Tr.Khaing Learning Mathematics Centre

Tr.Khaing Learning Mathematics Centre

Share

Math is like going to the gym for your brain. It sharpens your mind.
@mathpiirates

21/05/2026

IGCSE Mathematics ကို ရွေးချယ်မယ်ဆိုရင် အဓိကအားဖြင့် CIE (Cambridge) နဲ့ Edexcel (Pearson) ဆိုတဲ့ Board နှစ်ခုကို တွေ့ရပါတယ်။ Board တစ်ခုချင်းစီမှာ သင်ကြားပုံ၊ Exam Structure နဲ့ Question Style တွေ မတူတာကြောင့် ကိုယ့်ရဲ့အားသာချက်နဲ့ ကိုက်ညီတာကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

📘 CIE (Cambridge) IGCSE Mathematics

CIE Maths ကို အဓိကအားဖြင့် ၂ မျိုးခွဲထားပါတယ်။

1️⃣ Mathematics (0580) — E-Maths (Extended Mathematics)
ဒီဘာသာရပ်က IGCSE ကျောင်းသားအများစု မဖြစ်မနေဖြေဆိုရတဲ့ အခြေခံ Mathematics Subject ဖြစ်ပါတယ်။
သင်ခန်းစာတွေထဲမှာတော့ Number, Algebra, Geometry, Probability နဲ့ Statistics စတဲ့ အခြေခံ Topic တွေကို လေ့လာရပါတယ်။

Structure အနေနဲ့ —
• Core → Grade C မှ G အထိသာ ရနိုင်ပါတယ်။
• Extended → Grade A* မှ G အထိ ရနိုင်ပြီး ကျောင်းသားအများစုက ဒီ Track ကိုပဲ ဖြေဆိုကြပါတယ်။

2️⃣ Additional Mathematics (0606) — A-Maths
ဒီဘာသာရပ်ကတော့ Mathematics ကို ပိုပြီး Advanced Level နဲ့ လေ့လာချင်သူတွေ၊ Engineering / STEM ဘက်သွားမယ့်သူတွေအတွက် အထူးသင့်တော်ပါတယ်။

A-Maths မှာ —
• Advanced Trigonometry
• Circular Measure
• Vectors
• Calculus (Differentiation & Integration)
• Permutations & Combinations

စတဲ့ Topic တွေ ပါဝင်လာပြီး E-Maths ထက် သိသိသာသာ ပိုခက်ပါတယ်။ အဓိကကွာခြားချက်ကတော့ Calculus ပါဝင်လာတာပါ။

📌 2025 Exam Format Changes (CIE)

2025 Exam Session ကစပြီး Calculator Policy တွေ ပြောင်းလဲလာပါတယ်။

🔹 E-Maths
• Paper 1 & 2 → Non-Calculator 🚫🔢
• Paper 3 & 4 → Calculator Allowed 🔢

မြန်မာပြည်မှ စာဖြေသူအများစုကတော့
• Paper 22 (Non-Calculator)
• Paper 42 (Calculator)
ကို ဖြေဆိုကြရပါတယ်။

ဒါကြောင့် Mental Math, Fractions, Decimals နဲ့ Algebra Manipulation တွေကို Calculator မသုံးဘဲ ကျွမ်းကျင်စွာတွက်နိုင်ဖို့ အရေးကြီးလာပါတယ်။

🔹 A-Maths
• Paper 1 → Non-Calculator 🚫🔢
• Paper 2 → Calculator Allowed 🔢

Calculus နဲ့ Trigonometry ကို Calculator မပါဘဲ ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

📙 Edexcel IGCSE Mathematics (Pearson)

Edexcel ရဲ့ ထူးခြားချက်ကတော့ Paper အားလုံးမှာ Calculator အသုံးပြုခွင့်ရှိတာပါ။ 🔢

1️⃣ Mathematics A (4MA)
ဒီဘာသာရပ်က CIE ရဲ့ E-Maths နဲ့ ဆင်တူပါတယ်။
Paper 1 နဲ့ Paper 2 ဆိုပြီး ခွဲထားပြီး နှစ်ခုလုံးမှာ Calculator သုံးနိုင်ပါတယ်။
Mathematics B ထက် ပိုလွယ်တဲ့ Course ဖြစ်ပြီး Optional အနေနဲ့သာ တချို့ကျောင်းသားတွေ ယူကြပါတယ်။

2️⃣ Mathematics B (4MB)
ဒီဘာသာရပ်က Mathematics A ထက် ပိုခက်ပြီး Reasoning နဲ့ Problem Solving ပိုင်းကို ပိုအားပေးပါတယ်။

CIE နဲ့ ယှဉ်လိုက်ရင် —
• Question တွေ ပိုရှည်တတ်တယ်
• Straightforward Questions နည်းတယ်
• Thinking Skills ကို ပိုစမ်းသပ်တယ်

ထူးခြားချက်တစ်ခုကတော့ CIE မှာ Matrices မပါပေမယ့် Edexcel မှာ Matrices ပါဝင်ပါတယ်။

3️⃣ Further Pure Mathematics (4PM)
ဒီဘာသာရပ်ကတော့ CIE ရဲ့ Additional Mathematics နဲ့ ဆင်တူပါတယ်။

Calculus, Vectors နဲ့ Pure Mathematics Topic တွေကို ပိုနက်နက်နဲနဲ သင်ရပြီး A-Level Mathematics အတွက် အကောင်းဆုံး Foundation တစ်ခု ဖြစ်ပါတယ်။

📌 မြန်မာပြည်မှ စာဖြေသူတွေကတော့ Mathematics B နဲ့ Further Pure Mathematics မှာ Regional Paper (R Paper) ကို ဖြေဆိုရပါတယ်။

📖 CIE vs Edexcel — အဓိကကွာခြားချက်များ

✅ CIE → Practice Questions ပိုများပြီး Coursebook တွေ ပိုအသေးစိတ်တယ်။
✅ Edexcel → Reasoning & Problem Solving ကို ပိုအလေးပေးတယ်။
✅ CIE → Non-Calculator Skills အရေးကြီးတယ်။
✅ Edexcel → Calculator Usage ကို ထိရောက်စွာ အသုံးချနိုင်ဖို့လိုတယ်။
✅ Edexcel မှာ Matrices ပါဝင်ပြီး CIE မှာ မပါဝင်ဘူး။

🎯 ဘယ် Board ကို ရွေးသင့်လဲ?

✔️ Mathematics Foundation ကောင်းပြီး A* ကို Target ထားသူ၊ Non-Calculator Questions တွေကို Challenge အနေနဲ့ ကြိုက်သူတွေကတော့ CIE ကို ရွေးချယ်သင့်ပါတယ်။

✔️ Calculator ကို ထိရောက်စွာ အသုံးချနိုင်သူ၊ Long Questions နဲ့ Deep Reasoning Questions တွေကို နှစ်သက်သူတွေကတော့ Edexcel ကို ရွေးချယ်သင့်ပါတယ်။

Board ဘယ်ဟာကိုပဲ ရွေးရွေး အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ Strength နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ပါပဲ။ ✨


19/05/2026

📢 အလုပ်ခေါ်ယူခြင်း

🎓 Secondary Level (Year 7/8/9)
International Maths သင်ကြားပေးရန်
👩‍🏫 ဆရာ/မ (၂) ဦး

လိုအပ်ချက်များ
- International Curriculum ကို သင်ကြားနိုင်သူ
- Maths Subject ကျွမ်းကျင်သူ
- ကလေးများနှင့် စိတ်ရှည်စွာ သင်ကြားနိုင်သူ
- အတွေ့အကြုံရှိသူ ဦးစားပေးမည်။

🎓 Primary Level (Year 3/4/5/6)
(စာသင်၊ စာကျက်)
👨‍🏫 Assistant Teacher / Guide (၂) ဦး

🎓ညStudy Guide (၁ဦး)
(Grade 10/11/12)

လိုအပ်ချက်များ
- ကလေးများကို စာသင်၊ စာကျက် လမ်းညွှန်နိုင်သူ
- တာဝန်ယူမှုရှိပြီး စိတ်ရှည်သူ
- အတွေ့အကြုံရှိသူ ဦးစားပေးမည်။

📍 လုပ်ငန်းတည်နေရာ - တောင်ကြီးမြို့။
⏰ အလုပ်ချိန် – ညှိနှိုင်းရန်
💰 လစာ – ညှိနှိုင်းနိုင်ပါသည်

📝 စိတ်ဝင်စားသူများအနေဖြင့်
Interview အတွက် Micro Teaching (၁၅ မိနစ်) ပြုလုပ်ပေးရမည်ဖြစ်ပါသည်။

📞 CV Form နှင့်တကွ
Tr- Khaing (09-428311721) Phone/Viber သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

Photos from Tr.Khaing Learning Mathematics Centre's post 16/05/2026

2026 ဖြေမဲ့သူတွေ စာတွေလုပ်ကြ ရီလိုက်ကြ ခွီလိုက်ကြနဲ့
2026 စတတ်တဲ့သူတွေကတော့ AMath သင်ပြီး မျက်ရည်စတွေနဲ့ 🙂‍↔️🙂‍↔️🙂‍↔️

Tr. Khaing Learning Centre

21/02/2026

🎯 “Math ကို ချစ်လာရင် အမှတ်ကောင်းတွေက Bonus ပဲ!”

20/02/2026

Singapore Math Year 2 အတန်းနေရာ ပြည့်သွားပါပြီ။

ကျန်သောအတန်းများအတွက် ကျောင်းသား/ကျောင်းသူအသစ်များကို စောင့်ကြိုနေပါသည်။ 📚


16/02/2026

📚 Grade 12 Biology အတန်းသစ် စတင်ဖွင့်လှစ်မည်

📅 19.2.2026 (Thursday) တွင် Grade 12 Biology အတန်းသစ်ကို စတင်သင်ကြားပါမည်။

🕢 ကြာသပတေး-သောကြာ - စနေ
နံနက် (၇:၀၀-၈:၃၀) တွင် စတင်ပါမည်။

👩‍🏫 သင်ကြားမည့် ဆရာမ – ဒေါ်ချစ်ဝင့်နွယ်

Grade 12 Biology ဘာသာရပ်ကို စနစ်တကျ၊ နားလည်လွယ်ကူစွာ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အတန်းတက်ရောက်လိုသူများအနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက Messenger မှ ဆက်သွယ်
မေးမြန်းနိုင်ပါသည်။




13/02/2026

Tr.Khaing Learning Mathematics Centre
မှ ကျောင်းသားကျောင်းသူများရှင့်

LMC Classroom လေး ပြင်နေတာ မပြီးတဲ့အတွက် မနက်ဖြန် classroom လေး ပိတ်လိုက်ပါတယ်ရှင့်
Sunday မှဘဲ ပုံမှန်အချိန် တိုင်း ပြန်ပို့ပေးပါရှင့်
ကျေးဇူးတင်ပါတယ်ရှင့်

🙏🏻🙏🏻🙏🏻

11/02/2026

📢 Singapore Maths သင်တန်း အပ်နှံလက်ခံနေပါပြီ

သားသမီးရဲ့ ပညာရေးမှာ
အမှတ်ကောင်းရဖို့တင်မကပဲ
👉 တွေးခေါ်နိုင်စွမ်း
👉 ပြဿနာဖြေရှင်းနိုင်စွမ်း
👉 နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်စွမ်း
တွေကိုပါ တည်ဆောက်ပေးချင်ပါသလား?

ဒါဆိုရင် Singapore Maths ကို စဉ်းစားကြည့်ဖို့ အချိန်ရောက်ပါပြီ။

📘 Singapore Maths ဆိုတာဘာလဲ?

Singapore Maths ဟာ
စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော
နိုင်ငံတကာအသိအမှတ်ပြု င်္သချာသင်ရိုးဖြစ်ပါတယ်။

✨ ဘာကြောင့် Singapore Maths ကို ရွေးချယ်သင့်တာလဲ?
• CPA Approach: သဘောတရားတွေကို ရုပ်ဝတ္ထုပစ္စည်းတွေကတစ်ဆင့် (Concrete)၊ ပုံဆွဲခြင်းဖြင့် (Pictorial) နဲ့ နောက်ဆုံးမှ သင်္ကေတတွေ (Abstract) နဲ့ သင်ကြားပေးတာကြောင့် ကလေးတွေ နားလည်ရလွယ်ကူစေပါတယ်။
• Bar Modeling: ခက်ခဲတဲ့ ပုစ္ဆာတွေကို ပုံဆွဲပြီး အလွယ်တကူ အဖြေထုတ်နိုင်အောင် လေ့ကျင့်ပေးပါတယ်။
• Critical Thinking: အလွတ်ကျက်စနစ်မဟုတ်ဘဲ "ဘာကြောင့် ဒီလိုဖြစ်တာလဲ" ဆိုတဲ့ Logical Thinking ကို တည်ဆောက်ပေးပါတယ်။

🌟 Singapore Maths ရဲ့ အထူးအားသာချက်များ

✔️ Concept ကို နက်ရှိုင်းစွာ နားလည်စေခြင်း
✔️ Thinking Skill ကို တည်ဆောက်ပေးခြင်း
✔️ Problem Solving Skill တိုးတက်စေခြင်း
✔️ Level တစ်ခုချင်းစီကို တကယ်တတ်မြောက်အောင် သင်ကြားပေးခြင်း
✔️ သင်္ချာကို မကြောက်တော့စေခြင်း

Singapore Maths သင်ထားသော ကလေးများသည်
သင်္ချာကို မှတ်မထားဘဲ
နားလည်ပြီး ဖြေရှင်းနိုင်ကြသည်။

🎯 ဘယ်သူတွေ သင်နိုင်သလဲ?

✔️ International School တက်နေသော ကျောင်းသားများ
✔️ Government School တက်နေသော ကျောင်းသားများ
✔️ သင်္ချာအခြေခံခိုင်မာစေချင်သူများ
✔️ International Maths Exam (Maths Olympiad စသဖြင့်) ဝင်ဖြေလိုသူများ

📚 Level စနစ်

📌 Textbook တစ်အုပ် = Level ၁ ခု
📌 အဆင့်လိုက် တက်ရောက်ရမည့် စနစ်

💡 ဘာကြောင့် ယခုချိန်က စတင်သင့်သလဲ?

ဒီဘက်ခေတ်မှာ
သင်္ချာဟာ အမှတ်အတွက်သာမက
STEM ဘာသာရပ်များအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

Thinking Skill ကောင်းတဲ့ကလေးတွေဟာ
အနာဂတ်မှာ ယုံကြည်မှုရှိပြီး
ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ကြပါသည်။

📩 Singapore Maths သင်တန်းအပ်နှံလိုပါက
Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📌 Limited Seats – လူဦးရေ ကန့်သတ်ထားပါသည်။

Tr. Khaing Learning Mathematics Centre




10/02/2026

📢📢 Basic French Class ဖွင့်လှစ်ပြီ 🇫🇷✨

ပြင်သစ်စာကို အခြေခံမှစပြီး စနစ်တကျ သင်ယူချင်သူများအတွက်
Learning Mathematics Center မှ
Basic French Class ကို ဖွင့်လှစ်လိုက်ပါပြီ 💬📘

📌 သင်တန်းမှာ ပါဝင်မယ့်အကြောင်းအရာများ
• Basic Vocabularies
• Grammar
• Useful Daily Conversations

⏳ သင်တန်းကြာချိန် – 3 Months

👩‍🏫 သင်ကြားပေးမည့် ဆရာမ
French Speaking Licensed Tour Guide (8 နှစ်ကျော်အတွေ့အကြုံရှိ)
French Basic ပညာဒါနအတန်းများနှင့် အခြား French အတန်းများကို
အောင်မြင်စွာ သင်ကြားပေးခဲ့သော

👉 Tr Win Than Dar Tun (Tr Than Dar)
🎓 B.A (French)
French & English Speaking Licensed Tour Guide

🏫 In-person / Online
👉 မိမိအဆင်ပြေရာပုံစံနှင့် အချိန်ညှိပြီး တက်ရောက်နိုင်ပါသည်

❓ ဘာကြောင့် ပြင်သစ်စာ သင်သင့်လဲ?
🇫🇷 English ပြီးရင် ကမ္ဘာပေါ်မှာ လူပြောအများဆုံး Second Language
🎓 နိုင်ငံခြားသို့ ပညာရေးအတွက် သွားလိုသူများအတွက် အထူးအသုံးဝင်
✨ ယဉ်ကျေးမှုနဲ့ အခွင့်အလမ်းတွေ ပြည့်ဝတဲ့ ဘာသာစကား

📩 စာရင်းသွင်းလိုပါက
ယခုဘဲ Messenger (or) Phone (09428341713)

မှတဆင့် ဆက်သွယ်နိုင်ပါပြီရှင့်
📌 အသေးစိတ်အချက်အလက်များကိုလည်း လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။

🇫🇷 Basic French Class – Start Your French Journey Today! ✨

Photos from Tr.Khaing Learning Mathematics Centre's post 09/02/2026

🎉 Congratulations! 🎉

From the Learning Mathematics Centre, we proudly congratulate you as a student of honorable

🎓Pi Level

May Thin Khaing – Gold 🥇
Yoon Wadi Tun – Bronze 🥉

🎓Sigma Level

Sai Thiha Aung - Silver 🥈
Sai Oam Mouk Pha - Bronze 🥉
Phoo Thin Zar Kyaw -Bronze 🥉

on their wonderful success in the KBZMC Exam.

Well done! We are so proud of you! 🌟👏

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Taunggyi