Best Baby Training School

Best Baby Training School

Share

I want you to choose my training school to make a good choice for your child

Photos from Best Baby Training School's post 09/06/2024

မိဘတိုင်းလေ့လာထားရမည့်ကလေးအသက်အရွယ်လိုက်ဖွံ့ဖြိုးမှုမှတ်တမ်းများနှင့်ပံ့ပိုးပေးနိုင်သည့်နည်းလမ်းများ✍🏻🗒️

09/06/2024

ART AND CRAFT 🎨🖍️

Photos from Best Baby Training School's post 03/05/2023

Community Helper 🏥🏦🎖️
Crd Kidpid

19/07/2022

Kg and Grade 1ကိုသင်ကြားပေးမည်ဖြစ်ပါသည်အသေးစိတ်သိရှိလိုပါက page messenger boxတွင်မေးမြန်းနိုင်ပါတယ်ရှင့်😊 တာမွေမြို့နှင့်အနီးတဝိုက်အိမ်လိုက်သင်ပေးပါတယ် အိမ်လည်းလာသင်လို့ရပါတယ်ရှင့်😊

Photos from Best Baby Training School's post 19/07/2022

Learn 🧑‍🏫

Crd.

Photos from Best Baby Training School's post 23/06/2022

What is it?🏫
items
Crd. Kidpid

Photos from Best Baby Training School's post 23/06/2022

What is it?

Crd.Kidpid

04/03/2022

Coding For kid😊🤓

👧👦သားသားမီးမီးတို့အတွက် game/stories/animations တွေကို ကိုယ်တိုင်ဖန်တီးနိုင်ရန် Coding for kids သင်တန်းလေးကို free လေ့လာကြရအောင်နော်

သင်တန်းမှာလေ့လာရမှာကတော့

💻💻Coding ဆိုတာဘာလဲ??

💻💻Coding သင်လို့ဘာတွေရလာမှာလဲ ??

🤔🤔ကလေးတွေ တကယ်ရော game/storiesတွေ

ဖန်တီးနိူင်မှာလား??? အစရှိတဲ့ အကြောင်းအရာတွေကို

ရှင်းလင်းသင်ပြပေးသွားမှာပါ

📱📱Screen time ကိုလျော့ချချင်ပေမဲ့ ကလေးတွေရဲ့ အတွေးအခေါ် တီထွင်ဖန်တီးနိူင်မှုကို

Coding လေးတွေရေးပြီးအကျိုးရှိစေရန်အတွက် ရည်ရွယ်ပါတယ်။

Coding/ programming ကိုဘယ်အရွယ်ကစပြီးလေ့လာလို့ရလဲဆိုရင်
အသက်(5-16)နှစ်ထိ coding/programmigလေ့လာလိုရပါတယ်

💻💻Zoom ကနေ သင်ပေးမှာဖြစ်ပါတယ်

💕💕free coding classမှာ joinမယ်ဆိုရင်ဒါလေးတွေလုပ်ပေးပါနော်

1️⃣Page ကို Like & Follow လုပ်ပေးထားရပါမယ်

2️⃣ဒီPostကို သူငယ်ချင်း(၂) ဦးကို Tag တွဲ၍ share ပေးရပါမယ်

1️⃣2️⃣ပြီးရင် Screenshot နှင့်အတူ📩📩Page messengerမှာ

ကလေးအမည်✍✍

အသက် ✍✍တို့ကိုပို့ပေးထားရပါမယ်

သင်တန်းအချိန်

🗓5.3.2022 ⏰⏰Sat -(1:00-2:00)Pm

🗓6.3.2022 ⏰⏰Sun-(1:00-2:00)Pm တွင်သင်ကြာ

ပေးသွားမှာဖြစ်ပါတယ်

Photos from Best Baby Training School's post 30/01/2022

What Is It?🤔

11/12/2021

ကြင်နာတတ်သော ကလေးများ ပျိုးထောင်ရအောင်…
----------------------------------------------------
ကလေးတွေကို လူသားတိုင်းမှာ ရှိသင့်တဲ့ အရည်အချင်းတွေ၊ တန်ဖိုးထားမှုတွေကို သင်ကြားပြသပေးရမှာ ကျွန်မတို့တာဝန်ပဲမဟုတ်လား။ ဒါမှ လူသားဆန်တဲ့ လူသားတွေအဖြစ် လောကကို အလှဆင်နိုင်မှာပေါ့။ ကြင်နာတတ်ခြင်းဟာ လူသားဆန်ခြင်းရဲ့ အခြေခံ စံသတ်မှတ်ချက်ဖြစ်တဲ့အတွက် ကလေးတွေကို ကြင်နာတတ်တဲ့သူတွေအဖြစ် ကြီးပြင်းခွင့်ရအောင် ကူညီပေးသင့်ပါတယ်။

မူကြိုမှာကတည်းက သူတပါးကို ကူညီတတ်သူ၊ ကြင်နာတတ်သူတွေဟာ အသက်(၃၀)ကျော်ရင် အခြားသူတွေထက် ပိုပြီးအောင်မြင်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ IQ (ဉာဏ်ရည်) မြင့်တာအပြင် EQ (စိတ်ထား)မြင့်မားတာကလည်း အရမ်း အရေးပါပါတယ်။ ငယ်စဉ်မှာကတည်းက ကလေးတွေကို ကြင်နာအောင် သင်ပေးထားခြင်းဟာ လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းဖို့ အထောက်အပံဖြစ်စေရုံမကဘူး၊ အောင်မြင်တဲ့သူအဖြစ်ရပ်တည်နိုင်အောင်ပါ ကူညီပေးနိုင်မှာပါ။

ကြင်နာတတ်တဲ့ကလေးတွေဖြစ်ဖို့ ကျွန်မတို့ဘယ်လိုကူညီနိုင်မလဲ။

ခံစားချက်တွေကို နားလည်ပါစေ - ကလေးတွေဟာ ဝမ်းနည်းခြင်း၊ ရှက်ရွံ့ခြင်း၊ သိမ်ငယ်ခြင်းစတဲ့ ခံစားချက်တွေအပြင် ပျော်ရွှင်ခြင်း၊ ဂုဏ်ယူမိခြင်း၊ ကျေနပ်ခြင်းစတဲ့ ခံစားချက်တွေကို သိဖို့လိုပါတယ်။ ကောင်းတဲ့ ခံစားချက်တွေ၊ မကောင်းတဲ့ ခံစားချက်တွေကို သေချာ သိမှ ကိုယ့်ရဲ့ လုပ်ရပ်တွေက ကောင်းတဲ့ ခံစားချက်ဖြစ်စေလား၊ မကောင်းတဲ့ ခံစားချက်ဖြစ်စေလားဆိုတာကို ချိတ်ဆက်စဉ်းစားနိုင်မှာပါ။ ဒါကြောင့် သူတို့ကိုယ်တိုင် နေ့စဉ် ခံစားရတဲ့ ခံစားချက်လေးတွေကို မေးပါ။ သူတို့နဲ့ စကားပြောပါ။ ကိုယ့်ရဲ့ ခံစားချက်လေးတွေကို သူတို့နားလည်အောင် လွယ်ကူစွာ ရှင်းပြပေးပါ။

ကြင်နာခြင်း စကားဝိုင်း - မိသားစုတွေ တစ်နေ့ကို တစ်ခါစုံပြီး ထမင်းစားတဲ့အခါ၊ စကားတွေ ပြောတဲ့အခါ တစ်နေ့တာအတွင်းမှာ ကောင်းတာဘာတွေ လုပ်ခဲ့လဲဆိုတာ မျှဝေပေးပါ။ ဒီနေ့ ဘယ်သူ့ကို ကူညီခဲ့လဲ၊ ဒီနေ့ စိတ်ကိုချမ်းသာစေတဲ့ အလုပ်ဘာလုပ်ခဲ့လဲစတဲ့ မေးခွန်းတွေကို မေးပြီး ဆွေးနွေးပါ။ ကလေးတွေက ပြောပြသလို လူြကြီးတွေကိုယ်တိုင်က ကြုံတွေခဲ့တဲ့ ကောင်းတဲ့အရာတွေ၊ တွေးမိတဲ့ ကောင်းတဲ့ အတွေးတွေကို မျှဝေပါ။ ကလေးတွေဟာ သူတို့ရဲ့ ကြင်နာခြင်းလုပ်ရပ်တွေ၊ အတွေးတွေကို ဂုဏ်ယူစွာ ပြောခွင့်ပေးပါ။ ကလေးတွေမျှဝေတဲ့အခါ သေချာ နားထောင်ပေးပါ၊ အသိမှတ်ပြုပေးပါ။ သေချာနားထောင်ခြင်းနဲ့ အသိမှတ်ပြုခြင်းဟာလည်း ကြင်နာခြင်းအပြုအမူပဲ မဟုတ်လား။

ကြင်နာခြင်းကို ကြင်နာစွာသင်ပေးပါ - ကလေးတွေဟာ ဘယ်လိုနည်းနဲ့ ကြင်နာခြင်းကို ပြကြမလဲ။ ဘယ်လိုပုံစံနဲ့ နေထိုင်ပြုမူဆောင်ရွက်ရင် ကြင်နာတတ်သူတွေဖြစ်ကြမလဲဆိုတာလည်း သိဖို့လိုပါတယ်။ ကလေးတွေကို စာအုပ်စာပေတွေကနေတဆင့် ဘယ်လုပ်ရပ်ကကောင်းတယ်၊ ဘယ်လုပ်ရပ်က မကောင်းဘူးဆိုတာ သင်ပြပေးနိုင်ပါတယ်။ စာအုပ်ပါ အကြောင်းအရာတွေကို ပြန်ဆွေးနွေးတာမျိုးတွေ လုပ်နိုင်သလို ကောင်းတဲ့အပြုအမူတွေ အကြောင်းကို သီးသန့်ဆွေးနွေးတာမျိုးလည်း လုပ်ပါ။ ဥပမာ - အလှည့်ကျ ကစား တယ်ဆိုတာ ဘာကို ပြောတာလဲဆိုတာ ကလေးကို သိအောင် သီးသန့် သင်ပေးတာမျိုးပေါ့။ သင်ပေးတဲ့အခါမှာ ဆူငေါက်ပြီး မသင်ဖို့၊ ကလေးမကောင်းတာတွေကြည့်ဘဲ ဖိမပြောဖို့ သတိပြုပါ။

အမြဲကြင်နာဖို့ဟာ ခက်ခဲကြောင်း အသိမှတ်ပြုပေးပါ - ကျွန်မတို့လို့ သာမန် လူပုဂ္ဂိုလ်တွေမှာ အမြဲကြင်နာဖို့ ခက်ခဲပါတယ်။ တခါတလေ ဒေါသထွက်တယ်၊ တခါတလေ မနာလိုဖြစ်တယ်၊ တခါတလေ ရလိုတယ်။ ဒါတွေကို အတတ်နိုင်ဆုံး လျော့ချဖို့ ကြိုးစားဖု့ိလိုပေမယ့် အမြဲ ရှောင်လွှဲဖို့ မလွယ်နိုင်ဘူးဆိုတာ ကျွန်မတို့ နားလည်ဖို့လိုပါတယ်။ ကလေးတွေလည်း အမြဲ ကြင်နာတတ်ရမယ်ဆိုတဲ့ စည်းကမ်းထားတာထက် အတတ်နိုင်ဆုံး ကြိုးစားပြီး ကြင်နာကြမယ်၊ ကြင်နာတတ်တဲ့ အပြုအမူလုပ်တိုင်းလည်း အသိမှတ်ပြုပေးမယ်ဆိုတာမျိုး အသိပေးထားပါ။ ကျွန်မတို့အနေနဲ့လည်း ကောင်းတာတွေ ကြိုးစားလုပ်ဆောင်နေရာက မကောင်းတဲ့အရာတစ်ခုကို မထင်မှတ်ဘဲ လုပ်ဆောင်လိုက်တဲ့အခါ ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ နောက်ထပ်ဒီလို မဖြစ်အောင် ဘယ်လို လုပ်မလဲ၊ အခုထပ်ပိုပြီးဘယ်လိုကောင်းအောင်နေမလဲဆိုတာကို ပိုပြီး စဉ်းစားစေချင်ပါတယ်။

ကျွန်မတို့တွေကလေ ကလေးတွေကို ကြင်နာတတ်အောင် သင်ပေးဖို့ အမြဲ စိတ်အားထက်သန်ကြတယ်။ ကျွန်မတို့ကိုယ်တိုင်ကရော ကြင်နာဖို့ စိတ်အားထက်သန်နေပြီလား။ ကျွန်မတို့ရဲ့ ကလေးတွေက ကျွန်မတို့ နေပုံ ထိုင်ပုံ သွားပုံ လာပုံ အကုန်လုံးကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေတာ၊ သင်ယူနေတာနော်။ ကျွန်မတို့ဟာ ကလေးတွေကို ပိုကောင်းတဲ့ ကမ္ဘာကြီးလက်ဆောင်ပေးချင်ရင် ကျွန်မတို့တွေလည်း အချင်းချင်း ကြင်နာမှုတွေနဲ့ ရှေ့ဆက်မှ ဖြစ်ပါမယ်။ ကလေးတွေအတွက် ကျွန်မတို့ရဲ့ ကောင်းမွန်သော ကြင်နာမှုတွေကို လူအများနဲ့ မျှဝေကြရအောင်။

ကြင်နာမှုများနှင့် အေးချမ်းနိုင်အောင် စွမ်းဆောင်နိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Want your school to be the top-listed School/college in Tamwe?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Tamwe