရတာနဲ့ ပါသွားမှာပဲ ဖြစ်ပါတယ်။ ဒီလို မဖြစ်ဖို့ Facebook ရဲ့ လုံခြုံရေး Security အကြောင်းကို ထဲထဲဝင်ဝင်နားလည် အသုံးပြုတက်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ User Account ကို Default Setting လောက်သာ မထားဘဲ Security Setting မြင့်မြင့်ထားပါ။

18. Add Your Facebook URL To Your Business Cards & Other Printed Material.

ဒီဘက်ခေတ်မှာ Digital Marketing အပြင် သမားရိုးကျ Traditional Marketing တွေဖြစ်တဲ့ Printed Media ကိုလည်း ပစ်ပယ်လို့ မရသေးပါဘူး။ သင့်ရဲ့ page URL လိပ်စာကို သင့်ရဲ့ Visiting Card တွေ၊ ဘောက်ချာတွေ၊ လက်ကမ်း စာစောင်တွေ၊ သင့် Product တွေမှာ မပျက်မကွက် ထည့်သွင်းထားပေးဖို့ လိုအပ်ပါတယ်။

19. Add Facebook Links To Your Sites, Other Social Accounts & Youtube.

Digital Marketing လို့ ဆိုတဲ့ အတိုင်း Digital နဲ့ ပတ်သက်တဲ့ အရာ မှန်သမျှကို ချိတ်ဆက်ပေးထားရပါမည်။ သင့်ရဲ့ Website တွေ၊ Social Account တွေ၊ Youtube Channel တွေမှာ သင့်ရဲ့ page Link တွေ ထည့်သွင်းထားပါ။

20. Share Some Free Stuff’s To Your Facebook Fans.

သင့်ရဲ့ Facebook Fan တွေအတွက် အွန်လိုင်းကနေ အခမဲ့ရတဲ့ သင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဆောင်းပါးတွေကို ပြန်လည် မျှဝေပေးပါ။ ဒီအတွက် Data တွေကိုတော့ Google, Youtube, Wikipedia, Website စတာတွေကနေ ရရှိနိုင်ပါတယ်။ သင်ကတော့ အချိန်ပေးပြီး ကြိုတင် လေ့လာထားရပါမည်။

Credit >>> ဝေဖြိုးအောင်
Managing Director & Founder
AIT Computer Co.,Ltd

page Free Class Batch(2) Online Class (23.5.2020) (4:00 PM) မှ (6:30 PM)  ပထမဆုံး Online Class လေးအောင်မြင်စွာပ...
23/05/2020

page Free Class Batch(2) Online Class (23.5.2020) (4:00 PM) မှ (6:30 PM) ပထမဆုံး Online Class လေးအောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ စိတ်ပါဝင်စားစွာနဲ့ သိချင်တာတွေကော‌မေးခွန်းလေးတွေ မေးပေးကြတဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကိုယ်တတ်မြောက်ထားတာလေးကို Sharing လေးလုပ်ခွင့်ရတဲ့တွက်လည်း ပျော်ရွှင်ရပါတယ်။

page Free Class Batch(2) Online Class (23.5.2020) (4:00 PM)တက်ရောက်လိုသူများ Comment တွင် Yes ဟုရေး၍ Messenger ...
22/05/2020

page Free Class Batch(2) Online Class (23.5.2020) (4:00 PM)
တက်ရောက်လိုသူများ Comment တွင် Yes ဟုရေး၍ Messenger တွင် Email များပေးပို့ပေးပါရန်။

ဒီနေ့မှာ ပြန်လည်ဝေမျှချင်တဲ့ အကြောင်းအရာလေးကတော့ Kwik Learning Program ( Professor Jim Kwik ) သင်ကြားခြင်းမှ လေ့လာခဲ့ရတဲ...
15/04/2020

ဒီနေ့မှာ ပြန်လည်ဝေမျှချင်တဲ့ အကြောင်းအရာလေးကတော့ Kwik Learning Program ( Professor Jim Kwik ) သင်ကြားခြင်းမှ လေ့လာခဲ့ရတဲ့ အရာလေးတွေပဲဖြစ်ပါတယ်။

ပထမဦးစွာ အားလုံး G P A ဆိုတာလေးထားရှိဖို့လိုပါမယ်။
G P A ဆိုတာဘာလဲပေါ့။
G - Goal (ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ပေါ့)
p - Purpose ( ရည်ရွယ်ချက်၊ လိုအပ်ချက်အကြောင်းအရာပေါ့)
A - Action ( လုပ်ဆောင်ချက်၊ ပြုလုပ်ရမဲ့အရာတွေပေါ့)

ပထမဆုံးကိုယ့် Goal ကိုထားတော့မယ်ဆိုရင် သိသင့်တဲ့အချက်လေးရှိပါတယ်။ ကိုယ့်ရဲ့ Goal က Smart ဖြစ်ရပါမယ်။ Smart ရဲ့အဓိပ္ပါယ်လေးကတော့ စာလုံးတစ်လုံးဆီမှာရှိနေပါတယ်။

S - Specific
(ကိုယ့်ရဲ့ Goal ကတိကျပြီး သတ်သတ်မှတ်မှတ်ရှိနေရပါမယ်။ )

M - Measurable
(ကိုယ့်ရဲ့ Goal က တိုင်းတာလို့ရနေရပါမယ်။ )

A - Action- oriented
(ကိုယ့်ရဲ့ Goal ကလက်တွေ့လုပ်ဆောင်နိုင်တဲ့အရာမျိုး ဖြစ်ရပါမယ်။)

R - Realistic
( ကိုယ့်ရဲ့ Goal က လက်တွေ့ကျသော ရရှိနိုင်ရန် မျှော်လင့်ရတဲ့ အရာဖြစ်နေရပါမယ်။)

T - Time bound
( ကိုယ့်ရဲ့ Goal ကအချိန်အကန့်အသတ်နဲ့ရှိနေရပါမယ်။ ဥပမာ တစ်နှစ်အတွင်း ကိုယ်လုပ်ဆောင်မှာလား ဆိုတာမျိုး ဖြစ်ရပါမယ်။

ကိုယ့်ရဲ့ ရည်မှန်းချက်လည်း ချမှတ်ပြီးပြီဆိုရင်တော့ ရည်ရွယ်ချက်ပေါ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကနေ ကိုယ်ဘာတွေအကျိုးအမြတ်၊ အောင်မြင်မှုတွေရနိုင်မှာလဲဆိုတာသိနေဖို့လိုပါတယ်။

ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ ရှိနေရုံနဲ့လည်း မပြည့်စုံသေးပါဘူး ။ လုပ်ဆောင်ချက်ဆိုတာပါမှ ရည်မှန်းချက်တွေကပြည့်မှီမှာဖြစ်ပါတယ်။ သင်ဘာမှမလုပ်သရွေ့ကတော့ ဘာမှ ဖြစ်လာမှမဟုတ်တဲ့အတွက် အကောင်းဆုံးလုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ ဒီတော့ မိတ်ဆွေတို့ကော ဘာကိုစောင့်ဆိုင်းနေပါသလဲ၊ ကိုယ့်ဘဝရဲ့ အချိန်တိုလေးတွေကို ဖြုန်းတီးပစ်မဲ့အစား ခုချိန်ကစပြီး ကိုယ့်ရဲ့ Smart Goal လေးတွေချမှတ်ပြီး အောင်မြင်မှုတွေကို ရယူလိုက်ပါနော်။

Computer ကနေစာတွေဖတ်လေ့လာတာတွေများလာတဲ့အခါ အနားပေးတဲ့အနေနဲ့ စာအုပ်လေးတွေဖတ်ဖြစ်ပါတယ်။ခုလက်တလောဖတ်ပြီးတဲ့စာအုပ်လေး ပါပီယွ...
21/03/2020

Computer ကနေစာတွေဖတ်လေ့လာတာတွေများလာတဲ့အခါ အနားပေးတဲ့အနေနဲ့ စာအုပ်လေးတွေဖတ်ဖြစ်ပါတယ်။
ခုလက်တလောဖတ်ပြီးတဲ့စာအုပ်လေး ပါပီယွန်ရဲ့ " ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့လေး"
ဒီစာအုပ်လေးဖတ်ပြီးကိုယ်ကတော့ လေ့လာသူအမြင်နဲ့ သင်ခန်းစာလေးတွေရလိုက်တယ် ။ကိုယ့်နိုင်ငံမဟုတ်တဲ့အခြားတစ်နေကာမှာ သင်ယူလေ့လာဖို့တွက် ကြိုးစားရုန်းကန်ရတာတွေ Result ကောင်းရဖို့ အချိန်တွေများစွာအားစိုက်ထုတ်ရတာတွေကို သတိထားမိသလို ကိုယ့်တွက်တွန်းအားလိုမျိုးဖြစ်စေတယ်။ စာအုပ်ထဲက ကောင်ကလေးလို အသက်ကြီးနေသည့်တိုင် ကိုရွေးချယ်ခဲ့တဲ့လမ်းတွက် ပင်ပန်းဆင်းရဲခံရမှုတွေရင်ဆိုင်ကြုံတွေ့ရတတ်တယ်ဆိုတာ သင်ယူလေ့လာသူတိုင်းမှတ်သားထားသင့်ပါတယ်။ ကိုယ်ကလိုချင်တာ‌တွေရှိလာလေလေ ကိုယ့်ဘက်ကလည်းပေးဆပ်ရတာတွေများလာလေပါပဲ။ လေ့လာမှုတစ်ခုမှာ အချိန်ဆိုတာက မဖြစ်မနေရင်းနှီးမြုပ်နှံရမဲ့ ကိုယ့်ရဲ့အဓိကအရင်းအနှီးပါပဲမိတ်ဆွေ။

လေ့လာပါ သင်ယူပါ မှတ်သားပါ*****ပြန်လည်ဝေမျှပါ။******
16/03/2020

လေ့လာပါ သင်ယူပါ မှတ်သားပါ
*****ပြန်လည်ဝေမျှပါ။******

ကိုယ်ဘယ်နေရာမှာနေချင်လဲ?အားလုံးရဲ့အထက်မှာနေချင်တယ်ဆိုရင်တော့ အားလုံးထက်ပိုသိနေဖို့လိုပါမယ်။ကောင်းမွန်ပြီးပြည့်စုံတဲ့ Res...
10/03/2020

ကိုယ်ဘယ်နေရာမှာနေချင်လဲ?
အားလုံးရဲ့အထက်မှာနေချင်တယ်ဆိုရင်တော့ အားလုံးထက်ပိုသိနေဖို့လိုပါမယ်။
ကောင်းမွန်ပြီးပြည့်စုံတဲ့ Result , Outcome တွေရရှိဖို့က ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပေါ်မှာမူတည်နေပါတယ်မိတ်ဆွေ။
ဒီတော့ ဒီနေ့သင်ယူခြင်းမှ ကိုယ့်ဘဝရဲ့ ရွှေရောင်အနာဂတ်တွေဆီလျှောက်လှမ်းဖို့ တဖြေးဖြေးကြိုးစားအားထုတ်ပါ။

လေ့လာပါ။လေ့လာသင်ယူခြင်းက သင့်အတွက် အခွင့်ရေးအသစ်တောင် ဆောင်ကျဉ်းပေးပါလိမ့်မယ်။ဒီနေ့မှာလေ့လာသူဆိုပေမယ့် နောက်ရက်မှာ သင်ကြ...
04/03/2020

လေ့လာပါ။
လေ့လာသင်ယူခြင်းက သင့်အတွက် အခွင့်ရေးအသစ်တောင် ဆောင်ကျဉ်းပေးပါလိမ့်မယ်။
ဒီနေ့မှာလေ့လာသူဆိုပေမယ့် နောက်ရက်မှာ သင်ကြားနိုင်သူဖြစ်နိုင်တာမို့ လေ့လာခြင်းကို မရပ်တန့်ပါနဲ့။

Address

Taunggyi

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959401525811

Website

Alerts

Be the first to know and let us send you an email when Learner Choice Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Learner Choice Education:

Shortcuts

Share

Category