T.G.I Education Group

Call Directions Website Contact the school

T.G.I Education Group education page

20/09/2026

🎈 Little Hands, Big Smiles, Happy Learning! 🥰✨

ကလေးတွေရဲ့ အပြုံးလေးတွေက
ပျော်ရွှင်နေတဲ့အချိန်မှာ ပိုလှပါတယ် 💕

🎮 Play • 🧠 Learn • 🤝 Share • 🌱 Grow

ကစားရင်း သင်ယူ၊
သူငယ်ချင်းတွေနဲ့ ပူးပေါင်း၊
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာစေဖို့…
Every activity is a little step toward a brighter future! 🌈✨

👧🏻👦🏻 Happy Kids = Happy Learning! 💙

18/09/2026

🥕🥦🍅 VEGETABLE WEEK! 🌽🥒

ဟင်းသီးဟင်းရွက်လေးတွေကို သိရုံမက…
👀 ကြည့်မယ်
🖐️ ကိုင်မယ်
🎨 ခွဲခြားမယ်
🔢 ရေတွက်မယ်
🛒 တူတူချက်စားကြမယ်

🌱 Little hands, curious minds, healthy habits! 💚
For more information
TGI Preschool and learning centre
(Centre 1) 3/8 Pyin Nyar Bodi Street Paya Phyu Quarter Taunggyi.Ph 09794523811
(Centre 2) 2/A Zaytawun Street, Kan Kaut Quarter,Taunggyi. Ph 09794523812
(Centre 3) Kyaut Tha Lone Street,Pan Tha Khwar, Taunggyi.
09 943805399

ကလေးတိုင်းမှာ ကိုယ်ပိုင်သင်ယူပုံ၊ ဖွံ့ဖြိုးတိုးတက်ပုံနဲ့ လိုအပ်ချက်တွေ မတူညီကြပါဘူး။ ထို့ကြောင့် ကလေးများကို ပြုစုစောင့်...
13/09/2026

ကလေးတိုင်းမှာ ကိုယ်ပိုင်သင်ယူပုံ၊ ဖွံ့ဖြိုးတိုးတက်ပုံနဲ့ လိုအပ်ချက်တွေ မတူညီကြပါဘူး။ ထို့ကြောင့် ကလေးများကို ပြုစုစောင့်ရှောက်၊ လေ့ကျင့်သင်ကြားပေးနေသော ဆရာ/ဆရာမများနှင့် မိဘများအနေဖြင့် Special Needs နှင့် ကလေးများ၏ အပြုအမူကို နားလည်နိုင်ရန် အတွက် အသိပညာပေးသင်တန်းကို ပညာဒါနအဖြစ်ပြုလုပ်ပေးသွားမည်ဖြစ်ပါတယ်။

📚 သင်တန်းတွင် ဆွေးနွေးမည့်အကြောင်းအရာများ

1️⃣ မသန်စွမ်းမှုအမျိုးအစားများနှင့် အခေါ်အဝေါ်အသုံးအနှုန်းများ
• Disability အမျိုးအစားများကို နားလည်ခြင်း
• လေးစားမှုရှိပြီး သင့်လျော်သော အသုံးအနှုန်းများ
• ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်ကို နားလည်ခြင်း

2️⃣ Special Needs Children အကြောင်း
• Special Needs Children ဆိုတာဘာလဲ?
• ကလေးများ၏ သင်ယူမှုနှင့် ဖွံ့ဖြိုးမှုကို နားလည်ခြင်း
• Classroom နှင့် အိမ်တွင် သင့်လျော်စွာ ပံ့ပိုးပေးနိုင်မည့်နည်းလမ်းများ

3️⃣ ABA (Applied Behavior Analysis) အကြောင်း 🧩
• ABA ဆိုတာဘာလဲ?
• ကလေးများ၏ အပြုအမူကို နားလည်ပြီး သင့်လျော်စွာ တုံ့ပြန်ခြင်း
• နေ့စဉ်ဘဝနှင့် သင်ယူမှုတွင် အသုံးချနိုင်သော အခြေခံအယူအဆများ
• ဆရာ/ဆရာမများနှင့် မိဘများ သိထားသင့်သည့် အချက်များ

ပို့ချပေးမည့်ဆရာမ -Tr Than Than Nwe (Teacher of Special Education/Happy Star Special School)
နေ့ရက် -၁၉.၉.၂၀၂၆ (စနေနေ့)
အချိန် ၉:၃၀ -၁၂:၃၀
နေရာ TGI Private School
ကန်အောက်ရပ်ကွက် တောင်ကြီးမြို့

သင်တန်းတက်ရောက်လို့သူများ message box မှာဖြစ်စေ ph 09253643207ကိုစာရင်းသွင်းတက်ရောက်နိုင်ပါပြီရှင့်

One of our activities for this week !!We had so much fun doing them at circle time and sharing with our friends!For more...
13/09/2026

One of our activities for this week !!We had so much fun doing them at circle time and sharing with our friends!

For more information
TGI Preschool and learning centre
(Centre 1) 3/8 Pyin Nyar Bodi Street Paya Phyu Quarter Taunggyi.Ph 09794523811
(Centre 2) 2/A Zaytawun Street, Kan Kaut Quarter,Taunggyi. Ph 09794523812
(Centre 3) Kyaut Tha Lone Street,Pan Tha Khwar, Taunggyi.
09 943805399



ဒီနေ့ TGI မှာ ကလေးလေးတွေဟာ “စျေးရောင်းတမ်း” ကစားရင်း ဟင်းသီးဟင်းရွက်အမျိုးမျိုးကို လေ့လာခဲ့ကြပါတယ်။ 🌽🥦🥕🍅ကစားနေရင်းနဲ့—🌱 ...
11/09/2026

ဒီနေ့ TGI မှာ ကလေးလေးတွေဟာ “စျေးရောင်းတမ်း” ကစားရင်း ဟင်းသီးဟင်းရွက်အမျိုးမျိုးကို လေ့လာခဲ့ကြပါတယ်။ 🌽🥦🥕🍅

ကစားနေရင်းနဲ့—
🌱 ဟင်းသီးဟင်းရွက်အမည်တွေကို သိလာခြင်း
🎨 အရောင်၊ အရွယ်အစားနဲ့ ပုံသဏ္ဍာန်တွေကို ခွဲခြားသိရှိခြင်း
🔢 ရေတွက်ခြင်းနဲ့ စာရင်းတွက်ချက်ခြင်း
💬 အချင်းချင်း ပြောဆိုဆက်သွယ်ခြင်း
🤝 အလှည့်ကျ ရောင်းဝယ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း
တို့ကို သဘာဝကျကျ သင်ယူနိုင်ခဲ့ကြပါတယ်။

Learning through Play ဆိုတာ ကလေးတွေရဲ့ စူးစမ်းလိုစိတ်၊ ဆက်သွယ်ပြောဆိုနိုင်စွမ်းနဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ အခြေခံကျွမ်းကျင်မှုတွေကို ပျော်ရွှင်စွာ ဖွံ့ဖြိုးစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ 💚

🏫 TGI Private School
ကလေးတွေကို စာသင်ပေးရုံမက… ဘဝအတွက် သင်ယူတတ်အောင် ပျိုးထောင်ပေးနေပါတယ်။ 🌱✨

#ကစားရင်းသင်ယူ #ကလေးဖွံ့ဖြိုးရေး

10/09/2026

🐔✨ အရိပ်လေးတွေကြည့်ရင်း… အတွေးကမ္ဘာထဲ ခရီးထွက်ကြမယ် 🌙

“အကြံကောင်းသော ကြက်မ” ပုံပြင်လေးကို
🎭 Shadow Storytelling နဲ့ TGI မူကြိုကလေးတို့အတွက် ပျော်ပျော်ပါးပါး သင်ယူခဲ့ကြပါတယ်။

ပုံပြင်နားထောင်ရင်း 💭 စိတ်ကူးယဉ်၊
မေးခွန်းလေးတွေဖြေရင်း 💡 အတွေးအခေါ်တိုး၊
ဇာတ်ကောင်လေးတွေကြည့်ရင်း ❤️ သင်ခန်းစာရ…

ပျော်ရွှင်စွာ သင်ယူခြင်းက ကလေးတို့ရဲ့ အကောင်းဆုံးသင်ယူမှုပါ။ 🌱

🏫 TGI Private School
Learn • Imagine • Grow 💛

စက်တင်ဘာ ၈ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ဆေးရောင်ခြယ်ခြင်း📚✨ စာတတ်မြောက်ခြင်းက အနာဂတ်အတွက် ပ...
10/09/2026

စက်တင်ဘာ ၈ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ဆေးရောင်ခြယ်ခြင်း

📚✨ စာတတ်မြောက်ခြင်းက အနာဂတ်အတွက် ပထမဆုံးခြေလှမ်းပါ။ 🌱

စာတစ်လုံးကို ဖတ်တတ်ခြင်းကနေ အိပ်မက်တွေကို ဖတ်နိုင်လာပြီး၊
စာတစ်ကြောင်းကို ရေးတတ်ခြင်းကနေ အနာဂတ်ကို ကိုယ်တိုင်ရေးဆွဲနိုင်လာပါတယ်။ 💙

ဒီ International Literacy Day မှာ
🎨 ကလေးငယ်များကို ဆေးရောင်ခြယ်ခြင်းမှတစ်ဆင့် စာတတ်မြောက်ခြင်းရဲ့ အရေးပါမှုကို လေ့လာစေပြီး၊
📖 Read • Learn • Grow နဲ့အတူ အနာဂတ်ကောင်းတစ်ခုဆီ လျှောက်လှမ်းကြပါစို့။ 🌈

TGI Education Group — Better Education, Brighter Future. 💙

🥋 ကလေးတွေ ဝူရှူးအားကစား ဘာကြောင့်သင်သင့်လဲ?ဝူရှူးဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ကလေးတွေရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှ...
06/09/2026

🥋 ကလေးတွေ ဝူရှူးအားကစား ဘာကြောင့်သင်သင့်လဲ?

ဝူရှူးဆိုတာ တိုက်ခိုက်ဖို့အတွက်ပဲ မဟုတ်ပါဘူး။
ကလေးတွေရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စည်းကမ်းနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးတက်စေတဲ့ အားကစားတစ်မျိုးပါ။ 💪✨

🌱 ဝူရှူးလေ့ကျင့်ခြင်းဖြင့်—

✅ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး လှုပ်ရှားမှုကောင်းလာစေတယ်
✅ Balance နဲ့ Coordination ပိုကောင်းလာစေတယ်
✅ Flexibility နဲ့ ကိုယ်လက်လှုပ်ရှားနိုင်စွမ်း တိုးတက်စေတယ်
✅ စည်းကမ်းရှိရှိ လေ့ကျင့်တတ်လာစေတယ်
✅ အာရုံစူးစိုက်မှုနဲ့ ဇွဲရှိမှုကို လေ့ကျင့်ပေးတယ်
✅ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာစေတယ်
✅ အသင်းဖော်တွေနဲ့ လေ့ကျင့်ရင်း ပူးပေါင်းဆောင်ရွက်တတ်လာစေတယ်

🏆 အားကစားတစ်ခုကို ငယ်ငယ်ကတည်းက စနစ်တကျ လေ့ကျင့်ပေးခြင်းက ကလေးတွေရဲ့ ကျန်းမာရေးနဲ့ အကျင့်စရိုက်ကောင်းတွေ ဖွံ့ဖြိုးလာဖို့ အထောက်အကူပြုနိုင်ပါတယ်။

🥋ဝူရှူးက ခန္ဓာကိုယ်ကိုသာမက စိတ်ဓာတ်ကိုပါ လေ့ကျင့်ပေးတဲ့ အားကစားတစ်ခုပါ။

👧👦 TGI မှာဝူရှူးအားကစားကို တစ်ပတ်တစ်ကြိမ်ကလေးတွေကို သင်ကြားပေးပါတယ်ရှင့် ❤️

#ကလေးအားကစား #ဝူရှူး #ကျန်းမာပျော်ရွှင်သောကလေးများ

🔈🔈🔈တောင်ကြီးမြို့မှ Cambridge English Exam စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများအတွက်သတင်းကောင်း📆တောင်ကြီးမြို့၊ TGI Learning...
04/09/2026

🔈🔈🔈တောင်ကြီးမြို့မှ Cambridge English Exam စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများအတွက်သတင်းကောင်း

📆တောင်ကြီးမြို့၊ TGI Learning Centre မှာ Cambridge English Exam စာမေးပွဲကို 5.12.2026မှာ ကျင်းပပေးတော့မှာ ဖြစ်ပါတယ်။ Cambridge ရဲ့ အသိအမှတ်ပြု English အရည်အချင်းစစ် စာမေးပွဲတွေကို ကိုယ့်မြို့၊ ကိုယ့်ဒေသမှာ အဆင်ပြေပြေဖြေဆိုနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

🪩Cambridge စာမေးပွဲတွေက သင့်ရဲ့ English ဘာသာစကား ကျွမ်းကျင်မှုကို နိုင်ငံတကာအဆင့်မီ အသိအမှတ်ပြုပေးမှာဖြစ်ပြီး ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် များစွာ အထောက်အကူပြုမှာပါ။
စာမေးပွဲဖြေဆိုနိုင်မယ့်အမျိုးအစားများ

* Cambridge English:A1 Starters / Movers / Flyers
* Cambridge English: A2 Key (KET)
* Cambridge English: B1 Preliminary (PET)
* Cambridge English: B2 First (FCE)
* Cambridge English: TKT

📩ဘယ်သူတွေအတွက် သင့်တော်လဲ?
* ကျောင်းသား၊ ကျောင်းသူများ
* အလုပ်လျှောက်ထားလိုသူများ
* နိုင်ငံခြားသို့ ပညာသင် သွားရောက်လိုသူများ
* မိမိရဲ့ English အရည်အချင်းကို တိုးတက်အောင်လုပ်ဆောင်လိုသူများ

⏰ကြိုတင်ပြင်ဆင်မှုများ
TGI Learning Centre မှာ Cambridge စာမေးပွဲအတွက် လိုအပ်တဲ့ သင်တန်းတွေနဲ့ လေ့ကျင့်ခန်းတွေကိုလည်း ကြိုတင်လေ့ကျင့်သင်ကြားပေးပြီးပြင်ဆင်ပေးထားပါတယ်။ စာမေးပွဲမဖြေခင် ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာပြင်ဆင်နိုင်ဖို့အတွက်လည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

📜ဘယ်လိုစာရင်းသွင်းရမလဲ?
စာမေးပွဲအတွက် စာရင်းပေးသွင်းလိုပါက TGI Learning Centre ရဲ့ ဖုန်းနံပါတ် သို့မဟုတ် လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါတယ်။ နောက်ဆုံးစာရင်းပေးသွင်းရမယ့်ရက်ကတော့ 12.10.2026 ဖြစ်ပါတယ်

Ph no 09794523812ကိုဆက်သွယ် စုံစမ်းနိုင်ပါပြီရှင့်

For more information
TGI Preschool and learning centre
(Centre 1) 3/8 Pyin Nyar Bodi Street Paya Phyu,Taunggyi Ph 09794523811
(Centre 2) 2/A Zaytawun Street, Kan Kaut Quarter,Taunggyi. Ph 09794523812
(Centre 3) Kyaut Tha Lone Street,Pan Tha Khwar, ph09 943805399

ကြယ် ၄ ပွင့် အစားအစာ” (Four-Star Diet) ဆိုတာဘာလဲ?အစားအစာအုပ်စု ၄ မျိုးကို ပေါင်းစပ်ကျွေးခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကလေး...
03/09/2026

ကြယ် ၄ ပွင့် အစားအစာ” (Four-Star Diet) ဆိုတာဘာလဲ?

အစားအစာအုပ်စု ၄ မျိုးကို ပေါင်းစပ်ကျွေးခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးများအတွက် အာဟာရပြည့်ဝစေရန် အသုံးများပါတယ်။

⭐ ကြယ် ၄ ပွင့် အစားအစာအုပ်စု

⭐ ၁။ အားဖြည့်အစာ
ထမင်း၊ ဆန်၊ ဂျုံ၊ ခေါက်ဆွဲ၊ အာလူး၊ ပြောင်း စသည်

⭐ ၂။ အသားဓာတ်ပါသော တိရစ္ဆာန်အစားအစာ
ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ကြက်ဥ၊ နို့ စသည်

⭐ ၃။ ပဲနှင့် အစေ့အဆန်များ
ပဲမျိုးစုံ၊ တိုဖူး၊ မြေပဲ၊ နှမ်း စသည်

⭐ ၄။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ
အစိမ်းရောင်ဟင်းရွက်၊ မုန်လာဥ၊ ဖရုံသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး စသည်

🍲 ပေါင်းစပ်ကျွေးနည်း ဥပမာ

ဥပမာ (၁) – ထမင်းတစ်နပ်

* 🍚 ထမင်း
* 🐟 ငါးဟင်း
* 🫘 ပဲဟင်း
* 🥬 ဟင်းရွက်ကြော်/ဟင်းချို + သစ်သီး

➡️ ဒါဆို ကြယ် ⭐⭐⭐⭐ ၄ ပွင့် ပြည့် ပါတယ်ရှင့်

🙏အစားအစာများကို ကြယ်၄ပွင့်ဖြစ်အောင်ပေါင်းစပ်ကျွေးနည်းကို လာရောက်ဆွေးနွေးပေးပါသော
ဇိဝိတ သံဃာ့ဆေးရုံမှ ဒေါက်တာနှင့်အဖွဲ့ကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့်🙏

Address

(Centre 1) 3/8 Pyin Nyar Bodi Street Paya Phyu Quarter Taunggyi. , (Centre 2) 2/A Zaytawun Street, Kan Kaut Quarter, Taunggyi. , (Centre 3) Kyaut Tha Lone Street, Pan Tha Khwar, Taunggyi
Taunggyi
TGI

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959253643207

Alerts

Be the first to know and let us send you an email when T.G.I Education Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to T.G.I Education Group:

Shortcuts

Share

Category