23/08/2026
ပြီးခဲ့တဲ့တစ်ပတ်က Grade 2 သားသားမီးမီးလေးတွေဟာ
မိမိတို့တက်ရောက်နေတဲ့ "ကျောင်းရဲ့လုပ်ငန်းလည်ပတ်ပုံ" တွေကို လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာဖို့စီစဉ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့...
👱🧑🦱 ကလေးတို့အနေနဲ့ ...
✅ သိရှိလိုတဲ့အကြောင်းအရာတွေကို မေးမြန်းခြင်းဖြင့်ရှာဖွေဖော်ထုတ်တတ်ရန်
✅ သူတစ်ပါးပြောဆိုသမျှကို သေသေချာချာနားထောင်ပြီး ပြန်လည်ပြောပြတတ်ရန်
✅ မိမိပတ်ဝန်းကျင်ရှိသဘာဝနဲ့ လူမှုအခြင်းအရာတွေကို ကိုယ်တိုင်လေ့လာပြီး ပြောပြတတ်စေရန်
✅ မိမိကျောင်းအတွင်းမှာရှိတဲ့ လူတွေဟာမတူညီတဲ့အလုပ်တာဝန်အမျိုးမျိုးကို လုပ်ဆောင်နေကြကြောင်း သိရှိရန်
အတွက်ဖြစ်ပါတယ်။
#ကိုယ်ပိုင်အထက်တန်းကျောင်း
18/08/2026
🌈 ကလေးတို့နဲ့သက်တံ့ 🌈
💿🔦💧 စီဒီချပ်၊ ဓာတ်မီး၊ ရေဇလုံတို့အသုံးပြုပြီးစာသင်ခန်းအတွင်းမှာတင် သက်တံ့ဖြစ်ပေါ်စေကာ ကလေးတို့ကို အံ့ဩပျော်ရွှင်စေခဲ့ပါတယ်။
🌈 မိုးရွာပြီးစ ထွက်ပေါ်တဲ့ နေရောင်ခြည်က မိုးရေစက်လေးတွေကိုဖြတ်ပြီးသက်တံ့ဖြစ်ပေါ်စေတာကို သဘောပေါက်စေခဲ့သလို
🌈 သက်တံ့မှာ ရောင်စဥ်(၇)မျိုးပါရှိကြောင်း၊
🌈 သက်တံ့ဟာ နေရဲ့ဆန့်ကျင်ဘက်အရပ်မှာဖြစ်ပေါ်တတ်ကြောင်းကို ကလေးတို့သိရှိသွားကြပါတယ်။
🔻 ကလေးတွေက အခုလို စီဒီချပ်၊ ဓာတ်မီး၊ ရေ တို့တဲ့ကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ရတာကို တက်ကြွပျော်ရွှင်ခဲ့ကြသလို သက်တံ့အကြောင်းကိုလည်း စာကြောင်းတွေကျက်မှတ်ရတာထက် ပိုမိုမှတ်မိပြီး နားလည်သဘောပေါက်သွားခဲ့ကြပါတယ်။
#ကိုယ်ပိုင်အထက်တန်းကျောင်း
17/08/2026
Grade 6 ကျောင်းသားကျောင်းသူများက 4 skills Project တစ်ခုဖြစ်တဲ့ "Travelling to interesting places" ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာနေရာတွေအကြောင်းကို တက်ကြွပျော်ရွှင်စွာ Presentation လုပ်ခဲ့ကြတဲ့မှတ်တမ်းလေးဖြစ်ပါတယ်။✈️⛵🧳
ကလေးတို့အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ စိတ်ဝင်စားဖွယ်ရာနေရာတွေအကြောင်းကို ထဲထဲဝင်ဝင်စူးစမ်းလေ့လာရင်း
နေရာဒေသအသစ်တွေကပေးမယ့်အကျိုးတွေကို သိရှိနားလည်စေဖို့ရည်ရွယ်ပါတယ်။ ခရီးသွားခြင်းဖြင့်
🔸ယဉ်ကျေးမှုအသစ်တွေကို လေ့လာစူးစမ်းခွင့်ရစေဖို့
🔸ဘာသာစကားအသစ်တွေကို ထိတွေ့သိရှိသွားစေဖို့
🔸ပျင်းရိဖွယ်ကောင်းတဲ့ နေ့စဉ်ဘဝကနေရုန်းထွက်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့ရက်တွေကိုခဏတာရရှိစေဖို့
🔸 ကမ္ဘာတစ်ဝှမ်းကလူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ပြီး အခွင့်အလမ်းအသစ်တွေရရှိစေဖို့
ရည်ရွယ်ပါတယ်။
#ကိုယ်ပိုင်အထက်တန်းကျောင်း
15/08/2026
🎓 Study in Japan Seminar 🇯🇵ကျင်းပပြုလုပ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုတဲ့ ကျောင်းသား/သူ တွေအတွက်
ဂျပန်တက္ကသိုလ်များအကြောင်း၊ Scholarship အခွင့်အလမ်းများနဲ့ ပညာသင်ကြားရန် လိုအပ်ချက်များကို သိရှိနိုင်မယ့် Study in Japan Seminar ကို 14.8.26 ရက်နေ့က Genius Private High School (အားကစားခန်းမ) မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
ထို Seminar မှာ 👩🏫 Dr. Thu Thu Nwe Aye - Okayama University Japan Educational Information Center (OJEIC) က
🇯🇵 ဂျပန်တက္ကသိုလ်များတွင် ပညာသင်ကြားရန် လိုအပ်သည့်အချက်များ
🎓 Scholarship အခွင့်အလမ်းများနဲ့ လျှောက်ထားနိုင်သည့် နည်းလမ်းများ
📚 ဂျပန်နိုင်ငံမှာ ပညာသင်ကြားရန် ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ
💻 "Online Study in Japan Fair 2026 for Myanmar"
August 28 နဲ့ 29 မှာကျင်းပမယ့် Online Education Fair အကြောင်းများကို အသေးစိတ် ရှင်းလင်းမျှဝေပေးသွားခဲ့ပါတယ်။
ကျောင်းသားကျောင်းသူများနဲ့ မိဘများကလည်း သိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
#ကိုယ်ပိုင်အထက်တန်းကျောင်း #ကိုယ်ပိုင်အထက်တန်းကျောင်း #ဂျပန်
13/08/2026
"ကျန်းမာရေးအသိပညာနှင့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဟောပြောပွဲကျင်းပ" | 7.8.26 |
🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰🔰
ဩဂုတ်လ (၇) ရက်နေ့က "ကျန်းမာရေးအသိပညာနဲ့အလေ့အကျင့်ကောင်းများဆိုင်ရာ ဟောပြောပွဲ" အစီအစဉ်ကို Genius Private High School အားကစားခန်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
🟥 အခမ်းအနားမှာ ....
ဒေါက်တာဝေယံကျော်က "ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာများ" ဟောပြောခြင်း ....
ဒေါက်တာခင်မျိုးထွဋ်က "သွေးလွန်တုပ်ကွေးရောဂါအကြောင်း"နဲ့ အထက်တန်းကျောင်းသူများအား "အမျိုးသမီးများအတွက် သံဓာတ်အရေးပါပုံ၊ သံဓာတ်ချို့တဲ့မှုကာကွယ်ရေးနဲ့ သံဓာတ်ပါဝင်တဲ့အစားအစာများအကြောင်း" ကို အသိပညာပေးဟောပြောခဲ့တာဖြစ်ပါတယ်။
❣️ဟောပြောပွဲအစီအစဉ်နဲ့အတူ Mega Lifesciences Ltd က အသက် (၁၈) နှစ်နဲ့အထက်အမျိုးသမီးများကို သံဓာတ်ချို့တဲ့မှုရှိ၊မရှိစစ်ဆေးခြင်းနဲ့ မျက်နှာအသားအရေစစ်ဆေးပေးခြင်း၊
အသက် (၃၅) နှစ်အထက် အမျိုးသား/အမျိုးသမီးများကို အရိုးပါးအရိုးပွရှိ/မရှိနဲ့ ခန္ဓာကိုယ်အဆီဓာတ် (%) ၊ ရေဓာတ် (%) တိုင်းတာတွက်ချက်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။❣️
🚨အခုလို ဝမ်းပျက်ဝမ်းလျှောရာသီမှာ မိသားစုများအားလုံး
✅ အစားအသောက်ကိုသတိထားဖို့၊ ယင်နားစာတွေမစားဖို့
✅ အစားအစာများကို ကျက်အောင်ချက်ပြီးမှစားသုံးဖို့
✅ လက်ကိုသေသေချာချာဆေးဖို့
✅ ရေသန့်သောက်ခြင်း သို့မဟုတ် ရေကိုကျိုချက်သောက်သုံးဖို့
✅ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဖို့
✅ အိမ်သာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ဖို့
စတဲ့အချက်တွေကိုသတိထားလုပ်ဆောင်နိုင်ဖို့ မျှဝေလိုက်ပါတယ်ရှင်။
#ကိုယ်ပိုင်အထက်တန်းကျောင်း #ကိုယ်ပိုင်အထက်တန်းကျောင်း
10/08/2026
⚗️Chemistry သင်ခန်းစာကို လက်တွေ့စမ်းသပ်ကြည့်ပြီး နားလည်သဘောပေါက်နိုင်ခြင်း🔬⚗️🧪
Grade 10 - Chemistry Practical
ကျောင်းမှာဆရာဆရာမတွေနဲ့အတူ Chemistry Practical အတူလုပ်ဆောင်ရင်း သင်ခန်းစာကို လက်တွေ့နားလည်သဘောပေါက်ပြီး ပိုမိုစိတ်ဝင်တစားရှိလာခဲ့ကြတဲ့ Grade 10 ကိုကိုမမများ 🧑🔬
Purpose -It is expected that students will be able to differentiate between the state of matter based on the arrangement of atoms and molecules.
- Analysis the changes of states based on the movement of atoms and level of energy.
- Investigate the separation techniques as applied to mixtures.
#ကိုယ်ပိုင်အထက်တန်းကျောင်း