Light HT - LHT Nurse aid & Pharmacy Training Center

Light HT - LHT Nurse aid & Pharmacy Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Light HT - LHT Nurse aid & Pharmacy Training Center, Trade school, Tachileik.

"နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။"မင်္ဂလာရှိသော မြန်မာ့နှစ်ဆန်းတစ်ရက်နေ့...
17/04/2026

"နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။"

မင်္ဂလာရှိသော မြန်မာ့နှစ်ဆန်းတစ်ရက်နေ့လေးမှာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများအားလုံး ဘေးကင်းလုံခြုံပြီး ကံကောင်းခြင်းတွေ ဆုံစည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။​မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ချစ်ခင်ရတဲ့...
13/04/2026

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

​မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ကူး အခါသမယမှာ ချစ်ခင်ရတဲ့ မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ Light HT က ဆုတောင်းပေးလိုက်ပါတယ်။

​ကျွန်ုပ်တို့နဲ့အတူ လက်တွဲလာခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိသလို၊ နောင်နှစ်ပေါင်းများစွာမှာလည်း အတူတူ အောင်မြင်မှုတွေ ဖန်တီးသွားချင်ပါတယ်။

ပျော်ရွှင်စရာ သင်္ကြန်ကာလလေး ဖြစ်ပါစေခင်ဗျာ။

"📣 သင်တန်းကျောင်း အားလပ်ရက် ကြေညာချက် 📣တာချီလိတ်မြို့ရှိ Light HT Pharmacy And Nurse Aid သင်တန်းကျောင်း မှ ကျောင်းသား/သူ...
11/04/2026

"📣 သင်တန်းကျောင်း အားလပ်ရက် ကြေညာချက် 📣
တာချီလိတ်မြို့ရှိ Light HT Pharmacy And Nurse Aid သင်တန်းကျောင်း မှ ကျောင်းသား/သူများနှင့် မိဘပြည်သူများခင်ဗျာ...
မြန်မာနှစ်သစ်ကူး အားလပ်ရက် (သင်္ကြန်ပိတ်ရက်) အဖြစ် သင်တန်းကျောင်းကို အောက်ပါရက်များအတိုင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
🗓 ကျောင်းပိတ်မည့်ရက် - ၁၃.၄.၂၀၂၆ (တနင်္လာနေ့) မှ ၁၇.၄.၂၀၂၆ (သောကြာနေ့) အထိ
🗓 ကျောင်းပြန်ဖွင့်မည့်ရက် - ၂၀.၄.၂၀၂၆ (တနင်္လာနေ့)
မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်အခါလေးဖြစ်ပါစေကြောင်း Light HT မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏✨

တာချီလိတ်မှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကိုကျွမ်းကျင်အောင် သင်ယူကြစို! 🏥💊မိမိအတွက်ရော တပါးသူအတွက်ပါ အကျိုးရှိစေမယ့် ...
02/04/2026

တာချီလိတ်မှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကိုကျွမ်းကျင်အောင် သင်ယူကြစို! 🏥💊

မိမိအတွက်ရော တပါးသူအတွက်ပါ အကျိုးရှိစေမယ့် သူနာပြုအကူသင်တန်းနဲ့ ဆေးဝါးကျွမ်းကျင်အကူသင်တန်းတွေကို အခုပဲ တက်ရောက်လိုက်ပါ။

စာတွေ့တင်မက လက်တွေ့ပါ (၃) လကြာ အသေးစိတ် သင်ကြားပေးသွားမှာဖြစ်လို အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်ပါ အဆင်သင့် ဖြစ်နေမှာပါ။

ဆေးပညာလောကထဲကို ဝင်ရောက်ဖို ပြင်ဆင်နေသူတွေအတွက် သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်အကူသင်တန်းတွေ ဖွင့်လှစ်ပေးနေပါပြီ။

ဧပြီလ (၂၁) ရက်နေ့မှာ အတန်းသစ်စမှာဖြစ်လို အခုပဲ Enroll လုပ်ထားလိုက်တော့နော်! ✨

📌 သင်တန်းကာလ: (၃) လ (စာတွေ့ + လက်တွေ့)
📌 ရရှိမည့် ဝန်ဆောင်မှုများ: သင်ရိုးညွှန်းတမ်းစာအုပ်၊ သက်ဆိုင်ရာ Certificate နှင့် အခြားသင်ထောက်ကူပစ္စည်းများ။
🏢Address: အမှတ်(၈/၇)၊ သရဖီလမ်း၊ ဆန်ဆိုင်းဈေးအနီး၊ Platinum Star Hotel ဆန်ဆိုင်း(က) ရပ်ကွက်၊ တာချီလိတ်မြို။
☎️ 09-447337816 / 09-254965186 / 09-420314598

03/02/2026
03/02/2026

📑နိုင်ငံတကာသင်ရိုးညွှန်းတမ်းများကို အခြေခံပြီး ပြန်လည်ပြုစုထားတဲ့သင်ရိုးညွှန်းတမ်း

ချမ်းသာသုခသူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူသင်တန်းကျောင်းရဲ့
သင်ရိုးညွှန်းတမ်းများက စင်ကာပူ၊ 🎌 ဂျပန်နိုင်ငံများတွင် အသုံးပြုနေတဲ့
လူနာပြုစုစောင့်ရှောက်နည်းများကို အခြေခံထားပြီး
ဒီသင်တန်းကိုတက်ထားရုံဖြင့် ပြည်ပမှာပါသွားရောက်လုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်

စာတွေ့သင်ကြားမှုများမှာ ပြည့်စုံစုံလင်ရုံသာမက
လက်တွေ့သင်ကြားရာတွင်လည်း
👉သင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းဆီ ကိုယ်တိုင်လုပ်ကိုင်
သင်ကြားရတာပဲဖြစ်တဲ့အတွက်
👉စာသင်ကြားမှုပြီးတာနှင့်
လုပ်ငန်းခွင်ဝင်ဖို့ အသင့်ဖြစ်နေစေမှာပါ

ဒါ့အပြင် စာတွေ့သင်ကြားမှုအပြီးတွင်
✳ အဆင့်မြင့် ဆေးရုံ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊
✳ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာများ၊
✳ ဂီလာနရိပ်သာများ၊ ကျန်းမာရေးစောင့်ရှောက်မှုဂေဟာများတွင်ပါ
သွားရောက်လက်တွေ့ကွင်းဆင်းဆောင်ရွက်ရဦးမှာပဲဖြစ်ပါတယ်ရှင့် ...

သင်ကြားပေးမည့်အကြောင်းအရာသင်ခန်းစာများကတော့
သူနာပြုအကူသင်တန်းတွင်
🔹 အရေးပေါ် အသက်ကယ်ခြင်း
🔹 ရောဂါကုသကာကွယ်ခြင်း
🔹 ရှေးဦး သူနာပြုစုခြင်း
🔹 သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ခြင်း
🔹 လူနာရွှေ့ပြောင်းခြင်း၊ အိပ်ယာခင်းလဲလှယ်ခြင်း၊ ရေပတ်တိုက်ခြင်း
🔹 ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်း
🔹 နှာခေါင်းပိုက်ထည့်ခြင်း
🔹 နှာခေါင်းပိုက်မှ အစာထည့်ခြင်း
🔹 ဆီးပိုက်ထည့်ခြင်းနှင့် ဆီးအိတ်လဲလှယ်ခြင်း
🔹 အနာဆေးကြောသန့်စင်ခြင်း
🔹 ပတ်တီးစည်းခြင်း
🔹 ECG ဆွဲနည်း
🔹 Nebulizer များအသုံးပြုပုံ
🔹 Oxygen အိုး အသုံးပြုပုံများ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်

ဆေးဝါးကျွမ်းကျင်အကူသင်တန်းတွင် ပို့ချသွားမည့် အကြောင်းအရာများ
✔ဆေးဝါးများနှင့် မိတ်ဆက်ခြင်း
✔ဆေးများ၏ Brand Name / Generic Name အခေါ်ဝေါ်များအား မှတ်သားသင်ယူစေခြင်း
✔ဆေးအမျိုးအစား / ဆေးဝါးပုံစံများအားလေ့လာစေခြင်း
✔ဆေးများ၏ ဘေးထွက်ဆိုးကျိုးများအား လေ့လာစေခြင်း
✔ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ရောင်းချရမည့်
ဆေးဝါးများအကြောင်းရှင်းပြခြင်း
✔ထိန်းချုပ်ထားသည့်ဆေးဝါးများ
ဆေးများ ထားသိုအသုံးပြုပုံ
✔ဆေးဈေးနှုန်းများ သတ်မှတ်ခြင်း၊
ဆေးဆိုင်လိုင်စင်လျှောက်ခြင်း တို့ကို သင်ကြားပေးသွားပါမည်ရှင့်

ဒီလိုမျိုး သင်ကြားမှုတစ်ခုချင်းဆီတိုင်းကို
နယ်ပယ်အတွင်းဝါရင့် သမ္ဘာရင့် ဆရာ၊ ဆရာမများမှ
နားလည်လွယ်စေရန် သင်ကြားပြသပေးသွားမှာဖြစ်လို့
လက်တွေ့သင်ကြားမှု အတွက်အကောင်းဆုံးအအထောက်အကူဖြစ်စေပြီး
သင်တန်းသားပေါင်းများစွာတက်ရောက်ကာ
အလုပ်အကိုင်များစွာရှာဖွေပေးနိုင်ခဲ့တဲ့
မြန်မာနိုင်ငံရဲ့ တခုတည်းသော သင်တန်းကျောင်းဖြစ်တာကြောင့်
ယခုပဲ အမြန်ဆုံးလာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့် 🙏🙏

(သင်တန်းခွဲတိုင်းတွင် သင်ကြားမှုထိရောက်မှုရှိစေရန်အတွက် လူဦးရေကန့်သတ်ထားတဲ့အကြောင်းလေး အသိပေးအပ်ပါတယ်ရှင့်)

Chan Thar Thu Kha Training Center
www.chantharthukha.com




#ဆေးဝါးကျွမ်းကျင် #သူနာပြုအကူ
#သင်တန်း

03/02/2026

ဘဝအနာဂတ်အတွက် စိတ်ချရစေမည့် ပညာရပ်များကို အချိန်တိုအတွင်း သင်ယူနိုင်ပါပြီ✨✨

✅✅ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ပေါများသည့် သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ ဘာသာရပ်များကို ချမ်းသာသုခ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနေပါပြီရှင့်

👉 ဇန်နဝါရီလအတွင်း ယခုတန်းခွဲများတွင် နာမည်စာရင်းပေးတက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်👈

🔰🔰
ဖျာပုံ
တာချီလိတ်
ညောင်လေးပင်
တောင်ငူ
မန္တလေး
ရွှေပေါက္ကံ
ကြို့ပင်ကောက်
ကျိုင်းတုံ
မိတ္ထီလာ
မှော်ဘီ
လှိုင်သာယာ
ထားဝယ်
မကွေး
နေပြည်တော်
မင်းလှ
ပခုက္ကူ
သန်လျင်
ပုသိမ်
မြောက်ဒဂုံ
ပြည်
ဥက္ကံ
မအူပင်
လှည်းတန်း
မော်လမြိုင်
ပဲခူး
🔰🔰

လူဦးရေ အကန့်အသတ်ဖြင့်သာ သင်ကြားပေးနေသည့် အတွက်ကြောင့် အမြန်ဆုံးအပ်နှံပေးဖို့ ဖိတ်ခေါ်ပါရစေရှင့် 🙏🙏

🔰သေချာခိုင်မာတဲ့အနာဂတ်ဘဝကိုလျှောက်လှမ်းနိုင်ဖို့ 'ချမ်းသာသုခ'မှာ တက်ရောက်သင်ကြားစို့🔰

🔸Chan Thar Thu Kha Training Center🔸

💎 www.chantharthukha.com


#ချမ်းသာသုခ #ဆေးဝါးကျွမ်းကျင် #သူနာပြုအကူ

05/01/2026

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ကုသိုလ် ထပ်တူရကြပါစေရှင် 🙏(4 & 5 -1-2026)ရက်နေ့ မိုင်းဖုန်းဆရာတော် ဘုရားကြီး၏ဝိဇာတ မွေးနေ့ မြတ်တွင် ဆရာတော်ဘုရားကြီး သက်...
05/01/2026

ကုသိုလ် ထပ်တူရကြပါစေရှင် 🙏
(4 & 5 -1-2026)ရက်နေ့ မိုင်းဖုန်းဆရာတော် ဘုရားကြီး၏
ဝိဇာတ မွေးနေ့ မြတ်တွင် ဆရာတော်ဘုရားကြီး သက်တော်ရာကျော်ရှည်ပြီး၊ဘုန်းတန်ခိုးများဆထက်
တ​ပိုတိုးတက်ပါစေ🙏🙏🙏
တော်ဝင် တာချီလိတ် အထူးကုဆေးရုံ မှ ဆရာဝန်/ဆရာမများ၊ တာချီလိတ်မြို့မှစေတနာရှင်ဆရာမများနှင့် ဦးလှမိုး အသင်းတို့မှစုပေါင်းကုသိုလ်ဖြစ် (အခမဲ့)
ဆေးကုဌာန တွင် ကုသိုလ်ဖြစ် သူနာပြုအကူများအား
အခွင့်အ​ရေးကို ပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ် ရှင်။
တော်ဝင်ဆေးရုံမှ ဆရာမကြီးနှင့်အတူကျောင်းအုပ်
ဆရာ​ကြီးနှင့်သင်တန်းသား၊သင်တန်းသူများ နှင့် Adimin တို့အား 💕💕💕
ချမ်းသာ သုခ တာချီလိတ် သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင် အကူ သင်တန်း ကျောင်းမှ ပါဝင်ကုသိုလ်ယူသူတစ်ဦးတစ်ယောက်ချင်စီကို အထူးကျေးဇူးတင်ရှိပါတယ်
🙏🙏🙏
မြင်သူ /ကြားသူ အပေါင်း ကုသိုလ်ထပ်တူရ
​ကြ၍သာဓု ခေါ်ဆိုနိုင်ကြပါစေ🙏

(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” ကို မြန်မာ...
04/01/2026

(၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သော (၇၈)ကြိမ်မြောက် “လွတ်လပ်ရေးနေ့” ကို မြန်မာပြည်သူ၊ပြည်သား အားလုံးနှင့်အတူ ‌"Light HT" မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ

#လွတ်လပ်ရေးနေ့အထိမ်းအမှတ်

“သူနာပြုအကူတစ်ယောက်သတိထားရမဲ့ အန္တရာယ်!”သူနာပြုအကူများအနေနဲ့ လုပ်ငန်းခွင်မှာ လူနာတွေကိုစောင့်ရှောက်မှုပေးနေစဉ်အချိန်အတွင...
17/03/2025

“သူနာပြုအကူတစ်ယောက်သတိထားရမဲ့ အန္တရာယ်!”

သူနာပြုအကူများအနေနဲ့ လုပ်ငန်းခွင်မှာ လူနာတွေကိုစောင့်ရှောက်မှုပေးနေစဉ်အချိန်အတွင်းမှာ ထိခိုက်မှုတွေရတက်ပါတယ်။ ဒီလိုထိခိုက်မှုတွေမှတစ်ဆင့် နောက်ဆက်တွဲ အန္တရာယ်တွေကို ကြုံတွေရနိုင်တယ်။ ဒီနေ့မှာတော့ သူနာပြုအကူတွေကိုယ်တိုင် သတိထားရမယ့် အနီးအနားက အန္တရာယ်တွေ ကို Sharing လုပ်ပေးသွားမှာဖြစ်ပြီး ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကိုပြောပြပေးသွားပါမယ်။

ကူးစက်ရောဂါအန္တရာယ်
သူနာပြုအကူတွေဟာ ကူးစက်ရောဂါရှိတဲ့ လူနာတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ရတာမို့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ (ဥပမာ - HIV၊ တီဘီ၊ ကိုဗစ်၊ အသည်းရောင်အသားဝါ စတဲ့ရောဂါတွေ)
ကူးစက်ရောဂါဟာ ကိုယ့်ကိုသာမက မိမိအနီးနားက မိသားစုဝင်တွေကိုပါကူးစက်နိုင်တာကြောင့် အန္တရာယ်များပါတယ်။
ဘယ်လိုကာကွယ်မလဲ
လက်အိတ်၊ Mask တို့ကို ဂရုတစိုက်ဝတ်ဆင်သင့်သလို လက်ကိုလည်း မကြာခဏဆေးကြောဖို့ လိုပါတယ်။
---
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု အန္တရာယ်
လေးလံတဲ့ ပစ္စည်းတွေများသယ်သည့်အခါ ၊ လူနာတွေကို ရွှေ့ပြောင်းသည့်အခါတွင် ခါးနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်လွဲခြင်း စတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။
ကြမ်းပြင်များ စိုစွတ်နေခြင်းကြောင့် ချော်လဲခြင်း၊ အလင်းရောင် မလုံလောက်ခြင်းကြောင့် ပြုတ်ကျခြင်း အခြေအနေများ ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ ပစ္စည်းတွေကိုလူနာတွေကို သယ်ယူပါ။ လူနာတွေကို ရွှေ့ပြောင်းတဲ့အခါ ကိုယ်တိုင်တစ်ယောက်ထဲ ရွှေ့ပြောင်းတာထပ် တစ်ခြားသူအား အကူအညီတောင်းပါ။ ကြမ်းပြင်တွေကို ခြောက်သွေ့အောင် ထားပါ။ အလင်းရောင် လုံလောက်အောင် ထားပါ။
---
စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုအန္တရာယ်
စိတ်ဖိစီးမှု၊ပင်ပန်းနွမ်းနယ်မှု၊ အလုပ်ချိန်ကြာမြင့်ခြင်း၊ လူနာများရဲ့ ဝေဒနာတွေကို မြင်တွေ့ရခြင်း၊ တစ်ချို့သောလူနာများ လူနာ၏ မိသားစုဝင်များကြောင့် စိတ်ဖိစီးမှုများ ဖြစ်နိုင်ပါတယ်။
တစ်ချို့သော အခြေနေများတွင် လူနာ သို့မဟုတ် လူနာရဲ့ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ ကြောင့် အကြမ်းဖက်ခံရခြင်း နှောက်ယှက်ခံရခြင်းများကြောင့်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
အလုပ်ချိန်နဲ့ အနားယူချိန်ကို မျှတအောင် ထားပါ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေကို လေ့ကျင့်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အကြမ်းဖက်ခံရခြင်း၊ နှောင့်ယှက်ခံရခြင်းများ ဖြစ်ပေါ်လာပါက အထက်လူကြီးကို အကြောင်းကြားပါ။
---

ဓာတုပစ္စည်းအန္တရာယ်
ဆေးဝါးများ၊ ပိုးသတ်ဆေးများ၊ ဓာတ်ရောင်ခြည်များကြောင့် ဓာတ်မတည့်ခြင်း၊ အရေပြားယားယံခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ စတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
ဓာတုပစ္စည်းတွေကို သေချာစွာ ကိုင်တွယ်ပါ။ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အသုံးပြုပါ။ PPE တွေကို စနစ်တကျ အသုံးပြုပါ။

အန္တရယ်ကင်းရန် အရေးကြီးလိုက်နာရမည့်အချက်
သူနာပြုအကူတစ်ဦးသည် သူနာပြုတစ်ဦး၏ ကြီးကြပ်မှုအောက်တွင် အလုပ်လုပ်ကိုင်ရသောကြောင့် သူနာပြု၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
- အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။
- PPE တွေကို စနစ်တကျ အသုံးပြုပါ။
- အန္တရာယ်ရှိတဲ့ အခြေအနေတွေကို တွေ့ရှိပါက အထက်လူကြီးကို အကြောင်းကြားပါ။
- မိမိရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပါ။
သူနာပြုအကူတစ်ဦးအနေနဲ့ အန္တရာယ်တွေကို သတိပြုပြီး ကြိုတင်ကာကွယ်ခြင်းအားဖြင့် မိမိကိုယ်တိုင်နဲ့ လူနာတွေရဲ့ ဘေးကင်းလုံခြုံမှုကို ထိန်းသိမ်းနိုင်ပါတယ်။

သင်တန်းအကြောင်း ပိုမိုသိရှိလိုပါက
Light HT Nurse Aid & Pharmacy Training Center
-အမှတ် (၆/၆၁)၊စိန်ဂျူခရစ်ယာန် ဘုရားကျောင်းရှေ့လမ်း (သုခလမ်း )၊မကာဟိုခမ်းရပ်ကွက်၊တာချီလိတ်မြို့နယ်။
Phone - 𝟎𝟗- 𝟒𝟐𝟎 𝟑𝟏𝟒 𝟓𝟗𝟖 / 𝟎𝟗-𝟐𝟓𝟒𝟗𝟔𝟓𝟏𝟖𝟔 /𝟎𝟗-𝟗𝟔𝟗𝟔𝟏𝟏𝟏𝟓𝟒 / 𝟎𝟗𝟗𝟔𝟑𝟗𝟗𝟗𝟗𝟕𝟔
Email - 𝗹𝗶𝗴𝗵𝘁𝗵𝘁𝟮𝟯@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
Light HT နှင့်အတူ ဘဝအာမခံချက်ကို ရရှိနိုင်ဖို့အတွက်သင်တန်းတက်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါ။

Address

Tachileik

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959963999976

Website

Alerts

Be the first to know and let us send you an email when Light HT - LHT Nurse aid & Pharmacy Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Light HT - LHT Nurse aid & Pharmacy Training Center:

Shortcuts

Share

Category