လင်းအရုဏ်ဖူး စာသင်ဝိုင်း

လင်းအရုဏ်ဖူး စာသင်ဝိုင်း

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လင်းအရုဏ်ဖူး စာသင်ဝိုင်း, Education Website, Tachileik.

22/06/2025

အမေရိကန်နိုင်ငံက မူကြို ဆရာမလေးရဲ့အဖြေ
အတုယူစရာသိပ်ကောင်းတယ်...

အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌
အင်တာဗျူး တစ်ခုလာနေသည်။

၎င်း အင်တာဗျူးကို....
စိတ်ဝင်တစားနားထောင်မိခဲ့သည်။
သဘောကျ မိပါသည်။

ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်းဖြစ်သည်။

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

" ဆရာမ တာဝန်ထမ်းတာ ကြာပြီလား "

" ၃နှစ်လောက်ရှိပြီ"

" ဘာတာဝန်ယူရလဲ "

" ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကိုယူရတယ် "

" မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ "

" နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့်ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ မအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ "

" ဒီထက်ပိုရှင်းပြလို့ရမလား "

" ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် "

" ဘာကြောင့်လဲ "

ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်းကောင်းတယ် "

"ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ "

" ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်းမရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက်ရန်သူဖြစ်နိုင်လို့ ပဲ ...အရှေ့တိုင်းစာပေမှာ အမွေခံသားသမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာဖတ်ဖူးတယ်။ ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် ...ဒါကြောင့် ကြောက်တာ "

" ဟုတ်တယ်နော် ..ဆက်ပြောပါဦး "

" ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာအမူအကျင့်တွေကြောင့် ချစ်တတ်လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကို ကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ "

"ပညာရေးရဲ့ အဓိကရည်မှန်းချက်ကဘာလဲဗျ
ခင်ဗျားနားလည်သလို ပြောပြစမ်းပါ "

"ကျွန်မ အယူအဆကိုပြောပြမယ်နော်ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာ ဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်းမဟုတ်ဘူး ။

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး ။ ပညာရေးရဲ့. အဓိက. ရည်မှန်းချက် က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။

လူတွေကိုချစ်တတ်လာအောင်သင်ပေးဖို့ပဲ။ အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း ၊ မိသားစုကောင်း ဖြစ်အောင် သင်ပေးခြင်းက. အဃြေံပညာရေးရဲ့ ရည်မှန်းချက် ပဲ "

" ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ...
ဆက်ပြီးမေးခွင့်ပြုပါ။ "

" ရပါတယ် "

" လစာဘယ်လောက်ရလဲ "

" ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် "

" ဒီလိုပါ ...ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့်ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်းဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွားပေးတတ်တယ်။ ဒါကြောင့်မေးတာပါ။ "

" လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာလည်းပါသင့်တယ် ။ ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို
ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် " ဆက်ပြီးမေးပါရစေ "

" ကောင်းပါပြီ ..မေးပါရှင် "

" ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ "

" ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ "

" ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ "

" ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် ...နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ "

" ဘာဆိုင်လို့လဲ "

" ဖြေကြည့်ပါ "

" နှင်းဆီ ပန်းကလှတာပေါ့ "

" ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ "

" ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ "

" ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက်သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ "

"ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ "

" တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလားဆိုတဲ့မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။ သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။

ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။

အဲဒီစိတ်ကူး စိတ်သန်းတွေကို ဖျက်ဆီးမပစ်ဖို့ဘဲလိုတယ်။လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့တာဝန်ပဲရှင့် "

" ခင် ဗျားက ဆရာမလုပ်သက် အနည်းငယ်သာရှိပေမယ့် မေး ခွန်းတွေရဲ့ အဖြေကို စနစ်တကျပြောတတ်တယ်နော် "

" စာဖတ်လို့ပါ "

"ဘာစာတွေဖတ်လဲ "

" အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် "

" ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား "

" နှစ်သက်ခဲ့ပါတယ် "

" နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား "

" ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့လည်းတစ်မျိုးပေါ့လေ "

" သမ္မတ ကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ "

"တိုင်းပြည်အတွက်ဆိုရင်တော့ သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ်။ ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။

ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့အသက်ရှင်ကြသူအချင်းချင်း အားလုံးအတွက် ...အားလုံး အရေးကြီးတယ်...အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး "

" All Rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ "

" သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည်အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ "

" ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ "

" ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား "

" ဟုတ်တယ်ရှင့်...သမ္မတ တို့ ဝန်ကြီးချုပ်တို့အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်ကရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာဘူးလေ။ ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်းတွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်...ဝန်ထမ်းကောင်းမှ
တိုင်းပြည်ကောင်းမှာရှင့် "

" ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် "

" ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် "

အနှစ်ချုပ်ကြည့်ရင်ဖြင့် တစ်ခါတစ်ရံ တွင် လူတို့သည် ကိုယ့်တန်ဖိုးကိုကိုယ်မသိကြပေ။

ကိုယ့်နေရာကိုယ် တန်ဖိုးမထားကြ ၊ ကိုယ့်တာဝန်ကိုယ် မသိကြပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit

04/06/2025

https://vt.tiktok.com/ZSk6c7YAQ/

#လင်းအရုဏ်ဖူးစာသင်ဝိုင်း #တာချီလိတ်မြို့

23/05/2025

#လင်းအရုဏ်ဖူးစာသင်ဝိုင်း #တာချီလိတ်မြို့

TikTok_ https://vt.tiktok.com/ZShWCgBWA/

12/05/2025

#လင်းအရုဏ်ဖူးစာသင်ဝိုင်း #တာချီလိတ်မြို့

https://vt.tiktok.com/ZShfhGYP7/

11/05/2025



https://vt.tiktok.com/ZShfh8hpV/

#လင်းအရုဏ်ဖူးစာသင်ဝိုင်း #တာချီလိတ်မြို့

09/03/2025

ကလေးတွေအတွက် စုံစမ်းချင်သူတွေအတွက်ပါ

#လင်းအရုဏ်ဖူးစာသင်ဝိုင်း #တာချီလိတ်မြို့

TikTok _ https://vt.tiktok.com/ZSMqrtu9e/

23/02/2025

နွေရာသီ ၂လ အတွက် ကျူရှင်အချိိန်ပါ
ဒီလာမယ့်နှစ်အတွက် ကျောင်းသားသစ်များ
လက်ခံနေပါပြီဗျ
ဆက်သွယ်ရန် - 09250474879/09785850443

TikTok မှာ ဝင်ရောက်လေ့လာလို့ ရပါတယ်ဗျ

https://www.tiktok.com/?_t=ZS-8u918I0xrJh&_r=1

လင်းအရုဏ်ဖူး စာသင်ဝိုင်း Aung Kyaw Hein

27/08/2024

စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ။
===================

စာပေဗဟုသုတရှိသူသည်
စာပေဗဟုသုတ မရှိသူထက် အမြဲတမ်း
ခေါင်းတစ်လုံးမြင့်နေတယ်။...
အနောက်တိုင်းသားများက အရှေ့တိုင်းသား
များထက် နေရာတိုင်းတွင် သာနေခြင်းမှာ
စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။...

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း
မဖြစ်မနေ ပါရသောအရာမှာ
"စာကြည်တိုက်"ပင်ဖြစ်သည်။...
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း
ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်
စာအုပ်အားလုံး ရှိနေရသည်။...

ထိုစာပေဗဟုသုတအားကြောင့်လည်း
ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော
အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို
အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..
(မေတ္တာရှင်...ရွှေပြည်သာ)...

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့
စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်
ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့
စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံ
သာမက သင်မသိသေးတဲ့ အခြား ကောင်းမွန်
တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။
ဒါကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

(၁) ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို
အလုပ် လုပ်စေပါတယ်။ ဦးနှောက်ဟာ
ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ
သင် လေ့ကျင့်ခန်းလုပ်လေ သင့်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

(၂) စာဖတ်ခြင်းက အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။

ဘ၀မှာ တစ်ခုခုကို
အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှု
ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့အခါ
မှာ စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ မျောပါ
နေပါတယ်။ စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မူအကျင့်ကို အလွယ်တကူ
ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

(၃) ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ
ဖတ်နိုင်လေ သင့်အတွက်
ပိုအကျိုးများလေ ဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း၊ ၀တ်ထုကောငျးကောငျး
တစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

(၅) စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်
ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ
များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့
အလေ့အကျင့် မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ် ဖတ်တတ်တဲ့
အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ
ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

(၆) လူတွေကို ပိုပြီး နားလည်ပေးနိုင်လမယ်
တခြားလူတွေရဲ့အတွေ့အကြုံတွေ၊
အခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ
တခြားလူတွေရဲ့ အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်
လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံ
ကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ
လူအများရဲ့ အတွေ့အကြုံမျိုးစုံကို
ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်။

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်
လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံး
ဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း
ဆိုသော ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒ
စကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန် လူငယ်တို့၏ဘဝကို
ပညာနှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
စိတ်အားထက်သန်လေ့ရှိသော ဆရာကြီး
ဦးအောင်သင်း၏ အမှာစကားက ဘယ်သူတွေ
ဘာပြောနေနေ မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။ မိဘကိုချစ်ရင်
ပညာသင်ပါ၊ စာဖတ်ပါ။
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်း
ဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီး
ဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ကျောင်းဆရာ
မရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထို့နောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင် ထိုလူမျိုးတို့
လေ့လာလိုက်စားသောစာပေ၊ အနုပညာ၊
ဂီတတို့ကို ကြည့်မှသိနိုင်မည် ဟု
မြဝတီမင်းကြီး ဦးစက မှတ်တမ်းပြုခဲ့တာကို
ကြည့်မည်ဆိုလျှင်လည်း စာအုပ် စာပေ
သည်ပင်လျှင် လူ့တန်ဖိုး၊ လူ့အဆင့်အတန်းကို
ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို
ကောင်းကျိုးပေးသော သဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့စာသင်တာ စိတ်ထားတတ်ဖို့ပါ။
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မထား
တတ်တော့ပါ။ စိတ်မထားတတ်ရင်
ပညာတတ် လူပေါကြီးတွေ
ဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်။
မသိတာလည်း သိအောင်လုပ်ရင်
သိနိုင်ပါတယ်။ မလုပ်တာကတော့
ဘာမှမဖြစ်နိုင်တော့တာမို့ အခက်အခဲဆုံးလို့
ပြောပါတယ်။ ဒီလိုဆိုရင် စာဖတ်ပြီး
သိသွားနိုင်ပါတယ်။ အသိနဲ့ အလုပ်
လုပ်မည်ဆိုပါက သေချာပေါက်ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့
ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဉာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့
သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကို
ပြီးပြည့်စုံတဲ့ သူတစ်ယောက်ဖြစ်စေပါတယ်။
လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း
မင်း စာများများဖတ်မှ တွေးတတ်မယ်ဆိုတာ
မင်းငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်း
စာဖတ်ပါ။ မင်းကိုယ်မင်း မချစ်ရင်တော့
စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာ
ဖြစ်ပြီး စာဖတ်ခြင်းကတော့ မင်းဘဝကို
တောက်ပစေမှာဖြစ်ပါတယ်။


#စာပေနှင့်ဘဝ #လင်းအရုဏ်ဖူးစာသင်ဝိုင်း

13/08/2024

ပညာသင်ရာမှာ (၂) မျိုးရှိတယ်။
အဲ့ပညာ (၂) မျိုးကိုမှ မယူနိုင်ရင်
သင် လောကမှာ အောက်ကျနောက်ကျ
ဖြစ်ပြီလို့သာ အောက်မေ့ထားတော့တဲ့။

#ဆရာအောင်သင်း
#လင်းအရုဏ်ဖူးစာသင်ဝိုင်း

Want your school to be the top-listed School/college in Tachileik?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Address


Tachileik