03/11/2024
စာတတ်ဖို့လားပညာတတ်ဖို့လားပညာရှိဖြစ်ဖို့လား။
ဘယ်လိုအရာတွေကိုဖြစ်ချင်နေမှန်းမသိကြပါသော။
အသိဉာဏ်ပညာအကြားအမြင်ဗဟုသုတပြည့်စုံဖို့လိုသလိုဘက်ပေါင်းစုံကနေထူးချွန်ဖို့ဆိုတာတော့မဖြစ်နိုင်။
ကြီးပြင်းရှင်သန်လာခဲ့တဲ့ပတ်ဝန်းကျင်
ဓလေ့စရိုက်သင်ယူတတ်မြောက်ခဲ့သောအရာများနဲ့ကြိုးစားမှုများဘယ်လောက်အထိရှိခဲ့ပြီလဲ
ဘယ်လောက်အထိရိုသေကိုင်းရှိုင်းမှုလေးစားမှုကြိုးစားအားထုတ်မှုအကျင့်စရိုက်နေရာပေါင်းစုံစရိုက်ပေါင်းစုံ။
အသိတရားကင်းမဲ့တာလားချို့တဲ့နေတာလားမသိတဲ့မိဘတစ်ချို့။
ဖြစ်ချင်တာတွေများပြီးဦးနှောက်နံပြားလောက်ကိုကမ္ဘာလောက်ချဲ့ထွင်ပြီးဝါးလုံးခေါင်းထဲဆင်တိုးခိုင်းတဲ့အပြုမူတွေ။
ဆင်ခြင်တုံးတရားတွေနည်းပြီးမိမိတွေ့ဖူးကြုံဖူးတာလောက်ကိုပမာပြုပြီးဆရာဆိုးတွေနဲ့ဆုံတိုင်းဆရာအားလုံးကိုရောနှောပြီးအပြစ်ဖို့တတ်ကြ၏။
သင်ကြားသင်ယူတတ်မြောက်မှုမှာသင်ပေးတိုင်းမရနိုင်တာထက်သင်ပေးတိုင်းအလေးမထားမယူတတ်ဘဲ
အတင်းအဓမ္မကျောင်းတက်ခိုင်းလို့ဝတ္တရားကျေကျောင်းတက်နေရတဲ့ကျောင်းသားများ။
ဘာမျှော်လင့်ချက်ဘာရည်မှန်းချက်တစ်ခုမှမရှိဘဲ
ချော့မရခြောက်မရမထီမဲ့မြင်ပြုမူနေထိုင်တတ်တဲ့ကျောင်းသားများ။
ကျောင်းကိုလွှတ်လိုက်ပြီးအရာအားလုံးဆရာဆရာမလက်ထဲမှာငါ့သားငါ့သမီးတွေယုံကြည်စိတ်ချစွာပစ်ထားတတ်တဲ့မိဘများ။
ဘယ်ဘာသာတွေသင်ပြီးဘာစာတွေကျက်ခိုင်းသလဲတွက်ခိုင်းသလဲဘယ်လိုအသိဉာဏ်ပညာဗဟုသုတဆုံးမသြဝါဒတွေများရလာသလဲဆိုတာကို
မေးလည်းမမေးသိလည်းမသိကြတဲ့တစ်ချို့မိဘများ။
ဇီးစေ့တစ်စေ့လောက်သိပြီးလှည်းဘီးလောက်ပုံကြီးချဲ့တတ်တဲ့မိဘများ။
ဘယ့်သူဘယ်သူကိုမှအပြစ်မဖို့စေချင်ပါ။
အရာအားလုံးဘက်စုံထောင့်စုံမှအပြန်အလှန်လှန်လေ့လာဆန်းစစ်ပြီးမျှတသင့်တင့်တဲ့လူများဖြစ်စေချင်ပါတယ်။
Crd Tr Su # # #