Pioneer Languages Learning Centre

Pioneer Languages Learning Centre ကလေးတိုင်း အင်္ဂလိပ်စကားပြောတတ်ရမည်

10/08/2026

သင်ပြီးရင် လေ့ကျင့်မှ လက်တွေ့အသုံးချနိုင်မှာပါ


09/08/2026

အင်္ဂလိပ်ဘာသာစကား
စတင်လေ့လာသူများအတွက်
အဓိက ကြိယာအုပ်စုများ

30/07/2026

🎓 A2 Key (KET) English Class

Building a Strong Foundation in English. 📚✨


26/07/2026

📚 Phonics ဆိုတာ
အင်္ဂလိပ်စာလုံး (Letters) တွေရဲ့ အသံ (Sounds) ကို သင်ပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်

ဗျည်း (Consonants) နဲ့ သရ (Vowels) ကို ပေါင်းစပ်ပြီး ထွက်လာတဲ့ အသံနဲ့ စာဖတ်တတ်အောင် သင်ပေးတာပါ

🌱 Phonics ကို စောစောသင်ရင်...

✅ စာဖတ်မြန်လာတယ်။
✅ အသံထွက် ပိုမှန်လာတယ်။
✅ စာလုံးပေါင်း ပိုကောင်းလာတယ်။
✅ အင်္ဂလိပ်စာကို ယုံကြည်မှု ပိုရှိလာတယ်။

Phonics က ကလေးတွေကို စာကို ကိုယ်တိုင်ဖတ်တတ်အောင် ကူညီပေးတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

မိဘတော်တော်များများက...အင်္ဂလိပ်စာကို"ကြီးလာမှ သင်လည်း ရတယ်။" လို့ ထင်တတ်ကြပါတယ်။ဒါပေမယ့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ...
24/07/2026

မိဘတော်တော်များများက...

အင်္ဂလိပ်စာကို

"ကြီးလာမှ သင်လည်း ရတယ်။" လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ အသက်ငယ်တဲ့အချိန်ဟာ ဘာသာစကားအသစ်ကို သဘာဝကျကျ သင်ယူနိုင်တဲ့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်

---

📚 English စာသင်ယူမှုက အဆောက်အဦးတစ်လုံး ဆောက်သလိုပါပဲ။ အုတ်မြစ်မခိုင်ဘဲ အပေါ်ထပ်ဆောက်လို့ မရသလို၊ အခြေခံကို မှန်မှန်ကန်ကန် တည်ဆောက်ဖို့ လိုပါတယ်။

အကြံပြုတဲ့ သင်ယူမှုအစဉ်ကတော့—

Phonics → Vocabulary → Reading → Grammar → Writing → Speaking

❗ သတိထားရမယ့် အချက်

Grammar ကို အရမ်းစောပြီး စသင်တာထက် Phonics နဲ့ Vocabulary ကို အရင်ခိုင်မာအောင် တည်ဆောက်ပေးတာ က ပိုထိရောက်ပါတယ်

ကလေးက စာဖတ်နိုင်လာတဲ့အခါ Grammar ကို နားလည်ဖို့လည်း ပိုလွယ်လာပြီး၊ လက်တွေ့အသုံးချနိုင်စွမ်းလည်း ပိုကောင်းလာပါတယ်

✨ English သင်ယူမှုရဲ့ ရွှေစည်းမျဉ်းကတော့—

"Read first, then understand grammar."

စာဖတ်နိုင်မှ Grammar ကို အဓိပ္ပာယ်နဲ့ နားလည်ပြီး သဘာဝကျကျ အသုံးချနိုင်မှာ ဖြစ်ပါတယ်

အကောင်းဆုံးအချိန်က "နောက်မှ" မဟုတ်ပါဘူး

ဒီနေ့ စတင်ပေးလိုက်တဲ့ ခြေလှမ်းသေးသေးလေးက ကလေးရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်

#တာချီလိတ်

22/07/2026

Happy Learning 🤩😍🏃‍♀️🏃‍♂️🤸
Phonics level 1



11/07/2026

GEDတက်ရန် အင်္ဂလိပ်စာကို အချိန်တိုအတွင်းပြင်ဆင်ပေးမည့် အထူးသီးသန့်သင်တန်း

သင်ကြားပေးမည့် သင်ခန်းစာများ

1. Grammar Basics

2. Sentence Structure

3. Verb Tenses

4. Parts of Speech

5. Reading Skills

6. Vocabulary

7. Speaking Skills

8. Pronunciation

9. Grammar Practice

10. Review & Assessment

သင်တန်းသားဦးရေ (5)ယောက်သာ လက်ခံမည်



10/07/2026

Letter sound တွေကိုသိပြီး
ဝေါဟာရ(vocab)ကြွယ်ဝလာစေရန်



မိဘတွေက ငွေကြေးတတ်နိုင်တယ်ဆိုရင် ကိုယ့်သားသမီးတွေကို ဘယ်ဘာသာစကားမဆို သင်ပေးထားတာ ကောင်းပါတယ်။ဒါပေမယ့် ငွေကြေးအကန့်အသတ်ရှ...
08/07/2026

မိဘတွေက ငွေကြေးတတ်နိုင်တယ်ဆိုရင်
ကိုယ့်သားသမီးတွေကို ဘယ်ဘာသာစကားမဆို သင်ပေးထားတာ ကောင်းပါတယ်။

ဒါပေမယ့် ငွေကြေးအကန့်အသတ်ရှိပြီး ဘာသာစကားတစ်ခုကိုသာ ဦးစားပေးရွေးချယ်ရမယ်ဆိုရင်တော့ ကျောင်းသားတွေအတွက် အင်္ဂလိပ်ဘာသာစကားကို
အရင်ဆုံး လေ့လာသင့်ပါတယ်။

အကယ်၍ လိုအပ်ချက်ကို သေချာမစဉ်းစားဘဲ တခြားဘာသာစကားတစ်ခုကို ဦးစားပေးသင်ယူခိုင်းခဲ့မယ်ဆိုရင် ကျောင်းမှာ အင်္ဂလိပ်စာကို နားမလည်တဲ့အချိန်တွေမှာ အဲဒီဘာသာစကားက များစွာအကူအညီပေးနိုင်မှာ မဟုတ်ပါဘူး။

ထို့အပြင် အင်္ဂလိပ်စာကို ငယ်ရွယ်စဉ်ကတည်းက စနစ်တကျ သင်ယူထားမယ်ဆိုရင် အတန်းကြီးလာတဲ့အခါ ဘာသာရပ်အများစုကို ပိုမိုလွယ်ကူစွာ လေ့လာနိုင်ပြီး တခြားဘာသာရပ်တွေအတွက်လည်း အချိန်ပိုရလာမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားက ပညာရေး၊ နည်းပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ချိတ်ဆက်ပေးနိုင်တဲ့ အရေးကြီးတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်
ငွေကြေးအကန့်အသတ်ရှိတဲ့ မိသားစုတွေအတွက်တော့ ကျောင်းပညာရေးနဲ့ အနာဂတ်အခွင့်အလမ်းတွေကို တိုက်ရိုက်အထောက်အကူပြုနိုင်တဲ့ အင်္ဂလိပ်ဘာသာစကားကို ဦးစားပေးသင်ယူစေတာက ပိုမိုထိရောက်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။



Address

Near The Queen Store, San Sai (B)
Tachileik

Website

Alerts

Be the first to know and let us send you an email when Pioneer Languages Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category