Taw Win Private High School

Call Directions Contact the school

Taw Win Private High School Taw Win(Royal) Private High School

❇️ တော်ဝင် REC ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၆ တက္ကသိုလ်ဝင်တန်း အောင်စာရင်း။*️⃣(ဂုဏ်ထူးရှင်တွေ နဲ့ အောင်မြင်တဲ့ သား သမီးတ...
29/06/2026

❇️ တော်ဝင် REC ကိုယ်ပိုင်အထက်တန်းကျောင်း ၂၀၂၆ တက္ကသိုလ်ဝင်တန်း အောင်စာရင်း။

*️⃣(ဂုဏ်ထူးရှင်တွေ နဲ့ အောင်မြင်တဲ့ သား သမီးတွေ Congratulations! ပါ။
အကြောင်းအမျိုးမျိုးကြောင့် မျှော်မှန်းထားသလောက်မရခဲ့တဲ့ သားသမီးတွေနဲ့ ကျန်ခဲ့တဲ့ သားသမီးတွေအတွက်လဲ စိတ်မကောင်းဖြစ်ရပါတယ်။)

REC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာလက်တွဲတာဝန်ယူနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။
04/11/2025

REC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်
လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ
လက်တွဲတာဝန်ယူနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်။

🔥 ဆေးတက္ကသိုလ်တက်ခွင့်မရပေမယ့် သင့်အိပ်မက်တွေ မဆုံးသေးဘူး 🔥🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸▶️အောင်မြင်မှုဆိုတာ "လူအများသွားရာလမ်း"  သင်ယုံပါ...
28/09/2025

🔥 ဆေးတက္ကသိုလ်တက်ခွင့်မရပေမယ့်
သင့်အိပ်မက်တွေ မဆုံးသေးဘူး 🔥
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

▶️အောင်မြင်မှုဆိုတာ "လူအများသွားရာလမ်း" သင်ယုံပါသလား?

🔹ဒီစာကိုဖတ်နေတဲ့ သင်ဟာ အခုချိန်မှာ စိတ်ဓာတ်ကျနေလိတစ်ခုတည်းမဟုတ်ဘူးဆိုတာမ့်မယ်။
နှစ်ရှည်လများ အိပ်မက်ခဲ့ရတဲ့၊ ကြိုးစားခဲ့ရတဲ့ ဆေးတက္ကသိုလ်တံခါးက သင့်အတွက် မပွင့်ခဲ့ဘူး။
🔹'ငါ့ကြိုးစားမှုတွေ အချည်းအနှီးဖြစ်သွားပြီလား'၊ 'လူတွေက ငါ့ကို ဘယ်လိုပြောမလဲ' ဆိုတဲ့ အတွေးတွေနဲ့ ပိတ်မိနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။
ဒါပေမယ့် ခဏလောက် ရပ်ပြီး စဉ်းစားပေးပါ။

၁။ ဆေးတက္ကသိုလ်ဆိုတာ အောင်မြင်မှုတစ်ခုတည်းရဲ့ သော့ချက်လား?

▶️မှန်ပါတယ်။
ဆရာဝန်တစ်ယောက်ဖြစ်ဖို့ဆိုတာ ဂုဏ်ရှိပြီး လူမှုအကျိုးပြုတဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ လူ့အသက်ကယ်တင်တာ၊ ကမ္ဘာကြီးကို ပြောင်းလဲပစ်တာ ဟာ ဆေးခန်းတစ်ခုထဲမှာပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။

➡️နည်းပညာနယ်ပယ် မှာ သင်ဟာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ပိုကောင်းအောင်၊ ရောဂါရှာဖွေမှုတွေ ပိုမြန်အောင် ကူညီပေးနိုင်တဲ့ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ဖြစ်နိုင်ပါတယ်။ (ဒါဟာ လူသောင်းပေါင်းများစွာကို ကယ်တင်နိုင်တဲ့ နည်းလမ်းပဲ!)

➡️သုတေသနနယ်ပယ် မှာ သင်ဟာ ဆေးပညာရှင်တွေ လိုအပ်နေတဲ့ ဆေးဝါးအသစ်တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ ဇီဝဓာတုပညာရှင် (Biochemist) ဖြစ်နိုင်ပါတယ်။

➡️စီမံခန့်ခွဲမှုနယ်ပယ် မှာ သင်ဟာ စီမံခန့်ခွဲမှု ညံ့လို့ ပိတ်နေတဲ့ ဆေးရုံ/ဆေးခန်းကြီးတစ်ခုကို စနစ်တကျ ပြန်လည်လည်ပတ်အောင် ကူညီပေးနိုင်တဲ့ စီးပွားရေးပညာရှင် ဖြစ်နိုင်ပါတယ်။
သင့်ရဲ့ မောင်းနှင်အားက ကျန်းမာရေး စေတနာဖြစ်တယ်ဆိုရင်၊ အဲဒီ စေတနာကို အခြားလမ်းကြောင်းကနေ အသုံးချလို့ရပါသေးတယ်။

၂။ "ဘယ်အရာမှ အချည်းနှီးမဖြစ်ဘူး"
ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ကြိုးစားခဲ့တဲ့ အချိန်တွေမှာ သင်ရရှိခဲ့တဲ့ စည်းကမ်း (Discipline)၊ ခက်ခက်ခဲခဲကြိုးစားတတ်တဲ့စိတ် (Work Ethic) နဲ့ သိပ္ပံဘာသာရပ်တွေရဲ့ အခြေခံဗဟုသုတ (Foundation) တွေဟာ ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာရပ်ကို ရွေးချယ်သည်ဖြစ်စေ သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အားသာချက် တွေပါပဲ။

➡️သင် အခုရွေးချယ်လိုက်တဲ့ ဘာသာရပ်က ဆေးပညာနဲ့မဆိုင်ဘူး ဆိုရင်တောင်၊ သင့်ရဲ့ အကျင့်ကောင်းတွေကပဲ သင့်ကို အခြားသူတွေထက် ပိုမြန်မြန် ထိပ်တန်းရောက်စေပါလိမ့်မယ်။

➡️လူအများစုက လွယ်ကူတဲ့ လမ်းကြောင်းကို ရွေးချယ်နေချိန်မှာ၊ သင်ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖူးပြီးသား သူတစ်ယောက်ပါ။

၃။ သင့်ရဲ့ "Plan B" ကို "Plan A" အဖြစ် သတ်မှတ်လိုက်ပါ

▶️ဆေးတက္ကသိုလ်ဆိုတာ အောင်မြင်မှုရဲ့ တစ်ခုတည်းသောပုံစံ (One Size Fits All) မဟုတ်ပါဘူး။
ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာဟာ သူတို့ပထမဆုံး လိုချင်ခဲ့တဲ့ အိပ်မက်တွေ ပျက်စီးခဲ့လို့သာ၊ အခုလို ကြီးကျယ်တဲ့ ဒုတိယလမ်းကြောင်း (Plan 😎 ကို ရှာတွေ့ခဲ့ကြတာပါ:

➡️Bill Gates (Microsoft တည်ထောင်သူ) ဟာ သူပိုင်တဲ့ Traf-O-Data ဆိုတဲ့ ပထမဆုံးစီးပွားရေးလုပ်ငန်း ပျက်ကွက်ခဲ့ဖူးတယ်။

➡️Walt Disney ဟာ သတင်းစာတိုက်က "စိတ်ကူးစိတ်သန်းမရှိဘူး" ဆိုပြီး ထုတ်ပယ်ခံခဲ့ရဖူးတယ်။

▶️ဒီတော့ စိတ်ဓာတ်မကျပါနဲ့။ သင်ဟာ ဝင်ခွင့်အမှတ်မီခဲ့တဲ့ ကျောင်းသားတွေထက် ပိုမိုပြင်းပြင်းထန်ထန် ကြိုးစားခဲ့သူပါ။

▶️သင့်ရဲ့ အဲဒီစွမ်းအားကို သင်ရရှိလာမယ့် တက္ကသိုလ်၊ သင်ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ အပြည့်အဝ အသုံးပြုလိုက်ပါ။

▶️သင့်ရဲ့ "Plan B" ကနေ "Plan A" ထက် ပိုမိုကြီးကျယ်တဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကို ရယူနိုင်တယ်ဆိုတာ ယုံကြည်ပါ။

▶️အရေးကြီးဆုံးမေးခွန်း: သင့်ရဲ့ ထူးချွန်တဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုကို ဘယ်လမ်းကြောင်းကနေ စတင်အသုံးချတော့မှာလဲ? အနာဂတ်ကို ပုံဖော်ဖို့အတွက် ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပါ။

အောင်မြင်သောကျောင်းသားများဖြစ်ပါစေ



ာရေးဝန်ဆောင်မှု

.      မတန်လို့🔹🔹🔹🔸    " မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"🔸   သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတ...
11/09/2025

.
မတန်လို့
🔹🔹🔹
🔸
" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"
🔸
သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။
🔸
မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော် ရအောင်ယူပေးပါ။ "
🔸
ဪနှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး.."ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.."
🔸
" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ် မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "
🔸
အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ..သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ်။
🔸
နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.
🔸
ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."
🔸
ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့ စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..ဆိုပြီးခိုင်းတယ်။
🔸
အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။
🔸
ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြားတယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသိရအောင်"ပေါ့။
🔸
ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကိုချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်းမြင်ကော" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။
🔸
အမတ်ကလဲ ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်။
🔸
`` ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ "မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။
🔸
နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်။ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့ ....
🔸
အမတ်က....`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား"
လို့ လျောက်တင်တော့....
🔸
အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။
🔸
" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့"တဲ့....
🔸
မိတ်ဆွေအပေါင်းတို့...... တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြစေချင်ပါတယ်ဗျ ။

;


゚viralシ ゚viral

16/08/2025

“တ” နဲ့ “တစ်” “တစ်” နဲ့ “တ”
မေးခွန်းတခု = တ နဲ့ တစ် အသုံး link လေးရှိရင်ပေးပါလား ရှာမတွေ့လို့
အခါ ၁၀၀ (တရာ) တကယ်ကို ကျော်ပြီ။ တချို့ကခဏခဏတင်လို့ အမြင်ကပ်ကြတယ်။
မှတ်ရန်
မြန်မာစာဟာ အင်မတန် ကျယ်ပြန့်၊ လေးနက်၊ ရှုပ်ထွေးပါတယ်။ စာလေးတပုဒ်၊ လူပုဂ္ဂိုလ်တဦး၊ သတ်ပုံစာအုပ်တအုပ်၊ အဘိဓါန်တအုပ်လောက်နဲ့တော့ အစစ်အမှန်၊ စံကိုက် အရေးအသုံးတွေကို မရနိုင်ပါ။
“တ” နဲ့ “တစ်” https://dr-tint-swe.blogspot.com/2022/03/blog-post_18.html
Numbers ဂဏန်းရေးနည်း https://dr-tint-swe.blogspot.com/2021/11/numbers.html
Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html
တခု တကောင် တယောက် https://dr-tint-swe.blogspot.com/2021/11/blog-post_65.html
တစ်' နဲ့ 'တ' https://burmese-spelling.blogspot.com/2023/09/blog-post_34.html
တစ် သမိုင်း သံခိပ် https://burmese-spelling.blogspot.com/2022/08/blog-post_31.html
တစ် အသုံးမှန်များ https://burmese-spelling.blogspot.com/2023/08/blog-post_18.html
တစ်အရေး တအရေး https://dr-tint-swe.blogspot.com/2022/04/blog-post_969.html
တဝမ်းပူစသတ် https://dr-tint-swe.blogspot.com/2021/11/blog-post_445.html
ရှေးမြန်မာ စာပေပညာရှင်ကြီးများ “တ” ကို ဘယ်လို ရေးခဲ့ပါသလဲ https://burmese-spelling.blogspot.com/2023/11/blog-post_195.html
တ နဲ့ တစ် သာ မဟုတ်ပါခင်ဗျား https://burmese-spelling.blogspot.com/2025/01/blog-post_855.html
တချို့က တ နဲ့ တစ် လို့သာထင်နေကြတယ် https://burmese-spelling.blogspot.com/2024/08/blog-post_672.html
အကြိမ်တရာလောက် တင်ပြထားပြီး https://burmese-spelling.blogspot.com/2023/11/blog-post_813.html
‘တစ်' နဲ့ 'တ' https://burmese-spelling.blogspot.com/2023/09/blog-post_34.html
Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html
တစ် သမိုင်း သံခိပ် https://burmese-spelling.blogspot.com/2022/08/blog-post_31.html
ဒေါက်တာတင့်ဆွေ

01/08/2025
 #2025-2026 ပညာသင်နှစ် July CET(Day-3)(2)(G-10/11/12)(30-7-2025)
30/07/2025

#2025-2026 ပညာသင်နှစ် July CET(Day-3)(2)(G-10/11/12)(30-7-2025)

 #2025-2026 Academic Year, July CET(Day-3)(1)(G-10/11/12)(30-7-2025)
30/07/2025

#2025-2026 Academic Year, July CET(Day-3)(1)(G-10/11/12)(30-7-2025)

Address

No. 1052(b), Myawaddi Qrt;
Tatkon
15021

Opening Hours

Monday 09:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 17:00
Saturday 09:00 - 17:00

Telephone

+959254945123

Website

Alerts

Be the first to know and let us send you an email when Taw Win Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Taw Win Private High School:

Shortcuts

Share