စိမ်းလန်းမြေ

စိမ်းလန်းမြေ

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စိမ်းလန်းမြေ, Language school, 141St, Tamwe.

09/01/2026

သင်တန်းကြေး ( ၁၀၀၀၀ ) ကျပ်ဖြင့် အိမ်ခြံမြေသင်တန်းကို ယခုဘဲ တတ်ရောက်လိုက်ပါ

◾️လေ့လာရင်းနားမလည်တာရှိရင် တသက်တာ အချိန်မရွေးအမြဲမေးခွင့်ရှိခြင်း
◾️အသစ်ပြောင်းလဲသွားတဲ့ update သင်ခန်းစာများအမြဲသင်ပေးခြင်း
◾️သင်ခန်းစာများအား တသက်တာ လေ့လာခွင့်ရှိခြင်း

အစရှိတဲ့ တခြားသင်တန်းမှာမရတဲ့ တသက်တာ ဝန်ဆောင်မူများကို ရရှိမှာဖြစ်ပါတယ်

❇️သင်တန်းတက်ပြီးရင်ရလာမဲ့အကျိုးကျေးဇူး❇️

အိမ်၊ ခြံ၊ မြေ နဲ့ပတ်သက်ပြီး
အကျိုးဆောင်လုပ်မည်သူများ
အိမ်အရောင်းအဝယ်၊ မြေအရောင်းအဝယ် အတွက်
ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်သည် အထိ
သင်ပြပေးမှာ ဖြစ်ပါတယ်။
_______________________________

❇️သင်တန်းတက်ရောက်သင့်သောသူများ❇️

အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်မည့်သူများ
အိမ်၊ခြံ၊မြေ ဗဟုသုတ ရရှိချင်သူများ
မြေအမျိုးအစားလိုက် သိရှိနားလည်စေသူများ
အိမ် ဝယ်ရောင်း သမားများ

အထူးတက်ရောက်သင့်ပါတယ်။
_______________________________

❇️သင်တန်းမှာ သင်ကြားပေးသည့်သင်ခန်းစာများ❇️

အိမ်၊ခြံ၊မြေ အကြောင်းအရာတွေ သာမက နဲ့ အကျိုးဆောင် ပိုင်း တွေပါ သင်ကြားရမှာဖြစ်ပါတယ်။

🔘 နိုင်ငံပိုင်မြေများအကြောင်း
🔘 လယ်ယာမြေများ
🔘 အခြားနည်းအသုံးပြုခွင့်/လန ၃၉ နှင့် လယ ၃၀ အကြောင်း
🔘 ပုံစံ ၇ ဆိုတာဘာလဲ
🔘 ပုံစံ ၁၀၅ နှင့် ၁၀၆ တစ်နှစ်ခံမြေပုံများ
🔘 Special power & General power အထူးကိုယ်စားလှယ်လွှဲစာများ
🔘ဂရန်မြေ အမည်ပြောင်း၊အပျောက်လျှောက်၊သက်တမ်းတိုး၊ဂရန်ခွဲ
🔘အခွန်ဆောင်၊ ရာဖြတ်တင်၊
🔘မှတ်ပုံတင်စာချုပ်၊ အရပ်စာချုပ်
🔘မြို့တော်စည်ပင်၊ အိုးအိမ်
🔘စာချုပ်စာတန်း မှတ်ပုံတင်ခြင်း
🔘ရောင်းသူတာဝန်၊ဝယ်သူတာဝန်
🔘ငွေဖြူ၊ငွေမဲ အကြောင်း
🔘 ငှားရမ်းခနှင့် အခွန်
🔘ကျမ်းကျိန်ခြင်းနှင့်သေတမ်းစာ
🔘 ၄၂၀ မြောက်သည်
🔘သတိပြုရမည့်ပုဒ်မများ
🔘အိမ်မြေအပေါင်ခံခြင်း
🔘သတိပြုရမည်ုပုဒ်မများ
🔘တိုက်ခန်း၊ကွန်ဒို အရောင်းအဝယ်
🔘အမွေဗဟုသုတ
🔘ဂရန်မြေဝယ်မယ်
🔘ပေ ၂၀ ၆၀ / ၁၀ ပေ ၆၀ မြေခွဲဝယ်နည်း
🔘 လယ်မြေ ရွာမြေ ဝယ်ယူမယ်
🔘 ဘိုးဘပိုင်မြေ ခွဲထုတ်ဝယ်ယူ
🔘အကျိုးဆောင်ကျင့်ဝတ်များ
🔘 အိမ်ဝယ်ယူရာတွင် သတိပြုစစ်ဆေးသင့်သည့်အချက်များ

အထက်မှာရှင်းပြခဲ့တဲ့ သင်ခန်းစာတွေကို အသေးစိတ် စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်
______________________________
❇️သင်ကြားပုံ၊သင်ကြားနည်း❇️

Online သင်တန်းဖြစ်ပြီး သင်ခန်းစာတွေကို စနစ်တကျ အစီစဉ်အလိုက်သင်ကြားရမှာပါ။
သင်တန်းအပ်ပြီးတာနဲ့ ကိုယ်အားတဲ့အချိန်မရွေးလေ့လာလို့ရပါတယ်။
နားမလည်တာမရှင်းတာရှိတိုင်း စာမေးခွင့်ကိုကန့်သတ်ထားတာမရှိတာကြောင့် အချိန်မရွေးအမြဲမေးနေလို့ရပါတယ်။
စာဖြေစနစ်မြန်ဆန်မူကြောင့် အမြန်ဆုံးပြန်လည်ဖြေကြားပေးပါတယ်။
_____________________________

သင်တန်းအပ်ရန်နှိပ်ပါ 👉 page messenger သို့

29/07/2025

ရွာမြေဆိုရင်ကော ဘာတွေလုပ်လို့ရလဲ?

" ရွာမြေကို ဝယ်ယူမယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ နှစ်ဦးသဘောတူ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်နဲ့ ဝယ်ယူလို့ရပါတယ်။ ဂရန်မြေတွေ ၊ဘိုးဘွားပိုင်မြေတွ ဝယ်ယူတာလိုမျိုး မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရတဲ့ မှတ်ပုံတင်စာချုပ်တော့ လုပ်လို့မရပါဘူး။

ရွာမြေတွေကို ကျေးရွာအတွင်းရှိ အိမ်ကွက်များတစ်ကွက်ချင်း နယ်နမိတ်ခွဲခြားတိုင်းတာ ပုံထုတ်ထားတာမျိုး မြေစာရင်းရုံးမှာ မရှိပါဘူး။
ပြောချင်တာက မြို့မြေတွေလိုမျိုး ကွက်စိတ် ကွက်ကြဲတိုင်းတာပြီး မြေပုံထုတ်ထားတာမျိုး မရှိတာပါ။

အကြောင်းကတော့ ခေတ်အဆက်ဆက် ရွာမြေတွေကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး
ရွာရဲ့ နယ်နိမိတ် အကျယ်အဝန်းကိုသာ ရေးဆွဲထားခဲ့ကြတာပါ။

တလောကတောင် လယ်မြေကို ရွာမြေထင်ပြီး ဝယ်မိတော့မယ့် အသိတစ်ယောက်ရှိပါတယ်။
ကျွန်တော့်အသိကိုရောင်းတဲ့ အကျိုးဆောင်က ရွာမြေဆိုပြီးပြောတော့ မြေပြင်အထိ လိုက်ကြည့်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာတိုက်ကြည့်တဲ့အခါ လယ်ယာမြေ ပုံစံ(၇)ဖြစ်နေတယ်လို့ဆိုပါတယ်။

သူဝယ်ယူမည့်မြေကွက်က ကျေးရွာနယ်နိမိတ်နဲ့နီးပြီး လူနေအိမ်တွေရှိတဲ့နေရာမှာမို့ ရွာမြေ အမှတ်နဲ့ ဝယ်ယူမယ်ဆိုပြီး အားခဲခဲ့ရာကနေ လယ်မြေဖြစ်နေလို့ ဝယ်ယူမည့် အစီအစဉ်နောက်ဆုတ်လိုက်ရတယ်လို့ဆိုပါတယ်။

အရင်တုန်းကကျတော့ လယ်မြေတွေကို ရောင်းချခွင့်မပြုခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ပြဠာန်းချက်အရ လယ်မြေ၊ယာမြေများကို ရောင်းချခြင်းများ ပြုလုပ်ခွင့်ရှိပါတယ်။

ဝယ်ယူပြီး အိမ်ဆောက်နေချင်တယ်ဆိုရင်တော့ မိမိရဲ့ မြေကို အိမ်ဆောက်လုပ်နေထိုင်ခွင့်ရအောင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုး၊သက်ဆိုင်ရာတိုင်းဒေသကြီးဆီအခြားနည်းအသုံးပြုခွင့် လယ(၃၀) တင်ပြရမှာပါ။ ပိုင်ဆိုင်မှု့အထောက်အထားခိုင်လုံတာဆိုရင် တော့ နှစ်ထပ်တိုက်ထိ ဆောက်လုပ်ခွင့်ပြုပါတယ်။

လယ်မြေမှာက သက်ဆိုင်ရာက ခွင့်မပြုဘဲ အခြားနည်း အသုံးပြုလို့မရပါဘူး။

29/07/2025

#အိမ်ခြံမြေဗဟုသုတ

လူနေမြေ မှ
ဂရန် မြေ အသစ်လျှောက်ထားလိုလျှင်

လူနေမြေ ဆိုသည်မှာ
လူတွေနေထိုင်ပြီး အိမ်ဆောက်လုပ်ခွင့် ရှိတဲ့မြေများကို "လူနေမြေ" လို့ခေါ်ပါတယ်။ အဲဒီ ကိစ္စ ကိုမြို့တော်စည်ပင် ကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။

ချထားမြေပဲဖြစ်ဖြစ်၊ ပါမစ်မြေပဲ ဖြစ်ဖြစ်၊ စလစ်မြေနဲ့ ရွာမြေပဲ ဖြစ်ဖြစ် အားလုံး အတူတူပါ။ နောက်ဆုံးမှာ လူနေမြေ အားလုံးဟာ " ဂရန်မြေ"တွေ ဖြစ်ကုန်ကြရမှာပါ။ (ဒါကလဲ မြို့တော်စည်ပင် လုပ်ပိုင်ခွင့်တွေပါ) နယ်စပ် စည်ပင် အပိုင်ထဲက လူနေမြေ များလဲ "ဂရန်" အထိ ရောက်နိုင်ပါတယ်။ မြို့မြေ လို လျှောက်ရ မလွယ်ကူပေမယ့် သွားလို့ရပါတယ်။

ဒါကြောင့်မို့ "လ/န ၃၉" တို့ "၃(ခ)ကင်းလွတ်"တို့ "ပါမစ်" တို့တွေဟာ "ဂရန်" လျှောက်ထားကြရတာပါ။

(၂၀၀၈)ဥပဒေ ပုဒ်မ - ၃၇ အရမြေထု၏ အားလုံးကို နိုင်ငံတော် က ပိုင်တယ်လို့ ပြောထားပါတယ်။ ထို့ကြောင့် စလစ်၊ ပါမစ်၊ အခြားနည်းဖြင့် ချထားမြေ၊ရွာမြေ တွေလည်း တနေ့ မဟုတ် တစ်နေ့မှာ"ဂရန်မြေ" တွေ ဖြစ်လာကြမှာပါ။ ဒါကြောင့်မို့ ဒီလိုမြေတွေ ကို " ဂရန်လောင်း" တွေလို့ ခေါ်ဝေါ်သမုဒ်လို့ ရပါတယ်။

ဂရန် အသစ်လျှောက်ရန် -
ဂရန်မြေ အသစ်လျှောက်ထားနိုင်ရန် အရေးကြီးဆုံးအချက်မှာ အထက်ပါ "လူနေမြေ" ထဲမှ တရားဝင်ပိုင်ဆိုင်ထားသော စာရွက်စာတမ်း မူရင်း ရှိဖို့လိုအပ်ပါတယ်။

တရားဝင်ဆိုသည်မှာ -
၁။ ကိုယ့်နာမည် အမည်ပေါက်။
၂။ ပိုင်ဆိုင်မှုအတွက် ဆက်စပ်စာချုပ်ရှိရမည်။
၃။ တရားရုံးတစ်ခုခုက အနိုင်ဒီဂရီ။
၄။ တရားရုံးကျမ်းကျိန်လွှာ တို့ တစ်ခုခုရှိနေလျှင် အဆင်ပြေပါပြီ။

ဂရန်အသစ် လျှောက်ထားသူ၏ မြေပိုင်ဆိုင်မှု့ စာရွက်စာတမ်းမှာ ကိုယ့် အမည်ပေါက်နေခြင်းသည်
ထိုမြေအား တရားဝင်ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်းကို ငြင်းစရာမရှိတော့သည့် အချက်ပင်ဖြစ်ပါသည်။ ထိုသို့ မိမိ အမည်ပေါက် မဟုတ်သော်လဲ မူရင်းမြေစာရွက်စာတမ်းအား ပိုင်ရှင်ထံမှ ဝယ်ယူထားသော ဆက်စပ်စာချုပ် မူရင်း ရှိနေလျှင်လည်း အဆင်ပြေပါတယ်။ သို့သော် သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာ ထည့်ရပါမည်။

အမွေ ကိစ္စ ကြောင့်ဖြစ်စေ၊ တခြားအရာကြောင့် ဖြစ်စေ၊ တရားရုံး တစ်ရုံးရုံးမှ မိမိကို အနိုင် ဒီဂရီပေးထားခြင်းကလဲ အမည်ပေါက် ပိုင်ဆိုင် ခြင်းကဲ့သို့ပင် ဖြစ်ပါသည်။

ထိုအနိုင် ဒီဂရီအား စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် မှတ်ပုံတင်ထားပြီးသားဖြစ်ရပါမည်။ (စာချုပ်စာတမ်း မှတ်ပုံတင်ရေး ဥပဒေ ပုဒ်မ - ၂၃)

ကျန်သောအရာများမှာ အဆောက်အအုံ ကိစ္စ၊ မြေခွန် ကိစ္စ၊ အိမ်နီးချင်း(၂)ဦး၏ သဘောတူထားလက်မှတ်။ (အားလုံးလွယ်ပါတယ်)။ ဂရန်အသစ် လျှောက်လွှာ တင်သွင်းရန်အတွက် နိုင်ငံသား ဖြစ်ကြောင်း ID လေးလဲ လိုပါတယ်။

အထက်ပါ အချက် ( ၃) မျိုးမရှိပါပဲ တကယ်ပိုင်ဆိုင်
နေလျှင် နောက်ဆုံးနည်းကတော့ တရားရုံး တစ်ရုံးရုံးမှာ ကျမ်းကျိန်ဆိုနိုင်ပါသည်။ တရားရုံး မှ ကျမ်းကျိန်ပြီးလျှင် သတင်းစာကြော်ငြာခြင်းကို ပြုလုပ်ပါ။ (ထိုနည်းလမ်းသည်လဲ တရားဝင်ပါသည်)။

အားလုံးကိုယ်စိတ်ကျန်းမာရွင်လန်းကြပါစေ
ကြောင်း။ 🙏

14/02/2025

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်း များ ဖြစ်မလာစေရန်

သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။
#စိမ်းလန်းမြေ

14/02/2025

♦️အိမ်၊ခြံ၊မြေ အခွန်အကြောင်း သိကောင်းစရာ♦️

◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️◼️

အိမ်ခြံမြေ ရောင်းဝယ်ပြုလုပ်ကြသည့်အခါ ဝယ်သူကလည်း ဝယ်ခွန်ဆောင်ရမည့် တာဝန်ရှိသလို၊ ရောင်းသူသည်လည်း ရောင်းခွန်ဆောင်ရမည့် တာဝန်သည် နဂိုမူလကတည်းက ရှိထားပြီးသားဖြစ်ပါတယ်။

မြေကွက်တစ်ကွက်ကို အခွန်ဆောင် အမည်ပြောင်းမည်ဆိုပါက ယခင်က ဝယ်သူသည် ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။

ထို့နောက် မှ သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းချသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အားလာရောက်ဆောင်ရန် အကြောင်းကြားစာ ပေးပို့တယ်။
ရောင်းသူဘက် မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီး ချုပ်ဆိုကြပါတယ်။
တချို့အခွန်ဆောင် အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာ ချုပ်ချုပ်ကြတာရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ် စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်း ရှိကြပါတယ်။

( ယခုအခါ ဤကဲ့သို့ လုပ်ဆောင်ရန် မလွယ်ကူတော့ပါ။ရာဖြတ်တင်သည့်စာချုပ်၌ ယခင် SP or GP သမားနှင့် အရောင်းအဝယ် ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို SP or GP သမားထံ အခွန်ရုံးမှ ရောင်းခွန်အတွက် စာပို့ပါသည်။)

ယခုအခါမှာတော့
အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။
ရောင်းသူဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက် ဆောင်ပေးပြီးမှသာလျှင် ဝယ်သူကိုတံဆိပ်ခေါင်းခွန် ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီး ချုပ်တဲ့အဆင့်ပြီးပါတယ်။
ထို့ကြောင့် ဝယ်သူများအနေဖြင့် ရောင်းသူအားရောင်းခွန်ဆောင်ပေးရန် စရံပေး စာချုပ်မချုပ်ခင် တပါးတည်း ညှိနှိုင်းပြီးမှ ဝယ်ယူသင့်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ်ခြံမြေ အခွန်နှုန်းထားများ
၁ ကျပ် - ၃၀၀၀ သိန်း ▶ ၃%

၃၀၀၁ သိန်း - ၆၀၀၀ သိန်း ▶ ၅%

၆၀၀၁ သိန်း - ၁၀၀၀၀ သိန်း ▶ ၁၀%

၁၀၀၀၁ သိန်း - ၃၀၀၀၀ သိန်း ▶ ၁၅%

၃၀၀၀၁ သိန်းနှင့်အထက် ▶ ၃၀%
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အဆောက်အဦးပါလျှင်
ပထမတန်းစားအာစီ 1 Sqft 40000 ကျပ်
ဒုတိယတန်းစားအာစီ 1 Sqft 25000 ကျပ်
Steel Structure ၃ ထပ်မှ ၇ ထပ်အထိ 40000ကျပ်
သစ်သားအုတ်ညှပ် 1 Sqft 20000 ကျပ်
သစ်သားအိမ် 1 Sqft 10000 ကျပ်

ပထမတန်းစား ၁၂ ထပ်အထက် 1 Sqft 60000
ပထမတန်းစား ၁၂ ထပ်အထိ 1 Sqft 50000
ပထမတန်းစား ၇ ထပ်အထိ 1 Sqft 45000

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ်ခြံမြေ ရောင်းခွန်းနှုန်းထားများ
အရောင်းသမားက ၁၀% ဆောင်ရမယ်။( အမြတ်ငွေ)
ဥပမာ-
စာချုပ်စာတမ်းရုံးမှာ ၁၀၀၀၀ နဲ့ ဝယ် အဝယ်စာချုပ်ပြီး ပြန်ရောင်းတော့ ၁၅၀၀၀… အမြတ်ငွေ ၅ ထောင်ပေါ် မူတည်ပြီး ၁၀ % ဆောင်ရပါမယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အိမ်ခြံမြေ ဝယ်ခွန်အတွက် ရာဖြတ်တင်မယ်ဆိုလျှင်

🔹 ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စုံ

🔹 (၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့် မိတ္တူ)

🔹 (၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆) မူရင်း

🔹 အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ

🔹 ရှေ့ / နောက် / ညာ မြေကွက်ဓာတ်ပုံ(၁)စုံစီ

🔹 ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက် (အရပ်အရောင်းအဝယ် စာချုပ်)

🔹 တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်

တရားဝင် အရောင်းအဝယ် စာချုပ်အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါမည်။

ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ (ရာဖြတ်က) သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်။

#မှတ်ပုံတင်ကြေး (၀.၅%)

“ငွေဖြူ” ရှိရင် အခွန် သက်သာပါမည်။ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့မဟုတ်) အခွန်စည်းကြပ်ပြီးဖြစ်သော ငွေကို “ငွေဖြူ” ဟု ခေါ်ပါသည်

14/02/2025

အိမ်၊ခြံ၊မြေ ၊ ဝယ်ယူဖို့ စာချုပ်ချုပ်တော့မယ် ဆိုရင် ...

🔺ပိုင်ဆိုင်မှု မှတ်တမ်း မူရင်း ၊ မိတ္တူ
🔺မြေပိုင်ဆိုင်မှု အထောက်အထား နဲ့ ဂရမ်မြေ သက်တမ်း
🔺မီတာ၊ မြေစာရင်း မှတ်တမ်း
🔺အခွန်ကြွေး ရှိ မရှိ
🔺အဆင့်ဆင့် လွှဲပြောင်းခဲ့တဲ့ စာချုပ် မူရင်း၊ မိတ္တူ
🔺အ‌ေမွဆိုင် အိမ်ခြံမြေ ဆိုရင် အမွေလက်ခံထားသူ အားလုံးရဲ့ လက်မှတ်

တိုက်ခန်း ဝယ်မယ်ဆို

🔺အခန်း အပေးအယူ သဘောတူ စာချုပ် မူရင်း / မိတ္တူ
🔺BCC လူနေထိုင်ခွင့် လက်မှတ် မိတ္တူ
🔺အဆင့်ဆင့် ရောင်းချခဲ့တဲ့ စာရွက် စာတမ်း

ဒါတွေ အရင် စစ်ဆေးပြီးမှာ စာချုပ်ချုပ်ပါ ‼️

ဒါ့အပြင်
စရန် ၊ သဘောတူ ၊ အကျေစာချုပ်တွေ ချုပ်တဲ့ အခါမှာလည်း

🔸 လိပ်စာနဲ့ ရက်စွဲ
🔸 ရောင်းသူ ဝယ်သူ ရဲ့ အမည်နဲ့ မှတ်ပုံတင် နံပါတ်
🔸 အသိ သက်သေ လက်မှတ်
🔸 ငွေ ပမာဏ... စတာတွေ ပြည့်စုံရဲ့လားဆိုတာ သေချာ‌စစ်ဆေး ရပါမယ်

ဒါမှ ရောင်းမှား ဝယ်မှား မဖြစ်ဘဲ
နှစ်ဦး နှစ်ဖက် အကျိုးရှိစေမှာဖြစ်ပါတယ် 🤗

" ရောင်းရောင်း ဝယ်ဝယ် စိတ်ချယုံကြည်ရဖို့
အိမ်ခြံမြေသင်တန်းလေး ကြိုတက်ထားကြပါ 🌸


#အိမ်ခြံမြေဗဟုသတ

Photos from စိမ်းလန်းမြေ's post 08/07/2024

#အိမ်ခြံမြေဗဟုသုတ #သိထားသင့်တယ်_မိမိအကောင့်ထဲ_ရှယ်ထားပါတချိန်ကျအသုံးဝင်လာမှာပါ။

- ဂရံ
- ပါမစ်
- ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ) နမူနာပုံတွေပါ ။

10/04/2024

#အိမ်ခြံမြေဗဟုသုတ
#လယ်ယာမြေအားဂရန်အဖြစ်လျှောက်တော့မယ်ဆိုရင်

လယ်ယာမြေကနေ ဂရန်ကိုတော့
တိုက်ရိုက်လျှောက်ထားလို့တော့မရပါ။
ပထမဦးစွာ လယ်ယာမြေကို
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ(၇)လျှောက်ထားရန်အတွက်
မြေပုံ/မြေရာဇဝင်ဟုခေါ်သည့်
မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရပါမည်။

မြေစာရင်းပုံစံ ၁၀၅/၁၀၆ ရရှိပါက
လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇)
လျှောက်ထားလို့ရပါပြီ။

ပုံစံ(၇) စီစစ်ရာတွင် အမှန်တကယ်
လယ်ယာမြေလုပ်ကိုင်ခြင်း ရှိ/မရှိကို
စီစစ်ပါသည်။ လယ်ယာမြေလုပ်ကိုင်သည်ဆိုလျှင်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်
ပုံစံ(၇)ထုတ်ပေးပါသည်။
လယ်ယာမြေလုပ်ကိုင်ခွင့်ကို ရောင်းချခြင်း၊
လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း၊
ပေါင်နှံခြင်း၊ ငှားရမ်းခြင်းများကို
တရားဝင်လို့ရသွားပါတယ်။

ထိုမှတဆင့် လယ်ယာမြေအား
အခြားနည်းအသုံးပြုခွင့် လ/ယ ၃၀ကို
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းဦးစီးဌာနတွင် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အခြားနည်းအသုံးပြုခွင့် လျှောက်ထားရာတွင်
သုံးစွဲလိုသည့် အကြောင်းအရင်းကို
ဖော်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်ထားခြင်းအမှုတွဲအား
ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့နှင့်
နေပြည်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့သို့
အဆင့်ဆင့်တင်ပြပြီးနောက်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့
ဆက်လက်တင်ပြပြီးနောက် လယ်ယာမြေတွင်
အခြားနည်းသုံးစွဲခွင့်နှင့် စပ်လျဥ်း၍ ခွင့်ပြုပါက
အသုံးပြုခွင့်အမိန့်ပုံစံ (၁၅)ထုတ်ပေးပါတယ်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့်
လ/ယ (၃၀) ရရှိပြီးပါက ခွင့်ပြုသည်နည်းလမ်းအတိုင်း
(၆)လအတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

လ/ယ ပုဒ်မ ၃၁အရ ခွင့်ပြုချက်ရရှိသည့်နေမှ
(၆)လအတွင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း
သတ်မှတ်ကာလအတွင်း
လုပ်ငန်းမပြီးလျှင်သော်လည်းကောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးသည်
ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်ဟု
ပြဌာန်းထားပါသည်။

ဌာနမှစီစစ်၍ တွေ့ရှိပါက
လ/ယ (၃၀)ခွင့်ပြုမိန့် ပယ်ဖျက်ပြီး
စည်းကမ်းပျက်မြေကို သိမ်းယူသည်အထိ
အရေးယူနိုင်သည့်အတွက် သတိပြုရန်လိုအပ်ပါသည်။

ထိုသို့အသုံးပြုပြီးနောက်
ဂရန်လျှောက်ထားရန်အတွက်
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းဦးစီးဌာနသို့ ဂရန်လျှောက်ထားရမှာ ဖြစ်ပါတယ်။

လျှောက်ထားသည့်မြေဧရိယာသည်
(၁)ဧကအထိဖြစ်ပါက
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်မြေခွန်ပေးသွင်းစေပြီး
ဂရန်ထုတ်ပေးနိုင်ပြီး (၁)ဧကအထက်
(၅)ဧကအထိဖြစ်ပါက နေပြည်တော်၊
တိုင်းဒေသကြီး (သို့မဟုတ်)
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ
သတ်မှတ်မြေခွန်ပေးသွင်းစေပြီး
ဂရန်ထုတ်ပေးပါသည်။

10/04/2024

✨အိမ်ခြံမြေ_ဗဟုသုတ✨

စည်ပင်ပါမစ်လျှောက်ရန် လိုအပ်ချက်များ✍️✍️✍️

* ၃ထပ်ခွဲ အောက် ဆောက်လုပ်ခြင်း (အထပ်နိမ့်)

၁. ဘေးအိမ် (ဘယ်/ညာ) လက်မှတ်
၂. ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်မှတ်
၃. အင်ဂျင်နီယာ (လိုင်စင်စု) လက်မှတ်
၄. မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး YCDC မှာ ပြုလုပ်ရန်)
၅. အိမ်ဆောက်ရန် မြေပုံကူးယူခြင်း (မြို့တော်ခန်းမ မြေယာဌာန တွင် ပြုလုပ်ရန်)
၆. Structure Drawing (A1 Size သုံးစုံ)

* ၃ထပ်ခွဲ အထက် ဆောက်လုပ်ခြင်း

၁. ဘေးအိမ်(ဘယ်/ညာ) လက်မှတ်
၂. ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်မှတ်
၃. အင်ဂျင်နီယာ (လိုင်စင်စု) လက်မှတ်
၄. မြေခွန်ကင်းရှင်းကြောင်း ထောက်ခံချက်(မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး YCDC မှာ ပြုလုပ်ရန်)
၅. အိမ်ဆောက်ရန် မြေပုံကူးယူခြင်း (မြို့တော်ခန်းမမြေယာဌာန တွင် ပြုလုပ်ရန်)
၆. Structure Drawing (A1 Size သုံးစုံ)
၇. Structure Calculation
၈. မီးသတ် ထောက်ခံချက်
၉. ရေသန့် ထောက်ခံချက်
၁၀. လိုင်စင်ရကန်ထရိုက်တာ လက်မှတ်
၁၁. Structure Engineer လက်မှတ်
၁၂. Soil test ရလာဒ်

10/04/2024

အိမ်တွေ ခြံတွေ ဝယ်ပြီး- လက်ရောက်မယူမိလို့
တရားရုံး ရောက်နေကြတဲ့ အဖြစ်တွေ
ခဏခဏ ကြားနေရပါတယ်...။
ဒါကြောင့် ဒီပိုစ့်လေးကို ရေးပြီး တင်လိုက်ရပါသည်...။

အိမ်ခြံမြေ ဝယ်တဲ့အခါမှာ
စာရွက်စာတမ်း ပြည့်စုံရင်
စရန်ပေး -ငွေချေ...လုပ်ပြီးတဲ့အချိန်မှာ....
-
ဝယ်ယူပြီးသား
အိမ် နှင့် ခြံ ကိုလက်ရောက် ယူရပါမယ်...။
-
စရန်ချပြီး
ငွေအကြေ မချေခင်မှာ...
အိမ်ပေါ်ကလူ အားလုံးဆင်းပေးပြီလား
ဖယ်ပေးပြီး လား၊ မဖယ်ပေး၊
မဆင်းပေးသေးဘူးလားဆိုတာ
အသေချာ သိအောင်လုပ်ပါ...။
-
မဆင်းပေးသေးဘူး၊ မဖယ်ပေးသေးဘူး ဆိုရင်
ငွေ အကြေမချေသင့်ပါ....ဘူး......။
ချေမိရင် ပြဿနာ ဖြစ်တတ်ပါတယ်....။
အိမ်ပေါ်က ဖယ် မပေးတတ်ပါဘူး
(လူတိုင်းတော့ မဟုတ်ပါဘူး)
သို့သော်.. အဖြစ်များသည်..သတိထားပါ...။
-
အိမ်ဝယ်ပြီးတဲ့အခါမှာ
ရောင်းလိုက်တဲ့ သူက- နေစရာ မရှာရသေးလို့
ခဏ နေ ပါရစေ ဆိုလို့
လူကြီးမင်းက သဘောကောင်းပြီး သနား သောအားဖြင့်
ပေးနေလိုက်ရင်-မကြာပါဘူး- လူကြီးမင်း
ဒုက္ခများပါတော့မယ်ဆိုတာ သတိထားပါ။...။
-
လွန်ခဲ့တဲ့ ၂ နှစ်က-ရွှေကြာပင်.
၆၀ ပတ်လည် မြေကွက် ကို ညီငယ်လေးတစ်ယောက်
သိန်း ၆၀၀ နဲ့ ဝယ်လိုက်တယ်....။
-
ရောင်းလိုက်တဲ့ သူက- နေစရာ မရှိသေးလို့
ခဏ နေပါရစေ- နေစရာရှာ လို့ရတာနှင့် ချက်ခြင်း
ပြောင်းပေးပါ့မယ်-သနားကမား ပြောလာတော့
ဝယ်သူ-ညီငယ်က သနားပြီး သဘောကောင်းစွာပေးနေလိုက်တာ
ဖယ်မပေးလို့ တရားရုံကိုရောက်ပြီး.....
ဝယ်သူ ညီငယ်- တရားရှုံးပါလေ.ရော......ဗျာ....
နောက်ထပ် သိန်း ၈၀၀ ပေးမှ ဖယ် မယ်ဆိုလို့
နောက် သိန်း ၈၀၀ ထပ်ပေးလိုက်ရတယ်.....။
-
အဲ ဒါ တကယ့် အဖြစ်..နော်....
စာချပ်မှာ ဘယ်သူနဲ့ ဘယ်လို ပဲ ချုပ် ချုပ်....
သတိထားပြီး လုပ်ကြပါ..။
နစ်နာ စရာ ရှိရင်- ဝယ်သူတွေ နစ်နာ သွားမှာဖြစ်ပါ.တယ်..
ဘယ်သူမှ.. မဖြေရှင်းကြတော့ ပါဘူး......။
ငွေထပ်ကုန်ဖို့သာပြင် ထားပါ...။
-
အဲ ဒီလို မဖြစ်ဖို့အတွက်
အိမ်တွေ ခြံတွေဝယ်ပြီး တဲ့အခါမှာ. လက်ရောက် ရယူပါလို့
အကြံပြုပါတယ်......။
မိမိဝယ်ယူပြီးတဲ့ အခါ
ဘယ်သူ့- ဘယ်သူ့ကိုမှ,,,, သနားပြီး မထားလိုက်ပါနဲ့.......
သနားလို့ ထားလိုက်ရင်
သူ့ ဒုက္ခ တွေ.... လူကြီးမင်းရဲ့ ဒုက္ခ ဖြစ်သွားပါလိမ့်မယ်..
လူးလိမ့် နေအောင် ခံရပါလိမ့်မယ်.......။
-
ဒါကြောင့် အိမ် ခြံ မြေ ဝယ်တဲ့အခါ
လက်ဝယ် အရောက်- ယူထားပါလို့ အကြံပြုပါတယ်..

03/01/2024

❝ အိမ်ခြံမြေ မှာ အိမ်ခြံမြေ ရှေ့နေနဲ့ ပွဲစား ဘာကွာလဲ?

▬▬▬▬
(ဖတ်ရန် ၁ မိနစ်သာ ကြာပါမည်။)

ဒီမေးခွန်းလေးကို မိတ်ဆွေ စဉ်းစားမိပါသလား ? ဘယ်လို ကွာတယ် လို့ရော မိတ် ဆွေ ထင်ပါလဲ ?

တော်တော်များများက ရှေ့နေ နဲ့ ချုပ်ထားတာပါ။ စာရွက်စာတမ်း အပြည့်အစုံရှိပါတယ်။ အရှုပ်ရှင်းကင်းပါတယ် ပြောလေ့ရှိကြပါတယ်။ ဒါလည်း မသေချာပါဘူး။

တကယ်တော့ ပွဲစား နဲ့ ရှေ့နေ မှာ နာမည်စိုးထွက်တာက ပွဲစားတော်တော်များများပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော့အမြင် ပေးရတာ မတန်တာကြောင့် ဖြစ်မယ် ထင်ပါတယ်။ “ပါးစပ် ပဲစိုက်တာ... ” ဘာမှ မဟုတ်ဘဲ ရတာ ပေါ့လေ။ ဒီနေရာမှာ ကျွန်တော်ကိုယ်တိုင် ပွဲစား ဖြစ်တာကြောင့် မဟုတ်ဘူး လို့ငြင်းပါရစေ။

သင်သိပါသလား... ပွဲစားတစ် ယောက်ဖြစ်ဖို့ဆိုတာကလည်း အရည် အချင်းတွေ လိုအပ်သလို ပေးဆပ်ရတဲ့ အချိန်၊ ငွေ၊ စိတ်ဖိစီးမှုး စသည်ဖြင့် ရှိပါတယ်။ - ဒီလို လူမျိုးတွေ အတွက်ဆို “ပါးစပ် ပဲ စိုက်တယ်” ပြောရင် ငြင်းမှာ အမှန်ပါပဲ။

ရှေ့နေတွေကတော့ ဥပဒေနဲ့ ဆိုင်ရာ တက္ကသိုလ်တွေရှိပေမယ့် မြန်မာနိုင်ငံမှာတော့ အိမ်ခြံမြေ တက္ကသိုလ် (Real Estate University) အကြောင်း မရှိသေးပါ။

အိမ်ခြံမြေ ရှေ့နေနဲ့ အိမ်ခြံမြေ ပွဲစား တွေကြားမှာ မတူညီတဲ့ role တွေရှိပြီးတော့... တာ၀န်ယူမှု တာ၀န်ခံမှုတွေလည်း ကွာဟကြပါတယ်။ ဒီအချက်တွေကို အဓိကထား ပြောပြပေးသွားပါ့ မယ်။
/.....

**အိမ်ခြံမြေ ပွဲစားဆိုတာ... ဘာတွေ လုပ်ရလဲ**

၁။ ** ရောင်းသူ ၀ယ်သူကြားက ကိုယ်စားပြုသူ**

အိမ်ခြံမြေပွဲစားဟာ ၀ယ်သူ ရောင်းသူ ကြားခံ ဆက်သွယ်ပေးကြတဲ့ သူတွေ ဖြစ်ကြပါတယ်။ အရောင်းအ၀ယ်တစ်ခု ပြီးမြောက်ဖို့ အစစအရာရာ လိုက်လံ ကူညီပေးသူတွေ ဖြစ်ကြပါတယ်။

၂။ ** Market Knowledge...ဈေးကွက်အသိပညာ ***

အိမ်ခြံမြေပွဲစား တစ်ယောက်အနေနဲ့ ‌မိမိရဲ့ Local ဈေးကွက်အခြေအနေ ကို အမြဲစောင့်ကြည့်လေ့လာသူများဖြစ်ကြပြီး အိမ်ခြံမြေ ရဲ့ ဈေးကွက်၊ အဆောက်အဦးတန်ဖိုး၊ ဖြစ်လာမဲ့ အလားအလာတွေကို နက်နက်ရှိုင်းရှိုင်း သိကြသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ ထိုသူတွေဟာ ဘယ်လောက်ဈေးပေါက်တယ်၊ ဈေးကွက် အခြေအနေ နဲ့ အဆောက်အဦးရဲ့ ခံနိုင်အားကို ထောက်ပံ့ကူညီ ပေးနိုင်ကြပါတယ်။

၃။ ** အိမ်ခြံမြေ ဈေးကွက်တင်ရောင်းပေးသူ **

အိမ်ခြံမြေအရောင်းတိုင်းရဲ့ တစ်၀က်ကျော် အရောင်းတွေက အိမ်ခြံမြေပွဲစား တွေရဲ့ လက်ထဲရှိကြပါတယ်။ ထိုသူတွေဟာ listing_စာရင်းအရောင်းတင်ပေးတာ၊ advertise properties_အိမ်ခြံမြေကြော်ငြာပေးခြင်း၊ host open houses_အိမ်အတွင်းပိုင်းတွေထိ တင်ပေးတာ‌နဲ့ facilities အစုံ လိုက်လံပြသပေးရပါတယ်။

၄။ **Negotiation.... တွေ့စုံညှိုနှိုင်းပေးသူ**

အရောင်းအဝယ်ဖြစ်မှု မဖြစ်မှု ဆိုတဲ့နေရာမှာ တွေစုံညှိုနှိုင်းမှု ကတစ်ဝက်လောက်အရေး တယ်လို့ ပြောလို့ရပါတယ်။ ညှိုနှိုင်းမှု ကောင်းခြင်းဟာ ရောင်းသူအတွက် ဈေးပိုရတတ်ပြီးတော့ ဝယ်သူအတွက်လည်း ဈေးပိုရတတ်ပါတယ်။

၅။ **Paperwork and Contracts... စာရွက်စာတမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု**

ပွဲစားတွေဟာလည်းပဲ စာရွက်စာတမ်း စစ်ဆေးပေးတာ လိုအပ်တာတွေကို ပြင်ဆင်ပေးတာ အကြံဉာဏ်ပေးတာနဲ့ အရောင်းအဝယ်လုပ်တာတွေကို လိုက်လံကူ ညီဆောင်ရွက်ရာမှာလည်း လုပ်ပေးနိုင်သူတွေ ဖြစ်ကြပါတယ်။

6. **Licensing... လိုင်စင်ဆောင်ရွက်ထားခြင်း**

သက်ဆိုင်ရာ မြို့နယ် အတွက် လိုင်စင်ရှိရပြီးတော့ အခြေခံ သင်တန်းတွေကို သင်ကြားထားပေးရန်လိုအပ်ပါတယ်။

**အိမ်ခြံမြေ ရှေ့နေတစ်ယောက်... ကဘာတွေလုပ်ရလဲ**

1. **Legal Advisor... ဥပ‌ဒေနဲ့ ပက်သက်ပြီး အကြံဉာဏ်ပေးနိုင်သူ**:

အိမ်ခြံမြေ ရှေ့နေတစ်ယောက်ဟာ ဥပ‌ဒေ နဲ့ပက်သက်ပြီးအထူးပြုလေ့လာထားသူ တစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ရှေ့နေတိုင်းဟာ အိမ်ခြံမြေ ရှေ့နေ မဟုတ်ကြပါဘူး။ ဘာသာရပ်ခွဲ တွေ ရှိလို့နေပြန်ပါတယ်။ ထို အိမ်ခြံမြေ ရှေ့နေတစ်ယောက်ဟာ အရောင်းအဝယ်အတွက် လိုအပ်တဲ့ guideline ကိုလိုအပ်သလို ပေးနိုင်မှာ ဖြစ်ပါတယ်။

2. **Document Review... စာရွက်စာတမ်း ပြန်လည်ကြည့်ပေးတာ**:

အိမ်ခြံမြေ ရှေ့နေတစ်ယောက်ဟာ အရောင်းအဝယ်အတွက် ဥပမာ... ငွေခြေဖို့အတွက် သဘောတူညီချက်၊ ပိုင်ဆိုင်ခွင့်ရှိကြောင်း မှတ်ပုံတင်စာချုပ်လုပ်ပေးတာ၊ ၁၀၅ မြေပုံ နှင့် ၁၀၆ (မြေပုံမြေရာဇဝင်) ရေးဆွဲပေးဖို့ စာရွက်စာတမ်းပိုင်းနဲ့ ပက်သက်ပြီး စီစဉ်ပေးတာ ကြည့်ပေးတာတွေ လုပ်ပေးရပါတယ်။

၃။ **Paperwork and Contracts... စာရွက်စာတမ်း စစ်ဆေးပေးတာ**

စာရွက်စာတမ်း စစ်ဆေးသည် ဆိုသည့်နေရာတွင် သက်ဆိုင်ရာ မြေစာရင်းဌာန၊ ထွေအုပ် တို့မှာ ကိုယ်တိုင်ကိုယ်ကျသော်လည်းကောင်း ဖုန်းဖြင့်သော်လည်းကောင်း သက်ဆိုင်ရာ လူတွေနဲ့ စစ်ဆေး‌ပြီး မှန်မမှန် ဆုံးဖြတ်ချက်ချကာ အကျိုး အပြစ် ကောင်းစွာသိရှိပြီး မိမိကို ငှားရမ်းသည့် client အပေါ်မှာ တိကျသေချာတဲ့ အဖြေပေးနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

၄။ **အကြံဉာဏ်ပေးရှင်းပြ ပေးတာ**

စာရွက်စာတမ်း မှားတဲ့ ဖြစ်စဉ် သို့မဟုတ် ဂရန်ကတုံး (သက်တမ်းကုန်ဆုံး အမည်ပေါက် မရှိကို ဂရန်ကတုံးဟုခေါ်သည်။) တို့လို စာရွက်စာတမ်းနဲ့ ပက်သက်ပြီး လုပ်လို့ ရမရနဲ့ ကျန်သည့် အမွေဆိုင်လို ကိစ္စမျိုးတွေမှာ လုပ်ဆောင် ပေးရမဲ့ လမ်းကြောင်းတွေကို သေသေချာချာ ရှင်းပြပြီး အကြံဉာဏ် ပေးရှင်းပြပေး နိုင်တဲ့သူတွေ ဖြစ်ပါတယ်။

အထက်ပါအချက်တွေက အိမ်ခြံမြေ ရှေ့နေနဲ့ ပွဲစား မတူညီတဲ့ လုပ်ဆောင်ချက် (role) တွေပဲဖြစ်ပါတယ်။

Want your school to be the top-listed School/college in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


141St
Tamwe
11071