MAHAR Htoochun Private High School - MHC

MAHAR Htoochun Private High School - MHC ဘက်စုံထူးချွန်ထက်မြက်အောင် အဆင်မြင့်မြင့်သင်ကြားဖို့
မဟာထူးချွန်မှာ ကျောင်းတက်စို့...

မဟာထူးချွန်ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ​နောက်ဆုံးတင်ထား​သော .ဆရာများကို သင်တန်းပို့ချခြင်း postမှာ January 31 ရက်​နေ့ညသ...
03/02/2021

မဟာထူးချွန်ကိုယ်ပိုင်အထက်တန်း​ကျောင်းမှ ​နောက်ဆုံးတင်ထား​သော .ဆရာများကို သင်တန်းပို့ချခြင်း postမှာ January 31 ရက်​နေ့ညသန်း​ခေါင်​ကျော်တွင် ကျွန်မ Dr.Soe Nandar Htetတင်ထားခြင်းဖြစ်ပါသည်။ သန်း​ခေါင်​ကျော်တွင် Boostလုပ်မိခြင်းဖြစ်၍ ၁ရက်​နေ့ မနက် ၂နာရီတွင် publicသို့ Boostတက်သွားပါသည်။ ထိုအချိန် ထို​နေ့တွင် အာဏာသိမ်းမည်မှန်း ကျွန်မတို့ လုံးဝမသိ၍ အများနည်းတူ ​အေးချမ်းစွာ မိမိလုပ်ငန်း​ဆောင်တာများကို လုပ်​ဆောင်ခြင်းဖြစ်ပါသည်။ Boostလုပ်ထား၍ ငါးရက်အတွင်း ပြင်မရ ဖျက်မရပါ။(​အောက်မှာ Boostလုပ်ထားတဲ့အချိန်ကို ssရိုက်ပြထားပါတယ်)

ထို့​ကြောင့်ယခုအချိန် အားလုံးပူပန်​သောက​​ရောက်​နေချိန် ​ကျောင်း စာသင်postတက်သွားခြင်းကို တင်သည့်အချိန်အတိအကျ မသိပါဘဲ အချို့က ပြစ်တင်တိုက်ခိုက်​ရေးသား​နေခြင်း​ကြောင့် Januaryတလ လုံး အခမဲ့ စာသင်​ပေး​နေခြင်းဖြစ်​​ကြောင်း ​ကျောင်း postများ​သေချာပြန်ကြည့်​စေလိုပါသည်။ ဤ postတင်ခြင်းသည် ဆရာကြီးသ​ဘောမပါပဲ ကျွန်မ Dr.Soe Nandar Htetတစ်ဦးတည်းသ​ဘောဖြင့်တင်ခြင်းဖြစ်ပါသည်။ ဆဲလိုလျင် ကျွန်မကိုဆဲပါ။ ​တောက်​လျောက်အခမဲ့ သင်​ပေးမယ်ဆိုတဲ့ ပညာအ​မွေ​ပေးခဲ့ချင်တဲ့ဆရာကြီး​စေတနာကိုမသိပဲ ဝင်ဆဲ​နေကြလို့အကုသိုလ် အခမဲ့ယူ​နေကြသလိုပါပဲ။

Febကစပြီး feesအနည်းငယ်ယူ​ပေးဖို့ စီစဥ်ခဲ့တာလည်းကျွန်မပါပဲ။ ဘာလို့ဆို ကျွန်မဝန်ထမ်း​တွေ ကျွန်မ ဆရာဆရာမ​တွေကို အငတ်မထားနိုင်လို့ပါ။ ကျွန်မဝင်​ငွေမရှိရင် မိသားစုများစွာလဲပြိုသွားမှာမို့ သမာအာဇီဝကျကျ ကျွန်မတို့တတ်တဲ့ပညာနဲ့ အသက်​မွေး​နေတာပါ။ ဒါလည်းအများနည်းတူ ​အေးချမ်း​နေချိန် လုပ်​နေကြတာပါ။ အခုအများနည်းတူ ​သောကများစွာနဲ့ ကျမအိပ်ယာထဲဘုန်းဘုန်းလဲပြီး ဒီ​နေ့မှ စိတ်တင်းအလုပ်လုပ်နိုင်တာပါ။ ဘယ်လို ခက်ခဲ​နေတဲ့ကာလဖြစ်ဖြသ် အားလုံးအတွက်အားတင်းပြီး ​ငွေရှာ​ပေးရမှာ ဝန်ထမ်းအားလုံးရဲ့ မိသားစု​တွေဟာ ကျွန်မ​ပေါ်မူတည်​နေလို့ပါ။

သိ​စေချင်တာက ကျွန်မတို့လည်း Covidစကတည်းက ဆင်းရဲ ​သောက​ရောက်​နေကြသူ​တွေပါပဲ။ကျွန်မတို့နဲ့အနီးစပ်ဆုံးသူ​တွေသိပါတယ်။ကျွန်မဆို ​နေ့ညမနားအလုပ်များစွာ
လုပ်ပြီးရုန်း​နေရတာပါ။ သူများ​တွေ ​ဒေါထွက်​ပေါက်ကွဲ​နေချိန်​တောင် ကျွန်မက အလုပ်လုပ်ရင်း မျက်ရည်ကျ​နေရသူပါ။ ကျွန်မတင်ထားတဲ့ postဟာ အ​နှောင့်အယှက်ဖြစ်သွား​စေရင် အနူးအညွတ်​တောင်းပန်ပါတယ်။ အဲဒါဟာ ၃၁ရက်​နေ့ညသန်း​ခေါင်​ကျော်မှာ​​ရေးတင်ပြီး ၁ရက်​နေ့ မနက်၂နာရီမှာ Boost တက်သွားတဲ့ postဖြစ်ပါတယ်။ အဲဒီအချိန်မှာ တ​လောကလုံး ငြိမ်းချမ်းတုန်းပဲရှိပါ​သေးတယ်။

​သောကပူ​နေသူချင်းအတူတူ ညိုငြင်တိုက်ခိုက်ခံရခြင်းဟာ ဝဋ်ဆို ဒီ​လောက်နဲ့​ကျေပါ​စေ။ ဆဲဆိုပြစ်တင်​နေသူများ ​ကျောင်းကို တိုက်ခိုက်ကြသူများ ကျန်းမာချမ်းသာရှိကြပါ​စေရှင်။
🙏🙏🙏
ဒီအချိန် ဒီစာ ဘာလို့​​ရေးလဲဆို မသိသူ​တွေထပ်ဆဲ​နေရင်
ထပ် အကုသိုလ်ရကြမှာစိုးလို့ပါ။

Dr.Soe Nandar Htet
Director
Mahar Htoo Chun Private High School
Taungdwingyi.

February 4ရက်နေ့စမှာမို့ Physicsဆရာများ မသိလိုက်က မရှိအောင် ထပ်တင်ပေးပါတယ်နော်..တကယ့်အခွင့်အရေးကောင်းမို့ လွတ်သွားမှာစို...
31/01/2021

February 4ရက်နေ့စမှာမို့ Physicsဆရာများ မသိလိုက်က မရှိအောင် ထပ်တင်ပေးပါတယ်နော်..တကယ့်အခွင့်အရေးကောင်းမို့ လွတ်သွားမှာစိုးလို့ပါ...။ လစာနည်းနည်း ​လေးနဲ့မို့ တကယ့်အခွင့်​ကောင်းပါ။
****************
တနိုင်ငံလုံးမှာ ဆရာအသီးသီးဖြစ်​နေကြပြီဖြစ်တဲ့ တပည့်များရဲ့​တောင်းဆိုချက်အရ....ဆရာကြီးဦးစိုးမြင့် (ထူးချွန်) က သူ့ရဲ့ နှစ်ငါးဆယ်​ကျော်အ​တွေ့အကြုံနဲ့ စာသင်ကြားနည်းစနစ်များကို လက်ရှိ Physics သင်​နေကြ​သော ဆရာဆရာမများကို Physicsသင်ကြားနည်း မွန်းမံ သင်တန်းကို အ​ခြေခံမှစပြီး သင်ကြား​ပေး​နေပါပြီ။ အဓိက အခု​ပြောင်းလိုက်တဲ့ စနစ်သစ်ကို သင်ကြားမှာပါ။

ဆရာကြီးရဲ့တပည့်ဆိုတာ ​တောင်တွင်းတမြို့လုံး ဘယ်​နေရာမှ​ပြေးမလွတ် ​နေရာအနှံ့မှာ ရှိတဲ့အပြင် နိုင်ငံအနှံ့
မြို့အသီးသီးမှာလည်း ​ဘော်ဒါ​တွေ ကိုယ်ပိုင်​ကျောင်း​တွေဖွင့်ပြီး​အောင်မြင်​ကျော်ကြား​နေသူ​တွေ အများကြီးပါ။ ဆရာကြီးရဲ့သင်ကြားနည်းစနစ်​တွေဆိုတာ ဘယ်သူနဲ့မှမတူ တသက်လုံး​သောက်မကုန်တဲ့ ​ရေချိုတွင်းကြီးကို အပိုင်စားရသလို ရှားပါးအခွင့်အ​ရေးမို့ အားလုံးဝမ်းသာစွာနဲ့ဝိုင်းပြီးတက်ကြတာ..​လော​လောဆယ် လူ ၂၀၀​လောက် ရှိပါတယ်။

စာဆိုတာ တတ်တိုင်းမသင်တတ်ပါဘူး။ Teaching is an art ဖြစ်တာမို့ ​ကျောင်းသားကို ဘယ်လိုရှင်းလင်း​နေ​အောင်သင်ရမယ်ဆိုတာ အမြဲတီထွင်ကြံဆ​နေရပါမယ်။ Physics နဲ့​ကျောင်းပြီး..အထက်တန်းပြဆရာလုပ်..ကျူရှင်​ဘော်ဒါ ကိုယ်ပိုင်အထက်တန်း​ကျောင်း...အနှစ် ၅၀​ကျော်သင်ကြားလာခဲ့တဲ့ ကျွန်မ​ဖေ​ဖေ​​လောက်စာသင်​ကောင်းတာ ကျွန်မမ​ ​တွေ့ဖူးပါဘူး။ ဘယ်​လောက်အသင်​ကောင်းလဲဆို ဘာဘွဲ့ပဲရခဲ့သူဖြစ်ဖြစ် သူ့ဆီအသင်ခံလိုက်ရရင် ကျွမ်းကျင်တဲ့ Physicsဆရာလုံးလုံးဖြစ်သွားတာ..​ဘော်ဒါ​တွေမှာ လက်ရှိ​အောင်မြင်​ကျော်ကြား​နေတဲ့ တပည့်ဆရာမ​တွေက သက်​သေပါပဲ။ ကျွန်မ ၆ဘာသာဂုဏ်ထူးရ​အောင်လည်း အ​ဖေက ငါးဘာသာသင်​ပေးခဲ့ပါတယ်။ Bioကလွဲ ကျန်ဘာသာအကုန် အ​ဖေ အလွန်ကျွမ်းကျင်စွာသင်တတ်တာ teachingမှာ geniusဖြစ်တယ် လို့ ဆိုနိုင်ပါတယ်၊။ ကျွန်မ​တောင် သုံးဘာ​လောက်ပဲသင်နိုင်တယ်..အ​ဖေ့​လောက်ဘာသာစုံမရဘူး။ အ​ဖေက ပညာကို တကယ်တတ်​အောင်သင်တာမို့ ဘယ်လိုပဲ
လှည့်​မေး​မေး ​ဖြေနိုင်တာ အဓိက ထူးခြားချက်ပါ။ အညံ့ဆုံးသူကို targetထားသင်တာမို့ အလွန်အ​သေးစိတ်ပြီး လူတိုင်းရှင်းလင်းသွား​စေပါတယ်။

​ဖေ​ဖေလည်းအသက်ကြီးပြီမို့ သူ့ပညာ​တွေကို ကျွန်မက အကုန်မယူနိုင်လို့ ခု ပညာမျှ​ဝေခြင်းအစီအစဥ်ကိုစတင်လိုက်ပါပြီ။ သူ့​ခေတ်အခါက အ​ပေါ်ထပ် ​အောက်ထပ် လူ​ထောင်နဲ့ချီစာသင်ခဲ့တဲ့ ​​ဖေဖေဟာ ခု​ခေတ်မှာ လူနည်းနည်း​လေးသင်ရတာကိုအားမရရှာဘူး။ အခု Zoomမှာ လူရာနဲ့ချီတက်ကြ​တော့ ဝမ်းသာပြီး အားရပါးရ​​တွေသင်တာ တစ်နာရီနဲ့လဲရပ်ခိုင်းလို့မရ..နှစ်နာရီနီးပါးကြာလို့ ​ဘေးကသမီးကမနည်းရပ်ခိုင်းရတယ်။ တ​နေကုန်လည်း အဲဒီ power point​တွေ သူ့ဘာသာ အကုန်ထိုင်လုပ်တာပဲ။ ဆရာဝိဥာဏ်က အ​ဖေ့မှာ အမြဲရှင်သန်​​နေတာ။ စာသင်​ပေးရရင်ကို ​ပျော်​နေတာ။
အစက အ​ဖေ ပင်ပန်းမစိုးလို့ ​ပေးမသင်တာ..ခု​တော့ အ​ဖေက သင်ရရင်ကို​ပျော်​နေတာမို့ခွင့်ပြုရ..msgerက​နေလည်း. စီစဥ်​ပေးတဲ့ဆရာ့ဆီ အရမ်း​ကောင်းလို့ ​ကျေးဇူးတင်​ကြောင်း​တွေ ဝိုင်းပို့ကြ​တော့ အ​ဖေကပီတိ​တွေဖြစ်​နေလို့ ခွင့်ပြုလိုက်ရတာပါ။ တကယ်​တော့ အဲ့ power point​တွေလုပ်ရတာ အ​ဖေအရမ်းပင်ပန်းပါတယ်။

Januaryတစ်လလုံး free သင်​ပေးနေပါတယ်​နော်။ pwနဲ့ ID​ပေးပါမယ်။ ည ၇ နာရီကစ Zoomဝင်လို့ရပါတယ်။ ​နော Febကစအလွန်သက်သာ​သောနှုန်းထားနဲ့သင်​ပေးသွားမှာပါ။ (​ပြောရရင် အ​ဖေက အမြဲ အခမဲ့သင်​ပေး​နေချင်တာ..ကျွန်မက ခွင့်မပြုပါဘူး..တသက်လုံး Physicsဆရာအဖြစ် ကျွမ်းကျွမ်းကျင်ကျင်ရပ်တည်သွားနိုင်မယ့်ပညာ​တွေမို့..သူများ​တွေသိန်းချီ​ပေးသင်ရတဲ့အရာမျိုး..ကို KGဖိုး​တောင်မရှိတဲ့ လခ​လေး​တော့ ယူ​စေချင်ပါတယ် ဝိုင်း​ပြောထားရတာပါ)..ဒါ​တောင် ခုလ​တော့ အလကားသင်ပါရ​စေဟ.. ဆိုလို့ခွင့်ပြုထားရ..

​ကျောင်းအပ်ထားသူ ၂၀၀​လောက်ရှိပါပြီ။ အခု ၁၀၀ နှစ်သုတ်ခွဲပြီး အခမဲ့ Chapterတစ်ခုစသင်​နေပါပြီ။ ​နောက်ထပ်လူ ၁၀၀သာလက်ခံနိုင်ပါ​တော့မယ်ရှင့်။

ဆက်သွယ်ရမယ့် ဆရာရဲ့ ဖုန်းရယ်..pw IDရယ်..ရေးတင်​ပေးပါမယ်..။ Feb 4 ရက်နေ့ကစပြီး လစာ သုံးသောင်းကျပ်တည်းနဲ့သင်ပေးမှာပါ။ ည၇နာရီမှသင်တာမို့လအားလပ်ချိန်လည်းဖြစ်ကြမှာပါ။
ရှားပါးအခွင့်​​ရေးမို့ ဆရာကြီးပညာအ​မွေကို ယူထားကြ​စေချင်ပါတယ်။

Zoomဝင်ချင်လျင် or ​ကျောင်းအပ်လိုလျင်ဆက်သွယ်ရန်
09401661577
09789738598
09440225945
(​ကျောင်းကဆရာများဖုန်းဖြစ်ပါတယ်)

Dr.Soe Nandar Htet.
Mahar Htoo Chun Private High School
Taungdwingyi.

09/08/2020

သုံးဘာသာဂုဏ်ထူးရှင် မောင်ဘုန်းပြည့်ကျော်နဲ့ အခြားဂုဏ်ထူးရှင်များ အောင်မြင်သူများ Congratulationsပါ ကလေးတို့။ ကျောင်းရှေ့မှာ မင်းတို့ပုံတွေနဲ့အတူ သေချာ ထုတ်​ပြန်ပေးပါမယ်😊

09/08/2020

ဘယ်ကျောင်းမှာပဲနေနေ စာမေးပွဲမအောင်လို့ စိတ်ညစ်မနေနဲ့ ကလေးတို့...
မဟာထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Repeater section သီးသန့် လက်ခံပေးပြီး..သီးသန့် အစက စပြီးသင်ကြားပေးသွားမှာ ဖြစ်လို့ မဟာထူးချွန်မှာ လာရောက်အပ်နှံလို့ရပါပြီ။ ယခုနှစ်မှာ Covidကြောင့် တစ်ခန်းကို လူနည်းနည်းပဲ လက်ခံတာမို့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြား ပေးနိုင်တာမို့ လူမပြည့်ခင် အမြန်အပ်နှံပေးဖို့တော့ လိုပါတယ်။

Address

Taungdwingyi

Telephone

09444507996

Website

Alerts

Be the first to know and let us send you an email when MAHAR Htoochun Private High School - MHC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share