EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း

  • Home
  • Myanmar
  • Tada-u
  • EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း

EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း Caring Hearts for Raising Smart Kids

မေမေ၊ ဖေဖေတို့ရှင့် .. .ကျမတို့ EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း သည်လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရထားသည့်‌‌ ...
14/05/2026

မေမေ၊ ဖေဖေတို့ရှင့် .. .
ကျမတို့ EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း သည်
လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရထားသည့်‌‌ ကျောင်းဖြစ်သာကြောင့် လူမှုဝန်ထမ်းဦးစီးဌာန၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါတယ်ရှင်။

ယခုအခါ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Work from home ပြုလုပ်ရန် ညွှန်ကြားလာပါသောကြောင့် ကျမတို့မူကြိုကျောင်းကို ယခုအပတ်မှစ၍ ဗုဒ္ဓဟူးနေ့တိုင်း ပိတ်ရမည်ဖြစ်ပါတယ်ရှင်။

မိဘအုပ်ထိန်းသူများအနေဖြင့် ယခုပြောင်းလဲမှုကို နားလည် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

မှတ်ချက် – ကျောင်းပုံမှန်ဖွင့်ရက်များ (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ) တွင် ပုံမှန်အတိုင်း သင်ကြားမည်ဖြစ်ပြီး ကျောင်းချိန်အပြည့်အဝပြန်လည်ဖွင့်လှစ်ရန်ထပ်မံညွှန်ကြားလာသောအခါ သားငယ်၊ သမီးငယ်လေးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျမတို့ကျောင်းမှ အကောင်းဆုံးသင်ကြားပေးသွားမည်ဖြစ်ကြောင်း ထပ်ဆောင်းအသိပေးအပ်ပါတယ်ရှင့်။

ကျေးဇူးတင်လျက်.. .
EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း

သားငယ်၊ သမီးငယ်လေးတို့ 24/7 အေးမြစေဖို့ 🥰🥰🥰
09/05/2026

သားငယ်၊ သမီးငယ်လေးတို့ 24/7 အေးမြစေဖို့ 🥰🥰🥰

    Excellence Education Centre, Tada-U ဝန်ထမ်းတိုးချဲ့ခေါ်ယူခြင်း 🤝🍀🫶Main Teacher (၃)ဦး  (G3/G4/G5 စနစ်သစ်သင်ရိုးသင်ကြာ...
27/04/2026


Excellence Education Centre, Tada-U

ဝန်ထမ်းတိုးချဲ့ခေါ်ယူခြင်း 🤝🍀🫶

Main Teacher (၃)ဦး (G3/G4/G5 စနစ်သစ်သင်ရိုးသင်ကြားနိုင်သူ။ ဘွဲ့ရဖြစ်ရမည်။ သင်ကြားရေးအတွေ့အကြုံရှိသူဖြစ်ရမည်။ )

Assistant Teacher (၃)ဦး (သင်ကြားရေးကို စိတ်ဝင်စားသူဖြစ်ရမည်။ ဘွဲ့ရ (သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။အတွေ့အကြုံမရှိလျှင်လည်း စနစ်တကျသင်ပေးသည်။)

ဆက်သွယ်ရန် 09797434382
09797434383
09458042674

သင့်ကလေးရဲ့ အနာဂတ်အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံပါ။ ခိုင်မာစိတ်ချရတဲ့ အဆောက်အဦးကောင်း တစ်ခုဖြစ်ဖို့ဆိုရင် အောက်ခံ‌ဖေ...
27/04/2026

သင့်ကလေးရဲ့ အနာဂတ်အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံပါ။

ခိုင်မာစိတ်ချရတဲ့ အဆောက်အဦးကောင်း တစ်ခုဖြစ်ဖို့ဆိုရင် အောက်ခံ‌ဖောင်ဒေးရှင်း ကောင်းမှကိုဖြစ်မှာပါ။

အခြေခံဘာမှမပါဘဲ အထက်တန်းကိုတက်မယ်ဆိုရင် အတန်းကြီးမှ ဘယ်လောက်ပံ့ပိုး ပံ့ပိုး မျှော်လင့်သလောက်မရဘဲ သဲထဲရေသွန်ဖြစ်မှာပါ။

ဒါကြောင့် သင့်သားသမီး အခြေခံပညာရေးအတွက် စိတ်ချရအောင် EEC တွင်အပ်နှံလိုက်ပါ။

စနစ်သစ်သင်ရိုးနဲ့အညီ အတွေ့အကြုံရှိ ဝါရင့် ကျွမ်းကျင် ဆရာမကြီးများမှ သင်ကြားပေးပြီး Guide ဆရာမများနှင့်ပါ နေ့စဥ် လေ့ကျင့်ပေးပါသည်။

#လူမှုဝန်ထမ်းအသိအမှတ်ပြု
EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း
Excellence Education Centre, Tada-U တွင်
အသက် (၂ နှစ်ခွဲ ) မှစ၍ လက်ခံ‌သင်ကြားပေးနေပြီး .. .







အတန်းများစာရင်း‌ပေးသွင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက .. .
09 797434382
09 797434383
09 458042674
09 444021021 သို့ ဆက်သွယ်‌မေးမြန်နိုင်ပါတယ်ရှင်။

#မိဘများအားထားယုံကြည်_EEC

25/04/2026

#လူမှုဝန်ထမ်းအသိအမှတ်ပြု
EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့်
Excellence Education Centre, Tada-U တွင်
အသက် (၂ နှစ်ခွဲ ) မှစ၍ လက်ခံ‌သင်ကြားပေးနေပြီး .. .







အတန်းများစာရင်း‌ပေးသွင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက .. .
09 797434382
09 797434383
09 458042674
09 444021021 သို့ ဆက်သွယ်‌မေးမြန်နိုင်ပါတယ်ရှင်။

#မိဘများအားထားယုံကြည်_EEC

EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း   #တည်ထောင်ခွင့်ပြုမိန့် (၅၈၄/၂၀၂၆)🔯အခက်အခဲများကြားက ကြိုးစားခဲ့ရသော .. .🌠မှတ်တိုင်တစ်ခု
18/04/2026

EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း
#တည်ထောင်ခွင့်ပြုမိန့် (၅၈၄/၂၀၂၆)

🔯အခက်အခဲများကြားက ကြိုးစားခဲ့ရသော .. .
🌠မှတ်တိုင်တစ်ခု

လူမှုဝ-န်_ထ-မ်းအသိအမှတ်ပြု  EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့်Excellence Education Centre, Tada-U  တွင် အသက် (၃)နှစ်မှ...
21/02/2026

လူမှုဝ-န်_ထ-မ်းအသိအမှတ်ပြု
EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့်
Excellence Education Centre, Tada-U တွင်
အသက် (၃)နှစ်မှစ၍ လက်ခံ‌သင်ကြားပေးနေပြီး .. .

📌Nursery နှင့် Pre-KG တန်းများ
(လစဉ်တိုင်း ကျောင်းအပ်လက်ခံပါသည်)

📌KG
📌Grade-1
📌Grade-2 အတန်းများ
(3-3-2026) တွင် စတင်ဖွင့်လှစ်ပါမည်။
(Grade-1 နှင့် Grade-2 တွင် မြန်မာသင်ရိုးအပြင် "တရုတ်စာ"ပါ တစ်နှစ်လုံးသင်ကြားပေးပါမည်)

#နွေရာသီအင်္ဂလိပ်စာသင်တန်းများ
အသက် (၆)နှစ် G-1 မှစ၍ G-12 အထိ
(Four skills / Phonics / Writing / Grammar)
်္ချာသင်တန်းများ
#တရုတ်စာသင်တန်းများ ကို
(5-3-2026)တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
တစ်နေရာထဲမှာ မိမိကြိုက်နှစ်သက်ရာ သင်ယူနိုင်ပါပြီ။

အသေးစိတ်သိရှိလိုပါက .. .
09 797434382
09 797434383
09 458042674
09 444021021 သို့ ဆက်သွယ်‌မေးမြန်နိုင်ပါတယ်ရှင်။

🚩 EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း
Excellence Education Centre, Tada-U
အောင်ကြည်မွန်၊ လွှစဉ်တန်းရပ်၊ တံတားဦးမြို့။

#မိဘများအားထားယုံကြည်_EEC

 #လူမှုဝန်ထမ်းအသိအမှတ်ပြု  EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့်Excellence Education Centre, Tada-U  တွင် အသက် (၃)နှစ်မှစ...
16/02/2026

#လူမှုဝန်ထမ်းအသိအမှတ်ပြု
EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့်
Excellence Education Centre, Tada-U တွင်
အသက် (၃)နှစ်မှစ၍ လက်ခံ‌သင်ကြားပေးနေပြီး .. .







အတန်းများတက်ရောက်နိုင်တဲ့အပြင်.. .

#နွေရာသီအင်္ဂလိပ်စာသင်တန်းများ
အသက် (၆)နှစ် G-1 မှစ၍ G-12 အထိ
(Four skills / Phonics / Writing / Grammar)
်္ချာသင်တန်းများ
#တရုတ်စာသင်တန်းများ ကို
တစ်နေရာထဲမှာ မိမိကြိုက်နှစ်သက်ရာ တက်နိုင်ပါပြီ။

အသေးစိတ်သိရှိလိုပါက .. .
09 797434382
09 797434383
09 458042674
09 444021021 သို့ ဆက်သွယ်‌မေးမြန်နိုင်ပါတယ်ရှင်။

#မိဘများအားထားယုံကြည်_EEC

14/02/2026

သားသားမီးမီးလေးတွေ အစိုးရရုံးပိတ်ရက် (၆) ရက်ပိတ်သော်လည်း Teacher လေးတွေ မနားကြပါ။

ကျောင်းကိုလာပြီး Lesson Plan တွေ ဆွဲကြ ၊ ကလေးစိတ်ပညာသင်တန်းတက်ကြနဲ့ ပျော်ရွှင်တက်ကြွစွာ အလုပ်ကြိုးစားကြပါတယ်။

လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး စည်းစည်းလုံးလုံး ကြိုးစားကြတဲ့အတွက် အားလုံးကိုချစ်တယ်နော်။ 🥰🫶



Our team,through thick and thin 🤝🍀🫶

မင်္ဂလာပါ.. .တံတားဦးမြို့အတွင်းမှ  မေမေ၊ ဖေဖေ တို့ရှင့် 📣မိမိတို့ရင်သွေးငယ်လေးများရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့  မူကြိုကျောင်...
05/02/2026

မင်္ဂလာပါ.. .
တံတားဦးမြို့အတွင်းမှ မေမေ၊ ဖေဖေ တို့ရှင့် 📣

မိမိတို့ရင်သွေးငယ်လေးများရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ မူကြိုကျောင်းဘဝကို နွေးထွေးလုံခြုံမှုတွေနဲ့ စတင်ဖို့ .အောင်ကျော်ဆန်းဝင်း (Excellence Education Centre, Tada-U ) ဦးစီးတည်ထောင်တဲ့ လူမှုဝန်ထမ်းအသိအမှတ်ပြု ုဂ္ဂလိကမူလတန်းကြိုကျောင်း နှင့် မိတ်ဆက်ပေးပါရစေရှင်။

Preschool(မူကြို) ဆိုတာ ကလေးငယ်တစ်‌ယောက်ရဲ့ မိခင်ရင်ခွင်မှ ပထမဆုံးအကြိမ် ခွဲထွက်ခဲ့ရတဲ့ ဒုတိယနေရာလေးပဲဖြစ်ပါတယ်ရှင်။ သူတို့‌လေးတွေအတွက်မိခင်ရင်ခွင်လို နွေးထွေးလုံခြုံမှုရှိဖို့နဲ့ ဘဝရဲ့အစ အမှတ်တရကောင်းတွေကို များများပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဘဝရဲ့အစမှာတည်းက ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ နွေးထွေးလုံခြုံမှုနဲ့ စည်းကမ်းလိုက်နာတတ်မှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးနိုင်မှု၊ ယဉ်ကျေးသိမ်‌မွေ့မှုစတဲ့ အလေ့အကျင့်ကောင်း၊ ပတ်ဝန်းကျင်ကောင်းနဲ့ ထိတွေ့စေဖို့ EEC Preschool က တာဝန်ယူပါရ‌စေရှင့်။ 🤝🫶✅

သင်တန်းကြေးသင့်တင့်ပြီး စိတ်ချယုံကြည်ရတဲ့ Preschool ကိုရှာနေတဲ့မိဘများအတွက် မိဘများကိုယ်တိုင်ရော ကလေးငယ်များအတွက်ပါ စိတ်ချမ်းသာပျော်ရွှင်ရတဲ့ အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ။ 👍👍👍

ခြံဝန်းကျယ်ကြီးထဲမှာ သားသားမီးမီးတို့ လွတ်လပ်ပျော်ရွှင်စွာဆော့ကစားကြပြီး ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်လေးတွေကို ကာယသုခ၊ စိတ္တသုခ ပြည့်ဝစွာဖြင့် ဖြတ်သန်းစေရမှာပါရှင်။ သားသားမီးမီးတို့ လုံခြုံမှုအတွက်လည်း စာသင်ခန်းတိုင်းမှာ CCTV တပ်ထားပါတယ်နော်။ 🏡🌳🎋

သားသားမီးမီးတို့အတွက်.. .
ကျောင်းအုပ်ချုပ်သူကိုယ်တိုင် ကလေးဖွံ့ဖြိုးမှုပညာရှင်(Child development specialist) ဆရာဝန်တစ်ဦးထံမှ အကြံဉာဏ်ကောင်းများကိုရယူပြီး၊ အတွေ့အကြုံရှိ ECCD (Early Childhood Care and Development) လက်မှတ်ရ ဆရာမများက ကြည့်ရှုစောင့်ရှောက် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။ 😘😊💟

ကျောင်းအုပ်ချုပ်သူနှင့်၊ ဆရာမများအားလုံး၊ Care Giver များအားလုံးသည်လည်း သားသားမီးမီးတို့ ကျန်းမာရေးအတွက် ကူးစက်‌ရောဂါများကင်းရှင်းကြောင်း (Infection screening) စစ်ဆေးထားပြီးဖြစ်ပြီး Covid-19 ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးများအားလုံး ထိုးပြီးဖြစ်‌ကြောင်းလည်း မိဘများအားအသိပေးအပ်ပါတယ်ရှင်! 💉💉💉

အထူးခြားဆုံးကတော့ သားသားမီးမီးတို့ကျန်းမာရေးအတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု(General health checks) ဆောင်ရွက်ပေးမှာဖြစ်ပြီး သားသားမီးမီးတို့ ကျောင်းတက်နေသည့် ပညာသင်ကာလတစ်လျှောက်လုံး Dr. အောင်ကျော်ဆန်းဝင်း မှ Consultation fee အခမဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမှာဖြစ်ပါတယ်ရှင်။ 🩺👨‍⚕️🥼🏥

EEC Preschool တွင် သားသားမီးမီးတို့အနာဂတ်အတွက် International School တက်လိုသည်ဖြစ်စေ၊ Private School တက်လိုသည်ဖြစ်စေ၊ Government School တက်လိုသည်ဖြစ်စေ အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာသင်ရိုးနှင့် နိုင်ငံတကာသင်ရိုး(စင်္ကာပူသင်ရိုး) ပေါင်းစပ်ကာ English Language ကို အဓိကအသုံးပြု၍ သင်ကြားပေးသွားမည့်အပြင်.. .
သားသားမီးမီးတို့ရဲ့ အသက်အရွယ်အလိုက်
🇲🇲🇲🇲🇲🇲 Myanmar
➕➖2️⃣ Mathematics
👩‍🔬🔭🧪 Science
📖📖📜 Literacy
🗣️🗣️🗣️ Jolly Phonics
🎨🖼️🧶 Arts & Crafts
🕺👯‍♀️💃 Baby Zomba
🧘🧘‍♀️🧘‍♂️ Kids Yoga
🤝🫶✌️ Social & Moral Lessons
👩‍💻🧑‍💻👨‍💻 Physical Education
📰📰🔮 Storytelling
👓📖📚 Reading အစရှိသည်များကို မေတ္တာရှေ့ထား၍ စနစ်တကျ‌လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။

အသက် (၃)နှစ် မှ (၆)နှစ်အရွယ် ကလေးများတက်ရောက်နိုင်ပြီး
📌 Nursery Class (၃ နှစ် မှ ၄ နှစ်)
📌 Pre-KG Class (၄ နှစ် မှ ၅ နှစ်)
📌 KG Class (၅ နှစ် မှ ၆ နှစ်)
📌 G1
📌 G2 စသည့်တန်းခွဲများဖွင့်လှစ်မှာဖြစ်ပါတယ်ရှင်။

🗓️ Nursery/ PreKg အတန်းများကို လစဉ်ကျကျောင်းအပ်ခံလျက်ရှိပြီး
🗓️ Kg/G1/G2 များကို
မတ်လ (၅)ရက်၊ ၂၀၂၆ (ကြာသပတေးနေ့)
⏱️ အချိန် - နံနက် (၉)နာရီမှ ညနေ (၃)နာရီထိ
(တနင်္လာ မှ သောကြာ)

💁‍♀️ ဖေ‌ေဖာ်ဝါရီ၊ မတ်လအတွင်းအပ်နှံသူ သားသားမီးမီးအားလုံး ဝင်ကြေးအခမဲ့ 😊☺️☺️

အသေးစိတ်သိရှိလိုပါက.. .
Page Messenger မှတဆင့်သော်လည်းကောင်း၊
09 797434382/ 09 797434383 သို့လည်း‌ကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

🚩 EEC Preschool
Excellence Education Centre, Tada-U
အောင်ကြည်မွန်၊ လွှစဉ်တန်းရပ်
တံတားဦးမြို့

#မိဘများအားထားယုံကြည်_EEC

အသံကုန် အော်စရာမလိုဘဲအတန်းထိန်းနည်းဆရာ/ဆရာမတို့စာသင်နေတုန်းကျောင်းသားတစ်ယောက်စကားပြောနေတာတွေ့ရင်ဘာလုပ်လေ့ရှိလဲ?များသောအာ...
13/01/2026

အသံကုန် အော်စရာမလိုဘဲ
အတန်းထိန်းနည်း

ဆရာ/ဆရာမတို့
စာသင်နေတုန်း
ကျောင်းသားတစ်ယောက်
စကားပြောနေတာ
တွေ့ရင်
ဘာလုပ်လေ့ရှိလဲ?

များသောအားဖြင့်
စာသင်တာကို
ရပ်လိုက်ပြီး

“မောင်မောင်…
စကားမပြောနဲ့၊
ရှေ့ကိုကြည့်”
လို့
လှမ်းအော်တတ်ကြပါတယ်။

ဒီလိုလုပ်လိုက်ရင်—

၁။ ဆရာ့ရဲ့
စာသင်တဲ့အရှိန်
(Flow)
ပျက်သွားပါတယ်။

၂။ ကျန်တဲ့
ကျောင်းသား
အကုန်လုံးရဲ့
အာရုံပါ
ပျက်သွားပါတယ်။

၃။ စကားပြောတဲ့
ကျောင်းသားက
တစ်တန်းလုံးရဲ့
အာရုံစိုက်မှု
(Attention)
ကို
ရသွားပါတယ်။

Smart Teacher တွေကတော့
စာသင်တာကို
လုံးဝမရပ်ဘဲ

Non-Verbal
(နှုတ်မသုံးတဲ့နည်း)
နဲ့
ဖြေရှင်းပါတယ်။



ဘယ်လိုလုပ်မလဲ?

ဆရာက
ပါးစပ်က
စာဆက်သင်နေရင်းနဲ့
အောက်ပါအဆင့်တွေကို
တိတ်တဆိတ်
လုပ်ဆောင်ရပါမယ်။



၁။ Proximity
(နီးကပ်စွာ သွားရပ်လိုက်ပါ)

စာသင်တာကို
မရပ်ပါနဲ့။

စကားပြောနေတဲ့
ကျောင်းသားတွေနားကို
လမ်းလျှောက်
သွားလိုက်ပါ။

ဆရာက
ကိုယ့်ဘေးနား
ရောက်လာတယ်ဆိုရင်ပဲ
သူတို့
အလိုလို
အသံတိတ်သွားပါလိမ့်မယ်။

ဆရာကတော့
စာကို
ပုံမှန်အတိုင်း
ဆက်သင်နေရုံပါပဲ။



၂။ The “Look”
(မျက်လုံးချင်းဆုံပြီး ကြည့်ပါ)

စာရှင်းနေရင်းနဲ့
စကားပြောနေတဲ့
ကျောင်းသားကို

စူးစူးစိုက်စိုက်
(ဒါပေမဲ့ တည်ငြိမ်စွာ)
ကြည့်လိုက်ပါ။

မျက်လုံးချင်း
ဆုံသွားရင်
ခေါင်းကို
အသာအယာ
ခါပြလိုက်ပါ။

ပါးစပ်က
ဘာမှ
ပြောစရာ
မလိုပါဘူး။



၃။ Hand Signals
(လက်အမူအရာ သုံးပါ)

စာသင်နေရင်းနဲ့
လက်ညှိုးကို
နှုတ်ခမ်းနား
တေ့ပြီး

“တိုးတိုး”
ဆိုတဲ့
ပုံစံ
လုပ်ပြပါ။

ဒါမှမဟုတ်
စာအုပ်မဖွင့်တဲ့
ကျောင်းသားကို
စကားနဲ့
မပြောဘဲ

သူ့စာအုပ်ကို
လက်ညှိုး
ထိုးပြလိုက်ပါ။



ဒီနည်းလမ်းရဲ့ လျှို့ဝှက်ချက်

ဒီနည်းလမ်းရဲ့
အဓိက
သော့ချက်ကတော့—

“ဆရာ့ရဲ့ သင်ကြားမှုကို
ဘယ်အရာကမှ
မနှောင့်ယှက်နိုင်ဘူး”
ဆိုတာကို
ပြသလိုက်ခြင်းပါပဲ။

ဆူတဲ့ကျောင်းသားကို
အရေးလုပ်ပြီး
စာသင်တာကို
ရပ်လိုက်တာက

သူ့ကို
အနိုင်ပေးလိုက်တာ
နဲ့
တူပါတယ်။



အနှစ်ချုပ်

အတန်းထိန်းတယ်ဆိုတာ
အသံကျယ်ကျယ်
အော်နိုင်မှ
ထိန်းနိုင်တာ
မဟုတ်ပါဘူး။

တည်ငြိမ်တဲ့
ကိုယ်ဟန်အမူအရာ
(Body Language)
က

အော်ဟစ်တာထက်
ပိုပြီး
ဩဇာညောင်းပါတယ်။

ဆရာ့အသံကို
စာသင်ဖို့အတွက်ပဲ
သုံးပါ။

အတန်းထိန်းဖို့အတွက်တော့
ခြေထောက်နဲ့
မျက်လုံးကို
သုံးပါ။

Credit

Address

Tada-U

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00

Telephone

+959444021021

Website

Alerts

Be the first to know and let us send you an email when EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EEC ပုဂ္ဂလိကမူလတန်းကြိုကျောင်း:

Shortcuts

Share

Category