HELLO English Language Centre - Tat Kon

HELLO English Language Centre - Tat Kon "Hello" is ready to help your english skills. This is founded for the english learners from Tatkone Township.

We'll also post some english lessons for the supporters of our page.

✅✅✅How+ adj . .. . . . .. . . . .🤩🤩🤩👇👇1.     A: How old are you?         မင်းအသက် ဘယ်​လောက်လဲ.2.     How old is your fat...
09/09/2020

✅✅✅How+ adj . .. . . . .. . . . .🤩🤩🤩👇👇

1. A: How old are you?
မင်းအသက် ဘယ်​လောက်လဲ.

2. How old is your father?
မင်းအ​ဖေ အသက် ဘ​ယ်​လောက်လဲ

3. How old is your cat?
မင်း​ကြောင်​လေးက ဘယ်အရွယ်လဲ

4. How tall is he?
သူဘယ်​လောက် အရပ်မြင့်လဲ

5. How deep is the well?
​ရေတွင်းက ဘ​ယ်​လောက် နက်လဲ

6. How wide is the bed?
အိပ်ယာက ဘယ်​လောက်ကျယ်လဲ

7. How far is the train station?
မီးရထားဘူတာက ဘ​ယ်​လောက်​ဝေးလဲ။

8. How old is the U Bein bridge?
ဦးပိန်တံတား သက်တမ်းဘယ်​လောက်ရှိပီလဲ။

​နောက်တစ်မျိုး ကြည့်ရ​အောင်။

1. A: The well is over 50 feet deep.
​ရေတွင်းက ​ပေငါးဆယ်​ကျော် နက်တယ်။
B: Oh! How deep it is!
ဟာ အနက်ကြီးပဲဟ

2. A: It's about four-hour drive far from here.
​ဒီက​နေ လေး​နာရီ​​​လောက်​တော့ ​မောင်းရတယ်။
B: Oh, how far it is!
ဟာ ​ဝေးလှချည်လား

3. A: These are the latest designs.
ဒါ​နောက်ဆုံး​​ရောက်တဲ့ ဒီဇိုင်း​​တွေပဲ
B: How beautiful they are!
လှလိုက်တာ​နော်

4. A: Have you done the homework?
အိမ်စာ ပီးပီလား။
B: No, how forgetful I am!
သွားပီ။ ​မေ့တတ်လိုက်တဲ့ ငါကွာ။

5. A: How beautiful she is!
လှလိုက်တဲ့ ​ကောင်မ​လေးကွာ!
B: Yeah! She is a model.
လှမှာ​ပေါ့။ သူက ​မော်ဒယ်​လေ။

👋👋👋 အရွယ်စုံသင်တန်းများ စုံစမ်းနိုင်ပါသည်။🤩🤩🏠🏠 Hello English Language Centre- တပ်ကုန်းမြို့☎️☎️ ဖုန်းနံပါတ် -09 7777 10 ...
23/08/2020

👋👋👋 အရွယ်စုံသင်တန်းများ စုံစမ်းနိုင်ပါသည်။🤩🤩

🏠🏠 Hello English Language Centre- တပ်ကုန်းမြို့
☎️☎️ ဖုန်းနံပါတ် -09 7777 10 530, 09 979 443 878

✅ talk into - လက်ခံလာ​​​အောင်ပြောသည်၊
အယုံသွင်းသည်၊ စည်းရုံးသည်။
👉 My teacher talked me into studying English.
ဆရာမက​တော့ ငါ့ကို အဂ်လိပ်စာလေ့လာထားလို့ ပြောတယ်
👉Stop trying! No one is able to talk him into it.🤐🤐
​ပြောမ​နေနဲ့၊ ဘသူမှ ဒီ​ကောင့်ကို ​ပြောလို့ရတာ မဟုတ်ဘူး။

✅ talk out of- မလုပ်ဖို့တားသည်။
👉 We couldn't talk him out of going there.
ငါတို့လဲ မသွားဖို့ ဝိုင်း​ပြောတာပဲ။ တားမှ မရတာ။
👉 I wanted to fight, but my friend talked me out of it.
ငါ့သူငယ်ချင်းတားလို့သာ​ပေါ့ မဟုတ်ရင် ငါ ဖိုက်​တော့မလို့

✅talk down - အထင်​သေးပီး နှိမ်​ပြောသည်😔😔
👉 A good man never talks down to someone.
လူ​ကောင်းဆိုတာ တဖက်သားကို ဘယ်​တော့မှ မနှိမ်ဘူး။
👉 Everyone would talk down to you without money.
ပိုက်ဆံမရှိလို့က​တော့ အနှိမ်ခံရမှာပဲ။

✅talk over- စကားဖြတ်​ပြောသည်။
👉 Have you ever talked over someone?😒😒
သူများ စကား​ပြော​နေတုန်း ဖြတ်​ပြော(​နှောက်ယှက်) ဖူးလား?
👉 Don't talk over the interviewer!
အင်တာဗျူး​နေတုန်း စကားဖြတ်မ​ပြောမိ​စေနဲ့။

✅ talk it over - မဆုံးဖြတ်ခင် ​ဆွေး​နွေးသည်
👉 Wait! I'll talk it over with my wife, tonight?🤔
​နေအုံး။ ငါ့မိန်းမနဲ့ ဒီည တိုင်ပင်လိုက်အုံးမယ်။
👉 I want to talk it over with you. I'll come in person!
ငါအဲဒါကို မင်းနဲ့တိုင်ပင်ချင်လို့ လူကိုယ်တိုင် လာခဲ့မယ်​။

✅ small talk- ​ထွေ​ရာလေးပါး ​ပြော​သောစကား
👉 A small talk with you brings me happiness.😍
မင်းနဲ့ ဟိုဟိုဒီဒီ​ပြောရတာ​လေးကို ငါ​ပျော်တယ်။
👉 We always have a small talk after lunch.
​နေ့လည်စာပီးရင်ငါတို့ အလာပသလာပ ​အမြဲပြောကြတယ်

✅ talk back - ပြန်​ပြောသည်။ အာခံ​ပြောသည်။
👉 It's not good to talk back to your parents.👎👎
မိဘကို ကလန်ကဆန် ​ပြန်ပြောတာ မ​ကောင်းဘူး​နော်။
👉 He is a good leader. No one talks back him.👍👍
သူက ​​ခေါင်း​ဆောင်​ကောင်းဆို​တော့ ဘသူမှ ကလန်ကဆန် မလုပ်ကြဘူး။

✅ all talk- ​လေအိုး၊ အ​ပြောသမား။
👉 Don't listen to him. He's all talk.🤣🤣
သူပြောတာ နား​​ထောင်မ​နေနဲ့။ အဲ​ကောင် ​လေအိုးရယ်။
👉 He's all talk and no action.
အဲ​ကောင်လူ​ကောင်းမ​ဟုတ်ဘူး အ​ပြောနဲ့အလုပ် တခြားစီပဲ။

✅ smooth talker- အ​ပြောချိုပြီး လှည့်စားတတ်သူ။
👉 He's a smooth talker. Guard your heart.😋
အဲ​ကောင်က ​တော်ကီဘဲ​နော်. ​​မျောမသွားမိ​စေနဲ့
👉 He's a smooth-talking person. Don't trust him.
အ​ပြောက​တော့ ​ရွှန်းရွှန်း​ဝေလို့။ သိပ်​တော့ မယုံနဲ့။

✅ talk is cheap- ​ပြောတာက လွယ်တယ်။
👉 Talk is cheap. I've never done it before.
ပြော​တော့သာ လွယ်တာ။ ငါတခါမှ လုပ်ဖူးတာမဟုတ်ဘူးဟ🙄
👉 A: He said that he would finish the job by friday.
သူက​တော့ ​အလုပ်ကို ​သောကြာ​နေ့အပီးလုပ်မယ်​ပြောတယ်။
B: Don't trust him! Talk is cheap.
ယုံမ​နေနဲ့။ ​ပြောတာက​တော့ လွယ်လွယ်​လေး။

✅ talk someone's ear off- နားငြီး​အောင်​ပြောသည်။😄
👉 Don't ask her about Korean movies. She'll talk your ear off.
ကိုရီးယားကားအ​ကြောင်း​တော့ သွား​မ​​မေးနဲ့။ နားငြီးလိမ့်မယ်။
👉 I didn't finish the job because you talked my ear off.
မင်း​ပေါက်​ပေါက်​ဖောက်​နေတာနဲ့ပဲ ငါ ဘာအလုပ်မှကို မပီးလိုက်ဘူး။

✅ talked out- စကားမ​ပြောနိုင်​တော့​လောက်​အောင် ပင်ပန်းသည်။
👉I've worked all day. I'm all talked out.😴😴
ငါတ​နေ့​လုံး အလုပ်လုပ်လာတာ။ ဘာစကားမှကို မပြောနိုင်​တော့ဘူး
👉 I taught for the whole day. I'm talked out.
ငါတ​နေ့လုံး စာသင်လာတာ။ လှုပ်ကို မလှုပ်ချင်​တော့ဘူး။

😍😍Basic Phrasal Verbs😍😍✅Keep up= လိုက်မီ ( လိုက်မှီ )သည်၊ ယှဥ်နိုင်သည်။      👉Try for ten years to keep up with me!😂    ...
14/08/2020

😍😍Basic Phrasal Verbs😍😍

✅Keep up= လိုက်မီ ( လိုက်မှီ )သည်၊ ယှဥ်နိုင်သည်။

👉Try for ten years to keep up with me!😂
ငါ့ကို မှီဖို့ ၁၀ နှစ်၊ ၁၀ နှစ်။

👉 My little son can't keep up in the class.
ငါ့သား​လေးက စာမလိုက်နိုင်ဘူး။

👉I had to walk fast to keep up with him.
အဲ​ကောင်လမ်း​လျှောက်တာကို မှီဖို့ အမြန်ကို ​လျှောက်ခဲ့ရတာ။

✅Give up = အရှုံး​ပေးသည်၊ ဖြတ်သည် ( အရက်၊ ​ဆေးလိပ်)

👉I'll not give you up this time. .( ed ရဲ့ သီချင်းထဲက)
ဒီတစ်ကြိမ်​တော့ မင်းကို အဆုံးရှုံးမခံ​နိုင်​တော့ဘူးကွာ ။ 😋

👉Honey, I would like you to give up the alcohol.
​ယောကျ်ား​ရေ၊ ​တော် အရက်ဖြတ်လိုက်ပါလား . . .

👉You don't lose as long as you don't give up.
Fighting! 💪💪💪
အရှုံးမ​ပေးသ​ရွေ့ မင်းမရှုံးပါဘူး။ ကြိုးစားထား💪💪💪

✅Drop in = ကြုံကြိုက်သည် ( လမ်းကြုံသည် )

👉Drop in whenever you're in the
neighbourhood.
ဒီနား​ရောက်တိုင်း လာခဲ့​လေ ( လမ်းကြုံရင် ဝင်လည်ကွာ )

👉Drop in on us on the way back.
အပြန်ကျရင် လမ်းကြုံ ဝင်ခဲ့ပါအုံး

✅Carry on, go on = ဆက်လုပ်သည်။
👉I'll carry on with my English at Hello English
Language Centre.
Hello အဂ်လိပ်စာ သင်တန်းမှာ ငါ အဂ်လိပ်စာ ဆက်​လေ့လာ
မယ်။ ( သင်တန်းများ စုံစမ်းနိုင်ပါတယ်❤)

👉I know you're trying. Carry on!
မင်းကြိုးစားတာ ငါသိ​​နေတာပဲ။ ဆက်သာလုပ်။ ( စိတ်ဓါတ်ကျ​
နေသူကို အား​ပေးပါ❤)

👉I'll go on caring you forever.
ကိုယ်မင်းကို တသက်လုံး ဂရုစိုက်သွားပါ့မယ်။ ( ​​e လို Ro ပါ❤)

🤩🤩​​ အ​ဖြေမှန် ​ရွေးမယ်။🤔🤔အ​ဖြေကို comment မှာ ​​ရေးထားပါမယ်။ Let's try!🤩🤩1. He plays soccer,.........?    a. don't he? ...
28/07/2020

🤩🤩​​ အ​ဖြေမှန် ​ရွေးမယ်။🤔🤔
အ​ဖြေကို comment မှာ ​​ရေးထားပါမယ်။ Let's try!🤩🤩
1. He plays soccer,.........?
a. don't he?
b. does he?
c. isn't he?
d. doesn't he?

2. ..........is your house from here?
a. How long
b. How much
c. How many
d. How far

3. This house is quite old. It......in 1920.
a. built
b. was built
c. build
d. has built

4. The lady ........in the corner is my aunt.
a. whose
b. is sitting
c. sitting
d. sits

5. She worked hard yesterday and ........finish
everything.
a. can
b. was able to
c. is hard
d. let

မင်္ဂလာပါ... 👋🤩🤩Hello အင်္ဂလိပ်စာ သင်တန်းက​နေ CoVid 19 ကာလအတွင်း အလယ်တန်း​ကျောင်းသူ​ကျောင်းသားများအတွက် အိမ်အထိ စာလိုက်သ...
18/07/2020

မင်္ဂလာပါ... 👋

🤩🤩Hello အင်္ဂလိပ်စာ သင်တန်းက​နေ CoVid 19 ကာလအတွင်း အလယ်တန်း​ကျောင်းသူ​ကျောင်းသားများအတွက် အိမ်အထိ စာလိုက်သင်​ပေးမယ့် အစီအစဥ်​လေးပါ😍

✅မိဘများအ​နေဖြင့် မိမိတို့က​လေးငယ်များကို စာနဲ့ပြန်လည်ထိ​တွေ့​စေချင်​​​နေကြပီဖြစ်​ပေမယ့် CoVid 19 ကပ်​ရောဂါ​ကြောင့် ​ကျောင်း​တွေ ပြန်ဖွင့်ဖို့ ​နှောင့်​​​နှေး​နေရပါတယ်။ ဒါ​ကြောင့် ကျ​နော်တို့ Hello အင်္ဂလိပ်စာ သင်တန်းက​နေ အလယ်တန်း​ကျောင်းသူ ​ကျောင်းသားများအတွက် ကပ်​ရောဂါကာလအတွင်း အိမ်အထိ စာလိုက်သင်​ပေးသွားမှာ ဖြစ်ပါတယ်ခမျာ🤩🤩👇👇

သင်တန်းအစီအစဥ် 👀👀
✅ အလယ်တန်း​ကျောင်းသူ ​ကျောင်းသားများကို ကပ်​ရောဂါကာလအတွင်း အိမ်အထိ စာလိုက်သင်ကြား​ပေးသွားမှာ ဖြစ်ပါတယ်။ ကပ်​ရောဂါ ပြီးချိန် သင်တန်းများဖွင့်သည့်အချိန်တွင် သင်တန်းမှာ ဆက်လက်သင်ကြားသွားပါမည်။

ဘာ​တွေသင်မှာလဲ 🤔🤔
✅ ယခု သင်တန်းတွင် က​လေးများ အင်္ဂလိပ်စာနှင့် အကျွမ်းတဝင်ရှိ​​စေရန် အင်္ဂလိပ်စကား​ပြောခြင်း၊ အင်္ဂလိပ်စာဝါကျများ စနစ်တကျနှင့် ပိုင်ပိုင်နိုင်နိုင်​ ​ရေးသားနည်းများကို သင်ကြား​ပေးသွားမှာပါ။

သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်👇
✅အင်္ဂလိပ်စာအတွက် အခက်အခဲရှိသူများကို များစွာ အ​ထောက်ကူပြုနိုင်ရန်အတွက် ဖြစ်ပါသည်။

ဘယ်​နေရာအထိ လိုက်သင်​ပေးမလဲ???
✅ တပ်ကုန်းမြို့​ပေါ်တွင် သင်​ပေးပါမည်။ တပ်ကုန်းမြို့အနီးတဝိုက်ရှိ ရွာများမှာ အနည်းဆုံး ငါး​ယောက်ပြည့်ပါက လာ​ရောက်သင်ကြား​ပေးပါမည်။

အ​သေးစိတ် သိရှိလိုပါက - 09 7777 10 530, 09979 443 877 ထံသို့ လည်း​ကောင်း၊ messenger မှ​​သော်လည်း​ကောင်း ​မေးမြန်နိုင်ပါတယ်ခမျာ။ ။ ။ 😍😍😍🤩🤩🤩

NOTE: အရွယ်​ရောက်သူများအတွက်လည်း အင်္ဂလိပ်စာ 4-skill သင်တန်းများလည်း ရှိပါတယ်ခမျာ။ ။😍😍😍

HELLOOOOOOO🤗🤗🤗🤗! Welcome to Hello Family🤩🤩! Let me introduce 'Hello' with you all!👉 Hello is an english language centre ...
02/03/2020

HELLOOOOOOO🤗🤗🤗🤗!

Welcome to Hello Family🤩🤩! Let me introduce 'Hello' with you all!

👉 Hello is an english language centre that will help those who are in eagerness to be skillful in English 4 skills.

👉 Our motto is " Learning is the best investment for our lives." 🙆‍♂️🙆‍♂️🙆‍♂️

☝️☝️☝️ Hello is located in Dabin Shwe Htee Lane, Aung Zayya Quarter, in front of Basic Education High School No.1, Tat Kon Town.🤩🤩🤩

We're here for you!🙆‍♀️🙆‍♀️🙆‍♀️🙆‍♀️🙆‍♀️

ဆက်သွယ်စုံစမ်းရန် - 09- 7777 10 530, 09- 979 443 877

25/02/2020

Hello

Address

Tatkon
အ.ထ.က(၁)​​ရှေ့

Website

Alerts

Be the first to know and let us send you an email when HELLO English Language Centre - Tat Kon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category