Knowledge Central

Knowledge Central

Share

Welcome To My Page

01/10/2020

‘တစ်ခုခုလုပ်ရင် တစ်ခုခုဖြစ်မယ်’

ကျွန်တော့်ရဲ့ လက်စွဲစကားလေးပါပဲ။ ကျွန်တော်တို့ အခုချိန်ကိုဗစ်ကာလမှာ စိတ်ဓာတ်ကျနေတာမျိုးတွေလည်း ရှိမယ်။ ကိုယ့်ဘာသာကို အရင်ကလောက် အားမရတော့တာတွေလည်း ရှိကောင်းရှိမယ်။ အကြောင်းအမျိုးမျိုးတွေ ရှိကြမယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက အမြဲတစ်ခုခုလုပ်နေကြရမယ်။ အောင်မြင်ရေး (၅) ချက်ကိုပဲ နေ့တိုင်းနားထောင်နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ “တစ်ခုခု”ဆိုတာ အများကြီးဖြစ်နိုင်တယ်။ အိမ်မှာနေနေတုန်း ကိုယ့်မိသားစုကို အချိန်ပိုပေးတာလည်း ဖြစ်နိုင်တယ်။ စီးပွါးရေးအသစ်စတာလည်း ဖြစ်နိုင်တယ်။ အခုလိုကိုဗစ်အချိန်အတွင်းမှာ တစ်ခုခုလေ့လာနေတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ အဲ့ဒီတော့ အကောင်းဖက်ကတွေးရင် ကိုဗစ်က ကျွန်တော်တို့ကို အများကြီး ပြင်ဆင်ချိန်တွေပေးပါတယ်။ အဲ့အချိန်မှာ ကိုယ့်အချိန်ကို မဖြုန်းလိုက်ပါနဲ့။ တစ်ခုခုတော့ လုပ်နေပါ။ အောင်မြင်ရေး (၅) ချက်တွေ နားထောင်တာကို လျော့ပြီး တကယ် လက်တွေ့တစ်ခုခုကို လုပ်ပါ။ “အချိန်မဖြုန်းပါနဲ့တော့”

27/09/2020

“မယှဉ်နဲ့’

ဟာာ.. သူကတော့ လစာ ၅ သိန်းနဲ့ အလုပ်လုပ်နေပြီ။ ဒါပေမဲ့ ငါကတော့ ဘာမှ မလုပ်ဖြစ်သေးဘူး၊ ငါကရော ဘာလို့ အဲ့လိုတွေ မရလဲ အစရှိသည်ဖြင့်။ အားလုံးပဲကိုယ့်ဟာကိုမေ့နေတာလေးရှိတတ်တယ်။ ကျွန်တော်တို့ သွားတဲ့လမ်းချင်းမတူသလို၊ လျှောက်တဲ့လမ်းလည်းမတူဘူး။ social status ချင်လည်း မတူသလို ဖြစ်ချင်ကြတာချင်းလည်းမတူဘူး။ ဘယ်ကောင်ဘယ်ဝါနဲ့မှ လိုက်ယှဉ်ပြီး အားမငယ်ပါနဲ့။ ကျွန်တော်တို့လည်း မနက်ဖြန် သေချင် သေသွားနိုင်တာပဲ။ ဘယ်သူမှ မသိနိုင်ဘူး။ အဲ့တော့ တစ်နေ့တာကို မင်းပျော်ပျော်ရွှင်ရွှင် ပျော်ရာလုပ်ပြီး ဖြတ်သန်းနေလားဆိုတာက အရေးကြီးဆုံးလို့ ကျွန်တော်ထင်တယ်။ အထူးသဖြင့် ဒီ ကိုဗစ်ကာလမှာပေါ့။ သူက chapter 5 ရောက်တဲ့အချိန် မင်းက Chapter 3 ပဲ ရောက်သေးတာမျိုးလည်း ဖြစ်နိုင်တာပဲ ။ ဆိုတော့ ပင်ပန်းတဲ့အချိန်တိုင်း အနားယူပါ။ ပျော်ပျော်နေပါ။ လေ့လာသင်ယူပါ။ ပြန်ပြီး သုံးသပ်ပါ။ ကိုယ့်အကြောင်းကို အရင်ကထက် ပိုသိအောင် လုပ်ပါ။

27/09/2020

“Turn your wounds into wisdom”
Oprah Winfrey
ဘဝခရီးလမ်းမှာ ချခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေ၊ ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်ဆိုးတွေ နဲ့ ဒဏ်ရာတွေကနေ သင်ယူပါ။ နာကျင်ခံစားခဲ့ရတာတွေကြောင့် အားမလျော့ပါနဲ့။ သုံးသပ်ပါ။ ပြိုလဲပြီးရင်လည်း ပြန်ထပါ။ အမှားတွေကနေ သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုသန်မာတဲ့ ခြေလှမ်းတွေနဲ့ ပိုကောင်းမွန်တဲ့နေ့ရက်တွေကို လျောက်လှမ်းကြရအောင်။

26/09/2020

“The darkest nights make the brightest stars”
အမှောင်ဆုံး အချိန်တွေက အလင်းလက်ဆုံး ကြယ်တွေကို ဖန်တီးတာပါ။ ကျွန်တော်တို့ အားလုံး အခုချိန်မှာ အကြပ်အတည်း အခက်အခဲကြားထဲ ရောက်နေတာက ကျွန်တော်တို့ ဘယ်လောက် အထိ လင်းလက်နိုင်မလဲကို သဘာဝတရားက စိန်ခေါ်တာပဲ။ အားလုံးအားတင်းထားပါ။ ကျွန်တော်တို့ ဒီကာလကို စည်းစည်းလုံးလုံး ဖြတ်သန်းကြရအောင်။

26/09/2020

ဟိုး ငယ်ငယ်က တွေးထားတဲ့ ဘဝလမ်းကြောင်းက ဒီလို:

ဘွဲ့ယူမယ် - အလုပ်လုပ်မယ် - ပိုက်ဆံစုမယ် - အိမ်/ကားဝယ်မယ် - မင်္ဂလာဆောင်မယ် - ကလေးယူမယ် - အသက်ကြီးရင် အနားယူမယ်။
တကယ့် လက်တွေ့ဘဝကျတော့ ကျွန်တော်တို့ အဖိုးအဖွား/ အဖေအမေခေတ်တုန်းကလိုမျိုး ဘဝလမ်းကြောင်း ပုံသေကြီး သွားလို့ မရဖြစ်ရော။

ဒီနေ့ခေတ် Economy စနစ်မှာ လူတန်းစေ့လည်းနေမယ်၊ ပိုက်ဆံလည်း စုမယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုလိုပဲ၊ အိမ်ဝယ်ဖို့ဆိုတာလည်း အနားတောင် မကပ်နိုင်။ မင်္ဂလာဆောင်ဖို့ မပြောနဲ့ မိန်းကလေးတိုင်းက အသည်းခွဲခြင်းကို ခံနေရတာ - ဒါကတော့ Personal weakness ပေါ့ 🙃 တကယ်လို့ ကိုယ့်အပေါ် နားလည်တဲ့ လူရှိခဲ့ဦးတော့ မင်္ဂလာဆောင်ရင်တောင် ကလေး မယူချင်ဘူး။

ဘာဖြစ်လို့ ကလေး မယူချင်လဲဆိုတော့ 2030 - 2050 ဝန်းကျင်မှာ ဖြစ်လာမယ့် ရာသီဥတု အပြင်းအထန်ပြောင်းလဲမှုတွေမှာ ကိုယ့်သားသမီးကို ဒီလို ဒုက္ခတွေကြားထဲမှာ မရှင်သန်စေချင်လို့ပဲ။

ဘယ်လို ကိစ္စတွေ ဖြစ်လာမလဲဆိုရင် ရာသီဥတု အပူချိန်တွေ မြင့်လာမယ်၊ လေထုညစ်ညမ်းမှု ဖြစ်လာမယ်၊ ရေရှားလို့ Mass Migration ဆိုတဲ့ လူအစုလိုက် ရွှေ့ပြောင်းမှုတွေ ဖြစ်လာမယ်၊ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာလို့ မြို့ပြ ဒေသတွေမှာ ပြဿနာတွေ ပိုပိုပြီး အရမ်းများလာမယ်။ ကာကွယ်နိုင်လားဆိုတော့ ဒီကိစ္စကို မကာကွယ်နိုင်ဘူး။ ကျွန်တော်တို့လည်း အဲ့ဒီ အချိန်အထိ အသက်ရှင်နေသေးရင် မျက်ဝါးထင်ထင် တွေ့ရမှာ။ New forwad thinking နဲ့ မရှင်းဘဲ ကြိုးနီစနစ်နဲ့ ရှင်းနေရင်တော့ မလွယ်ဘူးထင်တယ်။

ကျွန်တော်တို့ နေထိုင် ရှင်သန်ရမယ့် အနာဂါတ်က ကျွန်တော်တို့ အဖိုးအဖွား/အဖေအမေတွေ ခေတ်လောက်ကလို ခန့်မှန်််််််းလို့မရတဲ့ ပြဿနာသစ်တွေ တပုံကြီးပဲ... ဒီအကြောင်းတွေကို ကျွန်တော်တို့က မဖြေရှင်းနိုင်ရင်တောင် အများစု အနေနဲ့ သိထားဖို့ အတွက် ဒါတွေ ဒါတွေ ဖြစ်လာနိုင်မယ်လို့ မျှဝေဖို့ ကျွန်တော်တိုမှာ တာဝန်ရှိတယ်။

25/09/2020

ကျွန်တော်တို့နေစဉ်နှင့်အမျှ လူတွေ ကိုယ့်အချိန်ကို တန်ဖိုးမထားပဲ ဟိုလူ့ဝေဖန်လိုက် ဒီလူ့ဝေဖန်လိုက် လုပ်နေတာတွေ့ရတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော်လည်း အရင်တုန်းက ဘာမှမသိ၊ ကိုယ့်အမြင်ကိုပဲ တစ်ဖက်စောင်းနင်းပြီး လူတွေကို လိုက်ဝေဖန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကြာလာတဲ့အခါ သိလိုက်၊ နားလည်လိုက်ရတာက Different people, different perspectives ဆိုတာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေ။ လူအမျိုးမျိုး၊ အမြင်အမျိုးမျိုး။ ကျွန်တော်တို့ သူများကို မဝေဖန်ခင် တစ်ခုသိထားသင့်တာက လူတိုင်းက မွေးဖွားလာတဲ့ ပုံစံချင်းမတူကြဘူး။ လူတိုင်းက နေ့စဉ် ကျော်ဖြတ်ခဲ့ရတဲ့ ဘဝတွေ မတူညီကြဘူး။ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မတူညီကြဘူး။ အဲ့တော့ ကမ္ဘာကြီးကိုမြင်တဲ့အမြင်၊ အသက်ရှင်နေကြတဲ့ ခံယူချက်တွေမတူညီကြဘူး။ မင်းသူငယ်ချင်းအလုပ်မှာ အဆင်မပြေလာလို့၊ အလုပ်ပြုတ်လာတဲ့အချိန်မှာ “ဟာ၊ သားကြီး ငါ့ကိုမုန့်ဝယ်ကျွေးလို့သွားပြောတယ်”။ သူက စိတ်မကြည်လို့ ဆဲလွှတ်လိုက်တော့ ဒီကောင် သူငယ်ချင်းကောင်းမဟုတ်ဘူးလို့ ပြောလိုက်ရင် မှားမယ်။ အဲ့တော့ ကျွန်တော်တို့ တစ်ခုခုဆို အပြစ်တင်ဝေဖန်လိုက်မယ့်အစား သူတို့နေရာကနေ ဝင်ကြည့်ပေးရင်ရော ?

အခုလို COVID19 ဖြစ်နေတဲ့ အခြေအနေမျိုးက ပိုဆိုးတယ်။ ကျွန်တော်တို့ မနက်ဖြန် ဘာဖြစ်မလဲ မသိနိုင်ဘူး။ နေ့တစ်နေ့ကို အကျိုးရှိရှိ သူများကိုလည်း ​ဘေးမှာကူညီရင်း ပျော်ပျော်ပဲ ဖြတ်သန်းကြရအောင်။

25/09/2020

ဘဝမှာ ပျင်းနေလား? တစ်ကြိမ်ပဲနေရမယ့် ဘဝမှာ မင်းတို့ ဘာပျင်းနေတာလဲ? သေခြင်း ရှင်ခြင်းကို စဉ်းစားမိတဲ့ အချိန်မှာ နေ့စဉ် ရှင်သန်ခွင့်ရနေတာကို မင်းတန်ဖိုးထားနိုင်လာမယ်။ ပျင်းဖို့ကို အချိန်ရမှာ မဟုတ်တော့ဘူး။ လူ့ဘဝရဲ့ နောက်ဆုံးနေ့ရောက်မှာကို မသိရဘဲ နေနေရတာ ကြောက်ဖို့ကောင်းတယ်။ အချိန်ရှိတိုင်း ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ပါ။ မှတ်ချက် - အချိန်ကိုတန်ဖိုးပါ။

25/09/2020

Covid ကာလမှာဘာမှလုပ်စရာမရှိလို့
ဒီ Page ကို​ထောင်လိုက်တာပါ

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Taunggyi