Xenotech Computing Institute - Taunggyi

Call Directions Contact the school

Xenotech Computing Institute - Taunggyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Xenotech Computing Institute - Taunggyi, Computer training school, No(47), West Circular Road, Kyaung Gyi Su Qr, Taunggyi.

🎉 Mission Accomplished: 7-Day AWS Cloud Practitioner Marathon!ပြီးခဲ့တဲ့ ၇ ရက်တာကာလအတွင်း အလုပ်တွေ၊ ကျောင်းတွေကြားကနေ အခ...
14/08/2026

🎉 Mission Accomplished: 7-Day AWS Cloud Practitioner Marathon!
ပြီးခဲ့တဲ့ ၇ ရက်တာကာလအတွင်း အလုပ်တွေ၊ ကျောင်းတွေကြားကနေ အချိန်ပေးပြီး ဇွဲမလျှော့ဘဲ အဆုံးထိ အတူတူ လိုက်ပါလေ့လာခဲ့ကြတဲ့ သူတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ဂုဏ်ပြုချင်ပါတယ်။

ဒီ Program လေးမှာ စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်နဲ့ စာမေးပွဲအတွက်ပါ အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေကို နေ့စဉ် ဆွေးနွေးနိုင်ခဲ့ကြပါတယ်-
☁️ AWS ရဲ့ အခြေခံ Cloud Concepts, Compute, Storage, Databases, Serverless
🔒 လုံခြုံရေးဆိုင်ရာ Security, Identity & Compliance (KMS, IAM, WAF)
💡 နောက်ဆုံးပေါ် AI/ML နဲ့ Data Analytics Services များ
📊 တကယ်အရေးကြီးတဲ့ Billing, Pricing နဲ့ Support Plans

အစပိုင်းမှာ Register လုပ်သူ (၄၀) ကျော်ရှိခဲ့ပေမယ့်၊ တကယ်တမ်း နေ့တိုင်း မပျက်မကွက် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ (၂၀) ဝန်းကျင်သော လေ့လာသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။

ဒီ Program လေးကနေတဆင့် အားလုံးအတွက် Cloud နယ်ပယ်ကို အစပြုဖို့ အထောက်အကူ တစ်ခုခု ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားလေ့လာနေဆဲဖြစ်လို့၊ ရှေ့ဆက်ပြီး သိလာရမယ့် အတွေ့အကြုံသစ်တွေ၊ အကျိုးရှိမယ့် အကြောင်းအရာတွေကို အခုလိုပဲ အတူတူ ဆက်ပြီး လေ့လာမျှဝေသွားပါဦးမယ်။

အားလုံးပဲ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေ! ✨

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ (၇) ရက်တာ AWS Journey-  Day 2 ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ အထူးဝမ်းသာစရာ သတင်းက...
09/08/2026

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ (၇) ရက်တာ AWS Journey- Day 2 ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါပြီ။ အထူးဝမ်းသာစရာ သတင်းကတော့ ဒီ Journey ကို စိတ်ဝင်တစားနဲ့ စာရင်းပေးသွင်းသူ အရေအတွက် (၃၄) ယောက်အထိ တိုးလာတာပဲ ဖြစ်ပါတယ်။

ဒီနေ့ Day 2 မှာ အဓိက ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့-
✅ AWS ရဲ့ Global Infrastructure တည်ဆောက်ပုံ (Regions, AZs, Edge Locations)
✅ ကောင်းမွန်တဲ့ Cloud System တစ်ခုအတွက် Well-Architected Framework
✅ အဖွဲ့အစည်းတွေ Cloud ကို ကူးပြောင်းရာမှာ သုံးတဲ့ Cloud Adoption Framework (CAF)
✅ Workload တွေကို ပြောင်းရွှေ့ရာမှာ သုံးတဲ့ Migration Strategies ၆ မျိုး (6 Rs) နဲ့ Cloud Economics တွေပဲ ဖြစ်ပါတယ်။

မနက်ဖြန် Day 3 မှာတော့ EC2, Lambda, S3 အစရှိတဲ့ အရေးကြီးတဲ့ Core Service တွေအကြောင်း စတင်လေ့လာသွားကြမှာဖြစ်လို့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတော့မှာပါ။

အချိန်ပေးပြီး တက်ရောက်ကြသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ Day 3 မှာ ပြန်တွေ့ကြပါမယ် ခင်ဗျာ! ☁️✨

ဒီနေ့မှာတော့ ၇ ရက်တာ သင်ကြားပေးသွားမယ့် AWS Cloud Practitioner Free Course ရဲ့ ပထမဆုံးနေ့ (Day 1) ကို အောင်မြင်စွာ စတင်န...
08/08/2026

ဒီနေ့မှာတော့ ၇ ရက်တာ သင်ကြားပေးသွားမယ့် AWS Cloud Practitioner Free Course ရဲ့ ပထမဆုံးနေ့ (Day 1) ကို အောင်မြင်စွာ စတင်နိုင်ခဲ့ပါပြီ။

ဒီတသုတ်အတွက်-
စာရင်းပေးသွင်းသူ: စုစုပေါင်း (၂၅) ယောက်
တက်ရောက်သူ: စုစုပေါင်း (၁၇) ယောက်

ပထမဆုံးနေ့မှာတင် အချိန်ပေးပြီး စိတ်ပါဝင်စားစွာ တက်ရောက်ပေးကြတဲ့သူ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ Cloud နည်းပညာကို အတူတူ လေ့လာရင်း အသိပညာတွေ ဖလှယ်ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။
နောက်ထပ် ကျန်ရှိနေသေးတဲ့ (၆) ရက်မှာလည်း စာမေးပွဲအတွက် လိုအပ်တဲ့ အကြောင်းအရာတွေကို ဆက်လက်ပြီး အကောင်းဆုံး မျှဝေပေးသွားပါမယ်။ Day 2 မှာ ပြန်တွေ့ကြပါမယ် ခင်ဗျာ။

⏳ ၃ ရက်ပဲ ကျန်ပါတော့တယ်!AWS Cloud Practitioner Exam အောင်ဖို့အတွက် လိုအပ်တဲ့ သင်ခန်းစာအားလုံးကို ၇ ည ဆက်တိုက်၊ အခမဲ့၊ LI...
05/08/2026

⏳ ၃ ရက်ပဲ ကျန်ပါတော့တယ်!

AWS Cloud Practitioner Exam အောင်ဖို့အတွက် လိုအပ်တဲ့ သင်ခန်းစာအားလုံးကို ၇ ည ဆက်တိုက်၊ အခမဲ့၊ LIVE သင်ကြားပေးသွားမှာပါ။

🗓 အတန်းစမယ့်ရက်: သြဂုတ်လ ၈ ရက်
⏰ အချိန်: ည ၇ နာရီမှ ၈ နာရီ
📲 ပုံထဲက QR Code ကို Scan ဖတ်ပြီး စာရင်းသွင်းနိုင်ပါတယ်။

Cloud ပေါ်မှာ System က အလုပ်လုပ်နေပါပြီ... ဒါပေမယ့် " Well-Architected" ဟုတ်မဟုတ်ကို ဘယ်လို တိုင်းတာမလဲ?AWS ပေါ်မှာ Serv...
01/08/2026

Cloud ပေါ်မှာ System က အလုပ်လုပ်နေပါပြီ... ဒါပေမယ့် " Well-Architected" ဟုတ်မဟုတ်ကို ဘယ်လို တိုင်းတာမလဲ?

AWS ပေါ်မှာ Server တစ်လုံး တင်လိုက်တာ၊ Database တစ်ခု ဆောက်လိုက်တာက အခုခေတ်မှာ မိနစ်ပိုင်းအလုပ်ပါ။

ဒါပေမယ့် အဲဒီ System က နောက် ၂ နှစ်အကြာမှာ Bill မဖောင်းပွဘဲ၊ Data မပျောက်ဘဲ၊ User များလာချိန်မှာ Stable ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ လုံးဝ မတူတဲ့ မေးခွန်းတစ်ခုပါ။ AWS Well-Architected Framework ဆိုတာ အဲဒီမေးခွန်းကို စနစ်တကျ ဖြေနိုင်ဖို့ AWS က ထုတ်ပေးထားတဲ့ Framework ပါ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက ဒါဟာ ဝယ်သုံးရတဲ့ Product တစ်ခု မဟုတ်ဘဲ၊ Questions Set တစ်ခုသာ ဖြစ်နေတာပါပဲ။

"အလုပ်လုပ်နေတယ်" ဆိုတာနဲ့ "ကောင်းတယ်" ဆိုတာ မတူပါဘူး

ဥပမာပေးရရင် အိမ်ဆောက်တာနဲ့ တူပါတယ်။ အုတ်တွေ စီပြီး အမိုးမိုးလိုက်ရင် အိမ်တစ်လုံး ဖြစ်သွားပါပြီ။ အထဲမှာ နေလို့လည်း ရပါတယ်။

ဒါပေမယ့် မိုးရာသီရောက်လို့ ရေတွေ ဝင်လာတဲ့အခါ၊ ဝါယာကြိုးတွေ နံရံထဲမှာ ရှုပ်ထွေးနေလို့ မီးပြတ်တဲ့အခါ၊ ရေပိုက်တစ်ချောင်း ပြင်ဖို့အတွက် နံရံတစ်ခုလုံး ဖြိုရတဲ့အခါကျမှ "ဒီအိမ် တကယ် ကောင်းရဲ့လား" ဆိုတာ သိလာရတာပါ။ အဲဒီအချိန်ကျမှ ပြင်ရတာက အစကတည်းက မှန်အောင် ဆောက်ထားတာထက် အဆပေါင်းများစွာ ပိုကုန်ပါတယ်။

Cloud Architecture ဟာလည်း အတူတူပါပဲ။ ဒါကြောင့် AWS က အိမ်စစ်တဲ့ Inspector လုပ်သလိုမျိုး၊ System တစ်ခုကို တစ်နေရာတည်းက စစ်ဆေးနိုင်မယ့် စံသတ်မှတ်ချက် တစ်ခု ထုတ်ပေးထားတာ ဖြစ်ပါတယ်။

Framework ရဲ့ ကျောရိုး

Well-Architected Framework တစ်ခုလုံးက Pillar ၆ ခုပေါ်မှာ ရပ်တည်နေပါတယ်။

Operational Excellence - System ကို စောင့်ကြည့်၊ ပြဿနာဖြစ်ရင် တုံ့ပြန်၊ လုပ်ငန်းစဉ်တွေကို Automate လုပ်နိုင်ခြင်း
Security - Data Security၊ User Permission စီမံခန့်ခွဲမှု၊ ဖြစ်ရပ်တွေ Events တွေကို ထောက်လှမ်းနိုင်တဲ့ Control တွေ
Reliability - System က လုပ်ရမယ့်အလုပ်ကို ပုံမှန်လုပ်ပြီး၊ ပျက်သွားရင် မြန်မြန် ပြန်လည်အစားထိုးနိုင်ခြင်း
Performance Efficiency- လိုအပ်တဲ့ Resource အမျိုးအစားနဲ့ Size ကို တိတိကျကျရွေးပြီး၊ လုပ်ငန်းကြီးထွားလာတာနဲ့အမျှ ထိန်းညှိနိုင်ခြင်း
Cost Optimization - မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖယ်ရှားပြီး၊ ငွေက ဘယ်နေရာမှာ ကုန်နေလဲ ဆိုတာကို စစ်ဆေးနိုင်ခြင်း
Sustainability - Workload တွေ Run တဲ့အခါ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချခြင်း

ဒီ ၆ ခုကို ဖတ်လိုက်ရင် သတိထားမိမှာက - တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပါ။ Reliability အပြည့်ချင်ရင် ပိုကုန်တယ်။ Cost အရမ်းတင်းကြပ်လိုက်ရင် Performance ကျတယ်။ ဒါကြောင့် Framework က "အားလုံး ၁၀၀% ရအောင်လုပ်" လို့ မပြောပါဘူး။ ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာကို ဦးစားပေးမလဲ ဆိုတာ သိသိသာသာ ရွေးချယ်တတ်ဖို့ပဲ ပြောတာပါ။

Framework ရဲ့ လုပ်ပုံက ရိုးရှင်းပါတယ်။ Pillar တစ်ခုချင်းစီအတွက် အခြေခံမေးခွန်းတွေ ရှိပါတယ်။ "Log တွေကို ဘယ်လို စုဆောင်းထားလဲ?" "Credential တွေကို ဘယ်လို လှည့်ပတ်ပြီးသိမ်းဆည်းလဲ?" "တစ်ခုခု ပျက်သွားရင် ဘယ်လောက်ကြာမှ ပြန်ကောင်းမလဲ?" ဆိုတာမျိုးပါ။

အဲဒီမေးခွန်းတွေကို ဖြေရင်း ကိုယ့် System ရဲ့ အားနည်းချက်တွေက အလိုလို ပေါ်လာပါတယ်။ AWS Management Console ထဲမှာ ရှိတဲ့ AWS Well-Architected Tool က ဒီလုပ်ငန်းစဉ်ကို စနစ်တကျ မှတ်တမ်းတင်ပေးပြီး၊ High Risk Issue တွေကို ဖော်ထုတ်ပေးပါတယ်။ ကုန်ကျစရိတ် မရှိပါဘူး - အခမဲ့ သုံးလို့ရပါတယ်။

လက်တွေ့ လေ့ကျင့်ချင်တဲ့သူတွေအတွက် Well-Architected Labs ဆိုပြီး လက်တွေ့ Lab တွေလည်း ရှိပါတယ်။ ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုရင် AWS Well-Architected Partner Program ထဲမှာ ရာနဲ့ချီတဲ့ Partner တွေ ရှိပြီး၊ သူတို့နဲ့ တွဲပြီး Review လုပ်လို့ ရပါတယ်။

Engineer တစ်ယောက်အနေနဲ့ဆိုရင် - ဒီ Framework က Design လုပ်တဲ့အခါ ဘာတွေ မေးရမလဲ ဆိုတာ သင်ပေးပါတယ်။ Architecture Diagram ဆွဲတတ်ရုံနဲ့ Architect မဖြစ်သေးပါဘူး။ Trade-off တွေကို ဘာကြောင့် ဒီလို ရွေးလိုက်တာလဲ ဆိုတာ ရှင်းပြနိုင်မှ Architect ဖြစ်တာပါ။

ကုန်ကျစရိတ် အမြင်ကနေ ကြည့်ရင်လည်း ရှင်းပါတယ်။ Production ရောက်ပြီးမှ ပေါ်လာတဲ့ Design အမှားတစ်ခုကို ပြင်ဖို့ ကုန်တဲ့ ငွေနဲ့ အချိန်က၊ Design အဆင့်မှာ တွေ့လိုက်ရင် ကုန်မယ့်အရာနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။

နောက်ဆုံးမှာတော့

Well-Architected Framework ဟာ AWS ကနေ စတင်လာပေမယ့်၊ အဲဒီထဲက တွေးခေါ်ပုံက Cloud တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ Azure နဲ့ Google Cloud တွေမှာလည်း အလားတူ Framework တွေ ထွက်လာပြီး ဖြစ်ပါတယ်။ ဆိုလိုတာက "အလုပ်လုပ်ရင် ပြီးရော" ဆိုတဲ့ ခေတ်က ကုန်သွားပြီး၊ "ဘာကြောင့် ဒီလို ဆောက်လိုက်တာလဲ" ဆိုတာ ရှင်းပြရမယ့် ခေတ် ရောက်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အခု ကိုယ် Run နေတဲ့ Workload တစ်ခုကို ရွေးပြီး Well-Architected Tool နဲ့ Review တစ်ခေါက် လုပ်ကြည့်သင့်ပါတယ်။ အချိန် နာရီပိုင်းပဲ ကုန်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တောင် မသိလိုက်တဲ့ အားနည်းချက်တွေကို တွေ့သွားနိုင်ပါတယ်။

အိမ်တစ်လုံးကို မုန်တိုင်းမလာခင် ကြိုတင်စစ်ဆေးထားတာက ဖြစ်ပေါ်လာမယ့် အန္တာရယ်တွေကို ကာကွယ်ထားရာ ရောက်ပါတယ်။

☁️ AWS Cloud နဲ့ Cloud Practitioner ဆိုတာ ဘာလဲ? AWS Cloud ဆိုတာ ဘာလဲ?လွယ်လွယ်ပြောရရင် ကိုယ်ပိုင် အဆောက်အအုံ၊ ကွန်ပျူတာ (...
26/07/2026

☁️ AWS Cloud နဲ့ Cloud Practitioner ဆိုတာ ဘာလဲ?

AWS Cloud ဆိုတာ ဘာလဲ?
လွယ်လွယ်ပြောရရင် ကိုယ်ပိုင် အဆောက်အအုံ၊ ကွန်ပျူတာ (Servers) တွေ အများကြီး အကုန်အကျခံ ဝယ်စရာမလိုဘဲ အင်တာနက်ကနေတစ်ဆင့် ကိုယ်လိုအပ်တဲ့ နည်းပညာဝန်ဆောင်မှုတွေကို ငှားရမ်းသုံးစွဲတာကို Cloud လို့ ခေါ်ပါတယ်။

ဥပမာ - အိမ်မှာ ရေ၊ မီး ကို ကိုယ်သုံးသလောက်ပဲ ပိုက်ဆံပေးရသလိုမျိုးပါ။ AWS (Amazon Web Services) ကတော့ ဒီလို Cloud ဝန်ဆောင်မှုတွေ ပေးတဲ့နေရာမှာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ လူသုံးအများဆုံး နည်းပညာကုမ္ပဏီကြီး ဖြစ်ပါတယ်။

Cloud Practitioner ဆိုတာ ဘာလဲ?
Cloud Practitioner ဆိုတာကတော့ ဒီ AWS Cloud ရဲ့ အခြေခံသဘောတရားတွေ၊ လုံခြုံရေး (Security) ပိုင်းနဲ့ ကုန်ကျစရိတ် (Cost) တွေကို မှန်ကန်စွာ နားလည်ကြောင်း သက်သေပြတဲ့ အခြေခံအကျဆုံး Certificate တစ်ခု ဖြစ်ပါတယ်။

ဒါဟာ IT နည်းပညာ နောက်ခံမရှိတဲ့သူတွေ၊ Project Manager တွေ၊ အရောင်းပိုင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Cloud နည်းပညာ အကြောင်းကို ခြုံငုံနားလည်ချင်တယ်ဆိုရင် အကောင်းဆုံး စတင်ရမယ့် အဆင့်ဖြစ်ပါတယ်။ ကားတစ်စီးကို ဘယ်လိုတည်ဆောက်ထားလဲဆိုတဲ့ အင်ဂျင်နီယာပိုင်းကို မသိပေမယ့်၊ ကားကို ဘယ်လိုမောင်းရမလဲ၊ လမ်းစည်းကမ်းတွေက ဘာတွေလဲဆိုတာကို နားလည်ထားသလိုမျိုး ဖြစ်ပါတယ်။

ဒီအကြောင်းတွေကို စနစ်တကျ လေ့လာချင်တယ်ဆိုရင်...

လာမယ့် ဩဂုတ်လ (၈) ရက်နေ့မှာ စတင်မယ့် ၁၀၀% အခမဲ့ (၇) ရက်တာ Live သင်တန်းလေး ရှိပါတယ်။ ညစဥ် ၇:၀၀ ကနေ ၈:၀၀ နာရီအထိ တစ်ရက်ကို (၁) နာရီပဲ အချိန်ပေးရုံနဲ့ AWS Cloud Practitioner စာမေးပွဲအတွက် လိုအပ်တာတွေ အားလုံးကို အခြေခံကနေ သင်ကြားပေးသွားမှာပါ။ တက်ရောက်ချင်တယ်ဆိုရင်တော့ ပုံမှာပါတဲ့ QR Code ကို Scan ဖတ်ပြီး နေရာဦးထားနိုင်ပါပြီ။

🚀 AWS Cloud Practitioner ဖြစ်ချင်သူများအတွက် ၁၀၀% အခမဲ့ Live သင်တန်း!အချိန်အများကြီး မပေးနိုင်ပေမယ့် AWS Certificate တစ်...
25/07/2026

🚀 AWS Cloud Practitioner ဖြစ်ချင်သူများအတွက် ၁၀၀% အခမဲ့ Live သင်တန်း!

အချိန်အများကြီး မပေးနိုင်ပေမယ့် AWS Certificate တစ်ခုတော့ ရယူချင်နေပါသလား? ဒါဆိုရင်တော့ ၇ ရက်ဆက်တိုက် တစ်ရက်ကို (၁) နာရီပဲ အေးအေးဆေးဆေး အချိန်ပေးရုံနဲ့ Certified Cloud Practitioner စာမေးပွဲအတွက် လိုအပ်တာတွေအားလုံးကို လေ့လာနိုင်မယ့် အခွင့်အရေး ရှိပါတယ်နော်။

စာရင်းသွင်းရန်အတွက် ပုံထဲမှာပါတဲ့ QR Code ကို Camera ဖြင့် Scan ဖတ်ပြီး ယခုပဲ Register ထားနိုင်ပါပြီ။

📌 သင်တန်းအသေးစိတ် -

📅 စတင်မည့်ရက် - ဩဂုတ်လ (၈) ရက်

⏰ အချိန် - ည ၇ နာရီ မှ ၈ နာရီ (၇ ညဆက်တိုက်)

💸 သင်တန်းကြေး - အခမဲ့

🔥 Cloud နည်းပညာလောကထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေသူတွေအတွက် လက်လွတ်မခံသင့်တဲ့ ၁၀၀% အခမဲ့ သင်တန်း! 🔥AWS Certificate တစ်ခုရဖို့...
24/07/2026

🔥 Cloud နည်းပညာလောကထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေသူတွေအတွက် လက်လွတ်မခံသင့်တဲ့ ၁၀၀% အခမဲ့ သင်တန်း! 🔥

AWS Certificate တစ်ခုရဖို့ လေ့လာချင်ပေမယ့် အချိန်အများကြီး မပေးနိုင်ဖြစ်နေလား? Cloud Technology ကို လေ့လာဖို့ ဘယ်ကနေ စတင်ရမှန်းမသိ ဖြစ်နေလား?

ဒါဆိုရင်တော့ တစ်ရက်ကို (၁) နာရီပဲ အချိန်ပေးရုံနဲ့ Cloud Computing အခြေခံကနေ စာမေးပွဲဖြေဆိုနိုင်တဲ့အထိ လိုအပ်တာတွေ အားလုံးကို Live သင်ကြားပေးမယ့် အခွင့်အရေးရှိပါတယ်။

📌 ဘာတွေရရှိမှာလဲ?

Zero to Certified: Cloud အခြေခံမရှိသူတွေကစပြီး AWS Cloud Practitioner Exam ကိုဖြေနိုင်သည်အထိပြင်ဆင်ပေးပါတယ်။

7 Days Straight: တစ်ရက်ကို (၁) နာရီပဲ အချိန်ပေးဖို့လိုတာမို့ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ စာမေးပွဲကို ဖြေဆိုနိုင်ရန်ပြင်ဆင်ပေးမှာပါ။

📌 သင်တန်းအချက်အလက်များ

📅 သင်တန်းကာလ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်မှ (၁၄) ရက်နေ့အထိ

⏰ အချိန်: ည ၇ နာရီမှ ၈ နာရီအထိ

💰 သင်တန်းကြေး: ၁၀၀% အခမဲ့ (Free!)

🚨 လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ တကယ်လေ့လာချင်တယ်ဆိုရင်တော့ အမြန်ဆုံး စာရင်းသွင်းဖို့ လိုပါမယ်နော်။

👉 စာရင်းသွင်းရန် - ပုံထဲမှာပါတဲ့ QR Code ကို ဖုန်း Camera နဲ့ Scan ဖတ်ပြီး Google Form ကနေတစ်ဆင့် အခုပဲ နေရာဦးထားလိုက်ပါ!

IT Career ကို စိတ်ဝင်စားပြီး Server Administration ကို အခြေခံကနေစပြီး အခမဲ့ လေ့လာချင်သူတွေအတွက် သတင်းကောင်း! 🚀သင်ဟာ Syst...
02/10/2025

IT Career ကို စိတ်ဝင်စားပြီး Server Administration ကို အခြေခံကနေစပြီး အခမဲ့ လေ့လာချင်သူတွေအတွက် သတင်းကောင်း! 🚀

သင်ဟာ System Administrator တစ်ယောက်ဖြစ်ချင်တာလား? ဒါမှမဟုတ် Server တွေအကြောင်းကို စပြီးလေ့လာချင်နေတာလား? ဘယ်ကစရမှန်းမသိဖြစ်နေရင်တော့ သင့်အတွက် အထူးအခွင့်အရေးတစ်ခု ရောက်ရှိလို့လာပါပြီ။
ကျွန်တော်တို့က Server Administration ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဗဟုသုတတွေကို အခမဲ့ မျှဝေပေးဖို့ Telegram Group တစ်ခု ပြုလုပ်ပေးလိုက်ပါပြီ။

✨ ဒီ Telegram Group ထဲမှာ ဘာတွေရရှိမှာလဲ? ✨
• ✅ Windows Server, Active Directory တို့ရဲ့ အခြေခံ Video သင်ခန်းစာတိုများ။
• ✅ System Admin တစ်ယောက်ဖြစ်ဖို့ သိထားရမယ့် အသုံးဝင် Tips & Tricks များ။
• ✅ နားမလည်တာတွေကို တိုက်ရိုက်မေးမြန်းနိုင်မယ့် Q&A Session များ။
• ✅ IT နယ်ပယ်က မိတ်ဆွေသစ်တွေနဲ့ အတူတကွလေ့လာနိုင်မယ့် Community တစ်ခု။

Facebook ရဲ့ Distractions တွေမပါဘဲ လေ့လာမှုအပေါ်မှာပဲ Focus အပြည့်အဝထားနိုင်ဖို့ Telegram Group မှာ ပြုလုပ်ပေးတာဖြစ်ပါတယ်။

ဒါဟာ သင့်ရဲ့ IT Career အိပ်မက်အတွက် ခိုင်မာတဲ့ ပထမဆုံးခြေလှမ်းတစ်ခု ဖြစ်လာစေမှာပါ။
🎯 ဘယ်လို Join ရမလဲ?
စိတ်ဝင်စားလို့ Group ကို Join ချင်တယ်ဆိုရင်တော့ အရမ်းလွယ်ပါတယ်။
➡️ ဒီ Post အောက်မှာ "Join" ဆိုပြီး Comment ရေးခဲ့ပေးပါ။ ⬅️

ကျွန်တော်တို့ဘက်ကနေ Group Invite Link ကို Messenger ကနေတစ်ဆင့် အမြန်ဆုံး ပို့ပေးပါ့မယ်။

လူဦးရေ အများကြီးမဖြစ်ခင် အစောဆုံး Join ထားသူတွေကတော့ မေးခွန်းတွေမေးဖို့၊ ဆွေးနွေးဖို့ အခွင့်အရေးပိုရမှာမို့ အခုပဲ Comment ပေးပြီး ပါဝင်လိုက်ကြရအောင်။ 😉

#အခမဲ့သင်တန်း

Server Administration ကမ္ဘာသို့ သင်၏ ပထမဆုံးခြေလှမ်း - Active Directory ဆိုတာ ဘာလဲ?ကုမ္ပဏီတွေရဲ့ IT System မှာ Server တွ...
01/10/2025

Server Administration ကမ္ဘာသို့ သင်၏ ပထမဆုံးခြေလှမ်း - Active Directory ဆိုတာ ဘာလဲ?

ကုမ္ပဏီတွေရဲ့ IT System မှာ Server တွေက အဓိကကျောရိုးဖြစ်ပါတယ်။ Windows Server ပိုင်းကို ပြောမယ်ဆိုရင်တော့ Active Directory (AD) ဆိုတာကို ချန်ထားခဲ့လို့ လုံးဝမရပါဘူး။ ဒါဆို AD ဆိုတာဘာလဲ? IT နယ်ပယ်ကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုပါ။

Active Directory (AD) ဆိုတာ ဘာလဲ?
--------------------------------------
ရိုးရှင်းစွာပြောရရင် AD ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ Network ထဲမှာရှိတဲ့ အရာအားလုံးကို ထိန်းချုပ်စီမံခန့်ခွဲပေးတဲ့ Digital Directory (ဒစ်ဂျစ်တယ် လိပ်စာစာအုပ်) ကြီးတစ်ခုလိုပါပဲ။

သူက Network ထဲက User (ဝန်ထမ်း) တွေ၊ ကွန်ပျူတာတွေ၊ ပရင်တာတွေ၊ File Server တွေလို အရာအားလုံးရဲ့ အချက်အလက်တွေကို ဗဟိုစနစ်တစ်ခုတည်းမှာ သိမ်းဆည်းပေးထားပါတယ်။ ဒါ့အပြင် ဘယ်သူက ဘာကို သုံးစွဲခွင့်ရှိတယ်၊ ဘယ်သူက ဘာကို သုံးစွဲခွင့်မရှိဘူးဆိုတာကိုပါ စီမံခန့်ခွဲပေးတဲ့ ဦးနှောက်တစ်ခုလည်း ဖြစ်ပါတယ်။

Active Directory ရဲ့ အဓိက အကျိုးကျေးဇူးတွေက ဘာတွေလဲ?
----------------------------------------------
1. Centralized Management (တစ်နေရာတည်းမှ ထိန်းချုပ်နိုင်ခြင်း): ဝန်ထမ်းတွေ၊ ကွန်ပျူတာတွေ ရာနဲ့ထောင်နဲ့ချီရှိနေပါစေ၊ အားလုံးကို နေရာတစ်နေရာတည်းကနေ လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်။ User account အသစ်ဖွင့်တာ၊ password ပြောင်းတာတွေကို Server ကနေပဲ အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

2. Enhanced Security (လုံခြုံရေး ပိုမိုမြှင့်တင်နိုင်ခြင်း): User တစ်ယောက်ချင်းစီ ဒါမှမဟုတ် အဖွဲ့အလိုက် (ဥပမာ - Accounting Department က စာရင်းကိုင်ဖိုင်တွဲတွေကိုပဲ သုံးခွင့်ရှိပြီး၊ HR Department က ဝန်ထမ်းရေးရာ ဖိုင်တွဲတွေကိုပဲ သုံးခွင့်ရှိတာမျိုး) တိတိကျကျ ကန့်သတ်သတ်မှတ်နိုင်တာကြောင့် ကုမ္ပဏီရဲ့ အရေးကြီး Data တွေ ပိုမိုလုံခြုံစေပါတယ်။

3. Single Sign-On (တစ်ခါဝင်ရုံဖြင့် အားလုံးသုံးနိုင်ခြင်း): ဝန်ထမ်းတစ်ယောက်က သူ့ Account နဲ့ ကွန်ပျူတာကို တစ်ခါ Login ဝင်လိုက်ရုံနဲ့ သူအသုံးပြုခွင့်ရှိတဲ့ Network ထဲက File တွေ၊ Printer တွေ၊ Application တွေကို ထပ်ခါထပ်ခါ Password ရိုက်စရာမလိုဘဲ အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

ဒီ Skill က သင့် Career အတွက် ဘယ်လောက်အရေးကြီးလဲ?

Active Directory ကို ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲတတ်ခြင်းဟာ System Administrator, IT Manager, Network Engineer တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအကျဆုံး Skill တစ်ခုဖြစ်ပြီး ကုမ္ပဏီတိုင်းက အမြဲတမ်းလိုအပ်နေတဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။

သင့်ရဲ့ IT အနာဂတ်ကို အဆင့်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီလား?
-----------------------------------------------
Active Directory လို Windows Server ရဲ့ အရေးကြီးတဲ့ နည်းပညာတွေကို အခြေခံကစပြီး လက်တွေ့ကျကျ၊ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ချင်ပါသလား?

ကျွန်တော်တို့ရဲ့ "Microsoft Server Administration" သင်တန်းက သင့်အတွက် အကောင်းဆုံး လမ်းညွှန်ပေးပါလိမ့်မယ်။

သင်တန်းအကြောင်း အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Messenger သို့မဟုတ် ဖုန်းနံပါတ် 09759728262 သို့ ယခုပဲ ဆက်သွယ်လိုက်ပါနော်။

#ဗဟုသုတ

Address

No(47), West Circular Road, Kyaung Gyi Su Qr
Taunggyi
06011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959759728262

Website

Alerts

Be the first to know and let us send you an email when Xenotech Computing Institute - Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Xenotech Computing Institute - Taunggyi:

Shortcuts

Share