T2Z Academy - Taikkyi

T2Z Academy - Taikkyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from T2Z Academy - Taikkyi, Language school, Taikkyi.

19/07/2025

August လဆန်းမှာ level အသစ်စမဲ့ အတန်း‌ေတွရှိပါတယ်

(1)Super minds level 3
CEFR A1
အတန်း ၂တန်းအသစ်စမှာပါ
တစ်တန်းက G3,G4တက်နေတဲ့ကလေး‌ေတွနဲ့တက်ရမှာပါ
နောက်တစ်တန်းက G5, G6 တက်နေတဲ့ ကလေးတွေနဲ့ တက်ရမှာပါ

(2)Super minds level 4
CEFR A1
ဒီအတန်းက G5,G6 တက်နေတဲ့ ကလေးတွေနဲ့တက်ရမှာပါ

(3)Super minds level 5
CEFR A2
ဒီအတန်းက G7,G8 တက်နေတဲ့ကလေးတွေနဲ့တက်ရမှာပါ

တက်မယ်ဆိုရင် level test ဖြေရပါမယ်
ကျောင်းမှာတက်တဲ့ အတန်းက ဘယ်အတန်းဖြစ်ဖြစ် level test မှာရတဲ့ level ပဲတက်ရမှာဖြစ်ပါတယ်
ပုံမှန်ဆို Saturday and Sunday တက်ရပါတယ်
ဝါတွင်းကာလမှာတော့ ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့တက်ရပါတယ်
အတန်းချိန်အတိအကျကတော့ level test ဖြေပြီးမှ သိရမှာဖြစ်ပါတယ်
သင်တန်းစုံစမ်းဖို့ 09960891245 ကိုဖုန်းဆက်ပြီး စုံစမ်းလို့ရပါတယ်ရှင့်

https://www.facebook.com/share/p/1BUvP6tx99/
15/04/2025

https://www.facebook.com/share/p/1BUvP6tx99/

"ကူရမှာပေါ့" ဆိုပြီး
ကျွန်တော် ငလျင်ဘေးအတွက်ကူညီဖို့ အလှူခံနေတာကိုသိသိချင်း
"(၁၀) သိန်း" ပါဝင်ကူညီလှူဒါန်းပေးတဲ့
တိုက်ကြီးမြို့"T2Z Academy" ရဲ့ Founder
ဆရာမ Dr. သင်းသင်းဇော်ဆီက ဒီနေ့အလှူငွေလက်ခံခဲ့ပါတယ်ဗျ🙏

အစ်မက Dr. So Pyay Page အတွက် စီနီယာဆရာဝန်တစ်ယောက်အနေနဲ့ အမြဲဆေးပညာအကြံကောင်းတွေပေးနေတဲ့သူပါ။
အခုလိုမျိုးပါဝင်ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ✨

ပျော်အောင်သင်တာ အပျော်သင်တာ မဟုတ်ပါ ခုရက်ပိုင်း ကျောင်းသားသစ်တွေလာအပ်တော့ မိဘတွေနဲ့ တွေ့ရ စကားပြောရပါတယ်မတူညီတဲ့ အတွေးအခ...
28/02/2025

ပျော်အောင်သင်တာ အပျော်သင်တာ မဟုတ်ပါ

ခုရက်ပိုင်း ကျောင်းသားသစ်တွေလာအပ်တော့
မိဘတွေနဲ့ တွေ့ရ စကားပြောရပါတယ်
မတူညီတဲ့ အတွေးအခေါ်တွေ ကြားရတာပေါ့နော်
ကလေးကို ဆူရိုက်ပြီး သင်မှ၊ကလေးကကြောက်မှ စာရမယ်ထင်နေတဲ့ မိဘအုပ်စုလဲရှိတယ်ပေါ့နော်
Grammar မှ grammar ၊ grammar သည်သာ အခြေခံ ၊ grammar ပဲသင်ချင်တာ ဆိုတဲ့ မိဘအုပ်စုလည်း ရှိပါတယ်

အရင်ဆုံး ကလေးတွေကို ဘာလို့ English စာတတ်စေချင်တာလဲ စဉ်းစားကြည့်မယ်နော်
(၁)English က တစ်ကမ္ဘာလုံး သုံးတဲ့ ဘာသာစကားဖြစ်တဲ့ အတွက် ဘယ်နိုင်ငံသွားသွား၊ဘာလူမျိုးနဲ့ပဲတွေ့တွေ့ communicate လုပ်နိုင်မယ်
(၂)လူကြီးဖြစ်လို့ လုပ်ငန်းခွင်ဝင်တဲ့အခါ English ကျွမ်းရင် တစ်ပန်းသာမယ်
(၃) ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို English လို လေ့လာနိုင်မယ်
ဥပမာ ကိုယ်သိချင်တာ ဘာဖြစ်ဖြစ်
Google တို့၊ YouTube တို့မှာ ရိုက်ရှာလို့ရတယ်
English လို နားလည်ရင် အကုန်‌လေ့လာလို့ရတယ်
(၄) နိုင်ငံခြားသွား ကျောင်းတက်မယ် ၊ scholar လျှောက်မယ်ဆို IELTS, TOEFL,SAT စသဖြင့် ဖြေရမယ်
General English ပိုင်ထားရင် exam preparation ပြန်လုပ်ပြီး ဖြေရုံပဲ
(၅) ရုပ်ရှင်တွေ မြန်မာစာတန်းထိုးမပါပဲ ကြည့်နိုင်မယ်😝

ဒါကတော့ ယေဘူယျခြုံပြီး ပြောပြတာပါ
အဲ့တော့ ကိုယ့်ဘဝလွယ်ကူဖို့၊တိုးတက်ဖို့အတွက်
English ကို လေ့လာပြီးရင် အသုံးချနိုင်ဖို့လိုပါတယ်
အသုံးချရမဲ့ လက်နက်တစ်ခုပါ
ဒါကြောင့် အရေး၊အဖတ်၊အကြား၊အပြောစွမ်းရည်လေးမျိုး four skills စလုံးကို တစ်ပြိုင်တည်း သင်ဖို့လိုပါတယ်
Grammar ချည်းပဲ သင်ရုံ မလုံလောက်ပါဘူး
နောက်ပြီး learning process ကလဲ fun ဖြစ်ဖို့ ၊ပျော်စရာကောင်းဖို့ လိုပါတယ်
Fun learning က
ကလေးတွေရဲ့ မှတ်ဉာဏ်၊အာရုံစိုက်နိုင်စွမ်းနဲ့ စိတ်အားထက်သန်မှုကို တိုးတက်စေပါတယ်
ဒါမှ ရေရှည်လေ့လာဖို့၊ကျွမ်းကျင်အဆင့်အထိရောက်ဖို့ သူတို့ကိုယ်တိုင် motivation ရှိမှာပါ
အပြစ်ပေးတဲ့နည်းက short term motivation ရေတိုခဏပဲ အလုပ်ဖြစ်နိုင်ပါတယ်
Fun learning ဖြစ်ဖို့ ဆရာမကြိုးစားရတာက
ကလေးတွေကို ဆူလိုက်၊ရိုက်လိုက်တာထက် ပိုခက်ခဲပြီး ပိုကြိုးစားရပါတယ်
ဒါပေမဲ့ ကလေးတွေ English စာမကြောက်ဖို့၊ပျော်ဖို့၊ intrinsic motivation ရဖို့ အစွမ်းကုန်ကြိုးစားပေးနေပါတယ်
အဲ့လိုပျော်အောင်သင်ပေးလို့ အပျော်သင်တဲ့ကျောင်းတော့ မဟုတ်ပါဘူး
တကယ် အတန်းမှန်မှန်တက် ရေရှည်တက်ရင် ကလေးတွေ အများကြီး တိုးတက်ပါတယ်

ကိုယ်ပြောခဲ့တဲ့ အကြောင်းအရာတွေက ကိုယ့်ထင်မြင်ချက်သက်သက်မဟုတ်ပါဘူး
ပညာရေးစိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီးပြောတာပါနော်
Evidence based ပါ
(ပုံထဲက စာအုပ်တွေက ကိုယ်ဖတ်တဲ့ပညာရေးစိတ်ပညာစာအုပ်တစ်ချို့ပါ)

Students learn better when they have fun.
T2Z Academy
28/2/2025

March လ ပထမပတ်မှာစမဲ့ အတန်းသစ်လေးတွေ အချိန်ဇယား ထွက်ပါပြီနွေရာသီမှာ ကြားရက်ဖြစ်ပေမဲ့ ကျောင်းတက်ရင် စနေ၊ တနင်္ဂနွေ အချိန်...
14/02/2025

March လ ပထမပတ်မှာစမဲ့ အတန်းသစ်လေးတွေ အချိန်ဇယား ထွက်ပါပြီ
နွေရာသီမှာ ကြားရက်ဖြစ်ပေမဲ့ ကျောင်းတက်ရင် စနေ၊ တနင်္ဂနွေ အချိန်တွေ ပြောင်းပေးမှာပါ
👉Four skills အတန်းတွေက
ကလေးရဲ့အသက်ရယ်၊အတန်းရယ်နဲ့ ကိုက်ညီမဲ့ အတန်းကို
ကျောင်းအပ်တဲ့အခါ Level test ဖြေကြည့်ပြီးမှ ပြောလို့ရမယ်နော်
👉KG,G1,G2 တက်မဲ့ ငါးနှစ်၊ခြောက်နှစ်၊ခုနစ်နှစ်ကလေးတွေကတော့ Oxford phonics အတန်း တက်ရမှာပါ
Oxford phonics level 1,2,3,4,5 ဆက်တိုက်တက်သွားပြီး တစ်နှစ်ခွဲခန့်ကြာပါမယ်
👉Jolly phonics ကတော့ Four skills level 1 မစခင် foundation သဘောသင်တာပါ
G3,G4,G5 တက်မဲ့ကလေးတွေလို့ မှန်းထားလို့ Jolly phonics book 1+2+3 အပြတ်သင်မှာပါ
Phonics သင်ထားမှ four skills က ပိုအဆင်ပြေတာမို့ပါ
👉Grammar သီးသန့်အတန်းက အလယ်တန်းအတန်းကြီးနဲ့အထက်တန်းတွေအတွက်ရည်ရွယ်တာပါ
Essential grammar in use စာအုပ်နဲ့အခြေခံက ပြန်သင်ပေးမှာမို့ grammar မရတဲ့ အတန်းကြီးကလေးတွေအတွက် အဆင်ပြေပါတယ်
👉Essay writing အတန်းက Build & Grow ကထုတ်တဲ့
Write right 1,2,3
Write right paragraph to essay 1,2,3 စာအုပ်တွေကို အခြေခံပြီး
ကိုယ့်ဘာသာ essay ရေးတတ်တဲ့ အထိသင်ရမှာပါ
ဘာပဲဖြစ်ဖြစ် အသေးစိတ်သိချင်ရင် messenger ကဖြစ်ဖြစ်၊phone ဆက်ပြီးဖြစ်ဖြစ်မေးလို့ ရပါတယ်
February 24,25,26,27 မှာ လာအပ်ရင်းနဲ့လည်း ဆွေးနွေးလို့ရပါတယ်ရှင့်
T2Z Academy
14/2/2025

ကျောင်းသားအသစ်တွေအတွက် အတန်းချိန်အသစ်တွေထွက်ပါပြီ🗣️အတန်းချိန်ခန့်မှန်းလို့ရအောင် Grade တွေထည့်ရေးပေးထားပါတယ်နော်Level te...
13/02/2025

ကျောင်းသားအသစ်တွေအတွက်
အတန်းချိန်အသစ်တွေထွက်ပါပြီ🗣️
အတန်းချိန်ခန့်မှန်းလို့ရအောင် Grade တွေထည့်ရေးပေးထားပါတယ်နော်
Level test ဖြေပြီးမှ သေချာသိရမှာပါ
Level test ကို ဒီလနောက်ဆုံးပတ်
Feb 24 , 25, 26, 27 မှာစစ်ပေးပါမယ်နော်
သိချင်တာရှိရင် ကျောင်းအပ်ရင်းနဲ့ မေးလို့ရပါတယ်ရှင့်✌️

သင်တန်းမှာ လက်ရှိသုံးတဲ့ course book က Super Minds series ပါLevel ၇ခုရှိပါတယ်CEFR level နဲ့ကြည့်မယ်ဆိုရင်တော့Super Minds...
11/02/2025

သင်တန်းမှာ လက်ရှိသုံးတဲ့ course book က
Super Minds series ပါ
Level ၇ခုရှိပါတယ်
CEFR level နဲ့ကြည့်မယ်ဆိုရင်တော့
Super Minds starter,level 1, level 2 သုံးအုပ်က
Pre A1
Super Minds level 3, level 4 နှစ်အုပ်က A1
Super Minds 5 စာအုပ်က A2
Super Minds 6 စာအုပ်က A2+(towards B1) လို့ သတ်မှတ်ထားပါတယ်
Super Minds က Cambridge ထုတ်စာအုပ်တွဲပါ
အခုက 2nd edition ပါ
အပေါ်မှာ ပြောထားတဲ့ level တွေကိုကြည့်ရင်
Pre A1 မှာ စာအုပ်၃အုပ်
A1 မှာ ၂အုပ်
A2 မှာ ၁အုပ် ဆိုတော့ level မြင့်လာချိန်မှာ သင်ရတာ ပိုနည်းသွားသလိုဖြစ်နေပါတယ်
တကယ်ကတော့ foundation အခြေခံကို သေချာအချိန်ပေးသင်ရတာပါ
အခြေခံခိုင်ထားရင် နောက်ပိုင်း Level တွေက
ပိုပိုမြန်သွားပါတယ်
သင်ထောက်ကူအတွက် audio, video တွေလည်း
အများကြီး support ထားပါတယ်
Unit တိုင်းမှာ
Grammar အတွက် language focus,
Vocab အတွက် chant,
4 skills လုံး cover ဖြစ်တဲ့ song,story အပြင်
Critical thinking အားကောင်းဖို့ Think and learn lesson တွေပါ ထည့်ထားတာပါ
Character တွေ၊ storyline တွေနဲ့ fun learning ဖြစ်အောင် လုပ်ထားပေးလို့ ကလေးတွေ အရမ်းသဘောကျကြပါတယ်
ကျောင်းသင်ရိုးစာအုပ်၊အရင်သုံးခဲ့တဲ့ Let's go တို့ထက် audio, video တွေအများကြီးပါပါတယ်
Level တစ်ခုနဲ့တစ်ခု ၊စာအုပ်တစ်အုပ်နဲ့တစ်အုပ်၊unit တစ်ခုနဲ့တစ်ခုကို သေသေချာချာချိတ်ဆက်ထားတဲ့ သင်ရိုးမို့လို့ Super Minds ကိုရွေးချယ်လိုက်တာပါ

အဲ့လို ချိတ်ဆက်ထားတဲ့အတွက်
Level အစက စတက်တဲ့ကလေးတွေက အဆင်ပြေ‌ေပမဲ့လည်း
အတန်းကြီးမှရောက်လာပြီး language exposure အရမ်းနည်းထားခဲ့တဲ့ ကလေးတွေအတွက်က
level ကျော်သွားမိရင်
စတက်ခါစမှာ နည်းနည်းခက်ပါတယ်
ဆရာမသင်တာ ထိုင်နားထောင်ရုံ၊စာလိုက်ကူးရုံ၊ကွက်လပ်ဖြည့်ရုံ၊စာလုံး‌ေပါင်းအလွတ်ကျက်ရုံမဟုတ်ပဲ ကိုယ်တိုင်စဉ်းစားရ၊ပြောရ၊ရေးရ လုပ်ရတာကို ချက်ချင်း ကျင့်သားမရကြပါဘူး
အဲ့တော့ ဒီနှစ်အသစ်လာတက်ကြမဲ့ ကလေးတွေက
နွေရာသီမှာ ကျောင်းသားဟောင်းတွေနဲ့ ချက်ချင်းရောတက်လိုက်ရင် အဆင်‌မပြေဖြစ်နိုင်ပါတယ်
Saturday, Sunday နှစ်ရက်မှာကလည်း အတန်းချိန်က ပြည့်နေတာမို့ နွေရာသီမှာ အတန်းသစ်တွေက
Weekdays ကြားရက်တွေပဲဖြစ်ပါမယ်နော်
ကျောင်းသားအသစ်တွေပဲ သက်သက်သင်ပြီးမှ သူတို့နဲ့ ကိုက်ညီမဲ့ Saturday,Sunday အတန်းကို ကျောင်းတက်ရင် ပြန်ထည့်ပေးပါမယ်
အတန်းချိန်အတိအကျထွက်ရင် တင်ပေးမယ်နော်
Stay tuned!
T2Z Academy
11/2/2025

ဘာသာစကား‌ေတွေလေ့လာတဲ့အခါမှာ level တွေခွဲထားပါတယ် English လည်း အတူတူပဲပေါ့နော်အကြမ်းအားဖြင့် သတ်မှတ်မယ်ဆိုရင် A -Elementa...
10/02/2025

ဘာသာစကား‌ေတွေလေ့လာတဲ့အခါမှာ level တွေခွဲထားပါတယ်
English လည်း အတူတူပဲပေါ့နော်
အကြမ်းအားဖြင့် သတ်မှတ်မယ်ဆိုရင်
A -Elementary
B -Intermediate
C -Advanced ဆိုပြီး သုံးဆင့်ရှိပါတယ်
A,B,C ကိုမှ ထပ်ပြီး
Pre A1
A1 ,A2
B1 ,B2
C1 ,C2 ခွဲပါတယ်
CEFR levels လို့ခေါ်ပါတယ်
Cambridge exam ဖြေကြတဲ့
အသက်‌‌၆နှစ်က‌ေန ၁၂နှစ်ကြား
young learners ကလေးတွေမှာတော့
Pre A1 level ကို starters
A1 level ကို movers
A2 level ကို flyers လို့ နာမည်ခေါ်ပါတယ်
ဆယ်ကျော်သက် teenagers ကလေးတွေမှာ
A2 level ကို KET
B1 level ကို PET
B2 level ကို FCE လို့ နာမည်တွေပေးထားပါတယ်
မြန်မာ‌ေကျာင်း သင်ရိုးနဲ့ ချိန်ကိုက်မယ်ဆိုရင်တော့
Grade 6 မှာ A1
Grade 7 မှာ A2
Grade 8 မှာ A2+
Grade 9 မှာ B1
Grade 12 ပြီးဆုံးချိန်မှာ B2 လို့ မျှော်မှန်းထားတယ် ဆိုပါတယ်
မူလတန်း KG ကနေ Grade 5 က
Pre A1 to A1 ဆိုတဲ့ သဘောပါ
အဲ့တာဆို KG ကနေ Grade 12 အထိအကြာကြီးကို
B2 ပဲလား
Advanced မရောက်ဘူးလားလို့မေးစရာရှိပါတယ်
တကယ်သာ B2 level
(Upper intermediate)
ဒေါင်ဒေါင်မြည်တယ်ဆိုရင်ကို တော်တော်ကျွမ်းကျင်နေပါပြီ
တက္ကသိုလ်တက်၊academic စာတွေဖတ်၊professional လုပ်ငန်းခွင်ဝင်နိုင်တဲ့အဆင့်ပါ
ကျောင်းပြီးမှ English စာသင်တန်းပြန်တက်ကြတဲ့အခါ level test တွေဖြေကြရတယ်
A1 , A2 ကနေ ပြန်တက်ကြရတယ်
ဘာလို့လဲ?
အောက်သက်မကြေ foundation မခိုင်ခဲ့လို့ပါ
ကလေးတွေအတွက်က
English speaking environment လဲ မဟုတ်၊
Language exposure ရဖို့ အချိန်သေချာမပေးနိုင်ရင်တော့ ဒီလို နှစ်နဲ့ချီပြီး အချိန်ပေးမှ တတ်မြောက်မှာဖြစ်ပါတယ်
ဒါဟာ ခါးသက်တဲ့ အမှန်တရားပါ
ဖြတ်လမ်းမရှိပါဘူး
ဒါပေမဲ့ A2 level ကိုကျွမ်းကျွမ်းကျင်ကျင်ပြီးမြောက်အောင်မြင်တယ်ဆိုရင်ကို
နေ့စဉ်ထမင်းစားရေသောက် ဆက်သွယ်ပြောဆို
နိုင်ငံခြားသွား shopping ထွက်၊ တော်ရုံအလုပ်လုပ်တာလောက်တော့ ရပါပြီ
ဒါကတော့ English level နဲ့ပတ်သတ်ပြီး
သိထားရအောင် ရေးလိုက်တာပါ
မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို တကယ်ပဲ English ကျွမ်းကျင်စေချင်ရင် ဇွဲရှိဖို့၊စိတ်ရှည်ဖို့၊
အမြဲမပြတ်လေ့လာဖြစ်အောင် support ပေးဖို့ လိုပါတယ်နော်👌
သင်တန်းမှာ လက်ရှိသင်နေတဲ့ Super Minds level တွေနဲ့ပတ်သတ်ပြီးတော့ နောက် postမှာ
ရှင်းပြပေးပါမယ်ရှင့်
Stay tuned!
T2Z Academy
10/2/2025

ဒီလဆန်းထဲမှာ သင်တန်းစုံစမ်းတဲ့သူတွေများပါတယ်KG,G1,G2 တွေက အခုလက်ခံလို့မရတော့ပါဘူးသူတို့က phonics level 1ကစသင်မှာမို့ နွေ...
07/11/2024

ဒီလဆန်းထဲမှာ သင်တန်းစုံစမ်းတဲ့သူတွေများပါတယ်
KG,G1,G2 တွေက အခုလက်ခံလို့မရတော့ပါဘူး
သူတို့က phonics level 1ကစသင်မှာမို့ နွေရာသီအတန်းသစ်စမှ တက်လို့ရပါမယ်
G3တွေလဲ အတူတူပါပဲ
4 skills level 1 က အတန်းသစ်စဖို့ မရှိသေးလို့ပါ
G4,G5 တွေကတော့ အခု November လအတွင်းမှာ Level 2 တစ်တန်း
Level 3 တစ်တန်း အသစ်ကပြန်စဖို့ရှိပါတယ်
Level test ဖြေကြည့်ပြီး ရတဲ့ အတန်းထဲ ထည့်ပေးလို့ရပါတယ်
အကယ်၍ level 1 ကစတက်ဖို့လိုမယ်ဆိုရင်တော့
နွေရာသီမှ တက်လို့ရမှာပါ
ဒါဆို G6 and above ကတော့ level test ဖြေကြည့်လို့ အခုလက်ရှိ Level 4အတန်းတွေထဲ ထည့်ပေးလို့ရရင် ထည့်ပေးပါမယ်
မရရင် နွေရာသီအတန်းသစ်ကို စောင့်ရပါမယ်
English 4 skills သေချာတက်ဖူးတယ်
Pre intermediate level ပြီးပြီးသားဆိုရင်တော့ နောက်နှစ်လလောက်ဆို intermediate level ကူးမဲ့ အတန်းတစ်တန်းရှိပါတယ်
A2 to B1 အကူး လာတက်လို့ရပါတယ်

အစကတော့ ကျောင်းသားအသစ်လက်မခံတော့ဘူးဆိုပြီး လာစုံစမ်းတိုင်း တန်းငြင်းနေရတော့ အားနာလို့ အကျိုးအကြောင်း ရှင်းပြတာပါ
ဆရာမ ကြီးကျယ်တာမဟုတ်ပါဘူး
Level အစကနေစသင်မှ ကျောင်းသားအတွက် အဆင်ပြေမှာမို့လို့ပါ
ပြီးတော့ grammar တစ်ခုပဲသင်တာမဟုတ်ပါဘူး
4 skills သင်တာမို့ vocabulary, grammar, pronunciation အပါအဝင် Listening, Speaking, Reading, Writing skills လေးခုလုံးကို တစ်ပတ်နှစ်ရက်နဲ့ သင်ရတာမို့ level တစ်ခုကို အနည်းဆုံး ကိုးလကနေ တစ်နှစ်ကြာပါတယ်
Level တစ်ခုစီတိုင်းမှာ အတန်းနှစ်တန်းခွဲထားပြီး ကလေးတွေရဲ့ အသက်အရွယ်၊စာသွားတဲ့နှုန်းပေါ်မူတည်ပြီး စာပြီးတာ ကွာသွားလို့ပါ
အခုလက်ရှိ အတန်း ၉တန်းရှိပါတယ်
Saturday Sunday ဆို မနက်၇နာရီကနေ ညနေ၆နာရီအထိ ကြားထဲမှာ ထမင်းစားချိန် နာရီဝက်ပဲ နားပြီး သင်ရတာမို့ အတန်းစုံစမ်းချင်တယ်၊level test ဖြေချင်တယ်ဆိုရင် ဖုန်းကြိုဆက်ပြီးမှ ချိန်းတဲ့အချိန် လာဖြေရင် ပိုကောင်းပါတယ်
အချိန်ပေးပြီး သေချာစစ်ပေးချင်လို့ပါ
စိတ်ဝင်စားပေးကြလို့လဲ အရမ်းကို ကျေးဇူးတင်ပါတယ်ရှင့်

Phonics သင်တဲ့အခါ ချန်လှပ်ထားလို့ မရတာကတော့ sight words ပဲဖြစ်ပါတယ်Phonics သင်ရခြင်းရဲ့ ရည်ရွယ်ချက်က reading fluency ရဖိ...
14/10/2024

Phonics သင်တဲ့အခါ ချန်လှပ်ထားလို့ မရတာကတော့ sight words ပဲဖြစ်ပါတယ်
Phonics သင်ရခြင်းရဲ့ ရည်ရွယ်ချက်က reading fluency ရဖို့(စာဖတ်သွက်ဖို့)ဖြစ်တာကြောင့်
Sight words တွဲမသင်ပဲ စာဖတ်တတ်ဖို့၊စာဖတ်သွက်ဖို့ မဖြစ်နိုင်ပါဘူး

👉Sight words ဆိုတာဘာလဲ?

Sight words လို့ပြောရင် နှစ်ပိုင်းရှိပါတယ်

🔸တစ်မျိုးက phonics နည်းနဲ့ အသံထွက်လို့ မရတဲ့ စကားလုံးတွေ
မြန်မာစကားမှာဆို ရေးတော့အမှန် ဖတ်တော့အသံ
ဆိုပြီး ရှိသလိုမျိုးပဲ အသံထွက်နဲ့ စာလုံးပေါင်းကွာနေတာမျိုးပါ
ဥပမာ come, eight, through, could

🔸နောက်တစ်မျိုးကတော့ High frequency words လို့ခေါ်တဲ့ စာကြောင်း၊စာပုဒ်တွေထဲမှာ ခဏခဏပါတဲ့ စကားလုံးတွေ
ဥပမာ it, is,the,and,to,do,he,my,you, your

👁️‍🗨️အဲ့တော့ sight words သင်တဲ့အခါ
သူ့နာမည်အတိုင်း စကားလုံးကို မြင်တာနဲ့တန်းမှတ်မိပြီး ဖတ်တတ်အောင် သင်ရမှာပါ
(Sight=အမြင်အာရုံ)👁️
ဒါမှ ကလေးက တဖြည်းဖြည်းနဲ့ စာဖတ်မြန်လာပြီး
Reading comprehension ဘက်ကို အာရုံစိုက်နိုင်မှာပါ👏

အခု Oxford phonics သင်နေတဲ့ ကလေးတွေ sight words သင်နေရပါပြီ
စသင်တဲ့အချိန်မှာတော့ ကျင့်သားရဖို့နဲ့ ကျွမ်းကျင်လာဖို့ အချိန်ပေးရတယ်၊စိတ်ရှည်ရပါတယ်
ထပ်ခါတလဲလဲလေ့ကျင့်ဖို့ လိုပါတယ်
Level 2 (Short vowels) စသင်တဲ့အချိန် blending စလုပ်တော့လဲ သူတို့လေးတွေ blend တတ်ဖို့ သုံးပတ်လောက် အချိန်ယူလိုက်ရပါတယ်
ရသွားတဲ့ အချိန်မှာတော့ နောက်ပိုင်းတွေ ကိုယ်သင်စရာတောင်မလိုတော့ပဲ သူတို့ဘာသာ အသံထွက်ဖတ်တတ်သွားတာပါပဲ👏
ဘာသာစကားသင်ယူတဲ့အခါ ပင်ကိုဉာဏ်ကောင်းတာ မကောင်းတာထက် နည်းစနစ်မှန်ကန်တာ၊ဇွဲရှိတာ၊လွယ်လွယ်နဲ့ လက်မလျှော့တာ၊တစိုက်မတ်မတ်ကြိုးစားတာ၊ဘာသာစကားနဲ့ အဆက်မပြတ် ထပ်တလဲလဲ အထိအ‌ေတွ့များတာက ပိုအရေးကြီးပါတယ်

English ဘာသာစကားလေ့လာတာကလဲ တစ်ပတ်နှစ်ရက်ပဲ သင်တန်းက သင်ပေးနိုင်တာမို့ နှစ်နဲ့ချီပြီး စွဲစွဲမြဲမြဲတက်ရ ကြိုးစားရတာမျိုးပါ
တက်လိုက် မတက်လိုက်လုပ်လို့မရပါဘူး
အဲ့တော့ အတန်းမှန်မှန်တက်ကြပါ
(လိုရင်းကတော့ အဲ့တာပါပဲ)😁

T2Z Academy
14/10/2024

သားသားမီးမီးတို့ကို  English လိုသွက်သွက်လက်လက်ပြောတတ်စေချင်တယ်ဆိုရင် English ဘာသာစကားကိုနားရည်ဝအောင် ဖေဖေမေမေတို့က အိမ်မ...
05/10/2024

သားသားမီးမီးတို့ကို English လိုသွက်သွက်လက်လက်ပြောတတ်စေချင်တယ်ဆိုရင်
English ဘာသာစကားကိုနားရည်ဝအောင် ဖေဖေမေမေတို့က အိမ်မှာ ဖန်တီးပေးလို့ရတယ်နော်🤠
English သီချင်းတွေဖွင့်ပြတာ၊🎶🎼🎵
English ပုံပြင်တွေနားထောင်ခိုင်းတာ၊🎧
English ကာတွန်းကားတွေကြည့်ခိုင်းတာမျိုးပေါ့
ဒါပေမဲ့ အဲ့လို ယေဘူယျ အကြံဥာဏ်ပေးလိုက်ရုံနဲ့လည်း အဆင်မပြေကြဘူး၊တကယ်မလုပ်ဖြစ်ကြဘူး
ဘာလို့လဲဆိုတော့ အခုခေတ်က ကြည့်စရာ၊လေ့လာစရာတွေပေါများလွန်းတယ်‌မလား
အဲ့တော့မရွေးတတ်တော့ပဲ ဘာမှ ဟုတ်တိပတ်တိမလုပ်ပေးဖြစ်ဘူး ဖြစ်တတ်ကြပါတယ်
ဒါကြောင့် ကလေးငယ်တွေအတွက် အရမ်းအဆင်ပြေနိုင်တဲ့🐷Peppa Pig 🐷ဆိုတဲ့ English cartoon series ကို စွဲစွဲမြဲမြဲပြကြည့်ဖို့ အကြံပေးချင်ပါတယ်
ကလေးကာတွန်းတွေအများကြီးထဲမှာမှ သူက English လိုပြောတာ ရှင်းလင်းတယ်၊လွယ်ကူတယ်၊content တွေကလည်း ကလေးကြည့်ဖို့စိတ်ချရတယ်၊value တွေ moral lessons တွေကလည်း သဘောကျစရာဖြစ်တဲ့အပြင် funလည်းဖြစ်တော့ ကလေးကိုယ်တိုင်က စိတ်ပါလက်ပါကြည့်ဖြစ်ဖို့များတယ်
YouTube မှာရိုက်ရှာလိုက်ရင် ရပါတယ်

(ကလေးကို screen time များအောင်လုပ်တာ မဟုတ်ရပါဘူးနော်
တစ်ရက် နာရီဝက်လောက်နဲ့ နေ့တိုင်းနီးပါး စွဲစွဲမြဲမြဲကြည့်ဖို့ ပြောတာပါ
Screen time က
၂နှစ်ကနေ ၅နှစ်ကြားဆို တစ်ရက်တစ်နာရီထက်ပိုမကြည့်စေနဲ့၊
၅နှစ်ကနေ ၁၇နှစ်ကြားဆို တစ်ရက် နှစ်နာရီထက်မပိုစေနဲ့ လို့ ဆိုပါတယ်)

T2Z Academy
4/10/2024

Address

Taikkyi

Website

Alerts

Be the first to know and let us send you an email when T2Z Academy - Taikkyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to T2Z Academy - Taikkyi:

Shortcuts

Share