04/09/2022
📚 သင်တန်း မိတ်ဆက် … ✍️
𝐇𝐲𝐞𝐉𝐢𝐧 𝐊𝐨𝐫𝐞𝐚𝐧 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐧𝐭𝐞𝐫
သင်တန်းသည် 𝟐𝟎𝟐𝟎-𝟐𝟎𝟐𝟏-𝟐𝟎𝟐𝟐 နှစ်တာ
ကာလအထိ အထူးသီးသန့် 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 အတန်း အပါအဝင် 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 မြို့မှ 𝐎𝐟𝐟𝐥𝐢𝐧𝐞 တန်းထိသင်တန်းမှ တက်ရောက်သူ စုစုပေါင်း ကျောင်းသား/သူ ဦးရေ 𝟏𝟓𝟎 ကျော် ရှိထားခဲ့ပြီဖြစ်ပီး 𝐊𝐨𝐫𝐞𝐚 နိုင်ငံသို့ပညာတော်သင်အတွက် လေ့ကျင့်သင်ကြားသွားသော ကျောင်းသား/သူဦးရေ စုစုပေါင်းမှ ဦးရေ 𝟑𝟎 ကျော်ဖြင့် အောင်မြင်စွာ သင်ကြားပို့ချထားနိုင်ခဲ့ပီဖြစ်သော 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 𝐂𝐥𝐚𝐬𝐬 အတန်းတစ်ခုဖြစ်ပါသည် 💐
🌿 First of all, I would like to say Hello,
” 안녕하세요“ to all of my dear students
Happy Admission to you all …🎉🎗️
Congratulations on the admission of all students. Congratulations on being a wonderful language school student getting along with new friends.I’ll cheer for a healthy and happy school life. Thank you for choosing HyeJin as your first Korean.
We know all the hard work you have done to achieve your dreams. You guys are so amazing and proud of you for not giving up on your dreams. Shine bright even at college. I hope you guys achieve everything you set out to achieve 🎓🎗
08/07/2022
Sincerely thank all the students who worked hard on their homework and we hope they will be great students in the future.👏👏
We will always remember your precious homework by recording it on the page at the academy and acknowledging how hard you worked 📚📚
Thank you so much to the students who did their homework well.🤝🤝
혜진을 선택해 주신 모든 학생들에게 진심으로 감사드립니다. 8-7-2022 📚📚
27/05/2022
📍ကိုရီးယားကို လာချင်တဲ့သူများ/လာမယ့်သူများအတွက် တောင်းကိုရီးနိုင်ငံမှ ဗီဇာ အမျိုးအစားများ တွေ့တာလေးကို ပြန်လည် မျှဝေလိုက်ပါတယ်👩💻👩💻
အကူအညီဖြစ်ဖို့ မျှော်လင့်ပါတယ် 🇰🇷
[A visas]
⊙ A-1 : Diplomat (외교) သံတမန်
⊙ A-2 : Government Official (공무) အစိုးရဝန်ထမ်း
⊙ A-3 : Treaty (협정) သဘောတူညီချက်
[B visas]
⊙ B-1 : Visa Exempted (사증면제) ဗီဇာကင်းလွတ်ခွင့်ရသူများ
⊙ B-2 : Tourist/Transit (관광통과) ခေတ္တနား၊ ခရီးတစ်ထောက်နားနေခွင့်
[C visas]
⊙ C-1 : Short-term News Coverage Activities (일시취재) ယာယီသတင်းသမား
⊙ C-3 : Short-term General / Tourist (단기방문) ရက်တို အလည်အပတ်
⊙ C-4 : Short-term Employment (단기취업) ရက်တို အလုပ်
[D visas]
⊙ D-1 : Cultural / Artist (문화예술) အနုပညာရှင်
⊙ D-2 : Student / University (유학) ပညာတော်သင်
⊙ D-3 : Industrial Trainee (기술연수) အလုပ်ခွင်သင်တန်းသား
⊙ D-4 : General Trainee / Mostly Korean language (일반연수) သာမန်သင်တန်း၊ ကျောင်းသား
⊙ D-5 : General News Coverage Activities / Journalist (취재) မီဒီယာသမား
⊙ D-6 : Religious Visitor / Missionary (종교) ဘာသာရေး
⊙ D-7 : Employee of Foreign-Invested Company / Supervisor (주재) လုပ်ငန်းကြီးကြပ်သူ
⊙ D-8 : Corporate / Foreign Investor (기업투자) ကုမ္ပဏီ၊ ရင်းနှီးလုပ်ကိုင်သူ
⊙ D-9 : International Trade and Management (무역경영) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကိစ္စ
⊙ D-10 : Job Seeking Visa (구직) အလုပ်ရှာဖွေခွင့်
[E visas]
⊙ E-1 : Professor (교수) ပါမောက္ခ
⊙ E-2 : Foreign language instructor (회화강사) နိုင်ငံခြားဘာသာ နည်းပြ
⊙ E-3 : Research (연구) သုတေသန
⊙ E-4 : Technical Instructor (기술지도) နည်းပညာဖလှယ်ရေး
⊙ E-5 : Professional Consultant (전문직직업) အသက်မွေးမှုအလုပ်အကိုင်
⊙ E-6 : Entertainer (예술흥행) အနုပညာ၊ ဖျော်ဖြေရေး
⊙ E-7 : Designated activities (전문취업/특정활동) ကျွမ်းကျင် သင်တန်းသား၊ အထူးကိစ္စ
⊙ E-8 : Seasonal worker (계절근로/연수취업) ရာသီအလိုက် အလုပ်သမားများ
⊙ E-9 : Non-professional Employment (비전문취업) အသက်မွေးမှု လုပ်ငန်းနှင့် မဆိုင်သော အလုပ်အကိုင်၊ အီးပီ
⊙ E-10 : Vessel Crew (선원취업) ပြည်တွင်းသင်္ဘောသား
[F visas]
⊙ F-1 : Visiting or Joining Family (방문동거) မိသားစုအလည်အပတ်
⊙ F-2 : Long-term Resident (거주) အခြေချနေထိုင်ခွင့်
⊙ F-3 : Accompanying Spouse (동반) မှီခို
⊙ F-4 : Overseas Korean (재외동포) ပြည်ပဖွားကိုရီးယားများ
⊙ F-5 : Permanent Foreign Resident (영주) အမြဲတမ်းနေထိုင်ခွင့်၊ ပီအာရ်
⊙ F-6 : Marriage Migrant (결혼이민) အိမ်ထောင်ပြု၊ ရွှေ့ပြောင်းနေထိုင်သူများ
[G visas]
⊙ G-1 : Others / Miscellaneous (기타) အထွေထွေ၊ သတ်မှတ်ပြဋ္ဌာန်းထားသော ဗီဇာ အမျိုးအစားတစ်ခုခုတွင် မပါရှိသော ကိစ္စရပ်များအတွက်
[H visas]
⊙ H-1 : Working Holiday (관광취업) အလည်အပတ် အလုပ်လုပ်ခွင့်
⊙ H-2 : Working Visit (방문취업) ဧည့်လုပ်သား
✔️Source. KOREA VISA PORTAL
https://www.visa.go.kr/openPage.do?MENU_ID=10102
-
✍️✍️
30/04/2022
🔹 Hello, everyone it's #혜진 day of May1 👩💻🏡
🔹 Let see about Younsei University which is one of the SKY universities in Seoul,South Korea.🏡
🔹Location - Seodaemun-gu (서대문구),Seoul.
🔹Type - Private🏡
🔹Year of Establishment - 1885🏡
🔹Total Students - 30,277 🧑🏫👩🏫
📍 HJ K-language School-Taunggyiနှင့်အတူတူ မေလမှာ Korea နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ Top (10) Universities စားရင်းဝင် SKY universities ( Seoul National University,Korea University ,Younsei University) တွေထဲမှ Korea University Ranking အနေဖြင့် နှစ်စဉ်နှစ်တိုင်း (1 to 10 )ကြားမှာ ရပ်တည်နေပီး Korea နိုင်ငံတော်ရဲ့ စံပြတက္ကသိုလ်တစ်ခုထဲက အပါအဝင်ဖြစ်တဲ့ Younsei University 🏡
📍Younsei University ရဲ့Language Program မှအစ ကျောင်းလခ ၊အဆောင်လခ တွေကို အသေးစိတ် လေ့လာလိုသူများအတွက် အောက်ပါ Link ကနေတစ်ဆင့် အသေးစိတ် လေ့လာနိုင်ဖို့ နှင့် Younsei University ရဲ့
Campus တွေ Student Centre တွေကိုလည်း ဒီတစ်ခါ
-Taunggyi နဲ့ အတူတူ
연세 대학교, 서울 (Yonsei University, Seoul)
ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှု့ကြရအောင် 👩💻📚
🔹Website for Korean language program https://www.yskli.com/hp/main/main.do
🔹Official Website https://www.yonsei.ac.kr/en_sc/
🔹 www.studyinkorea.go.kr
🔹 https://t.me/+FQWvbilNoZNiNGQ1
📍ကိုရိုနာကာလ နိုင်ငံရေးကာလတွေကြားမှ အရာရာကိုအလျော့မပေးဘဲ အခက်အခဲတွေကို တူတူရင်ဆိုင်လက်တွဲရင်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ Korean Language School-Taunggyi မှ ဆရာမများနဲ့ အတူတူ
Younsei University မှာ ပြန်ဆုံနိုင်ဖို့မျော်လင့်ရင်း….
📍 Korean စာကို HyeJin နဲ့ အတူတူ လေ့လာခဲ့ဖူးသောကျောင်းသူ/သားများ လေ့လာနေဆဲဖြစ်သော ကျောင်းသူ/သားများ တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် မေလမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် ဆုမွန်ကောင်းတောင်းလိုက်ပါသည်
📍 HyeJinKoreanLanguageSchoolTaunggyi သည်လည်း သင်ရိုးများကို Younsei University မှထုတ်ဝေသော Textbooks ,workbook များဖြင့် အဓိက သင်ကြားပေးထားပီး Langauge Program and Topik Scholarship အတွက် ပြင်ဆင်လိူသူကျောင်းသူ/သားများကိုလည်း အနီးကပ် သင်ကြားရေးစနစ်ဖြင့် ပြည်တွင်း ပြည်ပကျောင်းသူ/သားများ စာသင်ကြားခြင်း အဆင်ပြေစေရေးအတွက် ၂၄နာရီ ဝန်ဆောင်မှုဖြင့်
သင်တန်းချိန်များကို ညှိုနိုင်းကာ သင်ယူပေးလျက်ရှိနေပါသည်
📍သင်တန်းအတွက် အချိန်ဇယားနေ့ရက်များ နှင့် levelအလိုက် Courses Fees 💵💵 များကိုလည်းအသေးစိတ် သိရှိလိုပါက HyeJinသင်တန်းကျောင်း Page Chatbox သို့မဟုတ် ☎️☎️
09 781400554 ( Tr. Jing Yun )
09 959995277 ( Tr.Xin Yun ) ထံမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်ကာ စုံစမ်းမေးမြန်းနိုင်ပါသည်။
📍 Source From >> Younsei University Offical Website
04/04/2022
Can't wait to see u right there, 이화 🎓
02/04/2022
Thank you so much for your amazing review! We are so happy to hear that you are enjoying valuable kindness 📚🌿
04/03/2022
📍2022 - နှစ်သစ်ကာလKorean Language အား “ Private Zoom Class “ ဖြင့် 👩💻👩🏫
📍 level 1-1 & 1-2 သင်တန်းတက်ရောက်လျှက်ရှိသော ကျောင်းသူကျောင်းသားများ၏ စာသင်ကြားချိန်များပြန်လည်မှတ်တမ်းတင်ရင်း ..📚
📍Hye Jin Korean Language Centre-Taunggyi “ နှင့်အတူတူ ယုံယုံကြည်ကြည် သင်တန်းလာရောက်စုံစမ်းတက်ရောက်သူကျောင်းသူ/သားများ အားလုံး အထူးကျေးဇူးတင်ပါသည် 🤝
📍 “Hye Jin Korean Language Centre-Taunggyi "မှ
သင်တန်းကာလ အဘက်ဘက်မှ လိုအပ်ချက်များ လစ်ဟာမှုများတွက် အကြံပြုစာများလည်း ချန်ထားခဲ့ပေးနိုင်ပါသည် 🙆♀️
📍 ပိုမိုကောင်းမွန်သောကျောင်းသူ/သားများ၏အနာဂတ်များအတွက် ပိုမိုကောင်းမွန်သော သင်ကြားမှုပုံစံများဖြင့် ဆက်လက်လေ့ကျင့်သင်ကြားပေးနိုင်ရန် ကြိုးစားသွားရင်း ..
📍 Language Program & Topik Scholarship တွက်
Korean Language ကို ပြည်တွင်း/ပြည်ပ ⏰⏰
နှစ်သက်ရာ အချိန် နှစ်သက်ရာ နေရက်နှင့် ညှိုနှိုင်းကာ အနီးကပ် သီးသန့်သင်ကြားလိုသူကျောင်းသူ/သားများအတွက် အသေးစိတ် သိရှိလိုပါက …
☎️ 09-78 1400 554 , 09 - 95 999 5277 မှတစ်ဆင့်
တိုက်ရိုက်ဆက်သွယ်ကာ စုံစမ်းမေးမြန်းနိုင်ပါသည် 👩💻👩🏫
11/02/2022
‼️GKS Scholarship လျှောက်ချင်သူများအတွက်
https://www.studyinkorea.go.kr/en/sub/gks/selectBoardArticle.do
https://www.studyinkorea.go.kr/ko/cop/bbs/JobBoard/selectBoardArticle.do?bbsId=BBSMSTR_000000000461&nttId=3670
https://www.studyinkorea.go.kr/ko/cop/bbs/JobBoard/selectBoardArticle.do?
bbsId=BBSMSTR_000000000461&nttId=3671
Korea အစိုးရက နှစ်စဥ် ခေါ်ယူတဲ့ 100% Full Scholarship Program ဖြစ်တဲ့ KGSPဆိုတာ ဘာလဲနဲ့ ဘယ်လိုပြင်ဆင်ကြမလဲ?
မကြာခင် February လထဲမှာ Master / Ph.D (Graduate Degree) အတွက် ကိုရီးယား အစိုးရ ပညာသင်ဆု(Korean Government Scholarship Program: KGSP) ခေါ်တော့မယ်ဆိုတော့ လာလာမေးကြတဲ့ သူတွေများလာတာနဲ့ ဒီအကြောင်းအရာကို ရေးဖြစ်သွားပါတယ်။
Global Korea Scholarship (GKS)လို့လည်း လူသိများတဲ့ KGSP Scholarship ကတော့ ကိုရီးယား Scholarship Program တွေထဲမှာ ကျောင်းစရိတ်ကစလို့ နေထိုင်စားသောက်စရိတ်၊ အသွားအပြန် လေယာဥ်လက်မှတ်၊ သုတေသန အသုံးစရိတ်၊ ကျန်းမာရေး အာမခံအထိ အလုံးစုံ ထောက်ပံ့ပေးတဲ့ program ဖြစ်တာကြောင့် အကောင်းဆုံး Scholarship Program တစ်ခု ဖြစ်တယ်။ ဒါကြောင့်လည်း လျှောက်တဲ့ သူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုများလာတယ်။
KGSP ပညာသင်ဆုကို ဘယ်သူက ထောက်ပံ့ပေးတာလဲ?
ကိုရီးယားအစိုးရ (ပညာရေး၀န်ကြီးဌာန) National Institute for International Education ကနေ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုဖြစ်တယ်။
KGSP ပညာသင်ဆုမှာ ဘာတွေကို ထောက်ပံ့ပေးသလဲ?
အပေါ်မှာ ပြောခဲ့သလိုပဲ ကိုရီးယား မထွက်ခွါမှီ ပြင်စင်စရိတ် USD 200၊ ကိုရီးယားအသွားအပြန် လေယာဥ်လက်မှတ်၊ ကိုရီးယားမှာ Master အတွက် 2 နှစ်တာ ကျောင်းလခ၊ Ph.D အတွက် 3 နှစ်တာကျောင်းလခ (ခန့်မှန်းခြေ USD 20,000 -30,000)၊ ကိုရီးယားစာမတတ်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် တစ်နှစ်စာ Korean Language School ကျောင်းစရိတ်(USD 7000)၊ နေထိုင်စားသောက်စရိတ် (လစဥ် USD 1000)၊ သုတေသနနဲ့ စာရွက်စာတမ်းအတွက် ( 200 USD /semester)၊ မဟာနဲ့ ပါရဂူ စာတမ်းအတွက် (USD 300-500)၊ ကျန်းမာရေးအာမခံ (USD 100,000 အထိ) အစအဆုံး လိုလေသေးမရှိအောင်ထောက်ပံ့ထားတဲ့ programဖြစ်ပါတယ်။
နှစ်စဉ် မြန်မာနိုင်ငံအတွက် ဘယ်နှယောက်ခေါ်ပေးလဲ ?
Master/Ph.D/Post-Doc/ Resarch Program တွေအတွက် တစ်နှစ်ကို စုစုပေါင်း ပုံမှန် 14 ယောက် ခေါ်လေ့ရှိပြီး (တချို့နှစ်တွေမှာ အယောက် 40 အထိ) ခေါ်လေ့ရှိပါတယ်~
Korea Government Scholarship Program for Graduate Degree က ဘယ်သူတွေ လျှောက်လို့ရလဲ?
မြန်မာနဲ့ အခြားနိုင်ငံတွေမှာ Bachelor ဘွဲ့ရထားပြီး၊ Bachelor တန်း တက်ရောက်ခဲ့တဲ့ 4 နှစ်တာ အတွင်း ပျမ်းမျှ ရမှတ် GPA (4.0) မှာ 2.7 အထက် ရရှိထားသူ၊ ကိုရီးယားမှာ Master(or) Ph.D တက်ရောက်ဖို့ ရည်ရွယ်ထားတဲ့ အသက် ၄၀အောက် မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပါတယ်။
ဘယ်အချိန်မှာ လျှောက်လွှာခေါ်လေ့ရှိလဲ ?
Graduate Degree အတွက်က နှစ်စဥ် February လမှာ လျှောက်လွှာ ခေါ်လေ့ရှိတယ်။ “study in Korea” website မှာ မကြာမကြာ၀င်ရောက်စစ်ကြည့်ဖို့လိုတယ်။
Application Track က ဘယ်နှမျိုးရှိလဲ?
Korea Embassy Track (မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံးမှ တဆင့် လျှောက်ထားနိုင်တဲ့ နည်းလမ်း) နဲ့
University Track (ကိုရီးယားရှိ မိမိတက်ရောက်လိုသည့် တက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားနိုင်သည့် နည်းလမ်း) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Track 2 ခုရဲ့ ကွာဟမှု့က?
Korean Embassy Track က လျှောက်လွှာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မြန်မာနိုင်ငံမှာ ရှိတဲ့ Korea သံရုံးကို ပေးပို့ လျှောက်ထားရတာဖြစ်တယ်။
(သူ့ရဲ့ အားသာချက်က Embassy Track Formမှာ ကိုရီးယားမှာ မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ကို ဦးစားပေး 1,2,3 ဆိုပြီး တက္ကိသိုလ် ၃ ကျောင်း ရွေးချယ်ခွင့်ရှိတယ်။ ကိုယ့်ကို တစ်ကျောင်းမရွေးရင် တစ်ကျောင်းက ရွေးအောင် Chance ပေးထားတဲ့ သဘောဖြစ်တယ်)
Embassy Track Procedure က
Embassy မှာ Form တင် > Embassy စီစစ် > လျှောက်လွှာ အောင်မြင်သူ Interview ခေါ် > Interview အမှတ်များသူ(သတ်မှတ်ဦးရေအတိုင်း)ကို NIIED ပို့ > NIIED က စီစစ်ပြီး လျှောက်ထားတဲ့ ၃ ကျောင်းကို လျှောက်လွှာပြန်ပို့ > ကျောင်းက စီစစ်> ကျောင်းက လိုအပ်ရင် Phone Interview ထပ်လုပ် > အောင်မြင်သူကို NIIED ဆီ ပြန်ပို့ပြီး အကြောင်းကြားပေး > NIIED မှ အောင်မြင်သူတွေ ကို ကြေညာ။
University Track ကကျတော့ လျှောက်လွှာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ လျှောက်လွှာ တင်နိုင်တဲ့ Deadline မတိုင်ခင် အရောက်ပို့ပြီး လျှောက်ထားရတာဖြစ်တယ်။
University Track Procedure က
မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ကို လျှောက်လွှာပေးပို့ > တက္ကသိုလ်က စီစစ်> လိုအပ်ရင် Phone Interview ခေါ်> အောင်မြင်သူတွေကို NIIED ပေးပို့ > အောင်မြင်ထားတဲ့သူတွေထဲက သတ်မှတ်ထားတဲ့ဦးရေအတိုင်း NIIED ကထပ်မံ စီစစ် ရွေးချယ်၊ NIIED မှ အောင်မြင်သူတွေအကြာင်းကြားပေး
ဘာတွေလိုအပ်မလဲ၊ ဘာတွေ ပြင်ဆင်ထားရမလဲ ?
Application Form, Letter of Self Introduction, Statement of Purpose, Research Proposal,
Letter of Recommendation (2 စောင်)၊ Application Pledge, Personal Medical Assessment
(ဒီအထိက Application Form ထဲမှာ ပါပြီးသားအတိုင်း ဖြည့်ပေးရပါမယ်)၊
တခြားလိုအပ်တာတွေက ဘွဲ့လက်မှတ်၊ ဘွဲ့လက်မှတ် နိုတြီ၊ တက္ကသိုလ်အမှတ်စာရင်း (Transcript: Module No ပါသည့် အမှတ်စာရင်း မဟုတ်၊ ဘာသာရပ်အမည်ကို ဖော်ပြထားသည့် အမှတ်စာရင်း)၊ မှတ်ပုံတင်၊ မှတ်ပုံတင် နိုတြီ၊ Passport ရှေ့စာမျက်နှာ၊ အိမ်ထောင်စုဇယား၊ အိမ်ထောင်စုဇယားနိုတြီ၊ TOPIK, IELTS, TOFEL, စသည်များရှိပါက ထည့်ရန်၊ Term paper နှင့် အခြား Awards များလည်းရှိပါက ထည့်သွင်းလျှောက်ထားရန်။
(လက်ရှိမှာတော့ ကိုရီးယားကို ကျောင်းသွားတက်ဖို့အတွက် သံရုံးမှာ တုံးထုဖို့၊ MOFA procedure တွေအားလုံးလုပ်ဆောင်ရန်လိုအပ်>>>> MOFA တုံးထုရန် ဘွဲ့လက်မှတ်၊ အမှတ်စာရင်း၊ Passport, ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ လိုအပ်)
လျှောက်ထားလိုသူတွေအနေနဲ့ ဘာတွေ သိထားသင့်သလဲ? “ TIPS”
-လျှောက်လွှာ မဖြည့်ခင်မှာ KGSP Guidelineကို မဖြစ်မနေ သေချာဖတ်ပါ။
-Self-Introduction Letter နဲ့ Research Proposal ကို အချိန်ယူပြီး သေချာရေးပါ။
(သူတို့ ၂ ခုဟာ ကိုယ်ဘယ်သူလဲ ? ကိုယ်ဟာ Scholar နဲ့ ထိုက်တန်လားဆိုတာကို မီးမောင်းထိုးပြတဲ့ အပိုင်းဖြစ်တယ်***)
-Recommendation Letter ကို ပြီးစလွယ် လုပ်ပြီး မတောင်းပါနဲ့၊ Guide Line မှာ ရေးသားဖော်ပြထားတဲ့အတိုင်း တောင်းပါ။ (စာအိတ်မှာ Seal လက်မှတ်ပါပါစေ)
-ကျောင်းရွေးချယ်တဲ့အခါ မိမိတက်ရောက်လိုတဲ့ ကျောင်းကScholar List ထဲမှာ ပါမပါ သေချာ စစ်ဆေးပါ။ (မိမိတက်လိုတဲ့ မေဂျာကရော မိမိတက်ချင်တဲ့ကျောင်းမှာ ရှိမရှိလည်း စစ်ဆေးဖို့လိုပါတယ်)
-မိမိ တက်ရောက်လိုတဲ့ ကျောင်းနဲ့ မေဂျာကို ကျောင်းနဲ့ မေဂျာ Website ကတဆင့် သေသေချာချာ လေ့လာပါ။(ကိုယ်စီးမယ့် မြင်းက အထီးအမ ကွဲပြားပါစေ)
-တက္ကသိုလ် အမှတ်စာရင်း Transcript မရှိရင် တက္ကသိုလ်မှာ သွားရောက် တောင်းပါ။ (Module နံပါတ်သာ ပါသည့် အမှတ်စာရင်းမဟုတ်၊ Module နံပါတ်နှင့် Subject ပါ၀င်သည့်အမှတ်စာရင်း ဖြစ်ရမည်။ ex: KOR-3105B Korean Literature Credit Grade 5)
- Interview အတွက် ကြိုတင်ပြင်ဆင်ပါ။ (မေးခွန်းများဟာ မိမိရဲ့ Self-Introduction letter နဲ့ Study Plan ပေါ် အခြေခံပြီးမေးလေ့ရှိ့ပါတယ်)
Good Luck Everyone !
‼️