အသုံးများတဲ့ Adverbs အလုံး ၁၀၀
✅✅✅✅✅
* Always - အမြဲတမ်း
* Usually - များသောအားဖြင့်
* Often - မကြာခဏ
* Sometimes - တစ်ခါတစ်ရံ
* Seldom - မရှိသလောက်
* Rarely - ရှားရှားပါးပါး
* Never - ဘယ်တော့မှ
* Frequently - မကြာခဏ
* Occasionally - ရံဖန်ရံခါ
* Regularly - ပုံမှန်
* Normally - ပုံမှန်အားဖြင့်
* Hardly ever - မရှိသလောက်နီးပါး
* Constantly - အမြဲမပြတ်
* Intermittently - တစ်ချက်တစ်ချက်
* Periodically - အချိန်ပိုင်းအလိုက်
* Now - အခု
* Then - အဲ့ဒီ့အခါမှာ/ ပြီးတော့
* Soon - မကြာခင်
* Later - နောက်မှ
* Yesterday - မနေ့က
* Today - ဒီနေ့
* Tomorrow - မနက်ဖြန်
* Tonight - ဒီည
* Recently - မကြာသေးခင်က
* Lately - မကြာသေးခင်က
* Formerly - အရင်တုန်းက
* Eventually - နောက်ဆုံးမှာ
* Immediately - ချက်ချင်း
* Instantly - ချက်ချင်း
* Meanwhile - တစ်ချိန်တည်းမှာပဲ
* Subsequently - နောက်ဆက်တွဲအနေနဲ့
* Previously - အရင်က
* Already - ပြီးပြီ
* Finally - နောက်ဆုံးတော့
* Still - အခုထိ
* Yet - (မဖြစ်သေး) သေး
* Once - တစ်ခါ
* Ever - (မေးခွန်း/အငြင်း) ဘူး/ဖူး
* Shortly - မကြာခင် (အချိန်တိုအတွင်း)
* Presently - မကြာမီ/ယခု
* Here - ဒီမှာ
* There - ဟိုမှာ
* Everywhere - နေရာတိုင်းမှာ
* Nowhere - ဘယ်နေရာမှ
* Somewhere - တစ်နေရာရာမှာ
* Anywhere - ဘယ်နေရာမဆို
* Nearby - အနီးအနားမှာ
* Far away - အဝေးကြီးမှာ
* Inside - အတွင်းမှာ
* Outside - အပြင်မှာ
* Above - အပေါ်မှာ
* Below - အောက်မှာ
* Underneath - အောက်မှာ (ကပ်လျက်)
* Beyond - ဟိုဘက်မှာ
* Abroad - နိုင်ငံခြားမှာ
* Indoors - အိမ်ထဲမှာ
* Outdoors - အိမ်အပြင်မှာ
* Ahead - ရှေ့မှာ
* Behind - နောက်မှာ
* Quickly - မြန်မြန်
* Slowly - ဖြည်းဖြည်း
* Carefully - ဂရုတစိုက်
* Carelessly - ဂရုမစိုက်ဘဲ
* Loudly - အကျယ်ကြီး
* Quietly - တိုးတိုး
* Easily - လွယ်လွယ်ကူကူ
* Happily - ပျော်ပျော်ရွှင်ရွှင်
* Sadly - ဝမ်းနည်းစွာ
* Well - ကောင်းကောင်း
* Badly - ဆိုးဆိုးရှားရှား
* Seriously - အတည်အကျ
* Gently - ညင်ညင်သာသာ
* Suddenly - ရုတ်တရက်
* Deliberately - တမင်တကာ
* Accidentally - မတော်တဆ
* Eagerly - စိတ်အားထက်သန်စွာ
* Intentionally - ရည်ရွယ်ချက်ရှိရှိ
* Reluctantly - တွန့်ဆုတ်တွန့်ဆုတ်
* Successfully - အောင်အောင်မြင်မြင်
* Unfortunately - ကံမကောင်းစွာပဲ
* Very - အရမ်း
* Extremely - အလွန်အမင်း
* Quite - တော်တော်
* Rather - အတော်အတန်
* Somewhat - အနည်းငယ်
* Absolutely - လုံးဝ
* Completely - လုံးဝ
* Totally - လုံးဝ
* Almost - နီးပါး
* Hardly - မဖြစ်သလောက်
* Barely - မဖြစ်နိုင်လောက်အောင်
* Scarcely - မရှိသလောက်
* Really - တကယ်
* Too - ... လွန်း (ဥပမာ - ပူလွန်းတယ်)
* Enough - လုံလောက်တဲ့
* So - ... လွန်းလို့ (ဥပမာ - ပူလွန်းလို့)
* Partially - တစ်စိတ်တစ်ပိုင်း
* Fully - အပြည့်အဝ
* Mostly - အများအားဖြင့်
* Slightly - နည်းနည်း
Crown Goal
This page is an academy for sharing Research, Training, foreign language and pharmacy
23/05/2024
General English အတန်းတွေ မိုလိုပေါက်အောင်များနေပေမဲ့ Academic Englisħ ကို မလေ့လာဘူးဆိုရင် သင့်ရဲ့ English skill ဟာ မြောက်ကိုရီးယာရောက်သွားလိမ့်မယ်😆😆😁
English for academic purpose
( B1/ pre-intermediate )
👩🎓👩🎓ဘယ်လိုလူမျိုးတွေတက်သင့်လဲ
Academic English ကို စနစ်တကျစတင်လေ့လာလိုသူ မည်သူမဆိုတက်ရောက်သင့်သော Class တစ်ခုပါ။ General English four skills အခြခံအဆင့်တက်ရောက်ပြီးသူဖြစ်ဖို့တော့ လိုအပ်ပါသည်။
အထူးအားဖြင့် နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့ ပြင်နေတဲ့သူတွေ International School တက်နေကြတဲ့ ကျောင်းသားတွေ၊ Grade 10,11,12 တက်ရောက်ရန်ပြင်ဆင်နေသူများ လက်ရှိတက်ရောက်ဆဲကျောင်းသား/သူများ၊ ket/pet exam ဖြေဆိုပြီးသူများ၊ ပြည်တွင်းတက္ကသိုလ် ကောလိပ်များတွင်လည်း ဒီပလိုမာ MBA တက်နေကြသူတွေ IELTS , TOEFL Exam လို Academic Exam တွေဖြေဆိုဖို့ ပြင်ဆင်နေတဲ့ သူတွေ တက်ရောက်သင့်တဲ့ အတန်းပဲ ဖြစ်ပါတယ်။ English လေ့လာနေဆဲကျောင်းသားတွေလည်းတက်သင့်ပါတယ်။
👨🎓👨🎓 ဒီသင်တန်းကဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ
ဒီ Class အဓိက ထူးခြားချက်ကတော့ High school/ University / college တွေမှာ အဓိကလိုအပ်သော Skills တိုးတက်ဖိုရန် pre university skill focus training courseဖြစ်သောကြောင့် Academic texts များကို မှန်ကန်ထိရောက်သော reading and understanding skill တိုးတက်ခြင်း၊ Lectures နှင့် presentation များကို နားထောင်ခြင်းစွမ်းရည်တိုးတက်ခြင်း၊ ဝါကျ စာပိုဒ် academic essays အရေးစွမ်းရည်တိုးတက်ခြင်း၊ academic activities များဖြစ်သော workshop, seminar, group disscusions, စသည်များတွင် ပါဝင်ဆောင်ရွက်ခြင်းစွမ်းရည်တိုးတက်ခြင်း၊Learning skill များဖြစ်သော note taking methods များကိုစနစ်တကျသုံးတက်ခြင်း၊ independent working skill, များတိုးလာမည်အပြင် Academic grammar နှင့် academic vocabulary များကို ကောင်းစွာနားလည်သဘောပေါက်လာမည်။
📚📚📚📚 စုစုပေါင်းUnit 10ခုပါဝင်ပြီး unit အလိုက်ပါဝင်သည့်Modulesများ
# # 🎧🤹♀️Llisterning &speaking
# #📔 reading
# #📝Writing
# #📜vocabulary
# #🗓️Academic language check
သာမာန် Teaching class မဟုတ်ပဲ Training class ဖြစ်တာကြောင့် team work များ sharing ideas များ peer checking. Video and audio fileများ အသုံးပြုသင်ကြားခြင်းစတဲ့ class activities များဖြင့်သင်ကြားရမည်။ academic activity များကိုလည်း online/offline နှစ်မျိုးလုံးလက်တွေ့လေ့ကျင့်သင်ကြားပေးမည်။
👩💻👨💻 သင်တန်းကာလ ၃ လ
တစ်ပတ် 2 ရက်(Mon and Tue)
7 :30 pm to 9 pm
fee တစ်လ 3သောင်း
သင်းကြားမည်ဆရာ
English စာသင်ကြားရေး ၁၀ နှစ်ကျော် အတွေ့အကြုံရှိပြီး တက္ကသိုလ်များတွင် academic trainer အတွေ့အကြုံရှိဆရာ
🏠🏠 သင်တန်းနေရာ
Online class
⏰ သင်တန်းစတင်မည်ရက်စွဲ
3 ရက် 6 လ 2024
☎️ဖုန်း 09798168314
16/04/2024
''လေးစားခြင်းအနုပညာ''
နာမည်ကျော် စာရေးဆရာကြီးတစ်ဦးက
ဒီလိုပြောဖူးပါတယ်။
“ သူများတွေ ကျွန်တော့်ကိုလေးစားတာ ကျွန်တော် ထူးချွန်တဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ ထင်ခဲ့ဖူးပါတယ်။
နောက်မှ နားလည်လာတာက
သူများ ကျွန်တော့်ကို လေးစားတာ
သူ ထူးချွန်တဲ့အတွက်ကြောင့်ပါ” တဲ့၊
မှန်ပါတယ်။
ထူးချွန်တဲ့သူများဟာ လူတိုင်းကို
လေးစားဖို့ နားလည်ကြပါတယ်။
#လုပ်ဖော်ကိုင်ဘက်ကို လေးစားခြင်းက အလုပ်ကို ပိုမိုအဆင်ပြေစေပါတယ်။
#အောက်လက်ငယ်သားကို လေးစားခြင်းက
စီမံခန့်ခွဲမှုမှာ ပိုမိုထိရောက်စေနိုင်ပါတယ်။
#စားသုံးသူကို လေးစားခြင်းက
အလုပ်ကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။
#ပြိုင်ဘက်ကို လေးစားခြင်းက သဘောထားကြီးခြင်းကို ပြသနိုင်ပါတယ်။
#တော်တဲ့လူကို လေးစားခြင်းက အသိအမှတ်ပြုခြင်းကြောင့်ဖြစ်တယ်။
#အားနည်းသူကို လေးစားခြင်းက
စိတ်ရင်းစေတနာကြောင့်ဖြစ်တယ်။
#ဆရာသမားကို လေးစားခြင်းက
ပညာတန်ဖိုးကြောင့်ဖြစ်တယ်။
#နောင်မျိုးဆက်ကို လေးစားခြင်းက
လောကကို ပိုမိုကောင်းမွန်စေချင်တာကြောင့်ဖြစ်တယ်။
#မိသားစုဝင်ကို လေးစားခြင်းက
သာယာတဲ့မိသားစုကို ပိုင်ဆိုင်လိုတာကြောင့်ဖြစ်တယ်။
#ကျောင်းနေဘက်ကို လေးစားခြင်းက
ရေစက်ကို တန်ဖိုးထားလိုခြင်းကြောင့်ဖြစ်တယ်။
#လူတိုင်းကို လေးစားခြင်းက
လူ့ကျင့်ဝတ်ကြောင့်ဖြစ်ပါတယ်။
လူတိုင်း တစ်ဦးနှင့်တစ်ဦး
လေးစားနိုင်ကြပါစေ ။
ထိုင်းကနေပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ် Remote လှမ်းလုပ်နိုင်ဖို့ အလုပ်လျှောက်နိုင်တဲ့ website များ
1. Working Nomads
Link: https://workingnomads.com
2. Remote Ok
Link: https://remoteok.com
3. JustRemote:
Link: https://justremote.co
4. RemoteHunt
Link: remotehunt.com
5. WorkingNomads
Link : workingnomads.co
6. Wellfound
Link : https://wellfound.com
7. Weworkremotely
Link: weworkremotely.com
8. Working Nomads
Link: https://workingnomads.com
9. JS Remotely
Link : https://jsremotely.com
10. FlexJobs
Link: https://flexjobs.com
ကြိုက်သလောက်ဝေမျှပါ ။ Credit ပေးစရာမလို တစ်ယောက်ယောက်အဆင်ပြေရင်ကျေနပ်ပြီ။
Remote Jobs | Working Nomads Remote jobs for digital working nomads. Start your telecommuting career and work remotely from home or places around the world.
06/04/2024
𝐓𝐞𝐚𝐜𝐡𝐢𝐧𝐠 နယ်ပယ်က ဆရာ၊ ဆရာမတွေအတွက် အကျိုးရှိစေမဲ့ 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ.. 🎬
1. 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐋𝐮𝐜𝐲
https://youtube.com/c/EnglishwithLucy
2. 𝐋𝐞𝐚𝐫𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐏𝐚𝐩𝐚 𝐓𝐞𝐚𝐜𝐡 𝐌𝐞
www.youtube.com/
3. 𝐌𝐦𝐦 𝐄𝐧𝐠𝐥𝐢𝐬𝐡 - 𝐘𝐨𝐮𝐓𝐮𝐛𝐞
www.youtube.com/
4. 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗦𝗽𝗲𝗲𝗰𝗵𝗲𝘀
https://youtube.com/c/EnglishSpeeches
5. 𝐁𝐁𝐂 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://youtube.com/user/bbclearningenglish
6. 𝐑𝐚𝐜𝐡𝐞𝐥'𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://youtube.com/c/rachelsenglish
7. 𝗟𝗲𝗮𝗿𝗻 𝗲𝗻𝗴𝗹𝗶𝘀𝗵 𝘄𝗶𝘁𝗵 𝗥𝗲𝗯𝗲𝗰𝗰𝗮
https://youtube.com/c/engvidRebecca
8. 𝗘𝘀𝗽𝗿𝗲𝗱𝘀𝘀𝗼 𝗘𝗻𝗴𝗹𝗶𝘀𝗵
https://youtube.com/c/EspressoEnglishNet
9. 𝐒𝐩𝐞𝐚𝐤 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐕𝐚𝐧𝐞𝐬𝐬𝐚
https://youtube.com/c/TeacherVanessa
10. 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗙𝗮𝗶𝗿𝘆 𝗧𝗮𝗹𝗲𝘀
https://youtube.com/c/EnglishFairyTales
11. 𝐒𝐩𝐞𝐚𝐤 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐓𝐢𝐟𝐟𝐚𝐧𝐢
https://youtube.com/
12. 𝗟𝗲𝗮𝗿𝗻 𝗲𝗻𝗴𝗹𝗶𝘀𝗵 𝗼𝗻𝗹𝗶𝗻𝗲
https://youtube.com/user/DCWas
13. 𝗟𝗲𝗮𝗿𝗻 𝗲𝗻𝗴𝗹𝗶𝘀𝗵 𝘁𝗵𝗿𝗼𝘂𝗴𝗵 𝘀𝘁𝗼𝗿𝘆
https://youtube.com/channel/UCoIdrULeenCQ_d1_-ayFuTA
14. 𝗟𝗶𝗻𝗴𝘂𝗮𝗺𝗮𝗿𝗶𝗻𝗮
https://youtube.com/c/linguamarina
15. 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞𝐬
https://youtube.com/
16. 𝐎𝐱𝐟𝐨𝐫𝐝 𝐎𝐧𝐥𝐢𝐧𝐞 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://www.youtube.com/
17.𝐄𝐧𝐠𝐥𝐢𝐬𝐡𝐂𝐥𝐚𝐬𝐬𝟏𝟎𝟏
https://youtube.com/c/EnglishClass101
18.𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞𝐬
https://youtube.com/
19. 𝐋𝐞𝐚𝐫𝐧 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐰𝐢𝐭𝐡 𝐄𝐦𝐦𝐚
https://www.youtube.com/
20. 𝗟𝗲𝗮𝗿𝗻 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗪𝗶𝘁𝗵 𝗝𝗲𝘀𝘀𝗶𝗰𝗮
https://youtube.com/c/LearnEnglishwithJessica
21. 𝗟𝗲𝗮𝗿𝗻 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗪𝗶𝘁𝗵 𝗧𝗩𝗦𝗲𝗿𝗶𝗲𝘀
https://youtube.com/c/LearnEnglishWithTVSeries
22. 𝗧𝗘𝗗
https://youtube.com/c/TED
23. 𝐅𝐥𝐮𝐞𝐧𝐭𝐔 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://www.youtube.com/
24. 𝗗𝗮𝗹𝗶𝘆 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗖𝗼𝗻𝘃𝗲𝗿𝘀𝗮𝘁𝗶𝗼𝗻
https://youtube.com/c/DailyEnglishConversationTV
25.𝐄𝐧𝐠𝐥𝐢𝐬𝐡𝐋𝐞𝐬𝐬𝐨𝐧𝐬𝟒𝐔
https://www.youtube.com/
26. 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐏𝐫𝐨𝐧𝐮𝐧𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐑𝐨𝐚𝐝𝐦𝐚𝐩
https://www.youtube.com/
27. 𝐆𝐨 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://www.youtube.com/
28. 𝐂𝐚𝐫𝐨 𝐊𝐨𝐰𝐚𝐧𝐳 𝐄𝐧𝐠𝐥𝐢𝐬𝐡
https://www.youtube.com/
29. 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐛𝐲 𝐆𝐢𝐨𝐯𝐚𝐧𝐚
https://www.youtube.com/
30. 𝐕𝐞𝐫𝐨𝐧𝐢𝐤𝐚'𝐬 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐃𝐢𝐚𝐫𝐢𝐞𝐬
https://www.youtube.com/
အပေါ်က 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 တွေထဲ ကိုယ်တိုင်ဝင်လေ့လာပြီး နေ့စဉ်ပုံမှန် 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်သွားမယ်ဆို 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝟒𝐒𝐤𝐢𝐥𝐥𝐬 လုံးမှာ သိသိသာသာ 𝐒𝐤𝐢𝐥𝐥 ကောင်းလာတာတွေ့ရမှာပါ။ ဒါကြောင့် 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 လေးတွေထဲ အချိန်ပေးပြီး 𝐄𝐧𝐠𝐥𝐢𝐬𝐡 စာဝင်လေ့လာဖို့ အကြံပေးချင်ပါတယ်။
ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ 📌
Writing အတွက် အကောင်းဆုံး Tools များ
၁။ ChatGPT- https://chat.openai.com/
အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။
၂။ Caktus AI- https://www.caktus.ai/
ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါတယ်။ လုပ်ရမှာက tool ကို input အနည်းငယ်ပေးလိုက်ရုံပါပဲ။
၃။ Grammarly- https://www.grammarly.com/
စာလုံးပေါင်း၊ သဒ္ဒါနှင့် သတ်ပုံသတ်ပုံအမှားများကို ပြင်နိုင်စေရန် အကောင်းမွန်ဆုံးသော AI-powered အရေးအသား application များထဲမှ တစ်ခုဖြစ်ပြီးကျောင်းသားများသည် Microsoft Word သို့မဟုတ် Gmail ကဲ့သို့သော အခြားအက်ပ်များနှင့် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်တဲ့အပြင်စာသားကို အချိန်နှင့်တစ်ပြေးညီ စကင်န်ဖတ်နိုင်ပြီဘယ် အသက်အရွယ်အုပ်စုနှင့်မဆို အရေးအသားအတွက် အဖိုးတန်ပါတယ်။
Research အတွက် အကောင်းဆုံး Tools များ
၄။ WolframAlpha- https://www.wolframalpha.com/
ကျောင်းသားများအတွက် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်ပြီးမေးပွဲအတွက် လေ့ကျင့်ရန်၊ အိမ်စာအကူအညီရယူရန်နှင့် သုတေသနပြုလုပ်ရန် ကူညီပေးနိုင်ပါတယ်။ WolframAlpha က သင်္ချာနှင့် ရူပဗေဒအတွက် ကျော်ကြားသော်လည်း ဓာတုဗေဒ၊ ဇီဝဗေဒ၊ အင်ဂျင်နီယာ၊ ဘောဂဗေဒ၊ နက္ခတ္တဗေဒ၊ စာရင်းအင်းပညာနှင့် အခြားအရာများတွင်လည်း ထူးချွန်သူဖြစ်ပါတယ်။ ၎င်းသည် ကျောင်းသားများကကိုယ်ပိုင်ဒေတာကို တင်ပြီး ရင်သပ်ရှုမောဖွယ် စိတ်ကြိုက်ရုပ်ပုံများကို ဖန်တီးနိုင်စေပါတယ်။
၅။ Socratic by Google- https://socratic.org/
Socratic က ကျောင်းသားများအား အထက်တန်းကျောင်းနှင့် တက္ကသိုလ်အဆင့်တွင် ကျောင်းလုပ်ငန်းကို နားလည်ရန် ကူညီပေးသည့် Google AI မှ ပံ့ပိုးပေးထားတဲ့ သင်ယူမှုအက်ပ်တစ်ခုပါ။ အထက်တန်းကျောင်းဘာသာရပ်အများစုကို ပံ့ပိုးပေးပြီး သိပ္ပံ၊ သင်္ချာ၊ စာပေ၊ လူမှုရေးလေ့လာရေးနှင့် အခြားအရာများကို ပံ့ပိုးရန်အတွက် တည်ဆောက်ထားပါတယ်။ ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးခြင်းဖြင့်၊ အက်ပ်သည် သဘောတရားများကို လေ့လာရန် ကျောင်းသားများအတွက် အကောင်းဆုံးအွန်လိုင်းအရင်းအမြစ်များကို ရှာဖွေနိုင်ပါလိမ့်မယ်။
၆။ AllSearch- https://www.allsearch.ai/
ဘယ်အရာအတွက်မဆို အဖြေများအတွက် ထောင်ပေါင်းများစွာသော စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်စေပြီး AI ကို ဘယ်မေးခွန်းကိုမဆို မေးနိုင်တဲ့အပြင် သင့်မေးခွန်းအတွက် အဖြေကိုရှာဖွေရန် ပညာရပ်ဆိုင်ရာနှင့် စာပေနှစ်ခုစလုံးကို ထောင်ပေါင်းများစွာသော စာအုပ်များမှ စကင်န်ဖတ်နိုင်ပါတယ်။ အဖြေများတွေ့ရှိသည့်နေရာကို ကိုးကား၍ ၎င်းကို သုတေသနမှတ်စုများတွင် ထည့်သွင်းနိုင်ပါတယ်။
၇။ Sourcely- https://www.sourcely.net/
အခြားပညာရပ်ဆိုင်ရာအပိုင်းများအတွက် ယုံကြည်စိတ်ချရသောအရင်းအမြစ်များကို ရှာဖွေရန် Sourcely ကို အသုံးပြုနိုင်ပြီး ကိုးကားချက်များပေးရန်လိုအပ်ပါကအသုံးဝင်သောကိရိယာတစ်ခုဖြစ်ပါတယ်။ စာပိုဒ်တစ်ခု သို့မဟုတ် ဝါကျတစ်ခုအဖြစ် တွေံရှိချက်များကို အကျဉ်းချုပ်ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်
Homework အတွက် အကောင်းဆုံး Tools များ
၈။ Tutorly.ai- https://tutorly.ai/
ကျောင်းသားများရဲ့ အိမ်စာများကို ကူညီပေးသည့် AI အခြေခံ ကိရိယာတစ်ခု ဖြစ်ပြီးအသုံးပြုသူများဟာ မေးခွန်းကို အက်ပ်ထဲသို့ ကူးထည့်ကာ အဖြေတစ်ခု ရရှိနိုင်ပါတယ်။ အပလီကေးရှင်းမှာ ရွေးချယ်စရာမျိုးစုံ၊ အဖြေတိုနှင့် အခြားမေးခွန်းဖော်မတ်များရရှိနိုင်တဲ့အပြင် Elite အသုံးပြုသူများသည် အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်ရန်အတွက် 'Explain' နှင့် 'Show Steps' ကဲ့သို့သော အပိုဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိပါတယ်။
၉။ Notedly.ai- https://notedly.ai/
ကျောင်းသားများ စာဖတ်ရာကနေ မှတ်စုများကိုချက်ချင်းထုတ်ခြင်းဖြင့် အချိန်ကုန်သက်သာစေသော AI ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများက မှတ်စုမှတ်ရတဲ့အချိန်ကိုသက်သာစေပြီး ရှုပ်ထွေးသောအကြောင်းအရာများကို လျင်မြန်ထိရောက်စွာ နားလည်နိုင်စေရန် ကူညီပေးပါတယ်။
၁၀။ LearnAnything- https://learn-anything.xyz/
LearnAnything ကို လမ်းပြအဖြစ် ဘယ်ဘာသာရပ် သို့မဟုတ် ကျွမ်းကျင်မှုကိုမဆို သင်ယူနိုင်ပါတယ်။ လေ့လာလိုတဲ့အရာကို AI ကို ရိုးရိုးရှင်းရှင်းပြောလိုက်ရုံနဲ့ သင်ယူရန် လုပ်ဆောင်ရမယ့် အရာအပြည့်အစုံကို သင်ရရှိနိုင်ပါတယ်။ဘာသာရပ်တစ်ခုကို စတင်လေ့လာရန် ဘယ်လိုစလုပ်ရမှန်းမသိရင် ၎င်းသည် အသုံးဝင်သောကိရိယာတစ်ခုဖြစ်သည်။
နှစ်သစ်မှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေဟု ကျနော်တို့ Crown Goal Education Center မှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Tamwe