Cherry Land Japanese Language Center

Cherry Land Japanese Language Center

Share

အိမ်မက်တွေအမှန်တကယ်လက်တွေ့ဖြစ်လာဖို့ "Cherry Land Language Center"နှင့်အတူ လျှောက်လှမ်းကြပါစို့။🛎️📢

Photos from Cherry Land Japanese Language Center's post 07/10/2024

Traditional Foods..👨‍💻🥢🎎

Photos from Cherry Land Japanese Language Center's post 24/05/2024

🇯🇵 🚊ဂျပန်မှာ ရထားဘယ်လိုစီးကြမလဲ။ ❓❓❓
ဂျပန်ရဲ့ရထားကကမ္ဘာကနေစိတ်ဝင်စားခံရတဲ့ရထားများစွာရှိပါတယ်။ဂျပန်ရဲ့မြို့တစ်မြို့ကနေနောက်တစ်မြို့ကိုပုံမှန်အချိန်အကြာကြီးသွားရမယ့်နေရာမှာအမြန်ဆုံးသွားလို့ရမယ့်ကျည်ဆန်ရထားတွေလဲရှိပါတယ်။မြို့ထဲတစ်နေရာကနေနောက်တစ်နေရာသွားတဲ့အခါမှာလည်းရိုးရိုးရထား၊အမြန်ရထားအစရှိသဖြင့်ခွဲခြားထားပြီးအမြဲတမ်းအချိန်မှန်ပြီးဆိုက်ရောက်တာကအံ့သြစရာကောင်းပါတယ်။မြန်မာနိုင်ငံမှာတော့ အဓိက ဘတ်စ်ကားကိုအသုံးပြုကြပေမယ့် ဂျပန်နိုင်ငံမှာတော့ ရထားက အဓိကကျတဲ့ အများပြည်သူသုံး ယာဥ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရထားဘယ်လိုစီးရမလဲဆိုတာကို သိထားဖို့အင်မတန် အရေး ကြီးပါတယ်။ နယ်မြို့တွေမှာ ရထားစီးရတာလွယ်ကူပေမယ့် တိုကျိုလိုမြို့ကြီးတွေမှာတော့ ရထားလိုင်းတွေလဲ များပြားပြီး အင်မတန်ရှုပ်ထွေးပါတယ်။ ဒါကြောင့်ရထားစီးတဲ့အချိန်မှာအသုံးဝင်မယ့် အချက် အလက်အကြောင်းအရာတွေအပြင် ရထားစီးတဲ့အချိန်မှာ သိထားသင့်တဲ့ အမူအရာတွေ၊ ယဥ်ကျေးမှုတွေကိုပါ‌ေဝမျှ‌ေပးသွားပါ့မယ်။
🔍🔎လမ်းကြောင်းဘယ်လိုရှာမလဲ❓❓
ရထားစီးမယ် ဆိုကတည်းက ကိုယ်သွားချင်တဲ့နေရာကို သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ပထမဆုံး ကိုယ်သွားမယ့် နေရာရဲ့ အနီးဆုံးဘူတာ ကိုအရင်ရှာပါ။ အနီးဆုံးဘူတာ ကိုသိပြီဆိုရင် ကိုယ်စထွက်မယ့် ဘူတာနဲ့ သွားလိုတဲ့ ဘူတာကို လမ်းကြောင်းရှာထားဖို့လိုအပ်ပါတယ်။ ဒါဆို လမ်းကြောင်းရှာတဲ့အချိန်မှာ အနီးဆုံးဘူတာ ကိုဘယ်လိုစကားလုံးတွေနဲ့ရှာမလဲ❓ လူအများစုကတော့ Google ကနေ ရှာကြမယ်ထင်ပါတယ်။ Google ကနေရှာတဲ့အချိန်မှာ Keywords တွေထည့်လိုက်ရုံနဲ့ ရှာတွေ့နိုင်ပါတယ်။ ဥပမာ တိုကျိုတာဝါကိုသွားမည်ဆိုပါစို့။ တိုကျို sky tree tower ရဲ့အနီးဆုံးဘူတာကို ရှာချင်ရင် 東京スカイツリータワー最寄り駅(もよりえき)tokyo sky tree tower nearest station စသဖြင့် ဘာသာ စကားအမျိုးမျိုးနဲ့ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် Google Map ကနေ တိုက်ရိုက် Tokyo sky tree Tower လို့ရိုက်ထည့်လိုက်ရင် သင်နဲ့ အနီးဆုံးဘူတာကနေ Tokyo sky tree Tower အထိ ရထားလမ်းကြောင်း၊ ကျသင့်ငွေတွေကိုပါတခါတည်းဖော်ပြပါတယ်။ရထားလမ်း ကြောင်းရှာတဲ့အချိန် အသုံးဝင်တဲ့ websiteနဲ့ app တွေလဲ အများကြီးရှိပါတယ်။ လူအသုံးများတဲ့ website နဲ့app တွေကိုလည်းဖော်ပြသွားပါမယ်

🗺️🚩ယာဉ်စီးလမ်းညွှန် website Yahoo!乗換案内
🈸 Navi Time app
🚩သွားရမယ့်နေရာ၊ ဘူတာလဲသိပြီဆိုတော့လက်မှတ်မပါပဲ ရထားစီးလို့မရပါဘူး။ ရထားလက်မှတ်ဝယ်ရပါတယ်။ မြန်မာပြည်မှတော့ ရန်ကုန်မြို့ပတ်ရထားဆိုရင် ဘူတာရုံးဝန်ထမ်းဆီမှာ ပြောပြီးဝယ်လို့ရပေမယ့် ဂျပန်မှာတော့ ကိုယ့်ဘာသာကိုယ်လက်မှတ် ဝယ်စက်မှာ ဝယ်ရပါတယ်။ သွားတဲ့ အကွာအဝေးအပေါ် မူတည်ပြီး လက်မှတ်စျေးလဲကွာသွားတာမို့ မိမိသွားလိုတဲ့နေရာအထိ လက်မှတ်စျေးနှုန်းကိုသိဖို့လိုပါတယ်။ လက် မှတ်စျေးနှုန်းကိုတော့ ဘူတာရဲ့ ဆိုင်းဘုတ်တွေနဲ့ လက်မှတ်ဝယ်စက်တွေရဲ့ အပေါ်မှာ ကပ်ထားလေ့ရှိပါတယ်။ လက်မှတ်စျေးနှုန်းကိုသိရပြီဆိုပါက လက်မှတ်ဝယ်စက်မှာ လက်မှတ်ကိုထုတ်ပြီး ရထားစီးလို့ရပါပြီ။ 🚨နောက်ပြီး အရေးကြီးတဲ့အချက်တချက်က ခရီးစဥ် အစကနေ အဆုံးအထိ လက်မှတ်ကိုမပျောက်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မတော်တဆ လက် မှတ် ပျောက်သွားရင် နောက်ထပ် ရောက်သွားတဲ့ဘူတာမှာ လက်မှတ်ထပ်ဝယ်ရပြီး ပိုက်ဆံ နှစ်ခါကုန်တတ်ပါတယ်။ 💯⚠️
💳 IC Card အသုံးပြုခြင်း
ယခုနောက်ပိုင်း ဂျပန်မှာတော့ လက်မှတ် ဝယ်တဲ့ အချိန်သက်သာပြီး ရထားစီးရအဆင်ပြေတဲ့ IC Card တွေအသုံးပြုလာကြပါတယ်။
🌟🌟( e g .မြန်မာနိုင်ငံမှာyps card အသုံးပြုသလိုမျိုးပေါ့) IC Card တွေကတော့ ငွေဖြည့်ထားရုံတဲ့ ရထား၊ဘတ်စ်ကားစတဲ့ အများပြည်သူသုံးယာဥ်တွေကိုအသုံးပြုလို့ရနိုင်တဲ့အပြင် စတိုးဆိုင်တွေမှာ စျေးတယ်တဲ့အချိန်တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ နောက်ပြီး ငွေလဲ အလွယ်တကူဖြည့်နိုင်ပါတယ်။ ဘူတာမှာလဲဖြည့်နိုင်ပြီး တခြား ၂၄ နာရီစတိုးဆိုင်တွေမှာလဲငွေဖြည့်နိုင်ပါသေးတယ်။ IC Card တွေကို ဘူတာတွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ 🚉🏪

🗾🗺️🚩မြို့အလိုက်ပြီး အသုံးများတဲ့ IC Card💳 အမျိုးအစားတွေလဲကွာခြားပါတယ်။
🗼🇯🇵တိုကျိုမှာလူအသုံးများတဲ့ IC Card တွေကတော့
💳 SUICA
💳 PASMO
🗾🇯🇵အိုဆာကာမှာ အသုံးများတဲ့ IC Card တွေကတော့
💳 ICOCA
💳 PiTaPa
😥လက်မှတ်မှားဝယ်မိရင်ဘယ်လိုလုပ်မလဲ?
IC Card ကိုအသုံးပြုတဲ့အချိန်မှာတော့ ဒီလိုမျိုးမရှိပေမယ့် လက်မှတ်ဝယ်ပြီးတဲ့အချိန်မှာတော့ စျေးနှုန်းအကြည့်မှားပြီး လက်မှတ်ဝယ်မိတာဖြစ်စေ၊ လက်မှတ်ဝယ်ထားတဲ့ ဘူတာနဲ့ ဆင်းချင်တဲ့ ဘူတာ မတူတော့ဘဲ အစီအစဥ်ပြောင်းသွားတဲ့ ဖြစ်စေ အဲလိုအချိန်မှာဆို လက်မှတ်နဲ့စီးတဲ့သူတွေအဖို့ အဆင်မပြေမှုတွေရှိတတ်ပါတယ်။ ဘာလို့လဲဆို ဂျပန်မှာက ဘူတာအကွာအဝေးအပေါ်မူတည်ပြီး လက်မှတ်စျေးနှုန်းကွာလို့ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆို မိမိ ဆင်းမယ့် ဘူတာ မှာ လက်မှတ်စျေးနှုန်းကိုပြောင်းတဲ့ စက်ရှိပါတယ်။ ဂျပန်လိုတော့ 精算機(せいさんき)လို့ခေါ်ပါတယ်။ ဒီစက်မှာ မလောက်တဲ့ ပမာဏ ကို ထပ်ပေးပြီး ဘူတာကနေ ထွက်လို့ရပါတယ်။ တကယ်လို စက်အသုံးပြုပုံနဲ့ပတ်သက်ပြီးဖြစ်စေ၊ ဘာသာစကားအပိုင်း အခက်အခဲရှိခဲ့ပါက အနီးနားမှာရှိတဲ့ ဘူတာရုံဝန်ထမ်းကို လှမ်းခေါ်ပြီးအကူအညီတောင်းနိုင်ပါတယ်။ ဂျပန်နိုင်ငံက ဘူတာရုံဝန်ထမ်းတွေက အင်မတန်သဘောကကောင်းပြီး ကူညီတတ်ကြပါတယ်။ 💁‍♀️💁‍♂️💁
🇯🇵🚉ရထားစီးတဲ့အချိန် သိထားသင့်တဲ့အမူအကျင့်များ
🕴️🧍🧑‍🦽တန်းစီပါ
ဂျပန်နိုင်ငံမှာတော့ ဘယ်နေရာမှာမဆို တန်းစီတဲ့စနစ်ရှိပါတယ်။ ရထားစီးတဲ့အချိန်မှာလဲ တန်းစီရပါတယ်။ လက်မှတ်ဝယ်ပြီး စီးရမယ့် ပလက်ဖောင်းကိုသွားပြီး ရထားအလာကိုစောင့်ရပါမယ်။ ပလက်‌ေဖာင်းအများကြီးရှိတဲ့ ဘူတာကြီးတွေလဲရှိသလို ပလက်ဖောင်းတစ်ခုပဲရှိတဲ့ ဘူတာတွေလဲရှိပါတယ်။ မိမိသွားရမယ့် ဘူတာကိုရှာတဲ့အချိန်မှာ ဘယ်ပလက်ဖောင်းကနေစီးရမလဲဆိုတာ တခါတည်းပါပြီးသားမို့လို့ သေချာ ကြည့် ပါ။ ပလက်ဖောင်းမှားစီးရင် မိမိသွားလိုတဲ့နေရာကို မရောက်ဖြစ်တတ်ပါတယ်။ ပလက်ဖောင်းမှာ တန်းစီးတဲ့အချိန်မှာလဲ သတ်မှတ်ထားတဲ့ မျဥ်းဝါစည်းအတွင်း ကနေ တန်းစီဖို့လိုပါတယ်။ ရထားလမ်းက နီးကပ်ကပ်မှာ တန်းစီမယ်ဆိုရင် နည်းနည်းအန္တရာယ်များလို့ မျဉ်းဝါစည်း အတွင်းဘက်ကနေ ဝင်ပြီး တန်းစီဖို့သတ်မှတ်ထားပါတယ်။
🤰🩼👴👵အသက်ကြီးတဲ့သူနဲ့ မသန်စွမ်းတဲ့သူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ဦးစားပေးပါ 💯
🚆ရထားစီးတဲ့အချိန်မှာလဲ ရထားကြပ်တဲ့အချိန်မှာဆို လူကြီးတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးသင့်ပါတယ်။ (ရထားစက်မောင်းခန်းထဲမှလည်း‌ေကြာ်ငြာ‌ေပးပါတယ်။)🗣️ 🌟🌟ဦးစားပေးထိုင်ခုံတွေကိုသီးသန့်သတ်မှတ်ထားပါတယ်။🚨ဂျပန်နိုင်ငံရဲ့လူမှုကျင့်ဝတ်အရလိုက်နာရန်လိုအပ်ပါတယ်။ဒီခံု‌ေတွကိုအသုံးပြုတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့သူတွေရထားထဲဝင်လာပါကထိုင်ခုံကနေ ဖယ်ပေးသင့်ပါတယ်။နောက်ပြီး ဒီအတိုင်း😷 နေမကောင်းတဲ့သူတွေကို အမြင်နဲ့ ဆုံးဖြတ်လို့မရတဲ့အခြေအနေတွေရှိပါတယ်။ ဂျပန်မှာတော့ အစိုးရကနေ Help Mark တွေထုတ်ထားပါတယ်။ ဒါကြောင့် ဒိလိုအမှတ်အသားတွေကိုမြင်ရင် ထိုင်ခုံနေရာပေးလိုက်တာဟာ ကောင်းမွန်တဲ့ အမူအရာပါ။ ❌❣️
👩‍🏫👧👒အမျိုးသမီးသီးသန့်ရထားတွဲများ
ဂျပန်မှာတော့ တချို့နေရာတွေမှာ အမျိုးသမီးသီးသန့် ရထားတွဲတွေရှိပါတယ်။ အမျိုးသမီးသီးသန့်ရထားတွဲတွေတော့ သာမန်အမျိုးသားတွေ စီးခွင့်မရှိပါဘူး။ ကျန်းမာရေးအခြေအနေ မကောင်းမွန်တဲ့သူတွေ မူလတန်းကလေးတွေမျှသာ အသုံးပြုခွင့်ရှိပါတယ်။ ဒီလိုမျိုးသတ်မှတ်ချက်တွေကလဲ အချိန်သတ်မှတ်ချက်တွေရှိပါတယ်။ ရထားလိုင်းအပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ ကွာခြားနိုင်ပါတယ်။

📵🔇🤐ရထားတွဲ အတွင်း စကားကျယ်ကျယ်မပြောပါနဲ့။ 🎧
ရထားတွဲအတွင်းမှာတော့ စကားတိုးတိုးပြောလေ့ရှိပြီး ဖုန်းလဲပြောလေ့မရှိပါဘူး။ ဒါကြောင့် ရထားစီးတဲ့အချိန်မှာ စကားကိုတိုးတိုးပြောပြီး ဖုန်းကို Silent Mode တင်ထားသင့်ပါတယ်။
❤️🇯🇵🗾🗼🚊🔍ဒီ‌ေလာက်ဆိုရင်ဂျပန်မှာပထမဆံုးရထားစီးတဲ့အချိန်မှာ လိုက်နာသင့်တဲ့ အမူအကျင့်လေးတွေကို ကြိုတင်သိရှိ‌ေလာက်ပြီမို့ ရထားစီတဲ့အချိန်မှာ အခက်အခဲမရှိအဆင်ပြေစေဖို့မျှော်လင့်ပါတယ်နော်......❣️🙆🇯🇵🚉💳
'sknowjapan



..

11/05/2024

"Japanese Particles"(助詞)...

例:電車🚃( )会社へ行きます。Answer:で
(1).友達(. )コーヒーを飲みます。
(2).12時( )昼ご飯を食べます。
(3)デパート( )ネクタイを買います。
(4).ロビー( )新聞を読みます。
(5).8時( )9時( )テレビを見ます。
答え;
(で,と,に,から,まで)

Photos from My Home Fudousan - マイホーム 不動産's post 30/04/2024

relaxations...

Photos from Cherry Land Japanese Language Center's post 22/03/2024

ဂျပန်နိုင်ငံသို့ သွားရောက်မည့် လူငယ်များ အတွက် သိထားသင့်တဲ့ ဂျပန်နိုင်ငံရဲ့ Dating culture နဲ့ပတ်သတ်တဲ့ အကြောင်းလေးကိုလေ့လာရင်း Dating culture နဲ့ပတ်သက်တဲ့ vocabularies လေးတွေ ကို လေ့လာ မှတ်သာ ကြရအောင်။ 👘💞💑

ဂျပန်နိုင်ငံရဲ့ Dating culture အကြောင်း ......
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျပန်မှာ စုံတွဲတွေဒိတ်ကျမယ်ဆိုရင်မဒိတ်ခင်ကတည်းက တစ်ဦးနဲ့တစ်ဦး ခွင့်ပြုချက်တွေယူပြီး ဒိတ်လေ့ ရှိပါ တယ်။ ပြီးတော့ အဖြေရဖို့ တဆင့်ချင်းတက်တာကလဲ တော်တော် ကြာလေ့ရှိပါတယ်။ ဂျပန်မှာတော့ မဒိတ်ခင် အရင် ချစ်ကြောင်း ဖွင့်ပြော Kokuhaku (告白) လေ့ရှိပါတယ်။ ဒီနေရာမှာဂျပန်နိုင်ငံရဲ့ culture က မြန်မာ နိုင်ငံနဲ့လည်း တော်တော်တူပါတယ်။ ဖွင့်ပြောတာ ကို လက်ခံလိုက်တာနဲ့ တရားဝင်စုံတွဲ တွေဖြစ်သွားကြပါတယ်။

*Group Dating * (အုပ်စုဖွဲ့ချိန်းတွေ့ခြင်း)...
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါပေမဲ့ထူးခြားတဲ့အချက်ကတော့ goukon (合コン) လိုခေါ်တဲ့ အုပ်စုလိုက်ချိန်းတွေ့ပြီး patanar ရှာကြ တာ ဖြစ် တယ်။ ဒီလိုကိစ္စတွေကိုတော့ သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်းဆက်သွယ်ပြီးကျား မ အရေ အ တွက် ကိုမျှပြီးစီစဉ်လေ့ရှိပါတယ်။ ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေစာ အုပ်စုလိုက် ကာရာအိုကေ၊ ပါတီ၊ စာ သောက်ဆိုင်တွေမှာ ချိန်းတွေ့ရင်း စကားပြောကြလေ့ရှိပြီး ဒီနေရာမှာ ချစ်ကြိုက်သွားကြပြီး ညားသွား ကြတဲ့စုံတွဲ တွေလဲရှိပါတယ်။ အဲလိုတွေ့ဆုံကြတာကိုတော့ဂျပန်လို goukon (合コン) လို့ခေါ်တဲ့ Group Dates ပဲဖြစ် ပါ တယ်။ ဒီလိုပုံစံမျိုး ဒိတ်တာက ပိုပြီးတော့ လုံခြူံစေပြီး မိမိနဲ့စိတ်တူကိုယ်တူ ပါတနာကို တွေ့နိုင်ချေပိုများပါတယ်။ တကယ်လို့ ဒီနေရာမှာ မိမိသဘောကျတဲ့သူ‌တွေနဲ့တွေ့ပါက ဖုန်းနံပါတ် ဆက်သွယ်ရမယ့် လိပ်စာတို့ကို ဖလှယ် ပြီး တဆင့်တက်ကြတာပေါ့။

*Marriage Partner Hunting Party *(အတွဲရှာပါတီ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်ထပ်တစ်ခုကတော့ konkatsu parties (婚活パーティー) လို့ ခေါ် တဲ့ အတွဲရှာပါတီတွေကလဲ ဂျပန် နိုင်ငံရဲ့ယဥ်ကျေးမှုတရပ်ပဲဖြစ်ပါတယ်။ ပိုပြီး (Formal ) ခမ်းနားကြီးကျယ်စွာ လက်ထပ်ဖို့အတွက် ရည်ရွယ် ထား တဲ့သူတွေ တက်‌ရောက်လေ့ရှိကြပါတယ်။ အတွဲရှာ ပါတီတွေကိုတော့ အတွဲရှာ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ တွေကနေ ပါတီတက်ရောက်ဖို့ စိတ်ဝင်စားတဲ့သူတွေကို လျှောက်လွှာတင်ဖို့ဖိတ်ခေါ်ပြီး သေချာ အင်တာ ဗျူး ပြီး တော့မှ စီစဥ်တာဖြစ်ပါတယ်။ နေရာတွေကိုလဲ တော်တော် ခမ်းခမ်းနားနားဖြစ်တဲ့နေရာတွေမှာ ရွေးချယ် ကျင်း ပလေ့ရှိပါတယ်။ ဒီလိုပါတီတွေကနေပြီးတော့ အမြင်တူ အရွယ်တူ လက်တွဲဖော် တွေ့နိုင်မယ့် အလား လာ တွေ လဲ များပါတယ်။ ဒါပေမဲ့တချို့ပွဲတွေကတော့ တယောက်နဲ့တယောက် အေးဆေးလွတ်လွတ်လပ်လပ် စကား ပြောနိုင် ပြီး တချို့ပွဲတွေမှာတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာပဲ စကား အပြန် အလှန် ပြောခွင့်ရှိပါတယ်။
ကြင်ယာဖက်တွေ့စုံခြင်း ( Prospective)
ကြင်ယာဖက်တွေ့ဆုံခြင်းကိုဂျပန်လို omiai (お見合い) လို့ခေါ်ပါတယ်။ ကြင်ယာဖက် တွေ့တာကတော့ ရှေး ခေတ်ကတည်းက ရှိနေတဲ့ လက်တွဲဖော်ရှာနည်းဖြစ်ပါတယ်။ ဒီနည်းက ဆာမူရိုင်းခေတ်ကတည်းက လူကုံထံ အသိုင်းအဝိုင်းမှာတွေ့ရလေ့ရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။
သို့သော် ယနေ့ခေတ် ကြင်ယာဖက် တွေ့နည်းကတော့ မိဘချင်းသဘောတူပြီး ပေးစားတာမျိုးမဟုတ်ပဲ မိမိ ကိုယ် တိုင်လက်တွဲဖော်ရှာချင်လို့ တွေ့တာမျိုးဖြစ်လာပါတယ်။ ကြင်ယာဖက် ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေ သီးသန့် အကျိုးတော်ဆောင် လုပ်ငန်းတွေတောင်ရှိပါတယ်။
နှစ်ဖက်စလုံးက သဘောကျတယ်ဆိုရင် စုံတွဲအနေနဲ့တွဲ ကြပြီး လက်ထပ်ကြလေ့ရှိကြပါတယ်။ ပုံမှန်အချစ်ရေး နဲ့ တော့ ဘာမှမထူးခြားပါဘူး။ လက်တွဲဖော်ရှာဖို့အတွက် အောင်သွယ်တော် ကို အသုံးပြုလိုက်တာလေးပဲ ကွာ ခြား သွားတာပါ။

Dating vocabularies.....
-----------------------

- [x] Dating culture = ချိန်းတွေ့သည့်ဓလေ့
- [x] Kokuhaku (告白) = ချစ်ရေးဆိုခြင်း
- [x] goukon (合コン) = အဖွဲ့လိုက် ချစ်သူရှာခြင်း
- [x] konkatsu parties (婚活パーティー) = အတွဲရှာပါတီ
- [x] omiai (お見合い) = ကြင်ယာဖက်တွေ့ဆုံခြင်း
- [x] De-to ( デート )  = ချိန်းတွေ့ခြင်း
- [x] Tsukiau ( 好きあう)   = ချစ်ကြိုက်သည်
- [x] Doki doki (ドキドキ)   = ရင်ခုန်ခြင်း
- [x] Kincho suru (緊張する)  = စိတ်လှုပ်ရှားခြင်း
- [x] Tereru ( 照れる )   = ရှက်သည်
- [x] Suki ( 好き )     = ကြိုက်နှစ်သက်သည်
- [x] Suteki 【na】( 素敵な )  = ချစ်စရာကောင်းသော
- [x] Kirei 【na】(きれいな ) =  လှပသော

* 愛 (ai): love.
* 恋 (koi): love.
* 好きです。 (suki desu) – I like you.
* 大好きだよ。 (daisuki da yo) – I love you.
* 愛してるよ。 (aish*teru yo) – I love you.
* あなたが恋しいです。 (anata ga koishii desu) – I miss you.
* 一目惚れしました。 (hitomebore shimash*ta) – I fell in love at first sight.* 一目惚れしました) –



Want your school to be the top-listed School/college in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


165 Short Street
Tamwe
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00