Yuuka Nihongo

Yuuka Nihongo ဂျပန်နိုင်ငံ ၊ ဂျပန်စာနှင့် ပတ်သက်သော ဗဟုသုတများကို မျှဝေပေးသွားမည့် pageလေးဖြစ်ပါတယ်ရှင်

27/05/2022

皆さん、久しぶりですね.お元気ですか.
အားလုံးပဲမတွေ့ရတာကြာပြီနော်။နေကောင်းကြပါရဲ့လား။Yuukaလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မအားလို့ပို့စ်မတင်တာတော်တော်ကြာသွားတယ်😁။အခုကစပြီးYuukaကဂျပန်စာလေ့လာနေသူတွေအတွက်စာလုပ်ရမယ့်references,Japanနိုင်ငံကပေးတဲ့scholarship အကြောင်းတွေကိုတင်ပေးသွားပါတော့မယ်ရှင်😚။ဒါကြောင့်pageကိုlike and followလေးလုပ်ပေးထားကြပါဦးနော်😚

အားလုံးပဲ မင်္ဂလာပါပထမဦးစွာ အရေးကြီးတဲ့သတင်းတွေဖုံးသွားရင်‌ တောင်းပန်ပါတယ်ရှင်အခု ကျွန်မတို့၂၁ရာစုမှာဆိုရင် ပညာရေးနှင့်အ...
28/11/2021

အားလုံးပဲ မင်္ဂလာပါ
ပထမဦးစွာ အရေးကြီးတဲ့သတင်းတွေ
ဖုံးသွားရင်‌ တောင်းပန်ပါတယ်ရှင်
အခု ကျွန်မတို့၂၁ရာစုမှာဆိုရင် ပညာရေးနှင့်အလုပ်အကိုင်အတွက် နည်းပညာကျွမ်းကျင်မှုသာမက ဘာသာစကားကျွမ်းကျင်မှုပါ အဓိကကျလာပါတယ်။
အဲ့ဒီလို အဓိကကျလာတာနဲ့အညီ ဆွာမြို့က
ဂျပန်စာသင်ယူလိုသူများအတွက် သတင်းကောင်းပါးပါရစေရှင်
ဂျပန်စာ Basic + N5 Class နဲ့ Basic + N5 Speaking Class များကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင်

Basic + N5 Class
သင်တန်းကာလ - ခန့်မှန်းခြေ 4လ သင်ယူသူပေါ်မူတည်၍ အချိန်အပြောင်းအလဲရှိနိုင်
သင်ကြားရေးတွင် အသုံးပြုမည့်စာအုပ် -
Minna no Nihongo I
Nihongo Challenge N5 Kanji
သင်တန်းကြေး - 30000 per month
သင်ကြားမည့်ပုံစံ -
Basicမှာတော့
*Hiragana
*Katakana
*Romaji
*နေ့၊လ၊ရက်၊ခုနှစ်ရေတွက်ပုံများ
*နံပါတ်၊နာရီ၊မိနစ်ရေတွက်ပုံများ
*မျိုးပြစကားလုံးရေတွက်ပုံများ
*နှုတ်ဆက်ပုံနှင့်အခြေခံစကားပြောများအကြောင်းကို သင်ကြားပေးသွားမှာ
ဖြစ်ပါတယ်။
N5အတွက်ကတော့
Minna no Nihongo I
Nihongo Challenge N5 Kanji စာအုပ်တို့ကိုအသုံးပြုပြီးသင်ကြားသွားမှာဖြစ်ပြီးတော့ JLPT မေးခွန်းဟောင်း2စုံကိုပါဖြည့်စွက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။JLPT မေးခွန်းဟောင်းပါ တစ်ခါတည်း သင်ကြားပေးမှာဆိုတော့ JLPT Exam အတွက် စိတ်မပူရတော့ဘူးပေါ့
ထို့အပြင် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်းကိုပါ ထပ်မံဖြည့်စွက် သင်ကြားပေးသွားမှာ
ဖြစ်ပါတယ်ရှင်။

Basic + N5 Speaking Class
သင်တန်းကာလ - ခန့်မှန်းခြေ 5လ သင်ယူသူပေါ်မူတည်၍ အချိန်အပြောင်းအလဲရှိနိုင်
သင်ကြားရေးတွင် အသုံးပြုမည့်စာအုပ်
Minna no Nihongo I
Nihongo Challenge N5 Kanji
NHK World Yasashii Nihongo
Marugoto A1 (Katsudo)
သင်‌တန်းကြေး - 40000 per month
သင်ကြားမည့်ပုံစံ -
Basic + N5 ကတော့ အထက်ပါအတိုင်း အတူတူပဲဖြစ်ပြီး
Speakingပိုင်းအတွက်ကတော့
Minna no Nihongo I
NHK World Yasashii Nihongo
Japan Foundationကထုတ်တဲ့Marugoto A1 (Katsudo)တို့ကို အသုံးပြုပြီးသင်ကြားသွားမှာဖြစ်ပါတယ်။ ထို့အပြင် You tubeက videoများကို ပြပြီး Free Topic သတ်မှတ်ပြီးတော့ N5 levelနဲ့ ကိုက်ညီတဲ့ Speakingပိုင်း ပြောရဲလာအောင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

Team work skillကောင်းအောင် Team Work Presentation နှင့် Individual Presentation များကိုလည်း လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ကျောင်းသားဘက်က ဂျပန်စာ တတ်မြောက်
ချင်စိတ်နဲ့ ကြိုးစားချင်စိတ်ကိုသာ ယူခဲ့ပါ
ဂျပန်စာကို အခြေခံကနေ စနစ်တကျ တတ်မြောက်ဖို့အတွက် Yuuka ဘက်က တာဝန်ယူပါတယ်

သင်ကြားပေးမည့်သူကတော့ Yuuka Nihongo pageရဲ့ Adminတစ်ဦးဖြစ်တဲ့ Yuuka ကိုယ်တိုင်ပဲ ဖြစ်ပါတယ်ရှင်။ Yuuka ကတော့ ရန်ကုန်တက္ကသိုလ် မြန်မာမှုပညာအထူးပြု ဒုတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ဂျပန်စာကိုတော့ တက္ကသိုလ်ပထမနှစ် စတက်ကတည်းက တိုကျိုနိုင်ငံခြားဘာသာရပ်တက္ကသိုလ် (Tokyo University of Foreign Studies) နှင့် ရန်ကုန်တက္ကသိုလ် (University of Yangon) တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ GJO Yangon Officeရဲ့ ဂျပန်လူမျိုးဆရာမ (Sensei Imai)နဲ့ စတင်သင်ယူခဲ့ပါတယ်။ ထို့အပြင် တက္ကသိုလ်ပထမနှစ်မှာ TUFS Japan Specialist Programနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုနိုင်ငံခြားဘာသာရပ်တက္ကသိုလ် (Tokyo University of Foreign Studies) ကို (၁၀)ရက်ကြာ သွားရောက်ပြီး ဂျပန်ယဉ်ကျေးမှုအကြောင်းကို လေ့လာခဲ့ပါတယ်။ တက္ကသိုလ် ဒုတိယနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း နှစ်ဝက်ထိ ဂျပန်ကျောင်းသားများနဲ့ ကိုရီးယားကျောင်းသားများကို မြန်မာစာ သင်ကြားပေးခဲ့တဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ဂျပန်စာကတော့ ယခုလက်ရှိ N1 Levelကိုလေ့လာနေပါတယ်။
ဂျပန်စာ သင်ကြားမှုအတွေ့အကြုံ(Teaching Experience) ကတော့ 1နှစ်ခွဲရှိပြီဖြစ်ပြီး ယခုအချိန်မှာတော့ Japanese Language Instructor အဖြစ် ရပ်တည်လျက်ရှိပါတယ်

မှတ်ချက်။ ။ Yuuka က ကျောင်းသားရဲ့အခြေအနေပေါ်မူတည်ပြီး သင်ကြားတာဖြစ်တဲ့အတွက် သင်တန်းကာလ ကွာခြားမှုရှိနိုင်ပါသည်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိစုံစမ်းမေးမြန်းလိုပါက Page messenger (သို့) 09-775116427 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

みなさん、こんにちは。ゆうかです。အားလုံးပဲမင်္ဂလာပါ။Yuukaဖြစ်ပါတယ်။Yuukaတို့ပထမဆုံးဂျပန်စာစသင်တဲ့အခါမှာhiragana,katakanaစာလုံးတွေအရင်သင်...
23/11/2021

みなさん、こんにちは。ゆうかです。
အားလုံးပဲမင်္ဂလာပါ။Yuukaဖြစ်ပါတယ်။

Yuukaတို့ပထမဆုံးဂျပန်စာစသင်တဲ့အခါမှာhiragana,katakanaစာလုံးတွေအရင်သင်ပြီးရင်နေ့စဉ်ဘ၀မှာသုံးတဲ့အခြေခံစကားပြောတွေ၊နှုတ်ဆက်တဲ့အသုံးအနှုန်းတွေကိုသင်ရပါတယ်။
အဲ့ဒီနှုတ်ဆက်တဲ့အသုံးအနှုန်းထဲမှာさようなら(sayounara)ဆိုတဲ့အသုံးကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာမျှဝေပေးချင်ပါတယ်ရှင့်။

Yuukaတို့ さようなら(sayounara) ဆိုတဲ့စကားလုံးကို good byeဆိုပြီး လူတစ်ယောက်နဲ့
တစ်ယောက်‌ခွဲခွာပြီးနှုတ်ဆက်တဲ့နေရာမှာသုံးတယ်လို့သင်ခဲ့ရပါတယ်။ဒါပေမဲ့ တကယ်က さようなら(sayounara) ဆိုတဲ့စကားကိုနှုတ်ဆက်တဲ့
နေရာတိုင်းမှာမသုံးပါဘူးနော်။

*さようなら(sayounara)ဆိုတဲ့စကားလုံးကို
သုံးတဲ့နေရာက (၃)နေရာ ရှိပါတယ်။

1.ကလေးထိန်းကျောင်း၊မူကြိုကျောင်းစတဲ့
နေရာတွေမှာ ဆရာ၊ဆရာမတွေကို ကလေးတွေကနှုတ်ဆက်တဲ့အခါမှာသုံးပါတယ်။

2.မူလတန်းကျောင်းတွေမှာလည်းအတန်းပြီးလို့
အိမ်ပြန်တော့မယ့်အချိန် ဆရာ၊ဆရာမကို နှုတ်ဆက်တဲ့အခါမှာသုံးပါတယ်။

3.နောက်ဘယ်တော့မှမတွေ့တော့မယ့်လူ၊တစ်သက်လုံး မတွေ့တော့မယ် လူတွေကို နှုတ်ဆက်တဲ့အခါမှာသုံးပါတယ်။

တစ်ယောက်နဲ့တစ်ယောက်အိမ်ပြန်ဖို့နှုတ်ဆက်တဲ့အခါမျိုး၊အမြဲတမ်းတွေ့နေတဲ့လူတွေနှုတ်ဆက်တဲ့အခါမျိုးဆိုရင် さようなら(sayounara)အစား ဒီ(၄)မျိုးကို သုံးလို့ရပါတယ်။

1.じゃ、またね。(ja, matane.)
2.じゃ、また。(ja, mata.)
3.じゃ。。。(ja...)
4.またね。(matane.)
စတာတွေကိုသုံးလို့ရပါတယ်။

ဒီလောက်ဆိုရင်တော့さようなら(sayounara)
ဆိုတဲ့အသုံးကို ဘယ်လိုနေရာမှာ သုံးရလဲဆိုတာသေသေချာချာနားလည်သွားလိမ့်မယ်လို့
ထင်ပါတယ်ရှင့်။
စာလေးကိုအဆုံးထိဖတ်ပေးတဲ့လူတစ်ယောက်ချင်းစီအကုန်လုံးကိုYuukaကကျေးဇူးတင်ပါတယ်ရှင့်။
Pageလေးကိုသဘောကျရင်like and shareလေးလုပ်ပေးကြပါဦးရှင့်။နောက်ပိုင်းမှာလည်းဗဟုသုတရစေမယ့်စာတွေနဲ့အတူပြန်လာခဲ့ပါမယ်။

わざわざ ありがとうございました。

Address

Shwe Min Wun Street
Swa Taunggon

Opening Hours

09:00 - 18:00

Telephone

+959775116427

Website

Alerts

Be the first to know and let us send you an email when Yuuka Nihongo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yuuka Nihongo:

Shortcuts

Share

Category