Language House With Dara

Call Directions Contact the school

Language House With Dara Education

💭တစ်တန်းပဲဖွင့်ရသေးပေမယ့် Results ကောင်းတွေနဲ့ အမြဲသက်သေထူနေတဲ့ IELTS Speaking - 3 Weeks Intensive ClassTeacher Bryan ရဲ...
19/09/2026

💭တစ်တန်းပဲဖွင့်ရသေးပေမယ့် Results ကောင်းတွေနဲ့ အမြဲသက်သေထူနေတဲ့
IELTS Speaking - 3 Weeks Intensive Class

Teacher Bryan ရဲ့ IELTS Speaking - 3 Weeks Intensive Class ဟာဆိုရင်
Language House With Dara မှာ ပထမဆုံးတစ်ကြိမ်သာဖွင့်လှစ်ထားရသေးပေမယ့် Feedbacks ကောင်းများစွာရရှိခဲ့သလို တက်ရောက်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသားအားလုံးဟာလည်း ထိုက်တန်တဲ့ Achievements ကိုယ်စီရယူနိုင်ခဲ့ကြပါတယ်။

🏆 ယနေ့မှာလည်း IELTS Speaking - 3 Weeks Intensive Class အတန်းကနေ
နောက်ထပ် IELTS Achievers ၂ ဦး ထပ်မံထွက်ပေါ်လာပါပြီ။

🎉 Congratulations On Your Achievement dears.

Feedbacks လေးတွေပါ တစ်ခါတည်းတွဲပေးသွားလို့ ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ရှေ့ဆက်လျှောက်ရမဲ့ အနာဂတ်ခရီးလမ်းမှာလည်း အစစ အရာရာ အဆင်ပြေဖြောင့်ဖြူးပြီး အိပ်မက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ Language House With Dara မျှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

📌ပထမဆုံးအတန်းတုန်းက မမီလိုက်တဲ့ကလေးများအတွက်လည်း IELTS Speaking - 3 Weeks Intensive Class Batch 2 ကို မကြာခင်ဖွင့်လှစ်ပေးပါတော့မယ်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက

📩 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သိုဆက်သွယ်ပြီး
ဆက်သွယ်အပ်နှံလိုရပါပြီ။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚

⁉️IELTS ဖြေဆိုဖို့ အချိန်ဘယ်လောက်ပေးထားလဲ?‎⏰𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐓𝐞𝐬𝐭 အတွက် မေးခွန်းဖတ်ချိန်၊ အဖြေစာရွက်လွှဲပြောင်းချိန်အပါအဝင်မိနစ...
18/09/2026

⁉️IELTS ဖြေဆိုဖို့ အချိန်ဘယ်လောက်ပေးထားလဲ?

‎⏰𝐋𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐓𝐞𝐬𝐭 အတွက် မေးခွန်းဖတ်ချိန်၊ အဖြေစာရွက်လွှဲပြောင်းချိန်အပါအဝင်
မိနစ် (၃၀) ခန့် ကြာချိန်ပေးထားပါတယ်။

⏰𝐑𝐞𝐚𝐝𝐢𝐧𝐠 အပိုင်းအတွက်တော့ (၃) ပိုင်းခွဲထားပြီး
ကြာချိန်ကို မိနစ် (၆၀) ထိပေးထားပါတယ်။

⏰𝐖𝐫𝐢𝐭𝐢𝐧𝐠 အပိုင်းမှာလည်း (၂) ပိုင်းကို မိနစ် (၆၀) ပေးထားပြီး
𝐓𝐚𝐬𝐤 (𝟏) အတွက် မိနစ်(၂၀) ၊ 𝐓𝐚𝐬𝐤 (𝟐) အတွက် မိနစ် (၄၀) သတ်မှတ်ပေးထားပါတယ်။

⏰𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 အပိုင်းအတွက်ကတော့ ဖြေဆိုသူနဲ့ စစ်ဆေးသူ တိုက်ရိုက်မျက်နှာချင်းဆိုင် 𝐓𝐞𝐬𝐭 လုပ်ရမှာဖြစ်ပြီး ကြာချိန်ကို (၁၁-၁၄) မိနစ်ခန့်သာ ပေးထားပါတယ်ရှင်။

𝐓𝐨𝐭𝐚𝐥 𝐞𝐱𝐚𝐦 တစ်ခုလုံးအနေနဲ့ (၂း ၄၅) မိနစ် ကြာချိန်သတ်မှတ်ထားပါတယ်ရှင်။ (ဖြေဆိုမယ့် 𝐂𝐞𝐧𝐭𝐫𝐞 အလိုက် အချိန်ကတော့ အနည်းငယ်ကွာဟနိုင်ပါတယ်။)

ဒါ့အပြင် မှတ်ပုံတင်တာနဲ့ တစ်ခြား 𝐏𝐫𝐨𝐜𝐞𝐬𝐬 တွေအတွက် စာမေးပွဲမဖြေဆိုခင် မိနစ် (၃၀) ကြိုတင်ရောက်ထားဖို့ အရေးကြီးတာကိုလည်း မမေ့ပါနဲ့နော်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

📗English 4 Skills မှာမှ Reading နဲ့ Writing ပိုင်းကို အဓိကလေ့လာနေတယ်၊📗စာတွေ၊ ဆောင်းပါးတွေ ဖတ်ရတာလည်း ဝါသနာပါတယ်ဆို ချယ်အ...
17/09/2026

📗English 4 Skills မှာမှ Reading နဲ့ Writing ပိုင်းကို အဓိကလေ့လာနေတယ်၊

📗စာတွေ၊ ဆောင်းပါးတွေ ဖတ်ရတာလည်း ဝါသနာပါတယ်ဆို
ချယ်အခုပြောပြပေးသွားမယ့် Website လေးက အတော်အသုံးတည့်ပါတယ်နော်။

💁‍♀️သူကတော့ 𝐒𝐮𝐛𝐬𝐭𝐚𝐜𝐤 လို့ခေါ်ပါတယ်။ ကိုယ်က ဆရာမဆိုတော့ ကိုယ့်ကျောင်းသားတွေ စာဖတ်ဖို့
တွန်းရသလို ကိုယ်တိုင်ကလည်း လိုက်ရှာပေးရတဲ့ တာဝန်ရှိတာမို့ ရှာရင်းနဲ့ ဒါလေးကို တွေ့သွားတာပါ။

📌ဒီ Website ရဲ့ အဓိကအားသာချက်ကတော့ စာဖတ်ဝါသနာအိုးတွေအတွက် Content တွေ၊ Article တွေအများကြီးကို စိတ်တိုင်းကျဖတ်လို့ရတဲ့အပြင်ကိုမှ ကိုယ်တိုင်ပါ ဝင်ရေးလို့ရပြီး အဲဒီရေးထားတဲ့စာတွေကိုပါ တခြားစာဖတ်သူတွေကို Sharing လုပ်ပေးလို့ရတာပါ။

📌ဒါက တချက်။ နောက်တခုက ချယ်လိုက်ဖတ်ကြည့်သလောက် English Reading နဲ့ Writing ပိုင်းအတွက် အတော်လေးကို လေ့လာလို့ အဆင်ပြေတယ်။ ကိုယ်နှစ်သက်တဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာတွေ၊ ပညာရေးပိုင်းက ဆရာတွေပါရှိပြီး ဖတ်စရာ Theory, Methodology တွေလည်း အများကြီးပဲရယ်။ Paid Version ဆို အသံဖိုင်ပါ ပါပါတယ်။ အထူးသဖြင့် စာတမ်းရေးတဲ့သူတွေအတွက်တော့ Hidden Gem လို့ဆိုနိုင်ပါတယ်။

https://substack.com/login

✍🏻ဒါလေးက သူ့ထဲဝင်ရတဲ့𝐥𝐨𝐠 𝐢𝐧 လေး အကောင့် မိမိဘာသာဖွင့်ပြီးဝင်ဖတ်လို့ရပါတယ်
ကိုယ့်ရဲ့ 𝐬𝐨𝐜𝐢𝐚𝐥 𝐦𝐞𝐝𝐢𝐚 𝐚𝐜𝐜𝐨𝐮𝐧𝐭𝐬 တွေနဲ့ချိတ်ထားလို့ရတဲ့တွက် အများကြီးလည်း 𝐬𝐡𝐚𝐫𝐢𝐧𝐠 လုပ်လို့
ရပါတယ်။

Try ကြည့်နော်။

With Love,
Tr. Dara

#𝐒𝐮𝐛𝐬𝐭𝐚𝐜𝐤

အသက်ကြီးလာလို့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး၊စာမလုပ်နိုင်တော့ဘူးဆိုတာ တကယ်လား❓ အသက်ကြီးလာလို့ ငယ်ငယ်ကလို စာတွေမလုပ်နိုင်တော့...
16/09/2026

အသက်ကြီးလာလို့ မှတ်ဉာဏ်တွေမကောင်းတော့ဘူး၊
စာမလုပ်နိုင်တော့ဘူးဆိုတာ တကယ်လား❓

အသက်ကြီးလာလို့ ငယ်ငယ်ကလို စာတွေမလုပ်နိုင်တော့ဘူး၊ ဦးနှောက်မကောင်းတော့ဘူးဆိုတဲ့
စကားကို မကြာခဏကြားဖူးကြမှာပါ။ တစ်ချို့ဆို ကိုယ်တိုင်တောင် မကြိုးစားကြည့်တော့ဘဲ ဒီစကားတွေကို ယုံပြီး စာလုပ်ဖို့ လက်လျှော့လိုက်သူတွေတောင်ရှိပါတယ်။

❌ တကယ်တော့ ဒါဟာ မှားယွင်းနေတဲ့ အယူအဆတစ်ခုသာ ဖြစ်ပါတယ်။ သိပ္ပံနည်းကျပြောရမယ်ဆိုရင် လူကြီးတွေဟာ ကလေးတွေနဲ့ Learning Style မတူညီရုံသာဖြစ်ပြီး သင်ယူနိုင်စွမ်း ကျဆင်းသွားတာ မဟုတ်ပါဘူး။

Neuroplasticity (ခေါ်) ဦးနှောက်၏ အံ့မခန်း ပြောင်းလဲနိုင်စွမ်း

🧠ခေတ်သစ်သိပ္ပံပညာမှာ တွေ့ရှိထားတဲ့ Neuroplasticity သဘောတရားအရ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ
အသက်အရွယ်မရွေး အသစ်အဆန်းတွေကို သင်ယူနိုင်စွမ်း အပြည့်အဝရှိနေဆဲ ဖြစ်ပါတယ်။

🧠ဦးနှောက်ဟာ ကြွက်သားတစ်ခုနဲ့ တူပါတယ်။ Gym သွားပြီး လေ့ကျင့်ခန်းလုပ်လေ ကြွက်သားတွေ သန်စွမ်းလေဖြစ်သလိုအသစ်အဆန်းတွေ သင်ယူပြီး အသုံးချလေလေ ဦးနှောက်ဟာ ပိုမိုထက်မြက်လာလေ ဖြစ်ပါတယ်။

🧠အသစ်တစ်ခုကို လေ့လာသင်ယူလိုက်တိုင်း ဦးနှောက်ထဲမှာ ဆဲလ်အသစ်တွေ ထပ်မံချိတ်ဆက်သွားပြီး ခိုင်မာတဲ့ လမ်းကြောင်းသစ်တွေကို ဆက်လက်တည်ဆောက်ပေးပါတယ်။ ဒါဟာ အသက် ၄၀၊ ၅၀ အရွယ်မှာလည်း ဆက်လက်ဖြစ်ပေါ်နေတဲ့ သဘာဝလုပ်ငန်းစဉ်ပါ။

ဒါအပြင် လူကြီးတွေမှာ စာကို အလွတ်ကျက်မှတ်နိုင်စွမ်းအနည်းငယ် နှေးကွေးသွားနိုင်ပေမယ့် ကလေးတွေမလုပ်နိုင်တဲ့ ထူးခြားတဲ့ အားသာချက်တွေလည်း ရှိနေပါတယ်။

✅ဘဝအတွေ့အကြုံဖြင့် ချိတ်ဆက်သင်ယူခြင်း: လူကြီးတွေဟာ အသစ်သင်ယူလိုက်တဲ့ သီအိုရီတွေကို သူတို့ရဲ့ လုပ်ငန်းခွင်၊ နေ့စဉ်ဘဝ အတွေ့အကြုံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့အတွက် အကြောင်းအရာတစ်ခုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ပါတယ်။

✅ ခိုင်မာသော ရည်ရွယ်ချက်ရှိခြင်း: စာမေးပွဲအောင်ရုံသက်သက် မဟုတ်ဘဲ ဆိုတဲ့ တိကျတဲ့ ရည်ရွယ်ချက် (Purpose) ရှိတဲ့အတွက် သင်ယူမှုခရီးလမ်းမှာ ပိုပြီး ဇွဲရှိကြပါတယ်။

ဒါကြောင့် အသက်ကြီးနေပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ အသစ်အဆန်းတွေ သင်ယူမှုကို ဘယ်တော့မှ ရပ်တန့်မပစ်လိုက်ပါနဲ့။ သင့်ရဲ့ ဦးနှောက်က သင်ထင်ထားတာထက် အများကြီး ပိုစွမ်းဆောင်နိုင်ပါတယ်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

အခုချိန်ထိ ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့သေးဘူးဖြစ်နေတာလား❓ဆယ်ကျောက်သက်အရွယ်ကို ရောက်လာပေမယ့် ရောက်လာတဲ့အရွယ်ကို လက်ခံနိုင်...
15/09/2026

အခုချိန်ထိ ကိုယ့်ရဲ့ ဝါသနာကို ရှာမတွေ့သေးဘူးဖြစ်နေတာလား❓

ဆယ်ကျောက်သက်အရွယ်ကို ရောက်လာပေမယ့် ရောက်လာတဲ့အရွယ်ကို လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ လူငယ်အများစုမှာ ကြုံတွေ့ရလေ့ရှိတဲ့ Struggle တစ်ခုက
ကိုယ်ဘာဝါသနာပါမှန်း၊ အနာဂတ်မှာ ဘာဖြစ်ချင်မှန်းမသိတာပါပဲ။

တစ်ဖက်မှာ ကိုယ်နဲ့ရွယ်တူလူငယ်တစ်ချို့က ဝါသနာပါတဲ့အရာ၊ Career လမ်းကြောင်းတစ်ခုရှာတွေ့နေချိန်မှာ ကိုယ်က လောက်လောက်လားလားပြစရာ ဘာမှမရှိနေသေးတဲ့အခါ သူများနဲ့ နှိုင်းယှဉ်ပြီး ဖိအားဝင်လာတတ်ကြပါတယ်။

💁 ဒီလိုအချိန်မှာ ဂျပန်လူငယ်တွေ ကိုယ့်ရဲ့လမ်းကြောင်းမှန်ကို ရှာတွေ့ဖို့ကျင့်သုံးလေ့ရှိတဲ့ သဘောတရားလေးတစ်ခုရှိပါတယ်။ အင်မတန် Effective ဖြစ်ခဲ့တာမို့ အခုဆိုရင် ကမ္ဘာတစ်ဝှမ်းက လူငယ်တွေကြားမှာပါ နာမည်ကြီးတဲ့ သဘောတရားဖြစ်နေပါပြီ။

အဲဒါကတော့ Ikigai (အီကီဂိုင်း) ဆိုတဲ့ သဘောတရားလေးဖြစ်ပါတယ်။

👉 Ikigai (အီကီဂိုင်း) ဆိုတာ ဘာလဲ?

Ikigai ဆိုတာ ဂျပန်ဘာသာစကားအရ “မနက်မိုးလင်းတိုင်း ကိုယ့်ကို အိပ်ရာကနေ တက်တက်ကြွကြွ ထချင်လာစေမယ့် အသက်ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်” လို့ဆိုလိုပါတယ်။ အင်မတန်ရိုးရှင်ပေမယ့် အင်မတန်လည်း လေးနက်ပါတယ်။

Ikigai မှာ ဆုံမှတ် ၄ ခုရှိပါတယ်။

🎯၁။ သင်မြတ်နိုးတဲ့အရာ (What you love): အချိန်ကုန်လို့ ကုန်မှန်းမသိဘဲ ကမ္ဘာကြီးတစ်ခုလုံးကို မေ့ထားနိုင်လောက်အောင် လုပ်ရတာ ပျော်ရွှင်တဲ့အရာတွေက ဘာတွေလဲ။

🎯၂။ သင်ကျွမ်းကျင်တဲ့အရာ (What you are good at): သူများတွေထက် ပိုပြီး လွယ်လွယ်ကူကူနဲ့ သေသေချာချာ လုပ်နိုင်တဲ့ အရာတွေက ဘာတွေလဲ။

🎯၃။ ကမ္ဘာကြီးက လိုအပ်နေတဲ့အရာ (What the world needs): ကိုယ့်ရဲ့ ပတ်ဝန်းကျင် သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် အကျိုးရှိစေမယ့်အရာတွေက ဘာတွေလဲ။

🎯၄။ ဝင်ငွေရနိုင်မယ့်အရာ (What you can be paid for): အနာဂတ်မှာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ် ရပ်တည်လို့ရနိုင်တဲ့ အရာတွေက ဘာတွေလဲ။

ဒီအချက် ၄ ချက်ရဲ့ ဆုံမှတ်ကို ရှာဖွေရမှာဖြစ်ပါတယ်။

Ikigai နဲ့ ဘယ်လိုရှာဖွေကြမလဲ

📌မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပါ: စာရွက်တစ်ရွက်ယူပြီး အထက်ပါ မဏ္ဍိုင် (၄) ရပ်နဲ့ ကိုက်ညီမယ့် ကိုယ့်ရဲ့ လက်ရှိကျွမ်းကျင်မှုနဲ့ ဝါသနာတွေကို ရိုးရိုးသားသား ချရေးကြည့်ပါ။ ကိုယ့်ကိုကိုယ်တော့ လိမ်လို့မရပါဘူး။

📌အသစ်အဆန်းများကို စမ်းသပ်ကြည့်ပါ: ဝါသနာဆိုတာ အခန်းထဲမှာ ထိုင်တွေးနေရုံနဲ့ ပေါ်လာမှာမဟုတ်ပါဘူး။ Volunteer လုပ်ကြည့်တာ၊ သင်တန်းအသစ်တွေ တက်ကြည့်တာ၊ အတွေ့အကြုံသစ်တွေ ရှာဖွေတာမျိုး လက်တွေ့စမ်းလုပ်ကြည့်ပါ။

📌အချိန်ယူပါ: ကိုယ့်ရဲ့ Ikigai ကို ချက်ချင်းရှာမတွေ့လို့ စိတ်မပူပါနဲ့။ အသက်အရွယ်နဲ့ အတွေ့အကြုံပေါ်မူတည်ပြီး လူတွေရဲ့ စိတ်ဝင်စားမှုက ပြောင်းလဲတတ်တာ သဘာဝပါပဲ။ Ikigai ကို ရှာဖွေခြင်းဟာ သူတစ်ပါးနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတစ်ခုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်လေ့လာရတဲ့ ခရီးစဉ်တစ်ခုသာ ဖြစ်ပါတယ်။

အခုဖတ်နေတဲ့သူရော ကိုယ့်ရဲ့ Ikigai ကို ရှာတွေ့ပြီးပြီလား 💭

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

📝 IELTS Exam Review - 12 September 2026 (Mumbai CBT) IELTS ဖြေဆိုဖို့ပြင်ဆင်လေ့လာနေတဲ့ကလေးများအတွက် မိမိရဲ့ လိုအပ်ချက်တွ...
14/09/2026

📝 IELTS Exam Review - 12 September 2026 (Mumbai CBT)

IELTS ဖြေဆိုဖို့ပြင်ဆင်လေ့လာနေတဲ့ကလေးများအတွက် မိမိရဲ့ လိုအပ်ချက်တွေကို ပိုမိုထိရောက်စွာချဉ်းကပ်နိုင်ဖို့ရာ စက်တင်ဘာလ ၁၂ ရက်က စစ်ဆေးခဲ့တဲ့ IELTS (Mumbai CBT) ရဲ့ မေးခွန်းလေးတွေကို Review လုပ်ပေးလိုက်ပါတယ်။

🔰Reading (Passage ၃ ခု)

📌Passage 1: ခြကောင်များ၏ အသိုက်အုံ တည်ဆောက်ပုံ ဗိသုကာပညာ

Tips - အကြောင်းအရာများအတွက် အချိန်မဆွဲဘဲ Skimming/Scanning လုပ်ကာ နည်းပညာရပ်ဆိုင်ရာ အချက်အလက်များ (Facts) ကို မြန်မြန်ရှာဖွေပါ။

📌Passage 2: ဒစ်ဂျစ်တယ်ကိရိယာများကြောင့် ဖြစ်ပေါ်လာသော ငြီးငွေ့မှုဆိုင်ရာ စိတ်ပညာ

Tips - စိတ်ပညာဆိုင်ရာဆောင်းပါးများတွင် စာရေးသူ၏ အာဘော် (Writer's opinion) ကို အဓိကမေးလေ့ရှိသဖြင့် Yes/No/Not Given မေးခွန်းများကို ဂရုစိုက်ဖတ်ပါ။

📌Passage 3: Clarion-Clipperton ဇုန်အတွင်း ရေနက်ပိုင်း သတ္တုတူးဖော်ခြင်း

Tips - ရေနက်ပိုင်း သတ္တုတူးဖော်ခြင်းကဲ့သို့ ခေါင်းစဉ်များမှာ ခက်ခဲတဲ့ ဝေါဟာရတွေ ပါဝင်နိုင်တာမို့ စကားလုံးတစ်လုံးချင်းစီကို ဘာသာပြန်နေမယ့်အစား စာပိုဒ်ရဲ့ အထွေထွေအဓိပ္ပာယ် ကိုသာ အဓိက ကောက်ချက်ချပါ။

🔰Speaking ( Part 1 + Cue Card)

📌Part 1 Topics: ရာသီဥတုနှင့် အစားအစာအကြောင်းများ။

Tips - ရိုးရှင်းတဲ့ မေးခွန်းတွေဖြစ်တာမို့ ယေဘုယျဆန်ဆန်မဖြေဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝ
အတွေ့အကြုံလေးတွေနဲ့ ထည့်သွင်းဖြေဆိုလို့ရပါတယ်။

📌Cue Card: မိမိနှစ်သက်သဘောကျသော ရိုးရာအစားအစာတစ်ခုအကြောင်း ရှင်းပြရန်

Tips - မိမိနှစ်သက်သော ရိုးရာအစားအစာအကြောင်း ပြောရာမှာ အရသာ၊ အနံ့၊ ပြင်ဆင်ပုံစတဲ့ အာရုံခံစားမှု များကို အသက်ဝင်အောင် ထည့်ပြောပါ။ ကိုယ့်အတွက် ဘာကြောင့် အထူးခြားဆုံးဖြစ်ရသလဲဆိုတဲ့ခံစားချက်ကို ပေါ်လွင်အောင်ရှင်းပြဖို့လည်း မမေ့နဲ့နော်။

📌Part 3 (Follow-up) : ခွဲခြမ်းစိတ်ဖြာရမယ့် မေးခွန်းများအတွက် အတိတ်နှင့် ပစ္စုပ္ပန်ကို နှိုင်းယှဉ်ပြပြီး ခိုင်လုံသော အကြောင်းပြချက်နှင့် ဥပမာများ ပေး၍ ဆွေးနွေးပါ။

🔰Academic Writing Task 1

📌မေးခွန်းပုံစံ: မြေပုံ နှိုင်းယှဉ်ချက် (Map Comparison)။

📌အကြောင်းအရာ: ၂၀၁၈ ခုနှစ်ရှိ ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းဖွဲ့စည်းပုံနှင့် ၂၀၂၅ ခုနှစ်တွင် အလိုအလျောက်စနစ်သုံး ဂေဟစနစ်နှင့် သဟဇာတဖြစ်သော ထောက်ပံ့ပို့ဆောင်ရေးဂိတ်အဖြစ် ပြောင်းလဲသွားပုံ မြေပုံနှစ်ခုကို နှိုင်းယှဉ်ရေးသားရန် ဖြစ်ပါတယ်။

📌Tips - ၂၀၁၈ ဆိပ်ကမ်းဟောင်းမှ ၂၀၂၅ အလိုအလျောက် ဂေဟစနစ်သုံး ဂိတ်အဖြစ် ပြောင်းလဲသွားသည့် အဓိကအပြောင်းအလဲများကို Overview မှာ မဖြစ်မနေထည့်ရေးပါ။ လမ်းကြောင်းသစ်များ၊ အဆောက်အအုံသစ်များနဲ့ ဖျက်သိမ်းလိုက်သောအရာများကို Prepositions of place သုံးပြီး နှိုင်းယှဉ်ပြပါ။

🔰General Training Writing Task 1

📌မေးခွန်းပုံစံ: Formal Letter ရေးသားခြင်း။

📌အကြောင်းအရာ: နိုင်ငံတကာ Freelancer များအတွက် သင်တန်းပြုလုပ်ရန် Retreat Center
မန်နေဂျာထံ စာရေးရမည်။

📌ပါဝင်ရမည့်အချက်များ: ခန်းမလူဆံ့မှုနှင့် နည်းပညာပိုင်းဆိုင်ရာများ၊ တည်းခိုခွင့်/အင်တာနက်/အစားအသောက်ပါဝင်သော Package ရှိမရှိ၊ နှင့်
Booking ဖျက်သိမ်းခြင်းဆိုင်ရာ စည်းမျဉ်းများကို မေးမြန်းရမည် ဖြစ်ပါသည်။

📌Tips - Retreat Center မန်နေဂျာထံ ရေးရမှာဖြစ်လို့ Formal tone ကို အသုံးပြုဖို့လိုပြီး မေးခွန်းမှာ တောင်းဆိုထားတဲ့အချက် ၃ ချက်ကို စာပိုဒ်တစ်ပိုဒ်ချင်းစီ ခွဲ၍ ရှင်းလင်းစွာ တောင်းဆိုပါ။

🔰Writing Task 2 (Essay)

📌အကြောင်းအရာ: မြို့ကြီးများတွင် သာမန်ကားလမ်းများကို E-scooter နှင့် လျှပ်စစ်ဘီးတစ်လုံးတပ်စက်ဘီး (Electric unicycles) ကဲ့သို့ ကိုယ်ပိုင်လျှပ်စစ်ယာဉ်များအတွက် သီးသန့်လမ်းအဖြစ် ပြောင်းလဲသတ်မှတ်လာကြသည်။

📌မေးခွန်း: ဤသို့ပြောင်းလဲမှု၏ ကောင်းကျိုးများသည် ဆိုးကျိုးများထက် ပိုများနေသလားဆိုတာကို ဆွေးနွေးရမှာဖြစ်ပါတယ်။

📌Tips- Advantages outweigh Disadvantages လားဆိုပြီး မေးထားတာမို့ ကိုယ့်ရဲ့ ရပ်တည်ချက် ကို Introduction မှာ တိတိကျကျ ဖော်ပြရပါမယ်။ ကောင်းကျိုးများကို Body 1 မှာရေးပါ။ ဆိုးကျိုးများကို Body 2 မှာရေးပါ။ မိမိထောက်ခံသည့်ဘက်က ပိုမိုအားသာကြောင်း အကြောင်းပြချက်ဖြင့် ပြန်လည်အနှစ်ချုပ်ပါ။

ဆရာနဲ့ တစ်ဦးချင်းထိရောက်စွာသင်ယူပြီး မျှော်မှန်းထားတဲ့ Achievement တွေကို အချိန်တိုအတွင်း ရယူချင်သူများအတွက် Language House With Dara မှာ One On One Class လေးတွေ ရှိပါတယ်နော်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

IELTS Reading မဖြေခင်သိထားသင့်တဲ့ Reading Test Format နဲ့ Tips များ 📚မနေ့က Listening အတွက် Test Format နဲ့ သိထားရမယ့်အချ...
12/09/2026

IELTS Reading မဖြေခင်သိထားသင့်တဲ့ Reading Test Format နဲ့ Tips များ 📚

မနေ့က Listening အတွက် Test Format နဲ့ သိထားရမယ့်အချက်တွေကို ပြောပြပေးပြီးပြီဆိုတော့
ဒီနေ့မှာ Reading ပိုင်းအတွက် ဖြစ်ပါတယ်။ IELTS Reading မှာလည်း အမှတ်ကောင်းကောင်းရဖို့ဆိုရင် စာတွေအများကြီးဖတ်နိုင်ရုံနဲ့ မလုံလောက်ဘဲ မေးခွန်း Format ကို သေချာနားလည်ထားဖို့နဲ့ အချိန်ကို စီမံခန့်ခွဲတတ်ဖို့က အင်မတန်အရေးကြီးပါတယ်။

ဒီနေ့တော့ IELTS လေ့လာနေသူတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့
Reading Test Format နဲ့ Strategies လေးတွေကို မျှဝေပေးလိုက်ပါတယ်။

📌Reading Test Format

Reading မှာတော့ မေးခွန်းပေါင်း ၄၀ ကို ၆၀ မိနစ် (၁ နာရီ) အတွင်းဖြေဆိုရမှာပါ။
စာပိုဒ် ၃ ခု ပါဝင်မှာဖြစ်ပြီး Academic နဲ့ General Training ကွဲပြားမှုပေါ်မူတည်ပြီး Reading texts တွေ၊ ခက်ခဲမှုအဆင့်နဲ့ Task အမျိုးအစားတွေ မတူညီကြပါဘူး။ အဓိကကတော့ ကိုယ်လိုချင်တဲ့ အချက်အလက်ကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျရှာဖွေနိုင်ဖို့ အရေးကြီးပါတယ်။

📌Question Types ကို နားလည်အောင်လုပ်ပါ

မေးခွန်းအမျိုးအစားပေါ် မူတည်ပြီး ချဉ်းကပ်ရမယ့်ပုံတွေကလည်း မတူပါဘူး။

👉Find the Answer (Multiple Choice, Short Answer စသည်): မေးခွန်းထဲက Keyword ကိုရှာ > စာပိုဒ်ထဲမှာ နေရာရှာ > အနီးနားက စာကြောင်းတွေကို ဖတ် > အဖြေကိုရွေးပါ။ သတိထားရမှာက စာသားအတိုင်း ထပ်တူလိုက်မရှာဘဲ Paraphrase တွေကို ရှာဖို့ပါပဲ။

👉Matching Information: Heading တွေ ယှဉ်တွဲရရင် စာပိုဒ်ရဲ့ (Main Idea) ကို ရှာပါ။ Information တွေ ယှဉ်တွဲရရင်တော့ Specific Detail ကို ရှာရမှာပါ။

👉Check the Information (True/False/Not Given): ဒီမေးခွန်းတွေ ဖြေတဲ့အခါမှာ အရေးကြီးဆုံး Rule ကတော့ ကိုယ့်ရဲ့ ပြင်ပဗဟုသုတကို လုံးဝ မသုံးဖို့ပါပဲ။ အဖြေက စာပိုဒ်ထဲမှာ ပေးထားတဲ့ အချက်အလက်တွေပေါ်မှာပဲ အပြည့်အဝ အခြေခံရပါမယ်။

📌 ဘယ်လို ထိထိရောက်ရောက် လေ့ကျင့်မလဲ?

Test တွေချည်းပဲ အများကြီး ထိုင်ဖြေနေတာထက် စနစ်တကျ လေ့ကျင့်ဖို့ လိုပါတယ်။

🚩မဖြေဆိုခင် (Before): မေးခွန်းအမျိုးအစားတွေကို လေ့လာပါ။
Skimming နဲ့ Scanning လုပ်နည်းတွေကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ။

🚩ဖြေဆိုနေစဉ် (During): အမြဲတမ်း အချိန်ကန့်သတ်ချက်ထားပြီးဖြေပါ။ မေးခွန်းတစ်ခုတည်းမှာ အချိန်အကြာကြီး မဖြုန်းပါနဲ့။

🚩ဖြေဆိုပြီးနောက် (After): အဖြေတိုက်ပြီး မှားသွားရင် ဘာလို့မှားတာလဲ ဆိုတာကို သေချာပြန်သုံးသပ် လုပ်ပါ။ ဝေါဟာရမသိလို့လား? နေရာရှာတာ မှားသွားလို့လား? Paraphrase လုပ်ထားတာကို မသိလိုက်လို့လား? အချိန်မလောက်လို့လား? စသဖြင့် ကိုယ့်အားနည်းချက်ကို ပြန်ရှာပြီး ပြင်ဆင်ပါ။

ဒီအချက်လေးတွေကို သေချာလေ့ကျင့်သွားမယ်ဆိုရင် IELTS Reading မှာ ကိုယ်မှန်းထားတဲ့ Band Score ရဖို့ သေချာပေါက် အထောက်အကူဖြစ်စေမှာပါ။

ဆရာနဲ့ တစ်ဦးချင်းထိရောက်စွာသင်ယူပြီး မျှော်မှန်းထားတဲ့ Achievement တွေကို အချိန်တိုအတွင်း ရယူချင်သူများအတွက် Language House With Dara မှာ One On One Class လေးတွေ ရှိပါတယ်နော်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

🎧 IELTS Listening မဖြေခင်နဲ့ Practice မလုပ်ခင် မဖြစ်မနေ သိထားရမယ့် အချက်များ 🎧မုဆိုးဆိုတာ သားကောင်ကို အမဲမလိုက်ခင် ကိုယ်...
11/09/2026

🎧 IELTS Listening မဖြေခင်နဲ့ Practice မလုပ်ခင် မဖြစ်မနေ သိထားရမယ့် အချက်များ 🎧

မုဆိုးဆိုတာ သားကောင်ကို အမဲမလိုက်ခင် ကိုယ်အမဲလိုက်မယ့်တောကို သေချာလေ့လာထားဖို့ လိုသလိုပဲ
IELTS Listening မေးခွန်းတွေကို မဖြေခင်မှာလည်း Test Format နဲ့ သတိထားရမယ့် အချက်တွေကို သေချာနားလည်ထားမှ Target Band Score ရဖို့ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။

💁ဒါကြောင့် ဒီနေ့မှာတော့ Listening Test အတွက် မဖြစ်မနေ သိထားရမယ့် Structure တွေနဲ့ အမှတ်ပိုရစေမယ့် Tips တွေကို ပြောပြပေးထားတယ်နော်။

1️⃣ Listening Test Format

ကြာချိန်မိနစ် ၃၀ ရှိပြီး မေးခွန်းစုစုပေါင်း ၄၀ ပါဝင်တဲ့ အပိုင်း ၄ ပိုင်းပါရှိမှာဖြစ်ပြီး

📌Part 1: Everyday Conversation (ဥပမာ - ဟိုတယ်အခန်း ဘိုကင်တင်ခြင်း)
📌 Part 2: Everyday Monologue (ဥပမာ - Tour Guide တစ်ယောက်မှ သတင်းအချက်အလက် ပေးခြင်း)
📌 Part 3: Academic Discussion (ဥပမာ - ကျောင်းသားများ Project အကြောင်း ဆွေးနွေးခြင်း)
📌 Part 4: Academic Lecture (ဥပမာ - တက္ကသိုလ် သင်ခန်းစာ ပို့ချချက်) တို့ဖြစ်ပါတယ်။ Audio Recording ကို တစ်ကြိမ်တည်းသာ ဖွင့်ပြမှာဖြစ်လို့ သေချာအာရုံစိုက်ထားဖို့ အရေးကြီးပါတယ်။

2️⃣ သိထားရမယ့် မေးခွန်းအမျိုးအစား (၅) မျိုးနဲ့ ဖြေသင့်တဲ့ပုံစံ

1. Multiple Choice
👉 Option တွေကို ကြိုဖတ်ထားပါ။ ဘယ်အချက်အလက်ကို သေချာနားထောင်ရမလဲဆိုတာ ကြိုတင်မှန်းဆပါ။

2. Matching
👉 Option တွေကြားထဲက အဓိက ကွဲပြားခြားနားချက်တွေကို မျဉ်းတားထားပါ။

3. Map / Plan / Diagram Labelling
👉 "opposite", "next to", "on the left of" စတဲ့ လမ်းကြောင်းပြ စကားလုံးတွေကို သတိထားနားထောင်ပါ။

4. Form / Note / Table / Flow-chart Completion
👉 ကွက်လပ်မှာ ဖြည့်ရမယ့် အဖြေအမျိုးအစား (Name, Number, Noun စသည်) ကို ကြိုတင် ခန့်မှန်းပါ။

5. Sentence Completion
👉 ကွက်လပ် ဘေးပတ်ဝန်းကျင်က စကားလုံးတွေကို ဂရုစိုက်ပါ။ ဘယ်လို အဖြေမျိုး လာမလဲဆိုတာ အချက်ပြလေ့ရှိပါတယ်။

3️⃣ Practice မလုပ်ခင် သတိထားရမယ့် ယေဘုယျအချက်များ

🖇️Paraphrasing ကို သတိပြုပါ: Audio ထဲမှာ မေးခွန်းအတိုင်း တသဝေမသိမ်း ပြောပြလေ့မရှိပါဘူး။ (ဥပမာ - "The price increased" အစား "It became more expensive" ဟု သုံးနှုန်းခြင်း)

🖇️Accent အမျိုးမျိုး ယဉ်ပါးပါစေ: British, Australian, American စတဲ့ Accent မျိုးစုံ ပါဝင်နိုင်ပါတယ်။

🖇️Spelling မှန်ပါစေ: Correct Answer ကို Spelling မှားရေးပါကလည်း အမှတ်မရနိုင်ပါဘူး။

🖇️အဖြေတစ်ခု လွတ်သွားရင်လည်း စိတ်မပူပါနဲ့: Audio က ဆက်သွားနေမှာဖြစ်လို့ မရလိုက်တဲ့ အဖြေမှာပဲ ရပ်မနေဘဲ နောက်မေးခွန်းတစ်ခုဆီ ချက်ချင်း ဆက်သွားပါ။

Instruction ကို သေချာဖတ်ပါ: "NO MORE THAN TWO WORDS" လို့ ရေးထားရင် စကားလုံး ၃ လုံး ရေးလို့ မရပါဘူး။

4️⃣ Before, During & After Strategy

📖 BEFORE (မဖြေခင်):
မေးခွန်းတွေကို ကြိုဖတ်ပါ ➔ Keywords တွေကို မျဉ်းတားပါ ➔ ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေကို ခန့်မှန်းပါ။

📖 DURING (ဖြေဆိုနေစဉ်):
Paraphrases တွေကို အာရုံစိုက်ပါ ➔ Speaker ပြောတာကို စနစ်တကျ လိုက်ပါ ➔ အဖြေလွတ်သွားပါက ချက်ချင်း ရှေ့ဆက်သွားပါ။

📖AFTER (ဖြေဆိုပြီးချိန်):
Spelling, Grammar နဲ့ Word Limits တွေကို ပြန်စစ်ပါ ➔ အမှားများကို ပြန်လည် ဆန်းစစ်ပါ။

ဆရာနဲ့ တစ်ဦးချင်းထိရောက်စွာသင်ယူပြီး မျှော်မှန်းထားတဲ့ Achievement တွေကို အချိန်တိုအတွင်း ရယူချင်သူများအတွက် Language House With Dara မှာ One On One Class လေးတွေ ရှိပါတယ်နော်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

စာလုပ်ဖို့ Moti လိုနေတယ်ဆိုလို့ 😇𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စု...
10/09/2026

စာလုပ်ဖို့ Moti လိုနေတယ်ဆိုလို့ 😇

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

⏰ 2026 ကုန်ဖို့ အချိန် ၄ လပဲ ကျန်တော့တယ်ဆိုတော့ ကိုယ့်ရဲ့ Study Goals အတွက် အချိန်ထပ်မဆွဲသင့်တော့ဘူးနော်။ ❗️ နှစ်မကုန်ခင...
09/09/2026

⏰ 2026 ကုန်ဖို့ အချိန် ၄ လပဲ ကျန်တော့တယ်ဆိုတော့
ကိုယ့်ရဲ့ Study Goals အတွက် အချိန်ထပ်မဆွဲသင့်တော့ဘူးနော်။ ❗️

နှစ်မကုန်ခင် ကျန်ရှိနေသေးတဲ့အချိန်တောအတွင်း

ကိုယ့်ရဲ့ Study aboard Journey အတွက် IELTS, Duolingo, TOEFL တို့ကို
အထိရောက်ဆုံးပြင်ဆင်ချင်တယ်၊ ✨

ကိုယ့်ရဲ့ General English Level ကို နောက်တစ်ဆင့်မြှင့်တင်ပြီး
2026 ကို အကျိုးရှိရှိပိတ်သိမ်းချင်တဲ့ကျောင်းသားများအတွက် ✨

📢 Language House With Dara မှာ အချိန်တိုအတွင်း ရလဒ်ကောင်းတွေပိုင်ဆိုင်နိုင်အောင်
ဆရာနဲ့တစ်ဦးချင်း ထိရောက်စွာသင်ကြားပေးသွားမယ့် One On One တန်းခွဲများ ရှိလို့နေပါပြီ။

📌အခြေခံအဆင့်မှစပြီး စနစ်တကျပြင်ဆင်ချင်ထားချင်တာလား?
📌အခြေခံပြီးဆုံးထားလို့ ရောက်နေတဲ့နေရာကနေ ဆက်တက်ချင်တာလား?
📌စာမေးပွဲရက်ကပ်နေလို့ အနီးကပ် Intensive ပြင်ဆင်ချင်တာလား?
မိမိတို့ တက်ရောက်ချင်တဲ့အတန်းပုံစံအတိုင်း ညှိနှိုင်းတက်ရောက်နိုင်ပါတယ်။

🔰 𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 အတန်းတွေမှာ ဘယ်လို အားသာချက်တွေရှိလဲ?

✅စာသင်သက်အတွေ့အကြုံပြည့်ဝပြီး နှစ်စဉ် High Achiever များစွာကို မွေးထုတ်ပေးနေတဲ့
𝐓𝐫.𝐃𝐚𝐫𝐚 နဲ့ တဦးချင်းအနီးကပ် ထိထိရောက်ရောက် သင်ကြားရမယ်။

✅ ကျောင်းသားရဲ့ လိုအပ်ချက်‌နဲ့ 𝐆𝐨𝐚𝐥 ပေါ်မူတည်ပြီး သီးသန့် 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘇𝗲𝗱 𝗖𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 ရေးဆွဲသင်ကြားပေးတယ်။

✅လိုအပ်တဲ့ 𝐂𝐨𝐮𝐫𝐬𝐞𝐛𝐨𝐨𝐤, 𝐚𝐮𝐝𝐢𝐨 𝐚𝐧𝐝 𝐭𝐞𝐬𝐭 နဲ့ အခြား Martiels များကိုလည်း ကျောင်းဘက်မှ အပြည့်အဝထောက်ပံ့ပေးတယ်။

✅အချိန်တိုအတွင်း အမြန်ဖြေဖို့လိုသူများ၊ လပြတ် 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐓𝐫𝐲 ချင်သူများအတွက် တောင်းဆိုတဲ့ 𝐏𝐚𝐜𝐞 အတိုင်း သင်ကြားပြင်ဆင်နိုင်မယ်။

✅𝐄𝐧𝐠𝐥𝐢𝐬𝐡 စာနဲ့ ပတ်သက်သမျှ တန်းခွဲအစုံနီးပါးကို အခြေခံမှစ လက်တွေ့သုံးနိုင်တဲ့အထိ
တနေရာတည်းမှာပဲ အစ၊ အဆုံးပြင်ဆင်နိုင်မယ်။

✅အတန်းချိန်ကိုလည်း ကျောင်းသားအားလပ်ချိန်နဲ့ညှိနှိုင်းပေးတာဖြစ်လို့ အလုပ်များနေလို့၊ ကိုယ်ပိုင်အချိန်ဇယားတွေရှိလို့ သင်တန်းတက်ဖို့ အချိန်အခက်အခဲရှိသူများပါ 𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 ဖြစ်စွာ တက်ရောက်နိုင်မှာပါ။

‎
ဘယ်သူတွေတက်ရောက်သင့်လဲ?

✔️ဆရာနဲ့ တဦးချင်းထိထိရောက်ရောက်သင်ကြားချင်သူများ
✔️အချိန်တိုအတွင်း အမြန်တတ်မြောက်ဖို့ လိုအပ်နေသူများ
✔️အားနည်းနေတဲ့အပိုင်းတွေကို ထိထိရောက်ရောက်ဖြည့်တင်းချင်သူများ
✔️𝐁𝐚𝐧𝐝 𝐒𝐜𝐨𝐫𝐞 မြင့်မြင့်မှန်းထားတဲ့သူတွေနဲ့
✔️မိမိအားလပ်ချိန်မှာပဲ 𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 ဖြစ်ဖြစ်သင်ကြားလိုသူများအတွက် အထူးသင့်တော်ပါတယ်။

တက်ရောက်နိုင်မဲ့ အတန်းတွေကတော့

✔️𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝟒 𝐒𝐤𝐢𝐥𝐥𝐬 (𝐀𝐥𝐥 𝐋𝐞𝐯𝐞𝐥)
✔️𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠
✔️𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐖𝐫𝐢𝐭𝐢𝐧𝐠/ 𝐒𝐤𝐞𝐭𝐜𝐡 𝐖𝐫𝐢𝐭𝐢𝐧𝐠
✔️𝐈𝐄𝐋𝐓𝐒
✔️𝐃𝐮𝐨𝐥𝐢𝐧𝐠𝐨
✔️𝐓𝐎𝐄𝐅𝐋 အစရှိတဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 တန်းခွဲစုံစုံလင်လင်ကို အခြေခံမှစပြီး 𝐌𝐚𝐬𝐭𝐞𝐫𝐲 ဖြစ်တဲ့အထိ တက်ရောက်နိုင်ပါတယ်။

👉🏼ဖွင့်ထားတဲ့အထဲမပါပေမယ့် တစ်ခြား
ကိုယ်တက်ချင်တဲ့ 𝐄𝐧𝐠𝐥𝐢𝐬𝐡 အတန်းတွေရှိရင်လည်း
𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ လာရောက်ပြောဆိုပြီး
𝐀𝐝𝐣𝐮𝐬𝐭 လုပ်နိုင်ပါတယ်ရှင်။ ‌‎
‎

🔰‌‎သင်ကြားပေးမဲ့ပုံစံကတော့ -

🔸 ကျောင်းသား 𝐥𝐞𝐯𝐞𝐥 & 𝐭𝐚𝐫𝐠𝐞𝐭 𝐬𝐜𝐨𝐫𝐞 အလိုက် အတန်းများအားလုံးကို 𝐓𝐮𝐞 𝐭𝐨 𝐒𝐮𝐧 အနည်းဆုံး (၂)ရက်၊ အများဆုံး (၅) ရက် ရွေးပြီး
တက်‌ရောက်နိုင်ပါတယ်။

🔸သင်ကြားပေးမယ့်ရက်တွေမှာ လိုအပ်တဲ့
𝐍𝐨𝐭𝐞, 𝐂𝐨𝐮𝐫𝐬𝐞, 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞 တွေနဲ့ အသေးစိတ်
ဂရုစိုက် သင်ကြားသွားမှာဖြစ်ပြီး ကျန်ရက်တွေမှာတော့ 𝐬𝐞𝐥𝐟 𝐬𝐭𝐮𝐝𝐲, 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်ဖိုအတွက်
𝐏𝐥𝐚𝐧 တွေချပေးမှာပါ။

📌 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 လေးတွေက အမြဲလိုလို ၁ လကြိုပြည့်လေ့ရှိတာမို့ ကိုယ်လိုချင်တဲ့အချိန်လေးရချင်တယ်ဆိုရင် အစောဆုံးကြိုတင်အပ်နှံထားဖို့တော့ လိုပါလိမ့်မယ်။

𝐎𝐧𝐞 𝐎𝐧 𝐎𝐧𝐞 (𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠) အတွက် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုပါက 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာ အသေးစိတ်စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီရှင်။

#𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞𝐇𝐨𝐮𝐬𝐞𝐖𝐢𝐭𝐡𝐃𝐚𝐫𝐚 #𝐓𝐫𝐃𝐚𝐫𝐚 #𝐒𝐩𝐞𝐜𝐢𝐚𝐥𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐂𝐨𝐚𝐜𝐡𝐢𝐧𝐠 #𝐎𝐧𝐞𝐨𝐧𝐨𝐧𝐞

Address

Yangon
Tamwe
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959968905980

Website

Alerts

Be the first to know and let us send you an email when Language House With Dara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Language House With Dara:

Shortcuts

Share