ᴍɪʀᴀᴇɪʟ ᴇᴘꜱ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ

  • Home
  • Myanmar
  • Taikkyi
  • ᴍɪʀᴀᴇɪʟ ᴇᴘꜱ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ

ᴍɪʀᴀᴇɪʟ ᴇᴘꜱ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ EPS Korean Language Center

မြန်မာကျပ်ငွေ ၃သောင်းကျပ်ဖြင့် ကိုရီးယားဘာသာစကားလေ့လာနိုင်မယ်။ 😉🇰🇷ကိုရီးယားဘာသာစကားကို အခြေခံမှစပြီးလေ့လာချင်သူများအတွက်...
13/10/2024

မြန်မာကျပ်ငွေ ၃သောင်းကျပ်ဖြင့် ကိုရီးယားဘာသာစကားလေ့လာနိုင်မယ်။ 😉🇰🇷

ကိုရီးယားဘာသာစကားကို အခြေခံမှစပြီးလေ့လာချင်သူများအတွက် Miraeil Korean Language Center (October) Oline တန်းခွဲသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ
ဒီသင်တန်းလေးမှာ ကိုရီးယားဘာသာစကားကို အခြေခံမှစပြီး 4Skills ဖြင့်သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းစာရင်းသွင်းပြီးပါက Telegream GP တွင်ထည့်သွင်းပေးမည်ဖြစ်ပြီး Text Book PDF File ရရှိမှဖြစ်ပါတယ်၊ အဆိုပါ PDF file တွင် Korean Alphabet & Vowels အစရှိသဖြင့် စုံလင်စွာသင်ကြားပေးမှာဖြစ်ပါတယ်။
နေ့စဉ် အိမ်စာများကိုလည်း မှန်ကန်စွာ မပျက်မကွက်လုပ်ဆောင်ပေးရပါမှာဖြစ်ပြီး
ရုံးချိန်လွတ် Saturday & Sunday ဖြစ်အောင်လည်းစီစဉ်ပေးထားပါတယ်၊ အထူးအစီစဉ်အနေဖြင့် သူငယ်ချင်း (၃)ယောက်စာအပ်နှံပါက တစ်ဦးအတွက် Free ရရှိမှာဖြစ်ပါတယ်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက Page Chat Box သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 💌

👉 သင်တန်းစတင်မည့်ရက်စွဲ - October.26.2024

EPS ကျား/မ လိုအပ်ချက်များ အသေးစိတ်ဖတ်ပါ။
13/02/2024

EPS ကျား/မ လိုအပ်ချက်များ အသေးစိတ်ဖတ်ပါ။

သတင်းကောင်းလေးပါ 🍀🌿ကိုရီးယားစာ ရအောင် လုပ်ထားကြပါ အမျိုးတို့ EPS ဖြင့် တောင်ကိုးရီးယားမှာ အလုပ်သွားကြမယ့်သူများအတွက် ၊ E...
29/12/2022

သတင်းကောင်းလေးပါ 🍀🌿
ကိုရီးယားစာ ရအောင် လုပ်ထားကြပါ အမျိုးတို့
EPS ဖြင့် တောင်ကိုးရီးယားမှာ အလုပ်သွားကြမယ့်သူများအတွက် ၊ E-9 တွေ ဗီဇာ ၁၀ နှစ် တခါတည်း ပေးတော့မယ့်
ဥပဒေက အတည်ဖြစ်သွားပါပြီ
( အလုပ်မပြောင်း ( သို့မဟုတ် ) တရုံမှာ အနည်းဆုံး လုပ်သက် ဘယ်နှနှစ် , လုပ်ငန်း ကျွမ်းကျင်မှု ၊ ကိုရီးယားစာ အရည်အချင်းများ အပေါ် မူတညိပါမယ် )

ကိုရီးယားမှာ အလုပ်သမားလိုအပ်ချက်တွေ ပိုများလာလို့ ဖြစ်ပါတယ်

စက်ရုံ ဆောက်လုပ်ရေး စိုက်ပျိုးရေး အလုပ်တွေ အပြင် အရည်အချင်းပေါ်မူတည်ပြီး ပိုမိုကောင်းမွန်တဲ့ အလုပ် အမျိုးအစားတွေလည်း လုပ်နိုင်တော့မှာ ဖြစ်ပါတယ်တဲ့
Crd; ယဉ်မိုးမောင်

2023 EPS exam ဖြေဆိုကြမည့် ကျောင်းသားများအတွက် ၊ ဒီဇင်ဘာ တန်းခွဲသစ်များ စတင်လက်ခံပေးနေပါပြီ။သင်တန်းနေရာ ၊ အောင်မင်္ဂလာ(၈...
17/12/2022

2023 EPS exam ဖြေဆိုကြမည့် ကျောင်းသားများအတွက် ၊ ဒီဇင်ဘာ တန်းခွဲသစ်များ စတင်လက်ခံပေးနေပါပြီ။
သင်တန်းနေရာ ၊ အောင်မင်္ဂလာ(၈)လမ်း၊ ရှမ်းစုရပ် ၊ တိုက်ကြီးမြို့။
ကြိုတင်စရင်းပေးသွင်းရန် နှင့် အသေးစိတ်သိလိုသည်ဖြစ်စေ Miraeil EPS KOREAN LANGUAGE CENTER သို့လာရောက်မေးမြန်းနိုင်ပါတယ်၊ သင်တန်းသား လူဦးရေ ကန့်သတ်ထားပါသဖြင့် အသေးစိတ်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
page မှလည်းလာရောက်မေးမြန်းနိုင်ပါသည်။
Phone : 09-789104517, 09255550053
Email – [email protected]

2023 (Agriculture and Livestock) စာမေးပွဲအောင်မြင်ပြီးသူများ အလုပ်လျောက်လွှာတင်ရန် ကြေငြာချက်
18/11/2022

2023 (Agriculture and Livestock) စာမေးပွဲအောင်မြင်ပြီးသူများ အလုပ်လျောက်လွှာတင်ရန် ကြေငြာချက်

Sunday မနက် ၂ နာရီ (서울 이태원)သေဆုံး ၅၉ ဦး (အချိန်နဲ့အမျှတိုးလာဖွယ်)ထိခိုက်ဒဏ်ရာရ ၁၅၀ ဦး #တောင်ကိုရီးယားစံတော်ချိန်Seoul Ha...
29/10/2022

Sunday မနက် ၂ နာရီ (서울 이태원)
သေဆုံး ၅၉ ဦး (အချိန်နဲ့အမျှတိုးလာဖွယ်)
ထိခိုက်ဒဏ်ရာရ ၁၅၀ ဦး

#တောင်ကိုရီးယားစံတော်ချိန်

Seoul Halloween stampede: At least 59 dead, 150 injured

Around 100,000 people had reportedly flocked to the nightlife district for the festivities. Read more at straitstimes.com.

2023 ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံ E-9 အလုပ်သမား လူဦးရေ 110,000 ခေါ်ယူဖို့ တရားဝင် စာထုတ်ပြန်လိုက်ပါပြီ၊ 2023 ခုနှစ်မ...
27/10/2022

2023 ခုနှစ်မှာ တောင်ကိုးရီးယားနိုင်ငံ E-9 အလုပ်သမား လူဦးရေ 110,000 ခေါ်ယူဖို့ တရားဝင် စာထုတ်ပြန်လိုက်ပါပြီ၊ 2023 ခုနှစ်မှာ လုပ်သား အများဆုံးခေါ်တာဖြစ်ပြီး အရင်နှစ်တေတုန်းက လူဦးရေ သောင်း ဂဏာန်းလောက်သာ ခေါ်တာဖြစ်လို့ အားလုံး ကြိုးစားထားကြပါ။
여러분 화이팅, 힘 내세요! 🇰🇷

22/10/2022

သေချာဖတ်ကြပါ ဂေါင်းကြီးတို့

မြန်မာပြည်မှာ ကိုးရီးယားဘာသာစကား သင်တန်းကျောင်းတွေ ဖွင့်လိုက်ကြတာ….နေရာတိုင်းအလိုလိုမှာ သင်တန်းကျောင်းတွေ ရှိတယ်..တချို့ သင်တန်းကျောင်းတွေကတော့ ကိုးရီးယားကနေ ဘွဲ့ယူပြီး မြန်မာပြည်ပြန်ပြီး သင်ကြားပေးနေတဲ့ ဆရာမတွေရှိသလို တချို့ချို့တွေက တတ်ယောင်ယောင်လေးတွေပေါ့…
EPSဖြေဖိုအတွက် ငွေကုန် အချိန်ကုန်ခံပြီး ကျောင်းတန်း စာသင်ကြတယ်…သူ့အတိုင်းတာနဲ့သူတော့ အမှတ်ရအောင် ဖြေဆိုပြီး အောင်ကြတာပါပဲထင်ပါတယ်…
ကိုးရီးယားကို လာဖိုအတွက်က ဘာအရည်ချင်းမှလဲ မလိုပါဘူး…ရွာမှာ ကောက်စိုက် နွားကျောင်းနေရင်းနဲ့လဲ ကိုးရီးယား ဘာသာစကားအခြေခံ သင်တန်း​ကျောင်းတတ်ပြီး EPSဝင်ဖြေ ပြီး လာလိုရတာကိုး….(အနည်းနဲအများကတော့ အခက်ခဲကတော့ ရှိမှာပေါ့နော်..လာချင်တဲ့သူများလေ ခက်ခဲလေပေါ့)

သူတိုတွေက ကိုးရီးယားကို မရောက်ခင် ကထည်းအိပ်မက်တွေက ခန့် ကြီးကြီးရယ်ပါ…

ကိုးရီးယားကိုသွားပြီး တိုက်တွေ ကားတွေဝယ်နိုင်အောင် အလုပ်လုပ်မယ်ပေါ့..မိဘကို ကျေးဇူးဆပ်ချင်လိုကောင်မလေးကို တင့်တောင့်တင့်တယ် တောင်းရမ်းနိုင်ဖို့ မိန်းမနဲ့ကလေးကို မျက်ငယ်မငယ်စေချင်လို ကိုးရီးယားလာပြီးငွေရှာချင်တယ်ပေါ့လေ…

၁.စာမေးပွဲအောင်ပြီး ကိုးရီးယားသူငှေးက သူ့ကို စာချုပ် ချုပ်ပြီရနေ့ကစပြီး တဆင့်ပြီးတဆင့် ကိုးရီးယားကို လာရဖို အချိန် နီးလာပြီပေါ့…ဒါပေမဲ သူကလဲ မြန်မြန်လာချင်တာလေ ဒါကြောင့် ဒီဘက်က ကူညီနိုင်မဲသူတွေဆီ ဆက်သွယ်တယ် အမရေ အကိုရေ ကျွန်တော် ဒီစက်ရုံ ဒီသူငှေးနဲ့ ဘယ်လက စာချုပ်ချုပ်ထားတယ် သူငှေးကို မြန်မြန်ခေါ်ပေးဖို့ ပြောပေးပါ…ကျွန်တော် သူငှေးကျေးဇူးကို မမေ့ပါဘူးလို ပြောပေးပါ…ကိုးရီးယားရောက်ရင် ရပါပြီ သူငှေးခိုင်းတာ လုပ်ပါမယ်…သူငှေးအပေါ် သစ္စာရှိပါမယ်…ကျွန်တော်မိဘတွေကို ကျေးဇူးဆပ်ချင်လို့ပါ ကူညီပါဗျာ..အမကျေးဇူးမမေ့ပါဘူး…

၁ယောက်၂ယောက်၁၀ယောက်ယောက်၁၀၀မကဘူး အဲလိုပြောတဲ့ လူတွေ…မြန်မာ နိုင်ငံမှာ ဒီလောက် ပင်ပင်ပန်းပန်းလုပ်ခဲတာပဲ ကျွန်တော် လုပ်နိုင်တယ် ဆိုတဲ့သူက လာသေးတယ်…

စိုက်ပျိုးရေးတွေ အနားချိန်မရှိဘူး ပင်ပန်းတယ်လို ပြောပြတယ်..အမရယ် ကျွန်တော်တို့ အညာမှာဆိုရင် တနေကုန် နေပူကြီးထဲမှာ နွားကျောင်းနေရတာ မပင်ပန်းဘူးတဲ့.’’.

၂။လာပြီ ကိုးရီးယား လေယဉ်ကွင်းမှာ မိသားစုကလိုက်ပို့ အချစ်ကလိုက်ပို့နဲ့ ပုံတွေရိုက်ပြီးတင်လိုက်ကြတာ…
၃။ရောက်လာပြီလေ ကိုးရီးယားမြေကို စက်ရုံအလုပ် စိုက်ပျိုး ဆောက်လုပ်ရေး အသီးသီး သူနေရာနဲသူ သွားကြရပြီပေါ့….

၄။လုပ်ငန်းစပြီ ၁ရက် ၂ရက် ပြသနာ စပြီ မလုပ်နိုင်ဘူး ပင်ပန်းတယ်.ထွက်စာပေး..စာချုပ်နဲ အလုပ်နဲမတူဘူး.သူငှေးကို တိုင်ပြီး ထွက်လိုရလား.အလုပ်က ကျွန်တော်နဲဆင်မပြေဘူး..အလေးတွေမရလို ခါးနာတယ်.ခြေထောက်မကောင်းဘူး.ခါးမကောင်း.မျက်စိနာတယ်.အနံ့ခံမရဘူး.ခေါင်းကိုက်တယ်.နားအူတယ်.ခြေထောက်ကျင်တယ်.အန်ချင်တယ်.လေတတ်တယ်.အမလေး စုံလိုက်တဲ့ရောဂါတွေနော်…

၁ပတ်တောင်မပြည့်သေးဘူး ဆူညံဆူညံပဲ သူငှေးတွေ ဖုန်းဆက်တယ်။ နင်တို့ မြန်မာတွေ လာတာ ခနပဲရှိသေးတယ် အလုပ်တောင်မလုပ်သေးဘူး ထွက်စာတောင်းတယ်မလုပ်နိုင်ဘူးပြောတယ်..အလုပ်မဆင်းဘူး ..ဘယ်လိုလုပ်ရမလဲတဲ့..ကိုယ်လဲ ဘာပြေလိုပြောရမှန်းမသိဘူး.မောင်လေးရေ ဘာဖြစ်လို အလုပ်မဆင်းတာလဲ မေးကြည့်တယ် ကျွန်တော်မလုပ်နိုင်ဘူးတဲ့ .ပင်ပန်းတယ်တဲ့ .ထွက်စာပေးရင်ပေး မပေးရင်G1ပြောင်းမယ်တဲ…အားအားရှိ ဒီg1ပဲ အားကိုးနေကြတာလားမေးတော့…အိုမယ်တဲ့လေ..

သူငှေးကို မပြောမဆို ထွက်ပြေးတဲ့သူတွေလဲရှိသေးတယ် ဖုန်းဆက်ရင် ဘာပြောလဲဆိုရင် မလုပ်နိုင်လို ထွက်လာတာတဲ့.ထွက်စာတောင်းလဲ ပေးမဲ့ပုံမပေါ်လို ဒီအတိုင်း ထွက်လာခဲ့တာတဲ့ ဒီလိုမျိုး ပင်ပင်ပန်းပန်းမလုပ်နိုင်ဘူးတဲ့လေ…

မြန်မာပြည်ကနေမလာခင်က လာဖိုအတွက် ဘယ်လောက် စောင့်ဆိုင်းခဲ့တဲ့ အချိန်တွေ သူငှေးက ကိုယ့်ကို အချိန်ကုန်ငွေကုန်ခံပြီး စောင့်ပေးခဲ့တာတွေ အလုပ်လုပ်ပြီးငွေတွေ မိဘဆီပိုမယ်ဆိုပြီး မက်ခဲ့တဲ့အိပ်မက်တွေ ဘယ်ရောက်ကုန်တာလဲ…

(ဒီမှာ မိသားစုနဲ့ ခွဲခွါလာခဲရလို စိတ်ပင်ပန်းလူပင်ပန်း နေရတာ နားလည်ပါတယ်.အလုပ်လုပ်ရတာ ပင်ပန်းတာလဲ နားလည်တယ်.အဆင်မပြေမှုတွေ များတာလဲ နားလည်တယ်.ဘာသာစကား နားမလည်လို စိတ်ညစ်ရတာလဲ နားလည်တယ် လူတိုင်းလူတိုင်း ဖြစ်နေတဲ့ အရာရာကို စာနာ နားလည်ပေးချင်ပါတယ်…ဒီနိုင်ငံရဲ စကားပြော ကြမ်းတမ်းတာကတော့ ဒီနိုင်ငံက အလုပ်သမားယဉ်ကျေးမှု တခုလိုမျိုးဖြစ်နေပါပြီ..အော်တာ ဆူတာကကတော့ သီချင်းဆို သလိုပါပဲ)
အစလေးမှာ ပင်ပန်းခံနိုင် စိတ်ထိန်းနိုင်တော့
နောက်မှာ အရာရာဟာ ဆင်ပြေလာမှာပါ.
စိတ်လိုက်မန်ပါမလုပ်ပဲနဲ့ မိမိရဲ ဘဝနောက်ရေးအတွက် ရည်မှန်းထားသလို ဖြစ်လာနိုင်အောင် ကြိုးစားကြည့်ပါ…

ထွက်မယ်.အိုမယ်.G1ပြောင်းမယ်.သူငယ်ချင်းကပြောတယ် တနေ့စာ၁သိန်း၃သောင်းကအေးဆေးရတယ်တဲ့ ကျွန်တော်တိုမှာ၁သိန်းပဲရတယ်.ဒီနေ့ကနေ သူငှေးကို စကန်မယ် ဆိုပြီး ၁လလုံး ရေသောက်ပြီး အိပ်မဲ့သူက ရှိသေးတယ်…’

လာတာက၁လမပြည့်သေး ၃နစ်နေတဲ့သူနဲ့ တန်းတူ လစာ လိုချင်လို့ရမလား သူ့အတိုင်းတာသူ သွားရတာ.ဘာတခုမှ လုပ်မတတ်ပဲနဲ့ အမိှုက်ကောက်တဲ့သူက အင်ဂျင်နီဟာ လစာရချင်လို့မရဘူး.သူအရည်ချင်းနဲ့သူလေ..ကြိုးစား လိုချင်ရင်.လက်ကြောတင်းမှရမှာ …✌️✌️
https://m.facebook.com/story.php?story_fbid=117938051099545&id=100086500522573
Credit

ကိုရီးယား EPS ကုန်ထုတ်လုပ်ငန်း စာမေးပွဲ ၊ ဖြေဆိုခွင့် အမှတ်စဉ် နှင့် ခုံနံပါတ်များ မှတ်သားကြရန်
21/10/2022

ကိုရီးယား EPS ကုန်ထုတ်လုပ်ငန်း စာမေးပွဲ ၊ ဖြေဆိုခွင့် အမှတ်စဉ် နှင့် ခုံနံပါတ်များ မှတ်သားကြရန်

တောင်ကိုရီးယားတွင် ဗီဇာမဲ့ နေထိုင်သူများကို ဖမ်းဆီးတော့မယ်ကိုရီးယား တရားရေးရာ ဝန်ကြီးဌာန လဝက ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊...
05/10/2022

တောင်ကိုရီးယားတွင် ဗီဇာမဲ့ နေထိုင်သူများကို ဖမ်းဆီးတော့မယ်

ကိုရီးယား တရားရေးရာ ဝန်ကြီးဌာန လဝက ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ အိုးအိမ်မြေနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနက ဝန်ထမ်းများ၊ ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်းများနဲ့ အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းတို့ ပူးပေါင်းကာ လာမယ့် အောက်တိုဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၂ လသာ ကာလပတ်လုံး ဗီဇာမဲ့ နေထိုင်နေသူများကို လိုက်လံ ဖမ်းဆီးတော့မှာဖြစ်ကြောင်း ကနေ့ အောက်တိုဘာ ၅ ရက်မှာ တရားရေးရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြားသားများ အများဆုံး သွားလာတတ်တဲ့ နေရာများ ပြစ်မှု အများဆုံး ကျူးလွန်တတ်တဲ့ နေရာများကို လှည့်ကင်းများ လှည့်လည်ကာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

သီချင်းဆိုခန်း၊ အနှိပ်ခန်းနဲ့ အရက်ဆိုင်များ၊ မူးယစ်ဆေးဝါး ရောင်းချတတ်တဲ့ နေရာများ၊ ဆောက်လုပ်ရေးနဲ့ အလုပ်ရုံများကိုလည်း စစ်ဆေးသွားမှာ ဖြစ်ကြောင်း ကိုရီးယား သတင်းများအရ သိရပါတယ်။

၂ လသာ ကာလအတွင်း အားလုံး သတိနဲ့ သွားလာ နေထိုင်ကြပါ။

နိုင်ငံသား အချင်းချင်း ကူညီကြပါ။

ဇော်မိုးအောင်(ကိုရီးယား)
၂၀၂၂ ခု အောက်တိုဘာ ၅ ရက်

ကိုယ့်အတွက်ကြောင့် သူတစ်ပါးမထိခိုက်ပါစေနှင့် ကျောင်းသားများ 🙏
04/10/2022

ကိုယ့်အတွက်ကြောင့် သူတစ်ပါးမထိခိုက်ပါစေနှင့် ကျောင်းသားများ 🙏

Address

Yangon-Pyay Express Way, Myanmar, Burma (Myanmar)
Taikkyi
11813

Website

Alerts

Be the first to know and let us send you an email when ᴍɪʀᴀᴇɪʟ ᴇᴘꜱ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ᴍɪʀᴀᴇɪʟ ᴇᴘꜱ ᴋᴏʀᴇᴀɴ ʟᴀɴɢᴜᴀɢᴇ ᴄᴇɴᴛᴇʀ:

Shortcuts

Share

Category