Nay Zaw-နေဇော်

Nay Zaw-နေဇော်

Share

လူပီသခြင်းအစသည် မေတ္တာတရားထားရှိခြင်းပင် ဖြစ်သည်။

13/12/2024

"မြေခွေး"

အမြဲတမ်း သတ်ကွင်းထဲမှာရှိတယ်
တစ်ချို့က ပြောကြတယ်
ကောက်ကျစ်တယ်
ဉာဏ်များတယ်
ပြီးတော့...
အကောင်လည်း သေးတယ်
အသားတတစ် ရဖို့အတွက်
ငါတို့ခွန်အားနဲ့ ငါတို့စွန့်စားရတာ
ငါတို့ပဲသိတယ်...
ပုံပြင်တွေထဲက မြေခွေးဆိုတာ
ကလေးတွေ နားထောင်ကောင်းရုံသက်သက်မျှသာ..

#နေဇော်

15/01/2024

ဆောင်းနှင်းပတ်လို့ ရွှဲခဲ့ရတဲ့ လမ်း
ထပ်မလျှောက်ဖြစ်တော့ဘူး
အနွေးထည် အပါးနဲ့ မင်းရင်ခွင်ခိုတုန်းက
ဝေးရမယ်လို့ ငါ ဘယ်ထင်မိခဲ့မလဲ...

အေးတဲ့အခါ ထွေးပွေ့ခဲ့တယ်
နှင်းတွေပိုကျတယ်
ညတွေစောစောနက်တယ်
ပြီးတော့...ငါတို့ စောစောဝေးခဲ့ရတယ်

ဘယ်သူထင်မှာလဲ
နာရီတွေရပ်ပြီး ပျော်ခဲ့တာ
ပျော်စရာတွေ ဟားပြီး ရယ်ခဲ့တာဟာ
တစ်ခဏဆိုတာ...

အေးလိုက်စမ်းပါ ဆောင်းရာ
မနွေးတော့တဲ့ အဝတ်တွေ
မဝတ်ဖြစ်တော့သလိုမျိုး
ဝေးသွားတဲ့ အချစ်တွေကို
မေ့ပစ်ချင်လို့ပါ.....။

#နေဇော်

05/01/2024

ပျော်ရွှင်ခြင်းတစ်ခုမှာ
ကိုယ်တိုင်အရေးပါသလို
ပတ်ဝန်းကျင်ဆိုတာကလည်း အရေးကြီးတယ်

စိတ်-ညစ် စရာဆိုတဲ့ အခိုက်အတန့်တစ်ခုက
ဘယ်ရေနဲ့လျှော်လျှော် မပြောင်ဘူး...

တစ်နေ့ တစ်နေ့ လုလိုက်ရတဲ့ အချိန်တွေ
ငါ ဘယ်လောက်ပြုံးခဲ့မိလဲ...
ငါ ဘယ်လောက်ပျော်ခဲ့တာလဲ...
ပြီးတော့ ငါဘာတွေလုပ်ခဲ့တာလဲ...
ပြန်တွေးကြည့်ဖူးလား...

တစ်နေဝင်တိုင်း အသက်တစ်ရက်ကြီးလာတယ်
ဘယ်နှစ်ခါလောက် ရှာတွေ့ခဲ့သလဲ
ပျော်ရွှင်ခြင်းတွေကို.......

#နေဇော်

23/12/2023

ညတာရှည်လွန်းတဲ့ ဆောင်း
ဘယ်လောက်အေးမှာလဲ...
တစ်ခါတစ်ခါ မြူမှုန်ကြားက လင်းတဲ့ ကြယ်
ငါတွေ့ဖူးတဲ့ နွေဦးက သစ်ပင်လိုပဲ
ရိုးတံလေးနဲ့ သိပ်လှပနေခဲ့ပုံလေး...

နွေဦးလည်း လွန်ခဲ့ပြီ
မြူမှုန်ကြားက ကြယ်တာရာလည်း ဝိုးတဝါး
ဆောင်းရေ....အေးလိုက်စမ်းပါ
မချစ်တော့တဲ့သူအကြောင်းတွေးပြီး
ငါနွေးပါ့မယ်.....။

#နေဇော်

18/12/2023

နေဝင်ချိန်ကို ထိုင်ကြည့်ရင်း
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲ
သက်ပြင်းတချို့ လွှင့်ပါသွားတယ်...

ကောင်းကင်ဟာ တိမ်တိုက်တွေကို မပိုင်ဘူး
တိမ်တိုက်ကတော့ သူ့ရင်ခွင်မှာပဲ ပျော်တယ်...

မရှိတာတွေ လိုချင်မိတဲ့အခါ
ရင်မောရတယ်...
မချစ်တာကို သိရတဲ့အခါ
ကြေကွဲရတယ်....။

#နေဇော်

09/11/2023

အဝေးကို လွင့်သွားခဲ့တဲ့ မြူမှုန်
အတူဆုံခဲ့တဲ့ဆောင်း
ဘယ်လောက်နွေးခဲ့လဲ ဟေမာန်အသိဆုံး
မြောက်ပြန်လေဟာ လမ်းမတွေကို
ခပ်စောစော တိတ်ဆိတ်ပြီး
လမ်းမတွေက ငါတို့ကို အတူဆုံစေခဲ့တယ်
တစ်ယောက်လက်ကို တစ်ယောက်တွဲလို့
နွေးခဲ့တဲ့ဆောင်း...
တစ်ခါလောက်တော့ ပြန်ရချင်တယ်...။

#နေဇော်

08/11/2023

လှပါတယ်ဆိုတဲ့ အရာတွေက
အဝေးကကြည့်ရင် ပိုမြင်ရတယ် ....
ကျေနပ်ရတယ်...
စိတ်ချမ်းသာတယ်....
တာရှည်မခံတဲ့ အလှအပတစ်ခုကို
မပိုင်ဆိုင်ချင်မိပါနဲ့
တခဏအတွင်း တဝကြီး
အားရပါးရ ခံစားကြည့်လိုက်စမ်းပါ....။

#နေဇော်

23/10/2023

အပြစ်ဆိုစကားကို မဆို
နှစ်လိုဖွယ်အကြောင်းလည်း မလို
စိတ်တိုင်းကျ လုပ်ပိုင်ခွင့် ရှိတဲ့ဘဝတွေထဲ
ဘယ်နှစ်ယောက်ပါသလဲ....
အားလုံးဟာ ခေါင်းငိုက်စိုက်လျှက်...
အသံတွေဟာ တိတ်ဆိတ်လျှက်...
အဖြေတွေမဲ့လျှက်....။

#နေဇော်

27/09/2023

ညအခါ လသာသာ
လကိုမတွေ့
မင်းကိုတွေ့
ငါဘာသာ နေပါသော်ငြား
အရက်ရှိန်က တတ်လိုတတ်
အလွမ်းတွေက တတ်လိုတတ်...။

#နေဇော်

26/09/2023

မတွေ့တော့ မေးမိတယ်
တစ်ချိန်က မမေ့ကြဘူးနော် ဆိုခဲ့တာတွေ
လမ်းခုလတ်မှာ ခဏဆုံခဲ့တာကို
တဘဝစာ သတ်မှတ်မိတော့
နာစရာတွေဖြစ်လိုဖြစ်...
ဘယ်လိုပဲဖြစ်ဖြစ် အချိန်တန်ရင်
အဲ့နာစရာတွေကိုပဲ ပြန်လွမ်းကြတာမျိုး
ဒီတစ်ခါ တိုက်ဆိုင်လို့ အမှတ်ရလာခဲ့ရင်
ငါမပါတော့ဘူး....
တစ်ခုခုဆို ငါက ခံစားလွယ်လို့....။

#နေဇော်

18/09/2023

နေ့တာ(တစ်နေ့တာ)တိုလာပြီး ညတာရှည်လာခဲ့ပြီ
ဆောင်းက ရှေ့မှာကြိုဆိုဖို့ပြင်နေပေမဲ့
မိုးကလည်းအလုအယက် ရွာလို့ကောင်းနေတုန်း...

တရားတွေမေ့လာပြီး ဒေါသတွေထား
အသက်တွေတဖြည်းဖြည်းကြီး
လောဘတွေက တတ်လို့ကောင်းနေတုန်း...

ဘယ်မှာလဲ မေတ္တာ
အော်...ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ
အချင်းချင်းတောင် မတည့်ကြသူတွေက
ကိုယ်ချင်းစာဖို့ တဖွဖွ...

ရေက မြင့်တဲ့နေရာက နိမ့်ရာကိုဆင်းတယ်တဲ့
နိမ့်တဲ့နေရာမှာတော့....
ရေတွေအိုင်လို့
ဗွက်တွေထလို့....။

#နေဇော်

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Taunggyi