ပညာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊တောင်ကြီးမြို့

ပညာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊တောင်ကြီးမြို့

Share

ကောင်းဆိုးနှစ်တန် လောကဓံကို
ဧကန်တွေ့မြဲ စိတ်ဝယ်စွဲ၍
ဝမ်းနည်းဝမ်းသာ မများပါ။
(ဘာ.ဋီဆရာတော်)

Photos from ပညာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊တောင်ကြီးမြို့'s post 11/05/2026

#တောင်ကြီးမြို့နယ် ၊ ညိုမီး(ဘုရားကုန်း)ကျေးရွာ၊
#ပညာလင်္ကာရ(သာမဏ​ကျော်)ကျောင်းတိုက်။ (8.5.2025)

#အပတ်စဥ်လေ့ကျင့်ခမ်းစာမေးပွဲ။

#ဒုတိယဆင့် အင်္ဂုတ္တိုရ်ပါဠိတော်၊
#ပထမဆင့် မဟာဝါပါဠိတော်၊
#ဒုတိယတန်း အဘိဓာန်+ဘာသာပြန်၊
#ပထမတန်း သင်္ဂဟဘာသာ
#မူလတန်း သဒ္ဒါဘာသာ၊
#မူကြိုတန်း ဝတ်ရွတ်စဥ်။

04/12/2024

" အငုံ့စိတ် ( သို့ ) သိမ်ငယ်စိတ် "
××××××××××××××××××××××

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ နှမြောဝမ်းနည်းစရာအကောင်းဆုံးက အငုံ့စိတ်ကို မွေးမြူထားခြင်းပါပဲ ။ အငုံ့စိတ်ဆိုတာ သူတစ်ပါးအပေါ်မှာ မနာလိုတဲ့ ဣဿာစိတ်ကို ပြောတာပါ ။ သူတစ်ပါး အောင်မြင်နေတာ ၊ ကောင်းစားနေတာ ၊ အဆင်ပြေနေတာကို ဟန်ဆောင်ကလေးတောင် ဝမ်းသာမပေးနိုင်ဘဲ စိတ်ထဲမှာ အမြဲပူလောင်နေတဲ့ စိတ်​ပေါ့ ။ အငုံ့စိတ်ရှိတဲ့သူ​တွေအဖို့ အခြားသူတွေရဲ့ အောင်မြင်ခြင်း ပျော်ရွှင်ခြင်းတွေဟာ သူတို့အတွက်တော့ မျက်နှာကို အက်စစ်နဲ့ အပက်ခံလိုက်ရသလို ခံစားနေရတယ် ။ ရစရာရှိရင် သူတို့ပဲ ရချင်ကြတယ် ။ ကျော်ကြားစရာရှိရင်လည်း သူတို့ပဲ ကျော်ကြားချင်ကြတယ် ။ လူအများက ချီးကျူးတာကိုလည်း သူတို့ပဲ ခံယူချင်ကြတယ် ။ အခြားသူတွေကို ချီးကျူးတာ မြင်တွေ့ရရင်တော့ ချီးကျူးခံရသူ​တွေရဲ့ဘဝဇာတ်ကြောင်းကို အောက်ဖဲလှန်ပြီး အပြစ်ပြောတော့တာပဲ ။ မသိမသာ ခပ်ပါးပါးလေး ပုတ်ခတ်ကာ အထင်‌အမြင်သေးစေမဲ့ စကားမျိုးကို ပြောတတ်ကြတယ် ။ အငုံ့စိတ်ရှိတဲ့သူတွေဟာ ဘယ်တော့မှ သတ္တိရှိရှိ မပြောရဲ မဆိုရဲကြဘူး ။ အငုံ့စိတ်ရှိပြီဆိုကတည်းက သူတို့မှာ သိမ်ငယ်စိတ်ကလည်း အလိုလို ကပ်ပါလာပြီးသား ။

များ​သောအားဖြင့် အငုံ့စိတ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမရှိဘူးလို့ ယုံကြည်မှု အားနည်းတဲ့ ပုဂ္ဂိုလ်​တွေမှာ ဖြစ်ကြပါတယ် ။ ကိုယ့်မှာသာ အရည်အချင်းတစ်ခုခု ရှိ​နေရင် သူများ​အောင်မြင်​နေတာကို မ​ကျေနပ်စရာအ​ကြောင်း ဘာမှ မရှိဘူး ။ ​လောကမှာ လူတိုင်း ​အောင်မြင်နိုင်တာပဲ​ ။ တစ်ဦးတစ်​ယောက် ​အောင်မြင်သွားတာနဲ့ ​နောက်လူ​တွေအတွက် ​အောင်မြင်မှုက ကုန်သွားတယ်ဆိုတာမှ မရှိတာ ။ ကိုယ့်​ရှေ့မှာလည်း ​အောင်မြင်တဲ့သူ​တွေ အများကြီး ရှိခဲ့တယ် ။ အခုလည်း ​အောင်မြင်​နေဆဲသူ​တွေ ရှိ​နေကြတုန်းပဲ ။ ​နောင်လည်း ​အောင်မြင်တဲ့သူ​တွေ အများကြီး ထွက်​ပေါ်လာဦးမှာ ။ ​အောင်မြင်မှုဆိုတာက ပင်လယ်​ရေလိုပဲ တစ်​ယောက်ထဲ​သောက်လို့ ကုန်သွားတာမျိုး မဟုတ်ဘူး ။ အငုံ့စိတ်နဲ့ အခြားသူ​တွေကို အပြစ်တင်တာ​တွေ ၊ ​ဝေဖန်ပုတ်ခတ်တာ​တွေကို မပြုပြင် မဖယ်ရှားဘူးဆိုရင်​တော့ တစ်သက်လုံး ရင်ထဲမှာ မီးပုံကြီး မျိုထားရသလို ပူ​လောင်မှုကို ခံ​ပေ​ရော့ပဲ ။

ပြီး​တော့ အငုံ့စိတ်ဆိုတာ ပညာတတ်တာ မတတ်တာ ၊ ချမ်းသာတာ ဆင်းရဲတာ ၊ ဆရာဖြစ်တာ တပည့်ဖြစ်တာနဲ့ မဆိုင်ဘူး ။ အားလုံးမှာ အဲဒီစိတ်က ဖြစ်နိုင်တယ် ။ ဖြစ်လည်း ဖြစ်ကြပါတယ် ။ အနည်းနဲ့ အများပဲ ကွာတာပါ ။ ဒါ​ပေမဲ့ ဖြစ်​နေမှန်း သိ​ရင်​တော့ ဖယ်ရှားနိုင်​အောင် ကြိုးစားရမယ် ။ တကယ်​တော့ လူတိုင်းမှာ အားသာချက်ကိုယ်စီ အရည်အချင်းကိုယ်စီ ရှိ​နေပါရဲ့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရာက​နေ အငုံ့စိတ်က ဖြစ်သွားတာ ။ ဘာမဟုတ်တဲ့ အ​သေးအဖွဲကိစ္စ​လေး​တွေကအစ သူ့စိတ်ထဲမှာ အခြားသူ​တွေနဲ့ လိုက်ယှဥ်ပြိုင်​နေတတ်တယ် ။ သူမတတ်တဲ့ ပညာကို ကိုယ်က တတ်​နေရင် ၊ သူ ခင်ချင်တဲ့သူက ကိုယ်နဲ့ ခင်​နေရင် ၊ သူနဲ့ နီးစပ်တဲ့သူ​တွေက ကိုယ့်​ကောင်း​ကြောင်း ချီးမွမ်းခန်း ဖွင့်​နေရင် သူ့မှာ ​နေစရာ မရှိ​တော့ဘူး ။ အပူ​လောင်ကြီး ပူ​လောင်​နေတတ်တယ် ။ အရာရာမှာ သူသာ အ​တော်ဆုံးလို့ အထင်ခံ​ချင်တယ် ။ ဘယ်သူနဲ့ပဲ နှိုင်းယှဥ်နှိုင်းယှဥ် သူသာ နံပါတ်တစ် ဖြစ်ချင်တယ် ။ ​အောက်ထစ်ဆုံး ​ပြောရရင် သူ့ကို မုန့်ဖိုးတစ်​​ထောင်​ပေးပြီး အခြားသူကို မုန့်ဖိုးတစ်ရာ​ပေးရင်​တောင် အဲဒီတစ်ရာ​ပေးမှုအတွက် မ​ကျေနပ်တဲ့သူမျိုး ဖြစ်တယ် ။

အဲဒီ​အငုံ့စိတ်က ​တော်​တော်​အောက်တန်းကျပြီး သိပ်​ကြောက်ဖို့လည်း ​ကောင်းပါတယ် ။ တခြားသူ​တွေရဲ့ အဆင်​ပြေ​နေမှုများက သူ့အ​တွက် မဟာစိတ်မချမ်းသာမှုကြီး ဖြစ်​နေတတ်တယ် ။ အငုံ့စိတ်က အမုန်းတရားများလို သိသိသာသာကြီး ကြည့်မရ​တဲ့အထိ မုန်းတီးနေတာမျိုးလည်း မဟုတ်ပြန်ဘူး ။ သူတစ်ပါး အဆင်မ​ပြေရင် စိတ်ထဲက​နေ ကြိတ်ဝမ်းသာ​နေတဲ့ အဆင့်​လောက်ပါ ။ ကိုယ့်ကိုယ်ကိုယ် အငုံ့စိတ် ဖြစ်​နေမှန်းလည်း မသိကြတာများတယ် ။ ယဥ်ယဥ်​လေးနဲ့ ပူ​လောင်​စေတဲ့စိတ်ပဲ ။ ကိုယ့်ကိုယ် မုန်းတီး​နေတဲ့သူက ကိုယ်နဲ့ မဆက်ဆံပဲ​ နေချင် ​နေမယ် ။ အငုံ့စိတ်ရှိတဲ့သူက မ​ပေါင်းသင်းဘဲလည်း မ​နေနိုင်ပြန်ဘူး ။ ​ပေါင်းသင်း​ပြန်တော့လည်း ကိုယ့်အ​ပေါ် ဘာမဟုတ်တဲ့ အ​သေးအမွှားကိစ္စ​လေးကအစ မနာလိုစိတ် ဖြစ်​နေပြန်တယ် ။ အ​ဝေးက သူ​တွေထက် ကိုယ့်အနီးနားမှာ​ နေတဲ့သူ​တွေက အဲဒီစိတ် ပိုဖြစ်ကြတယ် ။ အ​နေနီး​လေ ပိုဖြစ်​လေ​ပေါ့ ။ တည့်တည့်ကြီး ဒုက္ခ​ပေးတဲ့စိတ် မဟုတ်ဘူး ။ သွယ်ဝိုက်​သောနည်းနဲ့ ဒုက္ခ​ပေးတဲ့စိတ်ပဲ ။ အဲဒီစိတ်ရှိရင် သူများ​တွေ အဆင်​ပြေ​ပြေနဲ့ ​ပျော်ရွှင်​နေမှာကို မကြည့်ချင် မကြားချင်ဆုံးပဲ ။

​လောကမှာ သဘာဝ အလှတရား​တွေ အများကြီးရှိပါတယ် ။ လူ့​လောကမှာလည်း ကိုယ့်လုပ်နိုင်စွမ်းနဲ့ကိုယ် အရည်အချင်း​တွေ ကိုယ်စီရှိကြပါတယ် ။ ကိုယ့်အားသာချက်ကို အသုံးချတတ်ဖို့ပဲ လိုပါတယ် ။ လူတစ်​ယောက်ထဲက တစ်ကမ္ဘာလုံးမှာရှိတဲ့ အသိပညာ အတတ်ပညာ​တွေကို အကုန်မတတ်​မြောက်နိုင်ပါဘူး ။ နှင်းဆီပန်းလည် ​လောကကို အလှဆင်နိုင်သလို စပယ်ပန်းကလည်း ​လောကကို အလှဆင်နိုင်တာပါပဲ ။ အဲဒီအတိုင်းပဲ ကမ္ဘာ​လောကကြီးမှာ ​နေရာတိုင်း ဆရာဝန်​တွေချည်း လိုအပ်​နေတာမျိုး မဟုတ်ပါဘူး ။ က​လေး​ငယ်တွေကို စာသင်​ပေးဖို့အတွက် ​ကျောင်းဆရာဆရာမ​တွေလည်း လိုအပ်တာ​ပေါ့ ။ လူသား​တွေ စား​သောက်ဖို့ရာအတွက်ဆိုရင် စိုက်ပျိုးထွန်ယက်ကြတဲ့ ​တောင်သူလယ်သမား​တွေလည်း လိုအပ်တာပဲ ။ လူ​သားတွေ ​နေထိုင်နိုင်ဖို့ရာ အ​ဆောက်အဦး​တွေအတွက် ​ဆောက်လုပ်​ရေးသမား​တွေလည်း လိုအပ်တာပဲ ။ အားလုံးက သူ့​နေရာနဲ့သူ ​အသုံးကျပြီး ​လောကကြီးကို အလှဆင်နိုင်ကြသူ​တွေပါ။ သူတစ်ပါးကို ဘာမှ မနာလိုစိတ် ဖြစ်​နေစရာ အ​ကြောင်းမရှိပါဘူး ။ သူကတစ်မျိုး ကိုယ်ကတစ်ဖုံနဲ့ အသုံးဝင် အလှဆင်နိုင်ကြပါတယ် ။

သဘာဝတရားကြီးက အားလုံးကို အလှကိုယ်စီ စွမ်းအားကိုယ်စီ ​ပေးထားပြီးသားပါ ။ ဘယ်သူ့အ​ပေါ်မှာမှ မနာလိုစိတ် မုန်းတီစိတ်​တွေ ထား​နေစရာမလိုပါဘူး ။ အလှကိုယ်စီ ရှိ​နေကြတဲ့ ​လောကကြီးမှာ အလှကို ဖျက်ဆီး​နေတာက မနာလိုစိတ် ဝန်တိုစိတ်သာ ဖြစ်ပါတယ် ။ ဒါ့​ကြောင့်လည်း ကဗျာဆရာကြီး တင်မိုးက သူ့ရဲ့ အလှကိုယ်စီဆိုတဲ့ ကဗျာမှာ " သဘာဝလျှင် ၊ အလှကိုယ်စီ ၊ စွမ်းရည်ကိုယ်င ၊ လက်​ဆောင်ငှ၏ ။ အလှဝန်တို ၊ မငြင်ငြိုနှင့် ၊ ဝန်တိုမှုသာ မလှရာတည့် ။ သူ့ဂုဏ်သူ့သိရ် ၊ သူ့အရှိန်နှင့် ၊ အချိန်အခါ ၊ ​နေရာ​ဒေသ ၊ ဌာနအ​​လျောက် ၊ အ​ရေး​ရောက်သည် ၊ စွမ်း​လောက်နိုင်သူ ချည်းပါတကား " လို့ ​ဖော်ကျူးခဲ့ပါတယ် ။ အငုံ့စိတ်ရှိတဲ့သူကသာ ​လောကကြီးမှာ အရုပ်ဆိုးအကျည်းတန်ဆုံး ဖြစ်ပါတယ် ။ ​အောင်မြင်​နေတဲ့သူကို ​တွေ့ရင် အားကျစိတ်ဝင်ပြီး သူ့လိုဖြစ်​အောင် ကြိုးစားဖို့ ခွန်အား​မွေးပါ ။ အားနည်းတဲ့သူကို ​တွေ့ရင် လက်တွဲကူပြီး ကိုယ်ချင်းစာနာစိတ်​ မွေးပါ ။ အဲဒါဆိုရင် အငုံ့စိတ် ကင်းစင်သွားပါလိမ့်မယ် ။ ဒါ့​ကြောင့် လူသားတိုင်း သူတစ်ပါးကို မနာလိုခြင်းဆိုတဲ့ အငုံ့စိတ်ကို ရင်ထဲက​နေ ထာဝရ ဖယ်ရှားနိုင်ကြပါ​စေလို့ ဆန္ဒပြုလိုက်ရပါတယ် ။

အရှင်ကိတ္တိသာရ ( လက္ကပင် )

08/09/2024

ကဲကဲ သာဓုခေါ်ကြ😀😀😀😀😀

ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား စကြာဝတေးမင်း ဖြစ်မယ် ဘာညာ
ကောလဟလက ရှိပြီးသား၊ နာမည်ကြီး။
တောထွက် ၊ ဘုရားဖြစ်တော့လည်း နောက်ပါသံဃာအခြွေအရံတွေနဲ့ လျှမ်းလျှမ်းတောက်။
တစ်ချိန်မှာ မဟာထေရီဖြစ်မယ့် ကြင်ယာတော် ယသော်ဓရာကလည်း သတင်းစကားတွေအရ
ဘုရား ညစာမစားဘူးဆို သူလည်း မစားဘူး၊
အမွေးနံ့သာ မလိမ်းဘူးဆို သူလည်း မလိမ်းဘူး ၊
ဖဲမွေ့ယာနဲ့ မအိပ်ဘူးဆို သူလည်း မအိပ်ဘူး၊
အဲ့လောက်ထိ ချစ်တာ။

ကာဠုဒါယီ မထေရ်မြတ်က ဘုရားသခင်ကိုယ်တော်မြတ်ကြီးကို
ဂါထာ ၆၀ နဲ့ ပင့်ဖိတ်လာ ၊
နန်းတော်ရောက် ၊ ဆွမ်းကပ်တော့ ယသော်ဓရာက ထွက်မတွေ့ဘူး။
မောင်တော်သာ ကျေးဇူးတရားကို သိမယ်ဆိုရင်
လာတွေ့ပါလိမ့်မယ်လို့ပြောပြီး ထွက်မတွေ့ဘူး။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလည်း
ယသော်ဓရာ ငါ့ကို ဖူးတွေ့တဲ့အခါ သူစိတ်ကြိုက်ဖူးတွေ့ပါစေ ၊
ဘယ်သူမှ ဘာမှ မတားနဲ့ လို့ မိန့်တော်မူပြီး သွားတွေ့တယ်။

ရဟန်းပရိတ်သတ် အလယ်မှာ
ယယော်ဓရာက ဘုရားရှင်ရဲ့ ခြေတော်ကို ဆံပင်နဲ့ပွတ်ပြီး
`ယသော်ဓယာ ငိုခန်း´ ဆိုတဲ့ ဂါထာတွေနဲ့ငိုတယ်။
`ယသော်ဓယာငိုခန်း ဆိုတာ အလွယ်ပြောရရင်တော့ ရန်တွေ့တာပဲ ။
ထွက်သွားတာ ၇ နှစ်နဲ့ ၁ရက် တိတိ ရှိပါပြီ ၊
သတင်းမပါး အဆက်အသွယ် မလုပ် ၊
နေနိုင်လွန်းသူကြီး ဆိုတာကစ ငိုတာ။

ကဲ ... အဲ့တာသာ ကြည့်တော့ ။
စကြာဝတေးမင်းတွေ ဘုရားတွေ
သိပ်နားမလည်ဘူး
မိန်းမဆိုတာမျိုးက ချစ်တဲ့ စိတ်နဲ့
လူးလွန့်လို့သာ နေချင်နေမယ်
တွေ့ရင် စိတ်ကောက်မယ်၊ ရန်ဖြစ်မယ်
ညောင် မယ်။
ဘုရားတောင် တားမရမှန်းသိလို့ အသာ ငြိမ်နေရတာ။
ပြီးမှ တစ်ည ခွဲတာ ရက်ပေါင်း ၇၀၀ ငိုမဆုံးတဲ့
စန္ဒကိန္နရီဇာတ် ဟောပြီး လူကြားထဲ ခပ်တည်တည်နဲ့ အသာချော့ရတယ်။

အဲ့တော့
စိတ်မကောက်တတ် မရစ်တတ် ရန်မတွေ့တတ်တဲ့
မိန်းမဆိုတာ မရှိဘူး။
ရှိတာလေးနဲ့ တည့်အောင်နေကြ ကိုယ့်လူတို့ ။
ရစ်တာ ကောက်တာ သဘာဝပဲ ။
ချော့ဖို့က ကိုယ့်တာဝန်ပဲ ဒကာတို့။
ဘာဖြစ်ဖြစ် ကိုယ်ကသာ စပြီး တောင်းပန်ချော့လိုက်
နှစ်ခါ မပင်ပန်းရဘူး။

( ကဲကဲ လကွယ် ဥပုသ်နေ့မှာ
မဟေသီကို အပိုင်ထိန်းနည်း နိသျည်းလည်း ဟောပြီးပြီ ၊
မြိုင်မြိုင်ကြီး သာဓုခေါ်ကြ ) 😀😀😀😀😀

Crd-

Photos from KTRM's post 24/08/2024

မိတ္ထီလာ-တောင်ကြီး AH-4 လမ်း မပြုပြင်ခင်မှပုံရိပ်များ!

Photos from KTRM's post 13/05/2024

" ဘုန်းကြီးတစ်ပါးရဲ့အစွမ်း "

(ပဲခူးဖားအောက်ဆရာတော် )

ဒီမှာ ခဏခဏပြောနေတဲ့
ရှမ်းပြည်နယ်
ဆီဆိုင်မြို့နယ်ထဲက

လွယ်မွန်းဆိုတဲ့ပအိုဝ်းရွာအကြောင်း အဲဒီရွာရဲ့

ကျောင်းထိုင်ဆရာတော်က
ဆရာတော် ဦးလက္ခဏသာမိတဲ့

နှစ်(၃၀)ဝန်းကျင်လောက်ကျောင်းထိုင်လိုက်တာ

ငါးပါသီလကို ဖြေးဖြေးချင်း ရှင်းရှင်းပြီးတော့မှ

ငါးပါးသီလရယ်မေတ္တာရယ် အဲဒါကို

သူတို့ရွာဥပဒေ(၆)ခုဆိုပြီးထားတယ်။

သူတို့ရွာမှာ အရက်သမားလည်း မရှိဘူး။

ဘီယာသမားလည်း မရှိဘူး။

အရက်သည်မရှိဘူး

ကြက်မမွေးဘူး

ဝက်မမွေးဘူး

ငါးမရှာဘူး

ဖားမရှာဖူး။

သူတို့ရွာရဲ့ အားသာချက်တွေကတော့

အများကြီးပဲ စီပွားရေးက

ကြက်သွန်ဖြူအဓိကထားလုပ်တယ်။

လူကြီးက " မင်းတို့မရောင်းသေးနဲ့ဦး

စျေးမညှိရသေးဘူး " အကုန် လုံးကအသာလေးပဲ

လူကြီးက ကြိုက်စျေးကိုရသလောက်ဆွဲတင်လို့ရပြီဆိုမှ

" မင်းတို့ယူနိုင်သလား လာခဲ့ "

လူကြီး (၃)(၄)ယောက်ကတိုင်ပင်တယ်။

"ခုအနေအထားကို ကြိုက်သလား " "ကြိုက်ပြီ "

အဲဒီအခါ ဝယ်မဲ့သူကိုဆက်သွယ်လိုက်တယ်။

" ကဲ.နင်တို့ရောင်းချင်ရောင်းကြတော့

ငါတို့ ဒီစျေး ဒီစျေးစကားပြောထားပြီးပြီ "

လူကြီးကပဲ ထိန်းထားတယ်။

အတင်းရောင်းချင်နေတယ်ဆိုရင်

" မင်းဒီမှာပဲထား ရွာကနေယူသုံး " အဲဒီစနစ်နဲ့သွားတာ။

သူတို့ရွာနားမှာ ဆည်မြောင်းကြီးရှိတယ်။

ငါးတွေလွတ်ထားတာ ဘယ်သူမှမဖမ်းဘူး။

သူတို့ရွာရဲ့ အုပ်ချုပ်ရေးသည်

ငါးပါးသီလ +မေတ္တာ (၆)ပါး အဲဒါလေးပဲ။

သူတို့ရွာတစ်နယ်လုံးနဲ့ ပတ်ဝန်းကျင်က

လွယ်မွန်းဆိုတဲ့ ရွာကလေးကို လာလာကြည့်ရတယ်။

သုတေသနပြုကြရတယ်။

ရဲတွေကလည်းလာတယ်။

" ကျွန်တော်တို့ အစ်ကိုတို့ရွာကို

လေ့လာရအောင် လာတာပါခင်ဗျာ "

" ဪ.လာပါလာပါ "

ရဲတွေလာတယ်။အုပ်ချုပ်ရေးအဖွဲ့တွေလာတယ်။

ဒီရွာကလေးဟာ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော

သီးခြားအုပ်ချုပ်ရေးဒေသလို့ပဲ သတ်မှတ်ထားတယ်။

ဘာဖြစ်လို့လဲဆိုတော့ (၆)ပါးသီလနဲ့သွားနေလို့။

သူတို့ရွာက ရှိတာကတော့ အိမ်ခြေက (၂၀၀)ကျော်ကလေးပဲ။

ရောက်သွားတဲ့အခါကျတော့လည်း

စာသင်ကျောင်းတွေ လိုက်ကြည့်တယ်။

ဒါကဆရာမတွေ အိပ်တဲ့နေရာ

ဒါကဆရာတွေ အိပ်တဲ့နေရာ

ကျောင်းကလေးတွေလည်း သပ်သပ်ရပ်ရပ်ကလေးတွေ။

အိမ်သာလေးတွေကျကျနန

ရွာလည်ခေါင်ဇရပ်တွေ့တဲ့အခါကျတော့

ဘုန်းကြီးက သာသနာ့ အလံလေးတွေ လွင့်ထူထားတာနဲ့

"ဒါ.ဘာလဲ "မေးကြည့်တယ်။

" ညမှာ ဘုန်းကြီးကျောင်းကလည်းဝေးတော့

တပည့်တော်တို့ စုပေါင်းဘုရားဝတ်တက်တဲ့နေရာကလေး ဘုရား "

" ဟာ.မဆိုးဘူးဒီရွာ တော်တယ် " အဲဒါနဲ့

" ဒီရွာ တိရစ္ဆာန် လုံးဝမမွေးဘူးလား ?"ဆိုတော့

" နွားတွေ ကျွဲတွေတော့ မွေးပါတယ်

တစ်ရွာလုံး ကြက်ဖကြီးလည်း နာရီဖြစ်အောင်

နှစ်ကောင်လောက်ရှိပါ တယ်။

" ကဲ,ကြည့်စမ်း သူတို့ရွာသားတွေ ကြက်ဥမစားဘူးဆိုတော့

ဒီကလူတွေသနားနေမလားမသိဘူး။

အဲဒါဗုဒ်ဓဘာသာ အဲဒါဗုဒ်ဓဘာသာ။

တစ်ရွာလုံး ငါးပါးသီလလုံတာ

နှစ်သုံးဆယ်ကျော်သွားပြီ။

သူတို့ရွာမှာအရက်ဆိုင်မရှိဘူး။

သူတို့ရွာမှာအရက်သမားမရှိဘူး။

သူတို့ရွာမှာဘီယာသောက်တဲ့သူမရှိဘူး။

သူတို့ရွာမှာငါးရှာတဲ့သူမရှိဘူး။

ဖားရှာတဲ့သူမရှိဘူး။ ငါးမွေးတဲ့သူမရှိဘူး။

ကြက်မွေးတဲ့သူမရှိဘူး။ဝက်မွေးတဲ့သူမရှိဘူး။

အဲလိုထူးခြားတဲ့ရွာလေးမိုလို့

ရောက်အောင်သွားမယ်ဆိုပြီးတော့ သွားခဲ့တာ။

ဘယ်ရဲဋ္ဌာနမှမရောက်ဘူး။

ရဲတွေကိုအလုပ်လုပ်စရာမလိုလို့

သူ့တို့ရွာဆိုပျင်းနေတော့တယ်။

တစ်နယ်လုံးမှာ အဲဒီရွာလေးတစ်ရွာကိုစံထားတယ်။

မှုခင်း ကြီးကြီးကျယ်ကျယ်မဖြစ်ဘူး။

နည်းနည်းသေးသေးလေးတွေတော့ရှိတယ်။

ရှိပြီဆိုရင်ရွာလူကြီး ကပဲရှင်းတယ်။

ရွာလူကြီးကလာလျှောက်တယ်

တပည့်တော်တို့ရွာကဘုရား

ရဲတွေအုပ်ချုပ်ရေးတွေနဲ့သိပ်မပတ်သက်ဘူး

လူဦးရေ၁၅၀၀ဝန်းကျင်

နှစ်ပေါင်းများစွာ အဲဒီရွာကိုအဲလိုတည်ထောင်ခဲ့တာ

ဆရာတော်ဦးလက္ခဏသာမိတဲ့

သူကနေစပြီးတော့ မင်းတို့ရွာ

ငါးပါးသီလလုံ အောင်နေ

မေတ္တာကမ္မဋ္ဌာန်းကလေးတွေဆည်းဖြန်း

အဲလိုဆိုတို့ရွာကပြည့်စုံပါပြီ။

တစ်ရွာလုံး တောင်သူလုပ်စားတယ်။

ချမ်းချမ်းသာသာရယ်တော့မဟုတ်ပါဘူး။

အကုန်လုံးလည်းပဲကြည်ကြည်လင်လင်ပဲ။

သူတို့ရွာကလေးကိုအကုန်လုံးကဝိုင်းပြီးတော့

မင်းတို့ရွာကို တို့အားကျတယ်။

ဘာလို့လဲဆိုတော့မှုခင်းတစ်ခါမှမဖြစ်လို့

ရွာထဲမှာဆူဆူနဲ့ လင်မယားရန်ဖြစ်တာလည်းမရှိဘူး။

အိမ်နီးနား ချင်းနဲ့ရန်ဖြစ်တာလည်းမရှိဘူး။

သေဘာမက်ဘူးလား။

အရက်သမားမရှိဘူး။ဘီယာသမားမရှိဘူး။

ကဲကြည့်စမ်း။

ခုတစ်လောကလုံးက ဘီယာသောက်မှ

ယဉ်ကျေးမှုလို့ ထင်ထားတဲ့အချိန်မှာ

သူတို့ရွာမှာ ဘီယာဆိုင်မရှိဘူး။

သူတို့ရွာ မှာဘိန်းခင်းမရှိဘူး။

ဘိန်းရှူတဲ့သူတစ်ယောက်မှမရှိဘူး။

အရက်သမားမရှိဘူး။ငါးပါးသီလလုံရခြင်းရဲ့

အကျိုးလေးကိုရသင့်တာ ။

ဗုဒ္ဓဘာသာလည်းဖြစ်နေသေးတယ်။

ငါးပါးသီလကိုဟိုအပါးကကျိုးလိုက်

ဒီအပါးကကျိုးလိုက် ဒီလူတွေပဲ

ဘုရားတရားသံဃာရတနာမြတ်သုံးပါးကို

ကိုးကွယ်ရတယ်။

ဒီလူတွေပဲ အနာရောဂါကများလိုက်တာ

ဆေးခန်းကလည်း ခဏခဏသွားနေရတယ်။

အဲဒီတော့ငါးပါးသီလလုံအောင်လုပ်ကြပေတော့။

ငါးပါးသီလလုံပါစေ ဗုဒ္ဓဘာသာဖြစ်ကျိုးနပ်ပါစေ။

သူတို့ရွာကိုတော့လေ ဘုန်းကြီးကရင်ထဲမှာနှစ်နှစ်ချိုက်ချိုက်

ထိထိခိုက်ခိုက်ကိုစိတ်ထဲမှာသဘောတွေကျပြီးတော့

" ဟာ မိသားစုအစဉ်အဆက်ကြီး "

သားစဉ်မြေးဆက်နှစ်ဆက် လောက်ရှိသွားပြီ။

ငါးပါးသီလလုံပြီးတော့နေတာ။ကောင်းလိုက်တာ။

လွယ်မွန်းရွာကလေး

ငါးပါးသီလလုံတဲ့ရွာကလေး အဲဒီမှာ

သောက်ချင်စားချင်တဲ့ပုဂ္ဂိုလ်တွေကပြောတယ်..

" ဒီရွာနေရတာ ထောင်ကျနေသလိုပဲ။တို့ထွက်သွားမယ်"

ဆိုပြီး တစ်ဦးစနှစ်ဦးစ သုံးလေးဦးစ ထွက်သွားကြတယ်။

တစ်ရွာလုံးကငါးမဖမ်းရဘူးဆိုတော့

တစ်ရွာလုံး အရက်ဆိုင်မရှိဘူးဆိုတော့

သူများရွာသွားပြီးခိုးသောက်ရင်တောင်

သိရင်တစ်ကြိမ်ဆိုသတိပေးခံရတယ်။

နှစ်ကြိမ်သတိပေးတယ် သုံးကြိမ်ဆို

အပြီးထွက်ခိုင်းလိုက်တယ်။အဲဒီအခါ

" ဒီရွာဟာအလွန်ကျဉ်းကျပ်တယ်။တို့မနေသင့်တော့ဘူး"

ဆိုပြီးတော့ ပြောဆိုထွက်သွားကြတယ်တဲ့။

ဒိပြင်ရောက်သွားတော့ ပိုလွတ်လပ်တော့ ပိုပျက်စီးသွားတယ်။

သူတို့ရွာကလေးကိုတွေးကြည့်တယ်

ဒါဟာဘုန်းကြီးတစ်ပါးရဲ့အစွမ်း

တစ်နိုင်ငံလုံးမပြင်နိုင်သော်လည်း

တစ်ရွာတော့ရအောင်ပြင်နိုင်တယ်။ ။

(ပဲခူးဖားအောက်ဆရာတော် )

အသံဖိုင်မှ ဓမ္မဒါနသက်သက် အဖြစ်
စာရိုက်ပူဇော်သူ-

ဧကစာရီ

(ထိုင်ခုံမဲ့ခရီးသည်)
**********************
ရေးသားပူဇော်သော ဆရာတော်အား
ရိုသေလေးစားစွာဖြင့် ကန်တော့ပါ၏.......

27/04/2024

ပျက်စီးခြင်(၄)မျိုး

26/04/2024

မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ
ကမ္ဘာမှာ တကယ်မရှိဘူး။

မယုံရင် ဆက်ဆံရေးတစ်ခုကနေ
ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ
မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။

အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။

"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့
ပုံမှန်လည်ပတ်နေမှာပဲ။

အကြည်တော်

(မိမိကိုယ်ကို သတိပေးလိုခြင်း ဖြစ်သည်)

Photos from KTRM's post 21/04/2024

#ဘွကဒီလိုပါပဲ😁😀🤣

Photos from KTRM's post 20/04/2024

2017-၁၃၇၉-ခုနှစ်၊မစိုးရိမ်စာသင်သားဘဝ
ဘုံလောင်းတိုးဖို့ အိပ်ရာမနိုးတော့
သူငယ်ချင်းလဲဖြစ်ဆရာလိုနောင်တော်လို
ဖြစ်တဲ့ #ဦးဝိသဒါလင်္ကါရ ယင်းမာပင်
#ဦးသီလဝံသ ရေစကြိုတို့ဆီခနခနကပ်စားနေရ😁

#မန်းလေးဆိုတာဘုန်းကံမကြီးရင် အပေါင်းကောင်းဖို့လိုတယ်😁😀

Photos from KTRM's post 20/04/2024

#တောဓလေ့ကပျော်မွေ့စရာကောင်း

Photos from KTRM's post 14/04/2024

နွေပူပူမှာ ရေချိုးလို့ကောင်းတဲ့ ဟိုပုံးမြို့နားက
အလွန်အေးတဲ့ရေချိုးစရာနေရာ စခွီထီကတူးရွာ

Want your school to be the top-listed School/college in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Taunggyi
9+