PPTT 7/2020 Taunggyi Education College

PPTT 7/2020 Taunggyi Education College

Share

7/2020 PPTT Group

Photos from PPTT 7/2020 Taunggyi Education College's post 22/01/2022

မူလတန်းဆရာအတတ်ပညာသင်တန်း
လေ‌ျှာက်ထားသူများ မိမိတို့ရဲ့ G-mail ၀င်စာများ
စစ်ပေးကြပါ
သင်တန်း ပထမ အသုတ်က
၂၄.၁.၂၀၂၂ လာမဲ့ တနင်္လာနေ့ဆို စပါပြီ

ကိုယ်တိုင်ကတိခံ၀န်ချက်ရေးပြီး
Reply ပြန်ပေးကြပါနော်

MOE Learning Center, System Administrator မှသင်တန်းဝင်ရောက်ရန် Link ပြန်ချပေးလာပါလိမ့်မယ်

13/01/2022

21st Century Skills and Teacher Competences
"၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ဆရာများ၏ ကျွမ်းကျင်ရမည့် နယ်ပယ်များ"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက စီစဉ်သည့် “ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် ဆရာများ၏ ကျွမ်းကျင်ရမည့် နယ်ပယ်များ ” ခေါင်းစဉ်ဖြင့် Public Lecture တစ်ရပ်ကို အောက်ပါ အစီအစဉ်အတိုင်း ပို့ချသွားမည် ဖြစ်ပါသည်။ ဤ Public Lecture ကို ဟန်ဂေရီ သိပ္ပံအကယ်ဒမီမှ ပါရဂူ ဒေါက်တာ Gábor Halász က ပို့ချသွားမည် ဖြစ်ပါသဖြင့် ပညာရေးနယ်ပယ်အတွင်းရှိ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများအပြင် ပညာရေးကို စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။ ယခု Public Lecture အား Ministry of Education, NUG ၏ page နှင့် YouTube Channel များမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

( ကြိုတင် အသိပေးချက် ။ ။ အချိန်အကန့်အသတ်အရ ဆရာ့ထံမှ ပေးပို့သော ကြိုတင် အသံသွင်းထားသည့် ရုပ်သံဖိုင်ကို မြန်မာဘာသာသို့ပြန်ဆို၍ အသံသွင်းထားပါသည်။ တက်ရောက်သူများအနေဖြင့် webinar အတွင်း သိလိုသော မေးခွန်းများကို အမေးအဖြေအစီအစဉ်တွင် မေးမြန်းထားနိုင်ပြီး ပို့ချသူ ဆရာနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ )

ရက်စွဲ ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် (စနေနေ့ )
အချိန် ။ ။ မြန်မာစံတော်ချိန် နံနက် (၁၀း၃၀) နာရီ

တက်ရောက်ရန်
Zoom တွင် တက်ရောက်နားထောင်ရန် အောက်ပါ လင့် သို့ ဝင်၍ ကြိုတင် စာရင်းပေးသွင်းပါ။

https://us02web.zoom.us/webinar/register/WN_LTcZ3nfoQ9mP-hQyHX9QkQ

စာရင်းပေးသွင်းပြီးသောအခါ webinar သို့တက်ရောက်နိုင်မည့် အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် လက်ခံရရှိပါလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်မည့် page နှင့် YouTube Channel

page: https://www.facebook.com/Ministry-of-Education-National-UnityGovernment-of-Myanmar-109386154653912

YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

07/01/2022

"Special Education for Special Needs"
" အထူးစောင့်ရှောက်မှုလိုအပ်သူများအတွက် အထူးပညာရေး "

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက စီစဉ်သည့် “ အထူးစောင့်ရှောက်မှုလိုအပ်သူများအတွက် အထူးပညာရေး ” ခေါင်းစဉ်ဖြင့် Public Lecture တစ်ရပ်ကို အောက်ပါ အစီအစဉ်အတိုင်း ပို့ချသွားမည် ဖြစ်ပါသည်။ ဤ Public Lecture ကို နိုင်ငံတကာ ပညာရေးပညာရှင် တစ်ဦးက ပို့ချသွားမည် ဖြစ်ပါသဖြင့် ပညာရေးနယ်ပယ်အတွင်းရှိ ဆရာဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများအပြင် ပညာရေးကို စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် စာရင်း ပေးသွင်းနိုင်ပါသည်။ ယခု Public Lecture အား Ministry of Education, NUG ၏ page နှင့် YouTube Channel များမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

( ကြိုတင် အသိပေးချက် ။ ။ အချိန်အကန့်အသတ်အရ ဆရာ့ထံမှ ပေးပို့သော ကြိုတင် အသံသွင်းထားသည့် ရုပ်သံဖိုင်ကို မြန်မာဘာသာသို့ပြန်ဆို၍ အသံသွင်းထားပါသည်။ တက်ရောက်သူများအနေဖြင့် webinar အတွင်း သိလိုသော မေးခွန်းများကို အမေးအဖြေအစီအစဉ်တွင် မေးမြန်းထားနိုင်ပြီး ပို့ချသူ ဆရာနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ )

ရက်စွဲ ။ ။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက် (စနေနေ့ )
အချိန် ။ ။ မြန်မာစံတော်ချိန် နံနက် (၁၀း၃၀) နာရီ

တက်ရောက်ရန်
Zoom တွင် တက်ရောက်နားထောင်ရန် အောက်ပါလင့် သို့ ဝင်၍ ကြိုတင် စာရင်းပေးသွင်းပါ။

https://us02web.zoom.us/webinar/register/WN_5ghAexoAT-ibKd9PwByvQg

စာရင်းပေးသွင်းပြီးသောအခါ webinar သို့ တက်ရောက်နိုင်မည့် အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် လက်ခံရရှိပါလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်မည့် page နှင့် YouTube Channel

page: https://www.facebook.com/Ministry-of-Education-National-UnityGovernment-of-Myanmar-109386154653912

YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

Photos from Ministry of Education, National Unity Government of Myanmar's post 05/01/2022
Photos from Taunggyi Education Degree College Students' Union's post 31/12/2021
30/12/2021

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာဟိန္ဒူယူနီယံ (Myanmar Hindu Union)တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မြန်မာဟိန္ဒူယူနီယံအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်ဂျာထွယ်ပန်နှင့် ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့ တက်ရောက်ခဲ့ကြသည်။ မြန်မာဟိန္ဒူယူနီယံ (Myanmar Hindu Union) အဖွဲ့တွင် နော်ဝေး၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ အိုင်ယာလန်၊ ဒူဘိုင်း၊ စင်္ကာပူ၊ ဂျပန်နှင့် မလေးရှားနိုင်ငံများမှ မြန်မာဟိန္ဒူများတက်ရောက်ခဲ့ကြသည်။ မြန်မာ့နွေဦးတော်လှန်ရေးတွင် မြန်မာဟိန္ဒူများသည် ကျရာကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံတကာမှ မြန်မာဟိန္ဒူများချိတ်ဆက်ကာ မြန်မာဟိန္ဒူယူနီယံ (Myanmar Hindu Union) ကိုဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်မှုဖြင့် တော်လှန်ရေး အောင်မြင်မှုအတွက် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ပညာရေးဝန်ကြီးဌာန၏ ပညာရေးလုပ်ငန်းများအတွက်လည်း ပါဝင်အားဖြည့်ကူညီမှုများပြုလုပ်သွားမည် ဖြစ်ကြောင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

Photos from Taunggyi Education Degree College Students' Union's post 28/12/2021

တရားသောစစ် အမြန်ဆုံးနိုင်ပါစေ
အဲ့ဒါမှ အပြစ်မရှိတဲ့သူတွေအကုန်
လွတ်မြောက်နိုင်မှာပါ

21/12/2021

Organisational Understanding of Schools as Social System
“ကျောင်းကို လူမှုစနစ်တစ်ခုအဖြစ် နားလည်အောင် လေ့လာကြည့်ခြင်း ”

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက စီစဉ်သည့် “ ကျောင်းကို လူမှုစနစ်တစ်ခုအဖြစ် နားလည်အောင် လေ့လာကြည့်ခြင်း ” ခေါင်းစဉ်ဖြင့် Public Lecture တစ်ရပ်ကို အောက်ပါ အစီအစဉ်အတိုင်း ပို့ချသွားမည် ဖြစ်ပါသည်။ ဤ Public Lecture ကို နိုင်ငံတကာ ပညာရေးပညာရှင် တစ်ဦးက ပို့ချသွားမည် ဖြစ်ပါသဖြင့် ပညာရေးနယ်ပယ်အတွင်းရှိ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများအပြင် ပညာရေးကို စိတ်ပါဝင်စားသူ မည်သူမဆို Zoom မှတစ်ဆင့် တက်ရောက်နားထောင်ရန် စာရင်း ပေးသွင်းနိုင်ပါသည်။ ယခု Public Lecture အား Ministry of Education, NUG ၏ page နှင့် YouTube Channel များမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။

(ကြိုတင် အသိပေးချက် ။ ။ အချိန်အကန့်အသတ်အရ ဆရာ့ထံမှ ပေးပို့သော ကြိုတင် အသံသွင်းထားသည့် ရုပ်သံဖိုင်ကို မြန်မာဘာသာသို့ပြန်ဆို၍ အသံသွင်းထားပါသည်။ တက်ရောက်သူများအနေနှင့် webinar အတွင်း သိလိုသော မေးခွန်းများကို အမေးအဖြေအစီအစဉ်တွင် မေးမြန်းထားနိုင်ပြီး ပို့ချသူ ဆရာနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ )

ရက်စွဲ ။ ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် (စနေနေ့ )
အချိန် ။ ။ မြန်မာစံတော်ချိန် နံနက် (၁၀း၃၀) နာရီ

တက်ရောက်ရန်
Zoom တွင် တက်ရောက်နားထောင်ရန် အောက်ပါ လင့် သို့ ဝင်၍ ကြိုတင် စာရင်းပေးသွင်းပါ။

https://us02web.zoom.us/webinar/register/WN_PeN-3MULSxWGYrckkQ9vmw

စာရင်းပေးသွင်းပြီးသောအခါ webinar သို့တက်ရောက်နိုင်မည့် အချက်အလက်များ ပါဝင်သည့် အီးမေးလ်တစ်စောင် လက်ခံရရှိပါလိမ့်မည်။

တိုက်ရိုက်ထုတ်လွှင့်မည့် page နှင့် YouTube Channel

page: https://www.facebook.com/Ministry-of-Education-National-UnityGovernment-of-Myanmar-109386154653912

YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00