Genius Private High School

Call Directions Contact the school

Genius Private High School ဗလငါးတန်ဖွံ.ဖြိုးစေပြီး ကလေးတို့၇ဲ့ပိုကောင်းသောအနာဂတ်

24/09/2026

🟦"Students should be allowed to use mobile phones at school"🟦

🔥 အထက်တန်းအဆင့်စကားရည်လုပွဲ 🔥

🎪 Grade 9၊ Grade 10 နဲ့ Grade 11 အထက်တန်းကျောင်းသား၊ကျောင်းသူများရဲ့ "စကားရည်လုပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥ဒီ Debate ပွဲလေးမှာ "Students should be allowed to use mobile phones at school" ခေါင်းစဉ်အား

🏅 မောင်ခွန်ဈာန်သာ (Grade 10)၊ မောင်ဗျူဟာမင်းသွင် (Grade 11)၊ မမြတ်‌ဆုရတီမင်း (Grade 10) တို့ကအဆိုတင်သွင်းခဲ့ကြပြီး မသင်းယုယုမိုး (Grade 10)၊ မမြပွင့်မောင် (Grade 9) ၊ မစောယုလှိုင် (Grade 9) တို့က ပြန်လည်ချေပခဲ့ကြတာဖြစ်ပါတယ်။

🗣ဒီလို စကားရည်လုပွဲမှတဆင့် ကလေးတို့ရဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်း၊ စကားလုံးရွေးချယ်တတ်ခြင်း၊ စကားပြောစွမ်းရည်၊ လူအများအလယ်ပြောရဲဆိုရဲရှိခြင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို ကျေနပ်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။

#ကိုယ်ပိုင်အထက်တန်းကျောင်း

24/09/2026

🟩"အောင်မြင်မှုရရန် ပညာထက်ငွေကြေးကပိုလိုအပ်သည်"🟩

🔥 အထက်တန်းအဆင့်စကားရည်လုပွဲ 🔥

🎪 Grade 9၊ Grade 10 နဲ့ Grade 11 အထက်တန်းကျောင်းသား၊ကျောင်းသူများရဲ့ "စကားရည်လုပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥ဒီ Debate ပွဲလေးမှာ "အောင်မြင်မှုရရန် ပညာထက်ငွေကြေးကပိုလိုအပ်သည်" ခေါင်းစဉ်အား

🏅 မယွန်းဝတီကို (Grade 11) ၊ မောင်မြတ်ဘုန်းသန့် (Grade 10) ၊ မောင်ဘုန်းမြတ်သူ (Grade 9) တို့ကအဆိုတင်သွင်းခဲ့ကြပြီး မောင်ခွန်ဈာန်သာ (Grade 10)၊ မမြတ်မြင့်မိုရ် (Grade 9) ၊ မောင်ထွန်းလင်း (Grade 11) တို့က ပြန်လည်ချေပခဲ့ကြတာဖြစ်ပါတယ်။

🗣ဒီလို စကားရည်လုပွဲမှတဆင့် ကလေးတို့ရဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်း၊ စကားလုံးရွေးချယ်တတ်ခြင်း၊ စကားပြောစွမ်းရည်၊ လူအများအလယ်ပြောရဲဆိုရဲရှိခြင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို ကျေနပ်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။

#ကိုယ်ပိုင်အထက်တန်းကျောင်း #စကားရည်လုပွဲ

24/09/2026

🟥"စာမေးပွဲရလဒ်သည် ကျောင်းသားတစ်ယောက်၏ အရည်အချင်းကိုမဆုံးဖြတ်နိုင်ပါ"🟥

🔥 အလယ်တန်းအဆင့်စကားရည်လုပွဲ 🔥

🎪 Grade 7 နဲ့ Grade 8 အလယ်တန်းကျောင်းသား၊ကျောင်းသူများရဲ့ "စကားရည်လုပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥ဒီ Debate ပွဲလေးမှာ "စာမေးပွဲရလဒ်သည် ကျောင်းသားတစ်ယောက်၏အရည်အချင်းကို မဆုံးဖြတ်နိုင်ပါ" ခေါင်းစဉ်အား

🏅 Grade 7 မှ မမေမြတ်နိုးပိုင်၊ မစိမ့်စမ်းနဒီထွန်း၊ မရွှန်းပွင့်ဖူးဇော် တို့ကအဆိုတင်သွင်းခဲ့ကြပြီး Grade 8 မှ မသဉ္ဇာဝင့်ဇော်၊ မောင်သူရိန်လင်း၊ မအိန္ဒြာမှူးခင် တို့က ပြန်လည်ချေပခဲ့ကြတာဖြစ်ပါတယ်။

🗣ဒီလို စကားရည်လုပွဲမှတဆင့် ကလေးတို့ရဲ့ တွေးခေါ်သုံးသပ်နိုင်စွမ်း၊ စကားလုံးရွေးချယ်တတ်ခြင်း၊ စကားပြောစွမ်းရည်၊ လူအများအလယ်ပြောရဲဆိုရဲရှိခြင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို ကျေနပ်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။

#ကိုယ်ပိုင်အထက်တန်းကျောင်း #စကားရည်လုပွဲ

24/09/2026

🟥"အလယ်တန်းအဆင့် Storytelling ယှဉ်ပြိုင်ခြင်း"🟥

🎪Grade 6၊ Grade 7 နဲ့ Grade 8 အလယ်တန်းကျောင်းသား၊ကျောင်းသူများရဲ့ "Storytelling ပြိုင်ပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥ဒီပွဲလေးမှာ "My Friend Meg"၊ "The Last Coin" ၊ "No one judges you as much as yourself" ၊ "Pet" ၊ "The voices from the mirror" စတဲ့ ခေါင်းစဉ်တွေနဲ့

မအိန္ဒြာမှူးခင် (Grade 8)
မောင်မင်းထက်မြတ် (Grade 8)
မဝင့်ဝါအောင် (Grade 7)
မောင်ဘုန်းပြည့်မောင်မောင် (Grade 7)
မလင်းဟန်နီဦး (Grade 6)

တို့က ယှဉ်ပြိုင်ခဲ့ကြတာပါ။

🗣စင်မြင့်ပေါ်မှာ ဒီလိုပြောဆိုရဲအောင်ဖန်တီး‌ပေးခြင်းက ကလေးတို့ကို

🏅Communication and Language Skills
🏅Self-Confidence and Courage
🏅Memory and Concentration
🏅Creativity and Expression
🏅Emotional Control and Resilience

စတဲ့အပိုင်းတွေကိုပါ တစ်ပြိုင်တည်းတိုးတက်ရရှိသွားစေတာလည်းဖြစ်ပါတယ်။

#ကိုယ်ပိုင်အထက်တန်းကျောင်း

24/09/2026

🟩"မူလတန်းအဆင့် Storytelling ယှဉ်ပြိုင်ခြင်း"🟩

🎪Grade 4နဲ့ Grade 5 မူလတန်းထက်ဆင့်ကျောင်းသား၊ကျောင်းသူများရဲ့ "Storytelling ပြိုင်ပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥ဒီပွဲလေးမှာ "My Favourite Cartoon Character"၊ "Goodwill"၊ "My Favourite Movie Series" ၊ "My First Pet" ၊ "Unforgettable Experiences of My Life" စတဲ့ ခေါင်းစဉ်တွေနဲ့

မမြတ်ဟေသာခင် (Grade 5)
မအိမ်စည်ခင်ဇော် (Grade 4)
မပန်းကြာဖြူ (Grade 5)
မခေတ်ယမုံ (Grade 4)
မအိခန့်ခန့်ဝတ်မှုံ (Grade 5)

တို့က ယှဉ်ပြိုင်ခဲ့ကြတာပါ။

🗣စင်မြင့်ပေါ်မှာ ဒီလိုပြောဆိုရဲအောင်ဖန်တီး‌ပေးခြင်းက ကလေးတို့ကို

🏅Communication and Language Skills
🏅Self-Confidence and Courage
🏅Memory and Concentration
🏅Creativity and Expression
🏅Emotional Control and Resilience

စတဲ့အပိုင်းတွေကိုပါ တစ်ပြိုင်တည်းတိုးတက်ရရှိသွားစေတာလည်းဖြစ်ပါတယ်။

#ကိုယ်ပိုင်အထက်တန်းကျောင်း

24/09/2026

🟥"စာမေးပွဲများမရှိခဲ့လျှင်"🟥 ကျပန်းစကားပြောပြိုင်ပွဲ 🟥

🎪Grade 4နဲ့ Grade 5 မူလတန်းထက်ဆင့်ကျောင်းသား၊ကျောင်းသူများရဲ့ "ကျပန်းစကားပြောပြိုင်ပွဲ" ကို
Genius Private High School ရဲ့ကျောင်းတွင်းအားကစားရုံမှာ (၁၄-၉-၂၀၂၆) နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

🔥"စာမေးပွဲများမရှိခဲ့လျှင်" ခေါင်းစဉ်နဲ့

မအိမ်စည်ခင်ဇော် (Grade 4)
မမြတ်ဟေသာခင် (Grade 5)
မကြင်နာဝတ်ရည် (Grade 4)
မောင်မြတ်မင်းခေတ် (Grade 5)
မခေတ်ယမုံ (Grade 4)

တို့က ယှဉ်ပြိုင်ခဲ့ကြတာပါ။

🗣ဒီပွဲလေးကတဆင့် ကျောင်းသားကျောင်းသူများရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စကားပြောစွမ်းရည်များ၊ နားထောင်တတ်မှုနဲ့အပြန်အလှန်လေးစားမှုတို့ကို တိုးတက်စေတဲ့အပြင် ဘာသာစကားနဲ့ ဝေါဟာရအသုံးအနှုန်းတိုးတက်လာခြင်းကိုလည်း အားရကျေနပ်ဖွယ်တွေ့မြင်ခဲ့ရပါတယ်။

#ကျပန်းစကားပြောပြိုင်ပွဲ
#ကိုယ်ပိုင်အထက်တန်းကျောင်း

Grade 8 🌍  သမိုင်းသင်ခန်းစာမှ"ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲများ" အကြောင်းကို စိတ်ဝင်တစား ရှင်းပြဆွေးနွေးခဲ့ကြတ...
20/09/2026

Grade 8 🌍 သမိုင်းသင်ခန်းစာမှ
"ပထမ၊ ဒုတိယ၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲများ" အကြောင်းကို စိတ်ဝင်တစား ရှင်းပြဆွေးနွေးခဲ့ကြတဲ့မှတ်တမ်းပုံလေးတွေဖြစ်ပါတယ်။🏅

🎯 ဒီလို ကိုယ်တိုင်ဖန်တီးလုပ်ဆောင်ရတဲ့ Poster Presentation တွေကြောင့် ကလေးတွေအနေနဲ့သမိုင်းသင်ခန်းစာကို ပိုမိုစိတ်ဝင်စားပြီး အလွယ်တကူမှတ်မိစေပါတယ်။🏆

#ကိုယ်ပိုင်အထက်တန်းကျောင်း

17/09/2026

"4th IWA Conference on Rainwater Harvesting and Management 2026"
"Rainwater for Tomorrow" သို့ Genius Private High School ကတက်ရောက်ခဲ့ 🇰🇭

🇰🇭 ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပပြုလုပ်တဲ့ "Rainwater for Tomorrow" Conference ကိုတက်ရောက်ဖို့အတွက် Genius အဖွဲ့သားများနဲ့ ကျောင်းသားကျောင်းသူ (၃) ဦး စက်တင်ဘာလ (၂) ရက်နေ့က ရန်ကုန်မှထွက်ခွာခဲ့ကြပါတယ်။
🇰🇭 စက်တင်ဘာလ (၃) ရက်နေ့မှာပြုလုပ်တဲ့ Phnon Penh Dialogue မှာ မစိမ်းပြည့်စုံလွင်က Panelist အဖြစ်ဝင်ရောက်ပြောကြားခဲ့ပြီး 'What is skybot and how do we use" ခေါင်းစဉ်နဲ့ မောင်ခန့်လင်းဉာဏ်က Presentation ပြုလုပ်ခဲ့သလို မောင်အောင်ခန့်စည်က Poster Presentation ပြုလုပ်ခဲ့ကြပါတယ်။
💧စက်တင်ဘာလ (၄) ရက်နေ့မှာတော့ Genius အဖွဲ့သားများအားလုံး Pong Teuk High School သို့ သွားရောက်လေ့လာခဲ့ကြပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ Resilience Award ကိုဆွတ်ခူးနိုင်ခဲ့တဲ့အတွက်လည်း ကျောင်းအနေနဲ့အများကြီး ဂုဏ်ယူဝမ်းမြောက်မိကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

🎥Video လေးကတော့ Phnon Penh Dialogue မှာ ပြောခဲ့တဲ့ မစိမ်းပြည့်စုံလွင်ရဲ့ Speech ဖြစ်ပါတယ်။

#ကိုယ်ပိုင်အထက်တန်း‌ကျောင်း

Grade -4 ⏲️ဒြပ်ဝတ္ထုများအ‌ကြောင်း လက်တွေ့စမ်းသပ်သင်ကြားခြင်း 🦾⏲️ဒြပ်ဝတ္ထုတစ်ခု‌နေရာယူလိုက်တဲ့အခါ အဲဒီနေရာပေါ်မှာ တခြားဘယ...
14/09/2026

Grade -4 ⏲️ဒြပ်ဝတ္ထုများအ‌ကြောင်း လက်တွေ့စမ်းသပ်သင်ကြားခြင်း 🦾⏲️

ဒြပ်ဝတ္ထုတစ်ခု‌နေရာယူလိုက်တဲ့အခါ အဲဒီနေရာပေါ်မှာ တခြားဘယ်အရာမှ ထပ်ပြီးနေရာမယူနိုင်တော့ကြောင်းနဲ့ ထိုပမာဏကို "ထုထည်" ဟုခေါ်ကြောင်း ကလေးများနားလည်သဘောပေါက်အောင် လက်တွေ့ပြသသင်ကြားခဲ့တာဖြစ်ပါတယ်။

ထုထည်ရဲ့ပမာဏကို အလျား၊ အနံ၊ အမြင့်နဲ့ရှာနိုင်‌ကြောင်းအပြင် ပုံသဏ္ဌာန်မမှန်တဲ့ထုထည်(အစိုင်အခဲ)ကို ဆလင်ဒါခွက်သုံးပြီးတိုင်းတာနိုင်‌ကြောင်းကို ကလေးတို့သိရှိခဲ့ကြရပါတယ်။

⏲️🦾 အစိုင်အခဲချိန်တွယ်ရာမှာအသုံးပြုတဲ့ ချိန်ခွင်၊လျှပ်စစ်ချိန်ခွင်တို့ကိုသုံးပြီး လက်တွေ့သင်ကြားခဲ့တာမို့ ကျောင်းသင်ခန်းစာမှသည် လူမှု‌နယ်ပယ်အထိသင်ကြားနိုင်ခဲ့ပါတယ်။

💯ကလေးတို့အနေနဲ့လည်း အခုလို လက်တွေ့သင်ကြားခွင့်ရတဲ့အတွက် သင်ခန်းစာတွေအပေါ်မပျင်းရိဘဲ ပိုမိုစိတ်ဝင်စားလာခဲ့ကြတာပါ။💯

#ကိုယ်ပိုင်အထက်တန်း‌ကျောင်း

Grade 8 - Sandwich ပြိုင်ပွဲ🥪  Grade 9 - Cooking Skills🧑‍🍳 ပြိုင်ပွဲတွေကနေ ကလေးတို့ဆီမှာရှိနေတဲ့ Life Skills တွေကိုဖော်ထ...
09/09/2026

Grade 8 - Sandwich ပြိုင်ပွဲ🥪 Grade 9 - Cooking Skills🧑‍🍳 ပြိုင်ပွဲ
တွေကနေ ကလေးတို့ဆီမှာရှိနေတဲ့ Life Skills တွေကိုဖော်ထုတ်ရင်း ကျောင်းသားကျောင်းသူတွေကြားပျော်ရွှင်စရာအမှတ်တရအချိန်လေးဖြစ်ခဲ့ပါတယ်။

🥳ဒီလိုပြိုင်ပွဲလေးတွေကနေ ကလေးတို့က ဘဝအတွက်အရေးပါတဲ့ အစားအစာချက်ပြုတ်တတ်ခြင်းဆိုတဲ့ ကျွမ်းကျင်မှုတစ်ခု (Basic Survival Skill) ကို ရရှိသွားကြရုံသာမက

✅Collaboration Skill
✅Communication Skill နဲ့
✅Creativity တို့ကိုပါ မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

#ကိုယ်ပိုင်အထက်တန်း‌ကျောင်း

Address

အမှတ် ၂၃၂/ဂ ကမ်းနားလမ်း နတ်ချောင်းရပ်ကွက် နတ်ချောင်း ၁လမ်းထိပ်
Tamwe
11211

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

09769061699

Website

Alerts

Be the first to know and let us send you an email when Genius Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Genius Private High School:

Shortcuts

Share

Category