Myat Hein Aung Education Center

Myat Hein Aung Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myat Hein Aung Education Center, Education, Maine Road, Tada-u.

27/02/2026

ဂိုက်ဆရာ/မ (Assistant Teacher) ဝန်ထမ်း (၂) ဦး အမြန်အလိုရှိသည်။

#မြတ်ဟိန်းအောင် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းပညာရေး မိသားစုတွင် တာဝန်ထမ်းဆောင်ရန် ဂိုက်ဆရာ/မ (၂) ဦး အမြန်အလိုရှိပါသည်။

လိုအပ်ချက်များ

၁။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် အဝေးသင်တက္ကသိုလ်တက်ရောက်နေသူ ဖြစ်ရမည်။

၂။ ကလေးများကို စိတ်ရှည်သည်းခံစွာ သင်ကြားပေးနိုင်သူ ဖြစ်ရမည်။

၃။ စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

၄။ သင်္ချာ၊ ဓာတု၊ ရူပဗေဒဘာသာရပ်များကို ပိုင်နိုင်စွာ ပြန်လည်ရှင်းပြနိုင်သူ ဦးစားပေးမည်။

၅။ စာသင်ကြားရေးတွင် ဝါသနာပါသူ ဖြစ်ရမည်။

၆။ အနေအထိုင်နှင့် အပြောအဆို ယဉ်ကျေးရည်မွန်ရမည်။

၇။ အတန်းထိန်း(class control) ကောင်းရမည်။

၈။ အနည်းဆုံး ပညာသင်နှစ် (၁)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်။

လျှောက်ထားလိုပါက
CV form နှင့် အတူ
၁။ ဘွဲ့မိတ္တူ
၂။ မှတ်ပုံတင်မိတ္တူ
၃။ အိမ်ထောင်စုမိတ္တူ

ဆက်သွယ်ရန် ...

#မြတ်ဟိန်းအောင် ပညာရေး
# Myat Hein Aung Edu Centre
#တံတားဦးမြို့နယ်၊ သူငယ်တော်ရွာ။
09 402 659 211, 09 750 375 337

🎓 သားသမီးတို့ရဲ့ ပညာရေးအနာဂတ်အတွက် "မြတ်ဟိန်းအောင်" ရှိတယ် 🎓၁။ အင်္ဂလိပ်စာမှာ "Grammar" မပိုင်လို့ စိတ်ညစ်နေရတဲ့ ကျောင်း...
11/02/2026

🎓 သားသမီးတို့ရဲ့ ပညာရေးအနာဂတ်အတွက် "မြတ်ဟိန်းအောင်" ရှိတယ် 🎓

၁။ အင်္ဂလိပ်စာမှာ "Grammar" မပိုင်လို့ စိတ်ညစ်နေရတဲ့ ကျောင်းသား/သူများအတွက် သတင်းကောင်း!

အင်္ဂလိပ်သဒ္ဒါ သီးသန့်သင်တန်း (Grammar Specialist)

အင်္ဂလိပ်စာကို အလွတ်ကျက်နေရတုန်းလား?
စာကြောင်းတစ်ကြောင်းကို ကိုယ်တိုင်မတည်ဆောက်တတ်သေးဘူးလား?

မြတ်ဟိန်းအောင် ရဲ့ နွေရာသီ အထူးသစ်လွင် Grammar သင်တန်းက သင့်ကို စောင့်ကြိုနေပါတယ်။

✨ သင်ကြားမည့် Level များ -
Level (1): အခြေခံ Grammar အုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ခြင်း။
Level (2): ရေးထုံး၊ ပြောထုံးတွေမှာ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ခြင်း။

✅ ဘာတွေထူးခြားမလဲ?
Formula တွေလို နားလည်လွယ်အောင် သင်ကြားပေးမှာဖြစ်လို့ စာကျက်ရတာ ပျော်စရာကောင်းလာမယ်။
ဒီသင်တန်းတက်ပြီးရင် ကိုယ်ပိုင် Sentence တွေကို ယုံကြည်မှုရှိရှိ ရေးတတ်သွားစေရမယ်။

📅 မတ်လ (၄) ရက် စာရင်းပိတ် | မတ်လ (၅) ရက် အတန်းစမည်

Grade 9, 10, 11, 12 ကျောင်းစာသီးသန့်အတွက် (Academic Success)

၂။ အတန်းသစ်မှာ Top ရဖို့ နွေရာသီကတည်းက "မြတ်ဟိန်းအောင်" နဲ့အတူ အားမွေးရအောင်!

Grade 9 ကနေ Grade 12 အထိ အတန်းသစ်အတွက် ပြင်ဆင်နေကြပြီလား?
စာမေးပွဲနီးမှ ကမူးရှူးထိုးကျက်တာထက် နွေရာသီမှာ အခြေခံကစပြီး ကြိုတင်လေ့လာထားတာက အကောင်းဆုံး အောင်မြင်မှု လျှို့ဝှက်ချက်ပါ။

📚 သင်ကြားပေးမည့် အတန်းများနှင့် ဘာသာရပ်များ
✅ Grade - 9, 10, 11, 12
✅ ဘာသာစုံ (All Subjects) ကို စနစ်တကျ ထိထိရောက်ရောက် သင်ကြားပေးမှာ ဖြစ်ပါတယ်။
အခြေခံကစပြီး နားမလည်မှာ စိုးရိမ်စရာမလိုဘဲ အနီးကပ်လမ်းညွှန်မှုနဲ့အတူ ပညာရည်ထူးချွန်အောင် ပြုစုပျိုးထောင်ပေးသွားမှာပါ။

⭐ သင်တန်း၏ အားသာချက် -
ကိုယ်ပိုင်သင်တန်းဖြစ်၍ ကလေးတစ်ဦးချင်းစီ၏ အားနည်းချက်ကို သိရှိပြီး ထိထိရောက်ရောက် ပြုပြင်ပေးနိုင်ခြင်း။
သင်ခန်းစာများကို နားမလည်မချင်း စိတ်ရှည်လက်ရှည် ရှင်းပြပေးခြင်း။
ဂိုက်ဆရာ၊ ဆရာမ များဖြင့် အနီးကပ် ကြီးကြပ်၍ သင်ပြ‌ပေးခြင်း။

📅 မတ်လ (၄) ရက် စာရင်းပိတ် | မတ်လ (၅) ရက် အတန်းစမည်

📍 ဆက်သွယ်ရန် (နှစ်မျိုးလုံးအတွက်)
မြတ်ဟိန်းအောင် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း
နေရာ - သူငယ်တော်ရွာ၊ တံတားဦးမြို့။
ဖုန်း - 09-402659211, 09-750375337

08/02/2026

မြတ်ဟိန်းအောင် ပညာရေးမိသားစုရှိ
ကျောင်းသား၊ သူများကို ပညာ‌သင်ကြားပေးသော
ဆရာ၊ ဆရာမများ
ယုံကြည်စွာ အပ်နှံသော မိဘဆွေမျိုး မိတ်ဆွေများ
စာပေကို ကြိုးစားသင်ယူနေကြပါသော ကျောင်းသား၊ ကျောင်းသူများ
ပညာရေးလုပ်ငန်းကို လည်ပတ်နိုင်ဖို့ ဝိုင်းဝန်းစောင့်ရှောက်နေကြသော နှစ်ဖက်မိဘ၊ ဆွေမျိုးများ၊ ဆရာသမားများနှင့်
အဖက်ဖက်မှ စောင့်ရှောက်နေကြပါသော ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

ကြည့်ရှု‌အားပေးသော တစ်ယောက်ချင်းစီတိုင်းကိုလည်း
ကျေးဇူးစကား ဆိုပါရစေ။ 🙏🙏🙏

#မြတ်ဟိန်းအောင် ပညာရေး
# Myat Hein Aung Edu Centre
09 402 659 211
Thu Nge Taw Village, Tada-U Township

03/02/2026

၁၃၈၇-ခုနှစ်၊ တပိုတွဲလဆုတ် (၂)ရက် ၃.၂.၂၀၂၆ (အင်္ဂါနေ့)

နှစ်ဖက်မိဘတို့ကို အမှူးထားပြီး
တံတားဦးမြို့၊ မဟာဂန္ဓာရုံ
ကျောင်းတိုက်တွင် အရုဏ်ဆွမ်း ကပ်လှူခြင်း နှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်
မြတ်ဟိန်းအောင် ပညာရေး
ကျောင်းသား၊ ကျောင်းသူများမှ
"ပညာရေးပဒေသာပင်" အတွက်
အလှူတော်ငွေ စိုက်ထူ‌ပူဇော် လှူဒါန်းခြင်း ကုသိုလ်ဖြစ်ပါတယ်။

အရုဏ်ဆွမ်း - ၅၀၀,၀၀၀/(ငါးသိန်းကျပ်)
"ပညာရေးပဒေသာပင်"
အလှူတော်ငွေ - ၅၀၀,၀၀၀/(ငါးသိန်းကျပ်)
နဝကမ္မအလှူတော်ငွေ - ၁၀၀,၀၀၀/(တစ်သိန်းကျပ်)
စုစုပေါင်း - ၁,၁၀၀,၀၀၀/(တစ်ဆယ့်တစ်သိန်းကျပ်) လှူဒါန်းပူဇော်ခဲ့ကြပါသည်။

ဆရာတော်၏ မေတ္တာရိပ်ကို ခိုလှုံရင်း
ဆရာတော်မှ ကျောင်းသား၊ ကျောင်းသူများ လိမ္မာယဉ်ကျေး၍ လူတော် လူကောင်းဖြစ်ဖို့ တရားရေအေး အမြိုက်ဆေးကိုလည်း ဟောကြားပေးတော်မူပါတယ်။

ဆရာတော် သက်တော် ရာကျော် ရှည်ပါစေ။

ကျောင်းတော်ကြီးလည်း ထာဝရ စည်ပင်ပြန့်ပွား တိုးတက်နိုင်ပါစေ။

ကျောင်းသား၊ ကျောင်းသူများလည်း
လိမ္မာရေးခြားရှိသော လူကောင်း လူတော်များ ဖြစ်ကြပါစေ။

ကြားသိရသူအပေါင်းတို့လည်း
သာဓု ခေါ်ဆိုနိုင်ကြပါစေ။

#မြတ်ဟိန်းအောင် ပညာရေး
# Myat Hein Aung Edu Centre
09 402 659 211
Thu Nge Taw Village, Tada-U Township

29/01/2026

"ထွေထွေ သွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကျအောင်၊
ဗုဒ္ဓဝါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်စေသတည်း" ဆိုသည့်

သဘောတရားအတိုင်း
ကလေးများ၏ စိတ်ထဲမှာ
ဘာသာတရားကို အခြေခံ၊ စိတ်ထားလေး ဖြူစင်ဖွေးလက်စေဖို့
ကောင်းမှုတစ်ခု နေ့စဉ်ပြုဟု ဆိုသည့်အတိုင်း
နေ့စဉ်‌နေ့တိုင်း ဝတ်တတ် ဝတ်ကပ် ပြုကြစဉ်။

#မြတ်ဟိန်းအောင် ပညာရေး
# Myat Hein Aung Edu Centre
09 402 659 211
Thu Nge Taw Village, Tada-U Township

 #အင်တိုက် အားတိုက် ပညာသင်ပေးခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ နှင့် #ကြိုးစားအားထုတ်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့...
28/07/2025

#အင်တိုက် အားတိုက် ပညာသင်ပေးခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ နှင့်

#ကြိုးစားအားထုတ်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့

# # # အသီးအပွင့်လေးများ # # #

26/07/2025

မြတ်ဟိန်းပညာရေး
၂၀၂၅ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု မှတ်တမ်း

၁။ မမေသဇင်ကျော်
မနမ-၁၁၇၀
3-D ဓာတု၊ ရူပ၊ ဇီဝ

၂။ မောင်ဇာနည်မိုး
မနမ-၁၂၂၄
3-D ဓာတု၊ ရူပ၊ ဇီဝ

၃။ မအိန္ဒြာမျိုး
မနမ-၁၂၃၂
3-D ဓာတု၊ ရူပ၊ ဇီဝ

၄။ မဖြိုးဝေခိုင်
မနမ-၁၁၇၈
2-D ဓာတု၊ ဇီဝ

၅။ မရွှန်းလဲ့လဲ့ဖြိုး
မနမ-၁၂၂၀
2-D ဓာတု၊ ဇီဝ

၆။ မောင်ကောင်းသန့်ထူး
မနမ-၁၂၀၄

၇။ မမီမီထွန်း
မနမ-၁၂၁၁

၈။ မစံမီမီထွန်း
မနမ-၁၂၁၂

၉။ မရွှေဇင်ဝင်း
မနမ-၁၂၃၈

၁၀။ မောင်မင်းခန့်ကျော်
မတဥ-၆၀၃

ဂုဏ်ထူးရဦးရေ
3-D (၃ ဦး)
2-D (၂ ဦး)

အောင်ချက်ရာခိုင်နှုန်း
၇၁ %

2025 - 2026 ပညာသင်နှစ်G-9G-10G-11G-12အတန်းများ နှင့်English Grammar Level - 1 နှင့်Level - 2 အတန်းများကိုမတ်လ (၂၃) ရက်နေ...
27/02/2025

2025 - 2026 ပညာသင်နှစ်
G-9
G-10
G-11
G-12
အတန်းများ နှင့်

English Grammar

Level - 1 နှင့်
Level - 2 အတန်းများကို

မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား လက်ခံ၍

မတ်လ (၂၄)ရက်နေ့တွင် စတင် သင်ကြားပါမည်။

 #မြတ်ဟိန်းအောင်ပညာရေး၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှတ်တမ်း၁။ မသင်းလဲ့လဲ့ဖြိုး (1-D)အင်္ဂလိပ်(မတဥ-၁၂၃)၂။ မအိသဇင...
11/06/2024

#မြတ်ဟိန်းအောင်ပညာရေး
၂၀၂၃-၂၀၂၄
တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှတ်တမ်း

၁။ မသင်းလဲ့လဲ့ဖြိုး (1-D)
အင်္ဂလိပ်
(မတဥ-၁၂၃)

၂။ မအိသဇင်ဖြိုး (ရိုးရိုးအောင်)
(မတဥ-၁၂၂)

ဖြေဆိုသူ - ၄ ဦး
အောင်မြင်သူ - ၂ ဦး
ဂုဏ်ထူးဖြင့်အောင်မြင်သူ - ၁ ဦး

၂၀၂၄-၂၀၂၅ ပညာသင်နှစ်Grade-12, Grade-11Grade-10, Grade-9 နှင့်English Grammar Level - 1Level - 2
10/02/2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ်

Grade-12, Grade-11
Grade-10, Grade-9 နှင့်

English Grammar
Level - 1
Level - 2

23/07/2023

Address

Maine Road
Tada-U
05131

Telephone

+959402659211

Website

Alerts

Be the first to know and let us send you an email when Myat Hein Aung Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myat Hein Aung Education Center:

Shortcuts

Share

Category