Lait Yee Ko Guitar Class

Lait Yee Ko Guitar Class

Share

Relax with the Guitar 🎸

10/04/2026

🥰

17/01/2026

နိစ္စဒူဝ တွေ ပြီးရင် တနေ့တာ ရဲ့အဆုံး မှာ ခဏလေးပဲဖြစ်ဖြစ် စိတ်အပန်းဖြေစရာ စိတ်ဝင်စားမှု ဝါသနာလေး တခုတော့ ရှိမှ ဖြစ်မယ်နော် 🩷🩷။

ဘဝ က တိုတိုလေးမို့ ဂီတနဲ့ အပန်းဖြေရင်း စိတ်ချမ်းမြေ့စွာ ဖြတ်သန်းကြပါစို့ ....။



13/01/2026

အချိန်ယူပြီး ဇွဲကောင်းကောင်းနဲ့ လေ့လာနေတဲ့ မဖြိုး 💪🏻💪🏻

ကလေးဗိုလ် လည်းလုပ် တတ်ပါသေးတယ် ။

ခက်တာလေးများသင်ရင် zoom ထဲက ပြေးမယ်လည်း လုပ်တာလေး လည်း တခါတရံ ရှိတတ်ပါတယ် ။

မေ့လိုက်လို့မရ မေ့လည်းမမေ့ ချင်တဲ့ အတတ်ပညာလေး တစ်ခု ပါ ။ Keep going ပါ မဖြိုးရေ 🩷

25/12/2025

✨✨✨Feliz Navidad ✨✨✨

17/12/2025

ရေးပီးသား Note ကို ကြည့်ပြီးတီးတတ် ပြီဆိုရင် ကိုယ်တိုင် note ရေးနိုင် အောင် လေ့လာဖို့လိုပါလိမ့်မယ်။

နားထဲ ကြား ထား သမျှ တွေကို ကိုယ့်ခေါင်းထဲ မှတ်ထားတာနဲ့ တူနေဖို့ ဒီသင်ခန်းစာက အထောက်အကူပေးပါလိမ့်မယ်။

( အမှန်က သင်တန်းသားတွေကို ခေါင်းစား အောင် လုပ်တာပါ 🤭 ၊ ပထမဆုံး ကိုယ်တိုင် Note စရေးဖို့ သင်တော့ သူတို့ခမျာ ဘဲဥ အစရှာမရသလို ခေါင်းကုတ် နေကြတာမြင်တော့လည်း အစလေးတော့ပျိူးပေးရတာပေါ့လေ 😁)





14/11/2025

ပညာဒါန အတန်းလေးကို တက်ခွင့်ရသူလေးတွေကို မနက်ဖန် မှာ ရွေးချယ်တော့မှာ ဖြစ်ပါတယ် ။

ပညာဒါန အတန်း လာလျှောက်သူတွေ အနေနဲ့ Step 1 & 2 ကို သေချာလေး လုပ် ထား တဲ့ သူတွေထဲက ပဲ ရွေးချယ်ပေးမှာဖြစ်ပါတယ် နော် 🩷 ။

ကံကောင်းကြပါစေ ရှင် 🩷🩷🩷။

Lait Yee Ko Guitar Class (၄) နှစ်ပြည့် အထိမ်းအမှတ်

📣 ပညာဒါန အတန်းလေး တခု ဖွင့်ပါမယ်။

📣 ဂစ်တာတစ်လက်ရယ် ၊ဖုန်းလေးတစ်လုံးရယ် ရှိဖို့လိုပါမယ် ။

📣 ဂီတာကို တစ်ခါ မှ မလေ့လာ ဖူးသူ ၊ လုံးဝမတီးတတ်သူ ၊ တီးတတ် ချင်သူ များ အတွက် ရည်ရွယ်ပါတယ် ။

📣 November 5 မှ November 13 ရက် နေ့အထိ လျှောက်ထားနိုင်ပါတယ် ။

📣 သင်တန်းကာလ (၃) လ ကို အချိန်ပေးတက်ရောက်နိုင်သူ ဖြစ်ရပါမယ် ။

လျှောက်ထားလိုသူများ page chatbox သို့ လာခဲ့ပေးပါနော် ။ လျှောက်ထားသူများ ထဲမှ သင်တန်းသား (၁၀) ဦးကို ရွေးချယ် မှာ ဖြစ်ပါတယ် ။





05/11/2025

Lait Yee Ko Guitar Class (၄) နှစ်ပြည့် အထိမ်းအမှတ်

📣 ပညာဒါန အတန်းလေး တခု ဖွင့်ပါမယ်။

📣 ဂစ်တာတစ်လက်ရယ် ၊ဖုန်းလေးတစ်လုံးရယ် ရှိဖို့လိုပါမယ် ။

📣 ဂီတာကို တစ်ခါ မှ မလေ့လာ ဖူးသူ ၊ လုံးဝမတီးတတ်သူ ၊ တီးတတ် ချင်သူ များ အတွက် ရည်ရွယ်ပါတယ် ။

📣 November 5 မှ November 13 ရက် နေ့အထိ လျှောက်ထားနိုင်ပါတယ် ။

📣 သင်တန်းကာလ (၃) လ ကို အချိန်ပေးတက်ရောက်နိုင်သူ ဖြစ်ရပါမယ် ။

လျှောက်ထားလိုသူများ page chatbox သို့ လာခဲ့ပေးပါနော် ။ လျှောက်ထားသူများ ထဲမှ သင်တန်းသား (၁၀) ဦးကို ရွေးချယ် မှာ ဖြစ်ပါတယ် ။





04/11/2025

Surprise Cake လေးအတွက် ကျေးဇူးပါရှင့် ။
🩷🩷🩷

30/10/2025

တစ်နေ့စာအလွဲများ

ဆိုနေရင်းစာသားမှား ၊ ဆိုနေရင်းစာသားမေ့ ၊ ဆိုနေရင်းRhythm ထမှား 🤭🤭။

အမှားပေါင်းများစွာနဲ့ တစ်ရက်ကိုတမျိူး ရိုးကိုမရိုးတာ
😁😁😁



21/10/2025

အတီး နဲ့ အဆို တွဲပြီး ‌Practice လုပ်ကြည့်တယ် ။

ကိုယ် တီးတဲ့ Rhythm ထဲမှာ ကိုယ်တိုင်ဝင်ဆိုလို့ရနေပီဆိုရင် အဲဒီ rhythm ကို တကယ် မှတ်မိနေပီ လို့ ပြောလို့ရပါတယ် ။

တီးတာကို လိုက်ဆိုလို့ မရသေးရင်တော့ အတီးသက်သက်တီးပြီး များများလေ့ကျင့်ဖို့ လိုသေးတာပေါ့နော် ။

အဲထက်ပိုပြီး တစ်ချက်တလေတောင် အသံထွက် လစ်ဟာမှု မရှိပဲ တီးနိုင် ဆိုနိုင်ဖို့ဆိုရင်တော့ ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ လေ့ကျင့်ဖို့လိုပါလိမ့်မယ် ။

" လိမ္မာမှ ကျွမ်းကျင်မှာပါ "



Photos from Lait Yee Ko Guitar Class's post 20/10/2025

ကျမ၏ သင်တန်းသူ ကလေးဗိုလ် များ ...🤭။

ဒေဝါလီ ပိတ်ရက်လေး မှာ ဂီတနဲ့ အပန်းဖြေ နိုင်ကြပါစေ ။

02/10/2025

ရှေ့ဆက်သွားလိုက် အရင်သင်ထားတာတွေ revision ပြန်တီးလိုက် မှားလိုက်နဲ့ 🤭😁😁

သင်တန်းတက်ဖို့စုံစမ်းသူတွေ ဆီက အမြဲလိုလို ပြောတတ်တာတခုက " ဂစ်တာ တခါမှ မတီးဖူးဘူး အခုမှ စပီး
သင်မှာပါ သင်လို့ရနိုင်လား " ဆိုတဲ့ စကားလေးပေါ့။

ဟုတ်ပါတယ် ။ ဒီက ညီမလေးလည်း ဂီတာ တခါမှ မတီးဖူးတဲ့ ကလေးပါ ။ အခုသူ note ဖတ်ပြီး တီးနိုင်လာပီလေ ။



Want your school to be the top-listed School/college in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 23, Thadi Pahtan Road, Htay Kwel Ka Ward, Kyauk Myaung, Tamwe Township, Yangon
Tamwe
11211